ထိန်းသိမ်းခြင်း
Vol. 82 Ch. 1625
“ရှို့ဟွမ်”
မည်သူမည်ဝါမှန်းတော့မသိပေ ကျယ်လောင်စွာအော်လိုက်သည်နှင့် ပုံရိပ် သုံးခုသည် ပေထင်းဟွမ်ဆီသို့ အလင်းတန်းအဖြစ်ပြေးဝင်လာသည်။ အားလုံးသည် လက်ထဲတွင် ချွန်ထက်သောလက်နက်များကိုင်ဆောင်ထားကြ သည်။ ထိုလူသုံးယောက်အတွက် ခန္ဓာကိုယ်ကို ခုတ်ချရန် လုံလောက်လေ သည်။
၎င်းသည်ပြဿနာမဟုတ်ပေ။ ပြဿနာမှာ မည်သူ့လက်သည် ပိုမြန်မည် နည်းဆိုသည့်မေးခွန်းပေ။ သူတို့အတွက် အရေးကြီးဆုံးမှာ အသက်ရှည်ရန်ဖြစ် သည်။
လွန်ခဲ့သည့်နှစ်တစ်သောင်းက မန္တလာမြေတွင် ဖန်ဆင်းရေးနတ်ဘုရား ချန်ထားခဲ့သည့် ရှို့ဟွမ်တစ်ပိုင်းရှိသည်ဟု ဆိုကြသည်။ ရှို့ဟွမ်သည် အားလုံး ပေါင်း လေးခုရှိသည်။ ရှို့ဟွမ် ဤနေရာတွင်ရှိသရွေ့ ပတ္တမြားကမ္ဘာကို အစိတ်အပိုင်းမည်မျှပင် ပိုင်းဖြတ်စေကာမူ နောက်ဆုံးတွင် ပြန်ဆက်သွားနိုင် သည်။ ကွဲသွားသောဘုံများသည် စကြာဝဋာတွင် ပေါ်လောပေါ်နေခြင်းမရှိဘဲ မည်သည့်နေရာသို့ရောက်သွားသည်ကို မသိနိုင်သည်။
ရှို့ဟွမ်သည် ပြောမပြနိုင်လောက်သည့် စွမ်းအင်ကိုပိုင်ဆိုင်သည်။ ရှို့ဟွမ် သည် နှစ် ၁၀၀ တိုင်းတွင် သန့်စင်သောအရိပ်မှ ကောင်းချီးပေးပြီး လူသားများ ၏ခွန်အားကို တိုးတက်စေသည့် ရတနာသည်ကို ကြည့်ရုံနှင့်သိနိုင်သည်။
ထို့အပြင် ဖန်ဆင်းရေးနတ်ဘုရားချန်ထားသည့်အရာဖြစ်သဖြင့် ၎င်းထဲတွင် ကြီးမားသောလျှို့ဝှက်ချက်ကိုဖုံးကွယ်ထားသော်လည်း မသေချာ လှပေ။
ထိုသုံးခုသည် ပေထင်းဟွမ်ဆီသို့ ပြေးဝင်လေသည်။ သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် အလင်းတန်းကြောင့် နာကျင်နေ သည်။ မူလက သူမသည် အများဆုံးအဆင့် ၁ ဆင့်သာ တက်မည်ဟု သဘော တူထားသော်လည်း ဤအခိုက်အတန့်တွင် ထိုမျှကြီးမားသောစွမ်းအင်သည် သူမအား ပေါက်ကွဲစေလေသည်။
ကံကောင်းစွာပင် နောက်ဆုံးအစိတ်အပိုင်း ရှို့ဟွမ်သည် ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီး ရှို့ဟွမ်လေးပိုင်းသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းလေသည်။ ထိုအခိုက်အတန့်တွင် ကြီးမားသောစုပ်ခွက်ခွန်အားရှိလာပြီး ၎င်းကိုကောင်းမွန် စွာ ထိန်းချုပ်လိုက်ရာ သူမ၏အကြောထဲသို့ မခံနိုင်လောက်အောင်ပင် စွမ်းအင် များအားလုံးကို စုပ်ယူလေသည်။ အားလုံးကို စုပ်ယူလိုက်လျှင် သည်တစ် ခေါက် သူမ၏ခွန်အား တိုးတက်မှုကို သက်ရောက်မှုမရှိစေပေ။
ပေထင်းဟွမ်သည် သူမ၏အခြေအနေကိုသာ အာရုံစိုက်ထားသည်။ ဤ ကဲ့သို့အရေးကြုံသည့်အခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် သူမကို တိုက်ခိုက်လိမ့်မည်ဟု ထင်မထားပေ။ ထိုလူသတ်တော့မည့် စွမ်းအင်များ သူမ ကိုတိုက်ခိုက်သည်ကိုမြင်လျှင်တောင် သူမသည် ဂရုစိုက်နေရန် အချိန်မရှိပေ။
