← Chapters

လေဟာနယ်မီး

Vol. 82 Ch. 1626

လေဟာနယ်မီး

Vol. 82 Ch. 1626

ရှီမိုယွိသည် သူ့ကို ပေါ့ပေါ့ပင်ကြည့်လိုက်သည်။ သူသည် မကြားလိုက် သလိုနေလိုက်သည်။ သို့သော် သူ့ဘေးမှ ခတ်ခလောက်အနီလေးသည် ဒေါသနှင့် သုံးပေမြင့်အောင် ခုန်လေသည် “အရှက်မဲ့လိုက်တဲ့မိန်းမ၊ မင်းက သူများရဲ့လူကို လွမ်းနေသေးတယ်၊ အဲဒီစကားပြောရလောက်အောင် ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ၊ ရှက်လွန်းလို့သေသင့်တာ”

ထိုအနီရောင်ဆတ်ခလောက်သည် မည်သည့်မျိုးစိတ်ဖြစ်သည်ကိုမသိ ပေ။ ၎င်းကို ရှီချန်းမိုနှင့် စူးမိုတို့ ချန်းပိုင်တောင်တွင် ကယ်ခဲ့ခြင်းဖြစ်သည်။ သူမသည် ရှီရှောင်မိုနှင့် ကလေးဘဝကတည်းက အတူကြီးပြင်းလာခဲ့သည်။ သို့သော် သူမသည် လက်ရှိတွင် အမြီးကိုးချောင်းအထိ ကြီးထွားလာပြီဖြစ် သဖြင့် သူမသည် မြေခွေးနှင့်ပိုတူသည်လားကို ရှီမိုယွိမသိတော့ပေ။

“ဟားဟားဟား မင်းက သားရဲတစ်ကောင်ပဲလေ၊ လူတွေနဲ့ အတူနေဖို့ အစွမ်းအစရှိလို့လား...”

ဖန်ယင်းစကားမဆုံးခင်တွင် ရှီမိုယွိ၏လက်ထဲမှ လှံတံသည် ငွေရောင် နဂါးအဖြစ်ပြောင်းကာ ဖန်ယင်းဆီသို့ ထိုးစိုက်လေသည်။ သူ၏ လက်နက် သည်ရှီမိသားစု၏ ဘိုးဘေးများဆီမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုလက်နက်သည် ခုခံရေးနှင့် တိုက်ခိုက်ရေးနှစ်ခုလုံး ပြုလုပ်နိုင်ရာ အလွန်ပင် ထူးခြားသည်။ ရှီမိုယွိ၏ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ လုံလောက်မှုရှိ သည်။

အထွတ်အထိပ်ဘုံသခင်တိုက်ခိုက်လျှင် အနီးအနားမှလူများသည် ရှင်းရှင်းလင်းလင်းမမြင်နိုင်ကြပေ။ သူတို့သည် အတန်ကြာသည်အထိ မူးဝေကြ လေသည်။

ရုတ်တရက်ပင် ရှီမိုယွိသည် ခုန်လိုက်ကာ လက်ထဲမှလှံတံဖြင့် ခုတ်ချ လိုက်သည်။ လှံတံကို ဟင်္သပဒါးမီးတောက်အလွှာများဖြင့် ဖုံးအုပ်ထားပြီး လှံတံ သည် ဖန်ယင်း၏ခန္ဓာကိုယ်ဆီသို့ ဓားတစ်ချောင်းကဲ့သို့ တိုက်ရိုက်ပင် ထိုးစိုက် သွားလေသည်။ ၎င်းသည် ဖုန်းယင်အား အလယ်မှခွဲရန် တစ်ချက်သာ လှုပ်ရှားရလေသည်။

“ကျူးယန်လား လေဟာနယ်မီး” ကောင်းကင်ဘုံကိုးလွှာနန်းတော်သခင် သည်ထအော်ကာ နောက်သို့ခုန်လိုက်ကာ ရှီမိုယွိအား သားရဲတစ်ကောင်၏ မျက်လုံးများဖြင့် ကြည့်လေသည်။

“အား”

စူးရှသောအော်သံသည် ကောင်းကင်ကို ထိုးထွက်လေသည်။

အဆုံးမရှိသည့် ဆွဲမက်လောက်စရာ ဖုန်းယင်၏အသံသည် နောက်ဆုံး အကြိမ် အော်ဟစ်ပြီးနောက်တွင် စွမ်းအင်အဖြစ်ပြောင်းကာ ကောင်းကင်နှင့် မြေကြီးအကြားတွင် ပျောက်ကွယ်သွားလေသည်။ သိပ်မဝေးသောနေရာတွင် သူမသည် မြေကြီးပေါ်သို့ယိုင်လဲသွားသော ခန္ဓာကိုယ်ကို ပြန်ထိန်းညှိကာ နှုတ်ခမ်းထောင့်မှလည်း သွေးများစီးကျနေပြီး လုံးဝန်းသောမျက်လုံးများဖြင့် ရှီမိုယွိအား စိုက်ကြည့်နေသည်။

