ကြိုတင်ပြီး ဂုဏ်ပြုစကားပြောခြင်း
Vol. 82 Ch. 1629
“ကျုပ်နာမည်က ရှီမိုယွိပါ” ရှီမိုယွိသည် ယန်ယဲ့ဆီသို့ ရင်းနှီးသော အပြုအမူဖြင့် လက်ဆန့်ထုတ်ပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
ပေထင်းဟွမ်သည် ရှီမိုယွိအား အသိအမှတ်ပြုပြီး ရှီမိုယွိသည် ပေထင်းဟွမ်အား ကာကွယ်ပေးသည်။ ရှီမိုယွိသည် ရှီရှောင်မို၏အစ်ကိုဖြစ် သည်။ ထိုအရာကို ယန်ယဲ့မြင်နိုင်သည်။ သူ လေးစားရသည်မှာ ရှီမိုယွိသည် ဖန်ယင်းအား ဆတ်ခလောက်အနီလေးနှင့်သတ်ခဲ့သည်။ ယောက်ျားများ လုပ်သင့်သည့်အရာပင်။
“မင်းရောက်လာမှတော့ မင်းတို့နှစ်ယောက်ကိုပဲ အပ်လိုက်တော့မယ်” ရှီမိုယွိသည် ပြောပြီးသည်နှင့် ပခုံးပေါ်မှ ဆတ်ခလောက်အနီလေးကို ပွတ်သပ် လိုက်သည်။ ထိုဆတ်ခလောက်လေးသည် ယန်ယဲ့အားမြင်ပြီးနောက်တွင် အလိုလိုကြောက်စိတ်ဝင်လာသည်ကို သူ ခံစားမိသည်။
ယန်ယဲ့သည် ဆတ်ခလောက်အနီလေးအား ခပ်သဲ့သဲ့ကြည့်လိုက်သည် “အရင်က ထျန်ချန်းတိုက်မှာ ဒီလိုသားရဲမျိုးမြင်ဖူးတယ်၊ ထျန်ချန်းတိုက်တစ်ခု လုံးမှာ ဆတ်ခလောက်မျိုးနွယ်ရဲ့ တော်ဝင်မိသားစုရှိကြတယ်လို့ပြောတယ်၊ ဆတ်ခလောက်အနီလေး ပုံစံပြောင်းချင်ရင် ထျန်ချန်းတိုက်က ချီရှားတောင် ကြားကိုသွားလိုက်၊ တော်ဝင်မိသားစုရဲ့အမွေဆက်ခံသူအဖြစ်လက်ခံလိမ့်မယ်၊ မဟုတ်ရင် သူက အမြီးကိုးချောင်းထွက်လာရင်တောင် ပြီးမြောက်မှာမဟုတ် ဘူး”
ရှီမိုယွိသည် ထိုစကားကြားလိုက်ရသောအခါ ပျော်သွားလေသည်။ သို့သော် ဤအခိုက်အတန့်တွင် ဆတ်ခလောက်အနီလေးသည် ကြောက်ရွံ့မှုကို ပင် ဂရုမစိုက်နိုင်တော့ပေ။ သူမသည် ရှီမိုယွိ၏ပခုံးပေါ်တွင် ဆောင့်ကြောင့်ထိုင် ပြီး ယန်ယဲ့အားကြည့်ကာ ပါးစပ်မှပြောလေသည် “နတ်မိစ္ဆာဧကရာဇ်အရှင်၊ ဆတ်ခလောက်အနီက ပုံစံပြောင်းနိုင်တယ်ဆိုရင် ပတ္တမြားကမ္ဘာကိုလာပြီး အရှင့်ကို ကျေးဇူးတင်စကားဆိုပါ့မယ်”
“သေချာပေါက် ပြန်လာရမှာပေါ့ အရူးလေး” ရှီမိုယွိသည် ဆတ်ခလောက် အနီလေးကို ဖက်ကာ သူ၏မျက်လုံးများသည် တက်ကြွမှုအပြည့်ရှိနေပြီဖြစ် သည် “ကျုပ်အဖေက ၃၃ ကောင်းကင်ဘုံ ကွေ့ရှိုမိုနယ်မြေက ဧကရာဇ်ပဲ၊ နတ်မိစ္ဆာဧကရာဇ် ၃၃ ကောင်းကင်ဘုံကိုပြန်ရင် ကျုပ်အဖေကို စကားပါးပေးပါ၊ ကျုပ် မကြာခင် ၃၃ ကောင်းကင်ဘုံကိုလာပြီး အမေနဲ့ညီမလေးဆီကို လာလည် ပါမယ်လို့”
ဆတ်ခလောက်အနီလေးကြောင့်သာမဟုတ်လျှင် ယန်ယဲ့သည် ဒဏ္ဍာရီတွင်ကျော်ကြားသူဖြစ်ကြောင်း ရှီမိုယွိ သိမည်မဟုတ်ပေ။