“စူးရီ မင်း ဘာလုပ်နေတာလဲ”
ရှီမိုယွိသည် စကားဖြင့်ပြောလိုက်သော်လည်း ခန္ဓာကိုယ်မှာ အရင်ရောက် နှင့်ကာ အလင်းတန်းမကျခင်မှာပင် ပေထင်းဟွမ်အား အနောက်တွင်ကွယ် ထားလိုက်သည်။ ကျားဖြူနှင့် ဆတ်ခလောက်အနီတို့သည် သူ့ဘေးတွင် စောင့်ကြပ်လျက်ရှိသည်။
“ရှီမိုယွိ ဒီကိစ္စက မင်းနဲ့မဆိုင်ဘူး ဖယ်ပေးပါ” ကျို့ထျန်းသည် မျက်မှောင် ကြုတ်လေသည်။ သူ၏မျက်နှာပေါ်မှ ပန်းရောင်နှင့်အနက်ရောင်တို့သည် ပြုတ်ကျလုနီးပါးဖြစ်နေသည်မှာ သူ၏စက်ဆုပ်ဖွယ်အသွင်အပြင်သည် ယခုအခါ ပို၍အကျည်းတန်လေသည်။
ရှီမိုယွိသည် လမ်းဖယ်ပေးရန်မဖြစ်နိုင်ပေ။ ပေထင်းဟွမ်ကို သူ ရင်းနှီး သလိုရှိသော်လည်း ပေထင်းဟွမ်နှင့် ရင်းနှီးစရာအကြောင်းမရှိပေ။ ထိုခံစားချက်ရခြင်းမှာ သူတို့သည် တစ်နေရာတည်းမှ လာခြင်းဖြစ်ကာ တူညီ သော ယဉ်ကျေးမှုကို လက်ခံရရှိခြင်းကြောင့်ဖြစ်မည်။
“မင်း သူ့ကိုတိုက်ခိုက်မယ်ဆိုရင် ငါ့ကိုအရင်လာတိုက်ခိုက်လေ” ရှီမိုယွိ သည် ပြောပြီးနောက် လက်ထဲတွင် ငွေရောင်ဓားကိုအသင့်ပြင်ထားသည်။
သူ၏နှစ်အစောပိုင်းများတွင် သူသည် ဖခင်ဖြစ်သူရှီချောင်းမိုဆီမှ ကွန်ဖူး ကိုသင်ယူခဲ့သည်။ ရှီချောင်မိုနှင့် စူးမိုတို့ ဟွာရှားမှထွက်သွားချိန်တွင် သူတို့ သည် သူ့အား လေဟာနယ်အရပ်တွင် ထားခဲ့သည်။ သူ၏မိခင်စူးမိုသည် သူ့အား ထျန်းရ်တိုက်ကြီးအပြင်ဘက်ရှိ ပင်လယ်ဧရိယာတွင် မွေးဖွားခဲ့သည်။ သူ့အားမွေးဖွားပြီးနောက် မိခင်ဖြစ်သူသည် ထောင့်လေးထောင့်သားရဲဆီမှ လက်ဆောင်ရလောက်အောင် ကံကောင်းခဲ့ကာ သူ့အား ဘုံ၏ကလေးဖြစ် အောင် ကျွေးမွေးခဲ့သည်။
သူသည် ထျန်းရန်တိုက်ကြီးရှိ လေဟာနယ်၏သားတစ်ယောက်ဖြစ် သည်။
ရှီမိုယွိသည် စကြာဝဋာအတွင်းမှ လေဟာနယ်များနှင့် အလိုလိုရင်းနှီး ပြီးသားဖြစ်သည်။ သူသည် ဖခင်ဖြစ်သူ၏ ကတိကိုဖြည့်ဆည်းပေးခဲ့သည်။ ဖခင်ဖြစ်သူ ပတ္တမြားကမ္ဘာသို့ရောက်လာပြီးနောက် ကမ္ဘာပေါ်မှ တရုတ်ပြည်ကို နှစ်ပေါင်းတစ်ရာကြာအောင် စောင့်ကြပ်ခဲ့ပြီး မကြာခင်တွင် မန္တလာမြေသို့ ပြန် လာခဲ့သည်မှာမကြာသေးပေ။
ပေထင်းဟွမ်သာ နှစ်အနည်းငယ်စောလာခဲ့ပါက သူတို့တွေ့ကြမည် မဟုတ်ပေ။
အဓိကအင်အားစုသုံးခုသည် အဆင့်မြင့်အထွတ်အထိပ်များဖြစ်ကြသည်။ ထိုအရာကိုကြည့်ပြီး ဖန်ယင်းသည် နှာမှုတ်မိလေသည် “ရှီမိုယွိ ငါက မင်းကို အကြာကြီးလွမ်းခဲ့တယ်ဆိုပေမဲ့ အဲဒါနဲ့ပဲ ငါက ကရုဏာစိတ်ရှိတယ်လို့ မဆိုလိုဘူး”