Chapters

ဟွမ်အာ ဒီကိုလာ

Vol. 82 Ch. 1628

ဟွမ်အာ ဒီကိုလာ

Vol. 82 Ch. 1628

“ဒါက...” ရှီမိုယွိသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤအရာသည် လေဟာနယ်ကြောင့်ဖြစ်လာခြင်းမဟုတ်ဘဲ အားအကောင်းဆုံး လူဆီမှလာခြင်းပင်။

ဤလေဟာနယ်တွင် နဂိုကလေဟာနယ်စည်းမျဉ်းများရှိကာ ၎င်း၏ ခွန်အားသည် အထွတ်အထိပ်ကြီးအောက်ကို ဖိနှိပ်ထားသည်။ ဤလေဟာနယ် တွင် အထွတ်အထိပ် အဆင့်မြင့်ဆုံးကို ချိုးဖောက်လိုက်ပါက လေဟာနယ် စည်းမျဉ်းများကြောင့် ပျက်သုန်းသွားနိုင်သည်။ အထွတ်အထိပ်ဆုံး အထက်ရှိ ကျွမ်းကျင်သူများသည် ဤလေဟာနယ်တွင် ခြေချ၍မရပေ။

ကောင်းကင်ပေါ်တွင် တိမ်တိုက်မည်းများတဖြည်းဖြည်းရောက်လာပြီး အားကောင်းသောဖိအားသည် ကျို့ထျန်းနှင့် ရှီလိတို့ကို တိုက်ရိုက် ထိပ်တိုက် တွေ့လေသည်။ ထို့ကြောင့် မန္တလာမြေတွင် အသန်မာဆုံးနှစ်ယောက်သည် ဤအခိုက်တွင် ဒူးထောက်ရတော့သည်။

ပေထင်းဟွမ်သည် တိမ်တိုက်မည်းများအထက်ရှိ လူကိုမြင်နေရသည်။ ငွေရောင်ဆံပင်များသည် လေနှင့်အတူလွင့်ပါနေပြီး မျက်ခုံးမျက်လုံးများသည် ချောက်တစ်ခုကဲ့သို့နက်ရှိုင်းကာ မျက်လုံးထောင့်သည် နားထင်ထိ ရှည်လျား သည်။ အတိတ်က သူမအား မြတ်နိုးစွာ စိုက်ကြည့်ခဲ့သည့် ခရမ်းရင့်ရောင် မျက်လုံးများပင်ဖြစ်သည်။ ကမ္ဘာတစ်ခုလုံးတွင် ပေထင်းဟွမ်တစ်ယောက်သာ ထိုမျက်လုံးများကို ကြည့်နိုင်ပုံပင်။

ရှည်လျားသောအနက်ရောင်ဝတ်ရုံသည် လေကြောင့်ဆန့်ထွကက်နေပြီး ရွှေရောင်မန္တလာပန်းကဲ့သို့လိပ်တက်နေသည်မှာ ရနံ့ပြင်းပြင်းလွင့်ပျံလာသလို ပင်။

“ဟွမ်အာ ဒီကိုလာ”

သူသည် အရင်ကဲ့သို့မဟုတ်တော့ပေ။ ခန္ဓာကိုယ်ကို တိမ်တိုက်မြူခိုးများ ကဲ့သို့ဖြန့်ကျက်ပြီး ကောင်းကင်ပေါ်မှ ပေထင်းဟွမ်ဆီသို့ လက်ဆန့်ထုတ်လေ သည်။

“ယန်ယဲ့”

ပေထင်းဟွမ် ရေရွတ်လိုက်သည်။ သူမသည် သူမ၏မျက်လုံးများကို မယုံနိုင်ပေ။ သို့သော် ယန်ယဲ့၏မျက်လုံးထဲမှ နဂါးငွေ့တန်းစီးဆင်းလာသကဲ့သို့ တောက်ပသောအရောင်များကိုတွေ့သောအခါ ဤလူသည် အိပ်မက်မဟုတ် သည်ကို သိလိုက်ရသည်။

ထခုန်မတတ်ပင် ပေထင်းဟွမ်သည် ဘာမှဂရုမစိုက်တော့ဘဲ ယန်ယဲ့ဆီ သို့ ပျံသွားလေသည်။ သူမ၏ခန္ဓာကိုယ်ကို ကောင်းကင်နှင့်မြေကြီးအကြားတွင် ထိန်းထားသည်နှင့် ယန်ယဲ့သည် အင်္ကျီလက်ရှည်ကိုသပ်ကာ သူမအား ရင်ခွင် ထဲထည့်ထားလိုက်သည်။

“ယန်ယဲ့”

