← Chapters

မြင်ကွင်း

Vol. 82 Ch. 1627

မြင်ကွင်း

Vol. 82 Ch. 1627

ရောင်စုံအလင်း တဖြည်းဖြည်းပျောက်ကွယ်သွားသည်နှင့် ပေထင်းဟွမ် သည် ဖြည်းဖြည်းချင်း လေထဲမှဆင်းသက်လာလေသည်။ ထိုစုပ်ခွက်မှ စွမ်းအင် ကိုထိန်းချုပ်ပြီးနောက် ပေထင်းဟွမ်သည် အနာဂတ်ကို စိတ်ပူရန်မလိုတော့ ပေ။ သူမသည် အသိစိတ်ဖြင့် အပြင်မှအခြေအနေကို အာရုံစိုက်ထားသည်။ သဘာဝကျကျပင် ရှီမိုယွိသည် သူမအား ကာကွယ်ပေးနေသည်သကို သူမလည်း မြင်သည်။

ရှီမိုယွိသည် သူမအား အလွန်ပင် ကာကွယ်ထားသည်မှာ သူမ၏ဘေးတွင် အစ်ကိုကြီးတစ်ယောက်ရှိနေသလိုခံစားရလေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရှီမိုယွိက သန်မာပေမဲ့ မင်းတို့ တစ်ယောက် နှစ် ယောက်တည်းနဲ့ ငါတို့ကို နိုင်ဖို့အခွင့်အရေးမရှိဘူး” ရှီလိပြောပြီးနောက်တွင် ကျို့ထျန်းခေါင်းညိတ်ကာ ရှီလိ၏စကားများကို ထောက်ခံကြောင်း ပြသလေ သည်။

“အဟုတ်လား” အသံတစ်သံဝင်လာပြီးနောက် ပေထင်းဟွမ် မျက်လုံး ဖွင့် ကြည့်ကာ လေပေါ်မှလျှောက်လာပြီး ရှီမိုယွိဘေးတွင်ရပ်လိုက်သည် “ငါ အစ်ကိုကြီးရှီနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်ရော၊ ဘယ်လိုအခွင့်အရေးမျိုးရှိလာမှာ လဲ”

သူမ ပြောပြီးနောက်တွင် လက်ထဲမှဓားပျော့ကိုမြှောက်လိုက်ရာ သူမ၏ ခွန်အားသည် အထွတ်အထိပ်အဆင့် ၇ ထိ ထိုးတက်သွားသည်ကို ကြောက်လန့် တကြားခံစားမိကြလေသည်။ မန္တလာမြေနှစ်ပေါင်းတစ်သောင်းအတွင်းတွင် သန့်စင်သောအရိပ်ကောင်းချီးမှ ဤမျှများပြားသော အကျိုးအမြတ်ကို မည်သူမှ မခံစားခဲ့ရဖူးပေ။

သန့်စင်သောအရိပ်ကောင်းချီးသည် ခွန်အား အဆင့်တစ်ဆင့်တက်နိုင် သော်လည်း ပထပမအဆင့်သည် နတ်ဘုရားအဆင့်ထက်နိမ့်သောလူများ အတွက်သာဖြစ်သည်ဟု ဆိုကြသည်။ ကောင်းချီးစွမ်းအားသည် ရုတ်တရက် အဆင့်တစ်ဆင့် တက်စေနိုင်သည်။

သို့သော် ပေထင်းဟွမ်သည် အရှင်ကြီးအဆင့်မှ အထွတ်အထိပ် အဆင့် ၇ ထိတက်လာခဲ့သည်။ စွမ်းအင်၏လွှမ်းမိုးမှုကို ဘာကြောင့် မခံစားရသနည်း။

ပေထင်းဟွမ်၏ခွန်အားကိုကြည့်ပြီး နဂိုကသူမအား အထင်သေးသည့် ကျို့ထျန်းသည် ပါးစပ်ဖျားမှ စကားလုံးများကို မျိုသိပ်လိုက်သည်။ ထိုမတိုင်ခင် တွင် ပေထင်းဟွမ်သည် ဤခွန်အားမရှိခဲ့ပေ။ ယခု အထွတ်အထိပ်အဆင့် ၇ ကို မည်သို့ရလာသနည်း။

