နောက်ဆုံးရှို့ဟွမ်
Vol. 82 Ch. 1624
ရှီမိုယွိသည်လည်း မျက်မှောင်ကြုတ်ကာ တင်စီးသောအသံဖြင့်မေးလိုက် သည် “ကောင်းကင်ဘုံ ၃၃ ကရော၊ ဒီကအခြေအနေနဲ့ အတူတူပဲလား”
ဖန်ယင်းတောင်ကြားသခင်သည် ရှီမိုယွိအတွက် အစီအစဉ်များရှိနေပုံပင်၊ ထို့ကြောင့် လျင်မြန်စွာပင် ကြားဖြတ်ဝင်ပြောလေသည် “အမှောင်နတ်မိစ္ဆာဘုံ က မှော်အရင်းအမြစ်ကျောက်တုံးတွေအကုန်လုံးက ထိန်းချုပ်မှုအောက်ရောက် နေပြီလို့ပြောတယ်၊ တစ်ဝက်တောင်မှ မသယ်ထုတ်နိုင်တော့ဘူး”
ရှီမိုယွိသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ ထိုအရာကိုကြည့်ပြီး သူသည် ကွေ့ရှို့မိုယွိကို စိတ်ပူပန်နေသည်ကို ပေထင်းဟွမ်သိသဖြင့် ပြော လိုက်သည် “ငါ အမှောင်နတ်မိစ္ဆာဘုံမှာရှိတုန်းက ရှောင်မိုနဲ့တွေ့ခဲ့တယ်၊ သူက အဲဒီကို မှော်အရင်းအမြစ်ကျောက်တုံးအများကြီး ယူသွားတယ်၊ အချိန်ခဏ တော့ ကွေ့ရှို့ရဲ့အမှောင်နယ်မြေမှာ မှော်အရင်းအမြစ်ကျောက်တုံး လိုဦးမှာ မဟုတ်သေးဘူး”
ပေထင်းဟွမ်သည် စိတ်ဝိညာဉ်အသံကူးပြောင်းနည်းကို သုံးလိုက်သည်။ ရှီမိုယွိသည် ထိုစကားကိုကြားသောအခါ ပျော်သွားပုံပေါက်သွားကာ ခေါင်းညိတ်ပြီး ပေထင်းဟွမ်အား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လေ သည်။
သူသည် ပေထင်းဟွမ်အား ညွှန်ပြကာ ပြောလိုက်သည် “မင်းတို့ သုံးဖွဲ့ လုံး သန့်စင်သောအရိပ်ကောင်းချီးကို ခံယူဖို့ စီစဉ်ထားတာကို ငါဂရုမစိုက်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ညီအတွက် နေရာတစ်ခုချန်ထားရမယ်”
ပေထင်းဟွမ်သည် အရှင်ကြီးထိပ်ဆုံးအဆင့်ခွန်အားသာရှိသေးသည်။ ရှီမိုယွိသည် သူမ လှုပ်ရှားစဉ်က မြင်ပြီးသားဖြစ်သည်။ ရှီမိုယွိ၏စကားများကို ကြားသောအခါ အင်အားစုသုံးခုလုံး ငြင်းဆန်မှုမရှိသဖြင့် သဘောတူသည်ဟု ဆိုလိုသည်။
အဖွဲ့အစည်းသုံးခုအတွင်းတွင် မည်ကဲ့သို့သော ဆွေးနွေးမှုများရှိခဲ့သည် ကို မသိနိုင်ပေ။ တိုက်ပွဲအပြီး နောက်ဆုံးတွင် ကျန်ခဲ့သည့် နေရာ ၁၀ နေရာကို သုံးခုစီခွဲဝေယူခဲ့ကြသည်။
ဤကဲ့သို့ရလဒ်သည် အလွန်ပင် ကျေနပ်စရာကောင်းလှသည်။ ၎င်းသည် မန္တလာမြေတွင် နဂါးနှင့်ကျားများအကြားရှိ တိုက်ပွဲကို ရှောင်ရှားလိုက်ခြင်းပင် ဖြစ်သည်။
ညနေခင်းတွင် ရောင်စုံအလင်းတန်းသည် ဝူလင်းတောင်တွင် ထပ်မံပေါ် ပေါက်လာသည်။ ရှီမိုယွိသည် ပေထင်းဟွမ်ကိုခေါ်ကာ ထိုနေရာသို့ပျံသွားလေ သည်။ တခြားအဖွဲ့သုံးဖွဲ့တွင်လည်း ပေထင်းဟွမ်နှင့်သက်တူရွယ်တူ သုံးယောက်ပါဝင်သည်။ သို့သော် ခွန်အားအရာတွင် ပေထင်းဟွမ်ထက်နိမ့်ကြ သည်။ သူတို့အားလုံးလည်း အလင်းတန်းရှိရာသို့ပျံသန်းကြလေသည်။
ရောင်စုံအလင်းတန်းသည် သန့်စင်သောအရိပ်ကောင်းချီးရှိရာနေရာတွင် ဖြစ်ပေါ်သည်။ လူများသည် ရောင်စုံအလင်းတန်းရှိရာသို့ဝင်ချိန်တွင် သန့်စင် သောအရိပ်၏လွှမ်းမိုးခြင်းကိုခံရပြီး အားကောင်းသောစွမ်းအားသည် လူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ဝင်မည်ဖြစ်သည်။