ပေထင်းဟွမ်သည် ယန်ယဲ့၏လည်ပင်းကို လက်ဖြင့်သိုင်းဖက်လိုက် သည်။ သူမဆီမှ အနွေးဓာတ်ထွက်လာပြီး သူမ၏မျက်နှာဖြင့် ယန်ယဲ့၏ ရင်ဘတ်သို့ဖိနှိပ်လိုက်ရာ ပိုနွေးထွေးသွားလေသည်။ ယန်ယဲ့၏ အသက်ရှူသံ နွေးနွေးသည် သူမ၏နားနှင့်လည်တိုင်သို့ရောက်လာကာ တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားလေသည်။

“ယန်ယဲ့ ရှင်လား ရှင်ပြန်လာပြီ တကယ်ပြန်လာပြီပဲ” ထိုအချိန်တွင် ပေထင်းဟွမ်သည် ဘာကိုမှဂရုမစိုက်နိုင်တော့ဘဲ ယန်ယဲ့အားပွေ့ဖက်ကာ ခိုစီး ထားလေသည်။ ယန်ယဲ့သည် သူ၏လည်ပင်းတွင် အရည်တစ်မျိုး စီးကျသွား သည်ကိုခံစားလိုက်ရသည်။ ၎င်းသည် ပေထင်းဟွမ်၏မျက်ရည်များဖြစ်လေ သည်။

ယန်ယဲ့သည် မျက်နှာကိုလှည့်ပြီး သူမ၏နဖူးကိုနူးညံ့စွာနမ်းကာ နှစ်သိမ့် ပေးလေသည် “ကိုယ်ပြန်လာပြီလေ နောက်တစ်ခါ လုံးဝထွက်မသွားတော့ဘူး”

ပေထင်းဟွမ်သည် ရင်ဘတ်ကိုစမ်းကြည့်ရာ ဝိညာဉ်ဆေးသည် သူမ၏ ရင်ဘတ်တွင်ရှိနေသေးသည်ကိုတွေ့လိုက်ရသည်။ ပေထင်းဟွမ်သည် ၎င်းကို ထုတ်လိုက်သည်။ ထိုထဲတွင် ယန်ယဲ့၏ကမ္ဘာဦးဝိညာဉ်သည် တင်ပျဉ်ခွေထိုင် နေသည်။ ယန်ယဲ့သည် သူမ၏လက်ထဲမှဆေးကိုသောက်လိုက်ရာ ဝိညာဉ်ဆေး သည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားလေသည်။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ရာ မျက်လုံးများထဲတွင် ကျေနပ်မှုပျော်ရွှင်မှုများကို တွေ့လိုက်ရလေသည်။ သူတို့ တွေ့ရမည့်အချိန်မှာ လိုသေးသည်ဟုထင်ထားသော်လည်း ယခုအခါ စောစီးစွာ တွေ့ရသဖြင့် ကံဆိုးသည်ဟု ဆိုမရပေ။

ယန်ယဲ့သည် သူမ၏မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက် သည်။ သူမ၏မျက်လုံးများတွင် ပုံရိပ်များထင်ဟပ်သွားသည်နှင့် သူမ၏ နှုတ်ခမ်းများကို အနမ်းခြွေပြီးနောက် ပွေ့ဖက်ပြီးရှေ့သို့ ဆက်သွားလိုက်သည်။

ရှီမိုယွိသည် ထိုလူအား အထက်အောက်အကဲခတ်လေသည်။ ထိုလူသည် သူ့ဘဝ၌ အားအကောင်းဆုံးလူဖြစ်လိမ့်မည်။ သူသည် သိချင်လာသဖြင့် ပေထင်းဟွမ်အား ပြောလိုက်သည် “ငါ့ကို မိတ်ဆက်ပေးမလား”

ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှ ခေါင်းမော့မည်အပြုတွင် ယန်ယဲ့ သည် သူမ၏ခန္ဓာကိုယ်ကို ဖိချပြီး ရှီမိုယွိဆီသို့ လက်ဆန့်ထုတ်လေသည် “ကျုပ်နာမည်က ယန်ယဲ့ပါ၊ ဟွမ်ကျို့ရဲ့လူပါ”

“ဟူး အဟွတ် အဟွတ်” ပေထင်းဟွမ်သည် တံတွေးသီးသွားပြီး ယန်ယဲ့ အား ခပ်ကြမ်းကြမ်းလေး ဆွဲဆိတ်လိုက်သည်။ 'ဟွမ်ကျို့ရဲ့လူ' ဆိုတာ ဘာအဓိပ္ပာယ်လဲ သူသိရောသိရဲ့လား။