လေထုသည် တင်းမာနေသည်။ သေချာပေါက် ရှို့ဟွမ် ယူခဲ့ခြင်းပင်။ ဤအခိုက်တန့်ပင်လျှင် ကျို့ထျန်းနှင့် ရှီလိတို့သည် သူတို့အား မကျေနပ်စေ သည်ကို ခံစားမိကြသည်။ သို့သော် သူတို့သည် ရှို့ဟွမ်အား ရင်ဆိုင်နေရသည်။ ရှို့ဟွမ်တွင် အကျိုးအမြတ်မည်မျှရှိသည်ကို မည်သူမှမသိကြပေ။ သို့သော် ဒဏ္ဍာရီအရ ရှို့ဟွမ်သည် လေဟာနယ်၏ဝိညာဉ်ဖြစ်ကာ ဤတိုက်ကြီးတွင် နှစ်ပေါင်း ၁၀၀ တိုင်း ရှို့ဟွမ်အပ်နှင်းသည့် သန့်စင်သောအရိပ်ကောင်းချီးသည် သူတို့အသက်နှင့်ရင်းပြီး တိုက်ခိုက်ရလောက်အောင် လုံလောက်သော အစွမ်းရှိ သည်။

မန္တလာမြေမှတခြားသူများသည် နောက်ဆုတ်ကာ စစ်မြေပြင်မှ ခွာနေကြ သည်။ သို့သော် ရှီလိ၊ ကျို့ထျန်းနှင့် ပေထင်းဟွမ်၊ ရှီမိုလိတို့၏ နှစ်ဖက်သည် ဓားများဖြင့် မျက်နှာချင်းဆိုင်ကာ အသေအကြေ တိုက်ခိုက်ရန်အသင့်ဖြစ်နေ သည်။

ရှီလိနှင့် ကျို့ထျန်းတို့သည် အထွတ်အထိပ်ထိပ်ဆုံးအဆင့်များဖြစ်ကြကာ ပေထင်းဟွမ်သည် အထွတ်အထိပ် အဆင့် ၇ ဖြစ်သည်။ ပေထင်းဟွမ်သည် သူတို့ထဲမှတစ်ယောက်ကို ကိုင်တွယ်ပြီး ရှီမိုလိသည် နောက်တစ်ယောက်ကို သတ်နိုင်ပါက သူတို့အနိုင်ရနိုင်သည်။

သို့သော် ပေထင်းဟွမ်သည် ရှီလိသို့မဟုတ် ကျို့ထျန်းကို ကိုင်တွယ်နိုင် မည်ဟု မည်သို့သေချာနေသနည်း။

နှစ်ဦးနှစ်ဖက်တို့ အနည်းငယ်ရှေ့တိုးလာပြီး သူတို့၏ခွန်အားကို စုစည်း ပြီးတိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်နှင့် ကမ္ဘာကြီးတစ်ခုလုံးသည် ရုတ်တရက် မှောင်မိုက်သွားပြီး တိမ်တိုက်မည်းများသည် သူတို့၏ခေါင်းအထက်တွင် လှိမ့် တက်လာပြီး တောင်တောတစ်ခုလုံးတွင် ပြင်းထန်သော မုန်တိုင်းတစ်ခု တိုက် လာသည်။ နှစ်ပေါင်းများစွာသက်တမ်းရှိ ရှေးသစ်ပင်ကြီးများ၏ ပင်စည်များ သည် စတင်လှုပ်ခါလာပြီး တောင်ထိပ်မှကျောက်တုံးများသည် တောင်လမ်း များမှ လှိမ့်ဆင်းလာသည်။

ဘေးမှစိတ်လှုပ်ရှားစွာကြည့်နေကြသော မန္တလာမြေမှတခြားသူများ သည် ထိုအခိုက်တန့်တွင် ပျာယာခတ်စွာနှင့် ဒူးထောက်ပြီး ခေါင်းကိုလက်ဖြင့် ကာထားကာ တုန်ယင်နေကြသည်။

မရေတွက်နိုင်သော သားရဲများသည် တောထဲမှ ပြေးထွက်လာပြီး ငှက်များသည် အသက်လုကာ တောမှအဝေးသို့ ပျံထွက်သွားကြသည်။

ပေထင်းဟွမ်အပါအဝင် လူလေးယောက်သည် ကောင်းကင်နှင့်မြေကြီး၏ မြင်ကွင်းကိုမြင်လိုက်ရချိန်တွင် အားလုံးထိတ်လန့်ကုန်လေသည်။ သူတို့သည် တောင်များကိုလှုပ်ယမ်းပြီး ပင်လယ်များကိုဖြည့်ကာ ကမ္ဘာကြီးကိုလှုပ်ခါနိုင် သလို ကောင်းကင်ကိုခွဲနိုင်သည့် အထွတ်အထိပ်အဆင့်မြင့်များဖြစ်ကြသည်။ ဤအဆင့်သည် သူတို့လုပ်နိုင်အရာမဟုတ်သည်မှာတော့ သေချာသည်။

All Chapters