ရှီမိုယွိသည် ပေထင်းဟွမ်အားဆွဲကာ အလင်းတန်းဆီသို့ပစ်လိုက်သည်။ စိတ်ဝိညာဉ်ကူးပြောင်းသည် ပေထင်းဟွမ်၏အသိစိတ်ပင်လယ်ထဲသို့ ဝင်လေ သည် “အလယ်နေရာကို ထိန်းထား၊ စွမ်းအားအများဆုံးရတဲ့နေရာပဲ”
ပေထင်းဟွမ်သည် တစ်ကိုယ်လုံးကို အကြောလျှော့ကာ အလင်းတန်း ဗဟိုသို့ ဆင်းသက်လိုက်သည်။ ထိုအရာိကုကြည့်ပြီး တခြားလူကိုးယောက်တို့ သည် အကောင်းဆုံးနေရာ လူဦးသွားပြီဆိုသည်ကိုသိလိုက်ကြသည်။ ထို့ကြောင့် အရှိန်လျှော့ကာ ပေထင်းဟွမ်၏ ပတ်ပတ်လည်တွင်နေရာယူလိုက် ကြသည်။
ကြီးမားသောစွမ်းအင်ပမာဏသည် ပေထင်းဟွမ်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ကာ ထိုစွမ်းအင်ကို ဖြူစင်သည်အထိ သန့်စင်လေသည်။ ကောင်းကင်နှင့် မြေကြီးမှ ပေးသနားသောစွမ်းအင်ကဲ့သို့ အလွန်ပင်နူးညံ့ပြီး လူများကို ရေပူစမ်း ထဲသို့ရောက်သွားသည့်ခံစားချက်မျိုး ပေးစွမ်းသည်။ တသွင်သွင်စီးနေသော စွမ်းအင်သည် သွေးကြောများမှတစ်ဆင့် အကြောများထဲသို့ဝင်ပြီး ကစဥ့်ကလျားအရင်းအမြစ်ထဲတွင် အသက်အလင်းသုံးခုသည် ဝရုန်းသုန်းကား ဖြစ်နေကာ ခုန်ပေါက်ပြီးလှည့်ပတ်ကာ ထွက်ချင်နေကြသည်။ ကစဥ့်ကလျား အရင်းအမြစ်ကို ဖိနှိပ်ထားခြင်းကြောင့်သာမဟုတ်လျှင် ရှို့ဟွမ်သုံးခုလုံး လွတ်မြောက်သွားနိုင်သည်။
ကြီးမားသောစွမ်းအင်ပမာဏဝင်လာပြီး ပေထင်းဟွမ်သည် ရှို့ဟွမ်သုံးခုကို လုံးဝဂရုမစိုက်တော့ဘဲ အကြောထဲတွင် လည်ပတ်ရန် ကစဥ့်ကလျားနတ်ပညာကို လှုံ့ဆော်ပြီး စွမ်းအင် အားလုံးကို စုပ်ယူလေသည်။
ထိုအခိုက်အတန့်တွင် အလင်းတန်းအပြင်၌ တစ်စုံတစ်ခုသည် မြေကြီးကို ထိုးဖောက်ထွက်လာပုံပင်။ အဓိကအင်အားစုသုံးခုသည် ဝိုင်းလိုက်ကြသည်။ တခြားအားနည်းသောစွမ်းအားရှိသူများသည် အတွင်းပိုင်းလောဘကိုမထိန်းနိုင် ဘဲ တစ်ဆင့်ချင်းလိုက်သွားလေသည်။ ရှီမိုယွိသည် ကျားဖြူကိုဆင့်ခေါ်ပြီး စောင့်ကြပ်ခိုင်းထားသည်။
ရှီမိုယွိ၏ လှုပ်ရှားမှုများသည် အဖွဲ့သုံးဖွဲ့ကို အနည်းငယ်တည်ငြိမ်သွား စေသည်။
အချိန်မည်မျှကြာသွားသည်မသိပေ။ နေဝင်လိုက် ထွက်လိုက်နှင့် နှစ်ရက် နှစ်ညတိတိကုန်ဆုံးလေသည်။ အားလုံး စိတ်မရှည်တော့သည့်အချိန်တွင် ရောင်စဉ်ခုနစ်သွယ်အလင်းတန်း ရုတ်တရက်ထွက်လာသည်။ ပုံရိပ်ကိုးခုသည် ကြီးမားသောတွန်းအားကြောင့် လွင့်လာသည်။ သို့သော် အလင်းတန်းအလယ်ရှိ ပေထင်းဟွမ်ကို ထူထဲသောရောင်စုံအလင်းဖြင့် ပိုမိုတိုးရစ်ပတ်ကာ တဖြည်းဖြည်းကောင်းကင်ပေါ်သို့ တက်သွားလေသည်။
သူမ၏ခြေထောက်အောက်တွင် ရောင်စုံအလင်းတန်း တောက်ပနေသော ကျောက်စိမ်းအစိတ်အပိုင်းသည် လည်ပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ နစ်ဝင်သွား လေသည်။