သူသည် ယန်ယဲ့၏ရင်ခွင်ထဲမှ ဟွမ်ကျို့အားကြည့်လိုက်သည်။ ထိုလူငယ် သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက သေသွားခဲ့ပြီး နိဗ္ဗာန်မီးအပြီးတွင် ပြန်လည်မွေးဖွားလာခဲ့သော နတ်မိစ္ဆာဧကရီဖြစ်လိမ့်မည်။ သူမနှင့် ရှောင်မိုတို့ သည် သွေးသောက်ညီအစ်ကိုဖြစ်လာခဲ့သည်။ ထိုမိန်းကလေးနှစ်ယောက်သည် မိန်းကလေးအဖြစ်မဟုတ်ဘဲ ယောက်ျားလေးအဖြစ် သစ္စာဆိုခြင်းဖြစ်လိမ့်မည်။
“နတ်မိစ္ဆာဧကရာဇ်အရှင်က တိုက်ကြီးသုံးခုကို ပြန်ပေါင်းစပ်ချင်ရင် ချီရှို့ဟွမ်ကို စုဆောင်းဖို့ မဖြစ်မနေမလိုပါဘူး” ရှီမိုယွိသည် အနည်းငယ် လော သွားသည်ဟု ခံစားရသဖြင့် ပြောလိုက်သည် “နတ်မိစ္ဆာဧကရာဇ်အရှင်မှာ ဘေးဘက်လေးလံက အစောင့်အရှောက်သားရဲရောင်ဝါရှိတယ်၊ ထောင့် လေးဘက်ရဲ့ စွမ်းအားရှိလို့ဖြစ်မယ်၊ စွမ်းအင်နဲ့စောင့်ကြပ်ပြီး လပြည့်ညမှာ သံဝါသပြုမယ်ဆိုရင် လေဟာနယ်ရဲ့ကလေးသန္ဓေတည်နိုင်တယ်၊ အဲဒီကလေး က လေဟာနယ်ရဲ့ကလေးဖြစ်လာမယ်၊ သူသာ တစ်ချက်တွေးလိုက်တာနဲ့ တိုက်ကြီးတွေကို ပြန်စုစည်းနိုင်လိမ့်မယ်”
ရှီမိုယွိသည် လေဟာနယ်၏သားဖြစ်သည်။ သို့သော် သူသည် လေဟာနယ်၏ အငွေ့အသက်အားလုံးကို လက်ခံရရှိနိုင်လေသည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်တွင် အသက်ရှည်ခြင်းအလင်း လေးခုရှိသည်ကို သူ ခံစားမိသည်။ ပေထင်းဟွမ်နှင့်ယန်ယဲ့တို့သည် ရှို့ဟွမ်လေးခုကို စုဆောင်းရန် နှင့် လွန်ခဲ့သည့်နှစ်တစ်သောင်းက ယန်ယဲ့ ပတ္တမြားကမ္ဘာသို့ ယူဆောင်လာ ခဲ့သည့် ဘေးဒုက္ခကို ဖြေရှင်းရန် ဤနေရာသို့ရောက်လာခြင်းဖြစ်မည်။
“ရှို့ဟွမ်လေးခုကို သန့်စင်ဖို့က တော်တော်ခက်မယ်၊ ရှို့ဟွမ်ကို ပြောင်းပြန်ဖြစ်သွားစေနိုင်တယ်” ရှီမိုယွိသည် အလေးအနက်ပြောလေသည်။
ရှီမိုယွိ၏စကားများကိုနားထောင်ပြီးနောက် ပေထင်းဟွမ်၏တစ်ကိုယ် လုံး တောင့်တင်းသွားသည်ကို ယန်ယဲ့ခံစားမိသည်။ သို့သော် သူ ပျော်မိသည်။ ဤမိန်းကလေး ရှို့ဟွမ်ကိုသန့်စင်ရန် ကြိုးစားရမည်ကို သူ မလိုလားပေ။ သား ဖြစ်သူကို အပ်ထားလိုက်သည်က အကောင်းဆုံးဖြစ်လိမ့်မည် “ကျေးဇူးတင်ပါ တယ် ၃၃ ကောင်းကင်ဘုံရောက်ရင် ခင်ဗျားကို တစ်ခွက်တစ်ဖလားတိုက်ပါ့ မယ်”
ရှီမိုယွိသည် သူတို့နှစ်ယောက်အား နက်နက်ရှိုင်းရှိုင်းကြည့်ပြီး ခေတ္တမျှ တွေးကာ ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ပြီး ယန်ယဲ့အား ပေးလိုက်သည် “ဒါက လေ့ကျင့်ခန်းအစုံပါ၊ ရှို့ဟွမ်ကိုသန့်စင်ချင်ရင် ဒီလေ့ကျင့်ခန်းတွေအတိုင်း လိုက်လုပ်ပါ၊ ပြောင်းပြန်ရိုက်ခတ်မှုကို ရှောင်ရင်ရှောင်နိုင်မှာ”
“နောက်ပိုင်း မင်းတို့လက်ထပ်ရင် ကျုပ်ပြန်လာနိုင်မှာစိုးလို့ ကြိုပြီး လက်ဆောင်ပေးထားတာ”