ရှီမိုယွိ၏လှံတံသည် ကြမ်းတမ်းလွန်းကာ ဖုန်းယင်သည် သူမ၏ဒုတိယ စိတ်ဝိညာဉ်ကို အလိုလိုပင် စတေးစေလောက်သည်။ သို့သော် ရှီမိုယွိသည် ကျူးယန် လေဟာနယ်မီးကို လှုံ့ဆော်လိမ့်မည်ဟု ထင်မထားပေ။ ကျူးယန်၏ စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးထက်မလျော့နည်းပေ။ မီးတောက်တွင် အရည်အချင်းအမျိုးမျိုးရှိကြသော်လည်း ၎င်းသည် လူတစ်ဦး၏စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေနိုင်သည်။

ဖုန်းယင်၏ကမ္ဘာဦးဝိညာဉ်သည် နှစ်ပိုင်းကွဲသွားပြီး ရှီမိုယွိ၏ ငွေရောင် လက်နက်မှ အားကောင်းသောခွန်အားသည် ဖုန်းယင်အား သေသည်အထိ ဖြစ် စေသည်။

ဖုန်းယင်သည်လည်း အဆင့်မြင့်အထွတ်အထိပ်ဖြစ်သော်ငြား ရှီမိုယွိ၏ ခွန်အားသည် ဖုန်းယင်ထက် နှစ်ဆဖြစ်သည်။ သူသည် သာမန်အာရုံရှိသည့် အထွတ်အထိပ်မဟုတ်ပေ။

“မင်းက ဘယ်သူလဲ” မိုလိသည် လေဟာနယ်အစွန်တွင် မည်သည့် အရာကိုရှာဖွေနေခြင်းကို မသိနိုင်သော်လည်း လှည့်ပတ်သွားလာနေခဲ့သည်ကို လွန်ခဲ့သည့်နှစ်အနည်းငယ်က ရှီလိကြားခဲ့သည်။ သူသည် အုံကြွနေသော လေဟာနယ်များ၊ လေဟာနယ်ကွာခြားချက်များတွင် ပြေးလွှားနေသည်ဟု တချို့လူများမြင်ခဲ့ကြသည်။ ရှီလိသည် ရင်ခုန်မြန်လာသည်။

ဖန်ယင်းသေသွားလေပြီ။ ဖန်ယင်းတောင်ကြားသည်လည်း ပျက်စီးသွား လေပြီ။ ဖန်းယင်နောက်လိုက်လာကြသော ထိုမိန်းမငယ်လေးများသည် ငှက် များသားရဲများအဖြစ်ပြောင်းသွားကြလေသည်။ တာဝန်သိတတ်သော နှစ်ယောက်လောက်သာလျှင် လာပြီး ဖန်ယင်း၏အလောင်းကို သယ်သွားကြပြီး ပြန်မလာရဲကြတော့ပေ။

ဆတ်ခလောက်သည် ဂရုမစိုက်ဘဲ ရှီမိုယွိ၏ပခုံးပေါ် ခုန်တက်ပြီး ရှေ့လက်နှစ်ဖက်ဖြင့် ရှီမိုယွိ၏ဦးခေါင်းကိုပွေ့ဖက်လိုက်သည်။ လူအများရှေ့မှာ ပင် ရှီမိုယွိ၏နားရွက်သည် ရဲတွတ်သွားလေသည် “ယောက်ျား ကျေးဇူးပဲ”

ရှီမိုယွိသည် ဘာမှမပြောပေ။ သို့သော် သူ၏အေးစက်သောမျက်လုံးများ သည် ထိုအခိုက်အတန့်တွင် နူးညံ့သွားလေသည်။ သူသည် လက်မြှောက်ပြီး ဆတ်ခလောက်ကို ပွတ်သပ်လိုက်သည်။

ဆတ်ခလောက်အနီသည် ဖန်ယင်းအား အမြဲတမ်းမနှစ်သက်ခဲ့ပေ။ ရှီမိုယွိ သည်လည်း သိထားသည်မှာကြာပြီဖြစ်သည်။

ဤမျှအေးစက်ပြီး ရက်စက်တတ်သည့် ရှီမိုယွိသည် သူ၏သားရဲ အနီရောင်ဆတ်ခလောက်လေးကို ဤမျှနှစ်သက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။ ထိုအနီရောင်မြွေပါလေးသည် မြေခွေးလေးဟု အမည်တွင် သွားလေသည်။

All Chapters