မှော်အရင်းအမြစ်ကျောက်တုံးက ပြတ်လပ်သွားပြီ
Vol. 82 Ch. 1623
ရှီမိုယွိ၏စကားဆုံးသည်နှင့် ကောင်းကင်ဘုံဂီတသံသည် အရှေ့ကောင်းကင်မှပျံ့လွင့်လာသည်။ ကြီးမားသောမွှေးပျံ့သည့်ရထားလုံးကို ခေါင်းကိုးလုံးနဂါးမှ ဆွဲ၍ပျံလာသည်။ တူညီဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးသည် လှပသောအသွင်အပြင်ရှိသည်။ သို့သော် သူမ၏ခွန်အား သည် ကျို့ထျန်းနန်းတော်၏တပ်သားစစ်သည်များထက်မလျော့ပေ။
ထိုလူများသည် ဖန်ယင်းတောင်ကြားမှဖြစ်ကြောင်းကို ပေထင်းဟွမ်သည် ရှီမိုယွိဆီမှသိရသည်။
ထို့အပြင် ခေါင်းကိုးလုံးနဂါးဆွဲသည့် ရထားလုံးပေါ်တွင် ညောင်စောင်း ခပ်နိမ့်နိမ့်ရှိကာ ထိုညောင်စောင်းပေါ်ရှိ အမျိုးသားသည် ရင်ဘတ်ဗလာနှင့် ရွှေရောင်ဆံပင်၊ မျက်လုံးများပိုင်ဆိုင်လေသည်။ ပြုစားနိုင်လောက်သော ဆယ်ကျော်သက်များသည် သူ့ဘေးတွင်ဒူးထောက်ခစားနေသည်။ အားလုံး၏ မျက်လုံးများထဲတွင် နီးကပ်လာသည်။
ထိုအင်အားစုသုံးခုပေါ်ထွက်လာသည်နှင့် မန္တလာမြေတစ်ခုလုံးမှ တခြား အင်အားစုများ၊ ဖုန်းလော့တို့ပင်ရပ်တန့်ကာ သန့်စင်သောအရိပ်ကောင်းချီးကို လိုချင်စိတ်များ ပြင်းပြလာခဲ့သည်။
“သခင်ရှီမိုယွိ မတွေ့တာကြာပြီပဲ”
နောက်ဆုံးမှရောက်လာသူသည် ရှီလိခန်းမမှာဖြစ်ကာ၊ ညောင်စောင်း ပေါ်မှလူသည် ရှီလိနန်းတော်၏သခင်ဖြစ်သည်။ ထိုလူသည် အလွန်ပင် ဆိုးသွမ်းသူဖြစ်ကြောင်းကို ပေထင်းဟွမ် ပြောနိုင်သည်။ သူ၏ဘေးမှ ဆယ်ကျော်သက် ၁၀ ယောက်လုံးသည် ကြည့်ကောင်းကြသည်။ အလွန်ပင် ချောမွတ်ပြီး နူးညံ့ကြသည်။ နန်းတော်သခင်သည် ပေထင်းဟွမ်အား ပေါ့ပါးစွာ ကြည့်လိုက်သည်နှင့် ဖိနှိပ်မှုရောက်လာသည်။ သို့သော် ပေထင်းဟွမ်မျက်နှာ ပေါ်မှ မျက်နှာအမူအရာသည် မပြောင်းလဲပေ။ ထိုလူသည် ပေထင်းဟွမ်၏ ခွန်အားကို ထိုးဖောက်မမြင်နိုင်သဖြင့် စိတ်ထဲတွင် အံ့အားသင့်နေပြီး ပါးစပ်မှ ပြောလေသည် “ဒီတစ်ခါ သန့်စင်သောအရိပ်ကောင်းချီးပေါ်တာကို သခင်ရှီမိုယွိက သွားလှုပ်ရှားတော့မှာပေါ့”
တခြားအင်အားစုနှစ်ခုလည်း နောက်မှလိုက်ပါလာကြသည်။ ဖန်ယင်း တောင်ကြားပိုင်ရှင်သည် အလွန်ပင်လှပသောအမျိုးသမီးဖြစ်သည်။ သူမသည် ရှည်လျားသောဝတ်ရုံကို ဝတ်ဆင်ထားပြီး နှင်းဖြူရောင် ရင်ညွှန့်အပေါ်ပိုင်းမှာ ခပ်ရေးရေးထင်ပေါ်လျက်ရှိသည်။ ရှီမိုယွိ၏ခန္ဓာကိုယ်ရှိရာသို့ ကိုယ်ကိုင်းကာ ပြုံးပြီးပြောလေသည် “သခင်ရှီမိုယွိနောက်ကို မြေခွေးလေးလိုက်တာကို ဘာလို့ မမြင်မိတာလဲ”
သူမ စကားမဆုံးခင်မှာပင် ရှီမိုယွိ၏လက်ကောက်ဝတ်တွင် အနီရောင်မြွေပါလေးပေါ်ထွက်လာသည်။ ၎င်းသည် ရှီမိုယွိ၏ပခုံးပေါ်သို့ နှစ်လှမ်းသုံးလှမ်းဖြင့် ခုန်တက်ကာ ထိုအမျိုးသမီးအား အံကြိတ်လေသည် “အရှက်မဲ့တဲ့မိန်းမ ငါ့ခင်ပွန်းကို လာမြှူဆွယ်နေသေးတယ်”
ထိုအမျိုးသမီးသည် ဒေါသထွက်တော့မည်အပြုတွင် ရှီမိုယွိသည် မျက်လုံးထောင့်မှကြည့်လိုက်ရာ အမျိုးသမီးသည် ဒေါသကိုပြန်ထိန်းလိုက်၏။ ရှီမိုယွိသည် အနီရောင်မြွေပါလေးအား ညင်သာစွာပွတ်သပ်လိုက်သည်ကို မြင်သောအခါ သူမ၏မျက်လုံးများသည် မှောင်မိုက်သွားသော်လည်း ဘာမှ မပြောပေ။
“ဟား”
ယောက်ျားတစ်ယောက်၏ ရယ်သံသည် ရထားလုံးပေါ်မှထွက်ပေါ်လာ ပြီး ကန့်လန့်ကာဇာပါးလေးပင့်တက်သွားသည်။ ထို့နောက် ဆံပင်ဖြည်ချထား ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ အနီရောင်ဝတ်ရုံဝတ်ဆင်ထားသည့်လူသည် “ဖန်ယင်းတောင်ကြားသခင်က ဘာလို့ ကျုပ်ကို လာမမြှူဆွယ်တာလဲ”
“ကျို့ထျန်း လွန်နေပြီနော်” ဖန်ယင်းတောင်ကြားသခင်သည် ရှီမိုယွိ ကြောင့် ရှက်ရမ်းရမ်းနေပြီဖြစ်ရာ ဒေါသကို ကျို့ထျန်းနန်းတော်ဆီသို့ ပုံချလေ သည် “ကိုယ့်နေရာကိုယ်သိပါ၊ မဟုတ်ရင် တောင်ကြားပိုင်ရှင်က ရှင့်ကို အလွတ်ပေးမှာမဟုတ်ဘူး”
သူမ ထိုသို့ပြောသည်နှင့် ရှီလိနန်းတော်သခင်၏မျက်နှာသည် အကျည်းတန်သွားလေသည်။ မိသားစုနှစ်ခုသည် ပေါင်းကြံပြီး နေရာ ၁၀ ခုလုံး ကိုဝါးမျိုတော့မည်ဖြစ်သော်လည်း သူတို့သည် သူ့အား သီးသန့်ဖယ်ထားတော့ မည်လား။
ရှီမိုယွိသည် မြေခွေးလေးကို ငြိမ်သက်အောင်ပြုလုပ်ပြီးနောက် အင်္ကျီ လက်အတွင်းသို့ ပြန်ထည့်လိုက်သည် “အစာအတွက်နဲ့ ဘယ်တုန်းက ဒီပုရွက်ဆိတ်တွေနဲ့ တိုက်ခိုက်တတ်သွားတာလဲ”
ထိုအကြီးအကဲများသည် အဆင့်မြင့်အထွတ်အထိပ်များဖြစ်ကြသည်။ သူတို့၏မျက်လုံးများတွင် ပေထင်းဟွမ်ကဲ့သို့ အားကောင်းသောလူပင်လျှင် ပုရွက်ဆိတ်တစ်ကောင်ဖြစ်သည်။
ရှီလိတျန်သည် အတန်ကြာအောင်ရယ်မောလိုက်သည် “လွန်ခဲ့တဲ့တစ်လ ကတည်းက မန္တလာမြေမှာ မှော်အရင်းအမြစ်ကျောက်တုံးမရနိုင်တော့ဘူး၊ အမှောင်နတ်မိစ္ဆာဘုံမှာလည်း မှော်အရင်းအမြစ်ကျောက်တုံးတွေက မည်းနက် သွားတယ်လို့ အမှောင်နတ်မိစ္ဆာဘုံကိုလွှတ်လိုက်တဲ့လူက သတင်းပြန်ပို့လာ တယ်၊ မှော်မြို့က ထိန်းချုပ်မှုအောက်ရောက်နေပြီ၊ သန့်စင်သောအရိပ် ကောင်းချီးကပဲ လက်ရှိအကျပ်အတည်းကို ယာယီဖြေရှင်းနိုင်မှာ၊ သခင်ရှီမိုယွိ က ကျုပ်တို့မိသားစုဝင်တွေ ဒုက္ခခံနေရတာကို မသိတာလား”
ပေထင်းဟွမ်သည် တိတ်တိတ်လေးပျော်နေမိသည်။ အမှောင်နတ်မိစ္ဆာ မြို့၏ လုပ်ဆောင်ချက်များသည် ချောမွတ်နေပုံပင်။
သတင်းကြားပြီးနောက် မန္တလာမြေမှတခြားအင်အားစုများနှင့် မန္တလာမြို့ မှလူများပင် ရင်ထဲတွင် နာကျင်မှုကိုခံစားရလေသည်။ မှော်အရင်းအမြစ် ကျောက်တုံးမရှိဘဲနှင့် သူတို့၏အသက်ကိုမည်သို့ဆက်တော့မည်နည်း။