ကိုယ့်ကို ယောက်ျားလို့မခေါ်တာ ဘယ်နနှစ်ရှိပြီလဲ
Vol. 82 Ch. 1630
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် မကြားချင်ယောင်မဆောင်နိုင် တော့ဘဲ လှုပ်ရှားလာသည်။ သူမသည် ယန်ယဲ့၏ရင်ခွင်ထဲမှ ထွက်ချင်သော် လည်း ယန်ယဲ့သည် တင်းကြပ်စွာပွေ့ဖက်ထားသည်။ ယန်ယဲ့သည် ကျယ်လောင်စွာရယ်မောပြီး စာအုပ်ယူကာ ပေထင်းဟွမ်အားပြောလိုက်သည် “ဟွမ်အာ သူတို့အတွက် ဂုဏ်ပြုလက်ဆောင်ကိုလည်း ကြိုပေးလိုက်ပါဦး”
ယန်ယဲ့သည်ပြောပြီးသည်နှင့် ပေထင်းဟွမ်အား လက်ဆန့်ထုတ်ပေးလေ သည် “ကိုယ်သန့်စင်ထားတဲ့ မီးတောက်ဆေးထုတ်ပေးလိုက်”
မီးတောက်ပန်းများမှ မီးတောက်ဆေးပင်။
ပေထင်းဟွမ် ထုတ်ပေးတော့မည်အပြုတွင် ယန်ယဲ့သည် စိတ်ဝိညာဉ် ကူးပြောင်းအသံဖြင့်ပြောလေသည် “မီးတောက်ဆေးကို ကစဥ့်ကလျားနတ် အရင်းအမြစ်ရောလိုက်”
ပေထင်းဟွမ်သည် နားထောင်ပြီးနောက် လိုက်လုပ်လေသည်။ ယန်ယဲ့ သည် ရှီမိုယွိအား မီးတောက်ဆေးပေးလိုက်သောအခါ ရှီမိုယွိ လက်ခံလေသည်။ သို့သော် သူ၏လက်များသည် တုန်ယင်လျက်ရှိသည်။ သူတို့နှစ်ယောက်သည် ဤမျှအဖိုးတန်သောပစ္စည်းပေးလိမ့်မည်ဟု သူ ထင်မထားပေ။ သူသည် တခြား လူများနှင့်မတူပေ။ တခြားသူများမှာ ခန္ဓာကိုယ်တွင် ကစဥ့်ကလျားနတ်အရင်း အမြစ်ရှိလျှင် လေ့ကျင့်ရာတွင် အကျိုးအမြတ်ကြီးဖြစ်လိမ့်မည်။ သို့သော် သူ၏ ခန္ဓာကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ်အနည်းငယ်သာရှိပါက ခန္ဓာ ကိုယ်ထဲတွင် ကစဥ့်ကလျားနတ်အရင်းအမြစ် များပြားသော ပမာဏဖြစ်အောင် စုစည်းနိုင်သည်။
သူ ယခုအချိန်ထိ မလုပ်နိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူ၏ခန္ဓာကိုယ် ထဲတွင် အစေ့မရှိခဲ့ခြင်းကြောင့်ပင်။ သို့သော် အစေ့ရှိလာပါက သူသည် ကမ္ဘာ ကြီးခွန်အားကို လိုအပ်မည်ဖြစ်သည်။
ပေထင်းဟွမ်နှင့် ယန်ယဲ့သည် သူ့အား ကစဥ့်ကလျားနတ်အရင်းအမြစ် ပေးလာရာ ကစဥ့်ကလျားနတ်အရင်းအမြစ်ကိုရပြီးနောက် ရလာမည့် အကျိုးအမြတ်သည် ပေထင်းဟွမ် ကစဥ့်ကလျားနတ်အရင်းအမြစ်ရသည်ထက် ပင် ပို၍များနိုင်သည်။
ရှီမိုယွိသိသည်။ သူသည် ဘာမှမပြောဘဲ ကျေးဇူးတင်ကြောင်း ပြသလိုက် သည်။ သူသည် ယန်ယဲ့တို့နှစ်ယောက်အား တည်ငြိမ်စွာ နှုတ်ဆက်ခဲ့ပုံရ သော်လည်း အဝေးထိ ပျံသန်းပြီးနောက် မတည်ငြိမ်နိုင်တော့ပေ။ သဘာဝကျ ကျပင် သူသည် မီးတောက်ဆေးကို တွေဝေခြင်းမရှိ မျိုချလိုက်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်ကို စုပ်ယူပြီးနောက် မီးတောက်ဆေး၏ အာနိသင်ကို ဖိနှိပ်ထားသည်။ သူသည် မန္တလာမြေမှ မထွက်ခင်အထိ မီးတောက်ဆေးတွင်ပါဝင်သော စွမ်းအင်ကိုမစုပ်ယူပေ။ စုပ်ယူပြီးသည့်နောက် တွင်လည်း သူ၏ခွန်အားသည် အထွတ်အထိပ်ကြီးအဆင့်သို့ ချက်ချင်းပင် ခုန်တက်သွားလေသည်။
“ချီအာ ထျန်ချန်းတိုက်ကချီရှားတောင်ကြားကို သွားကြစို့၊ မင်း တော်ဝင် မိသားစုရဲ့အမွေကို ဆက်ခံပြီးသွားရင် အသွင်ပြောင်းနိုင်လိမ့်မယ်” ရှီမိုယွိသည် စိတ်ထဲက မျှော်လင့်ချက်များကို မထိန်းနိုင်တော့ပေ။ ဆတ်ခလောက်အနီလေး အမွေဆက်ခံပြီး အသွင်ပြောင်းနိုင်ရန်အတွက် နှစ်ပေါင်းများစွာအတွင်းတွင် သူသည် လေဟာနယ်များစွာကို ခရီးသွားခဲ့သည်။ သို့သော် သဲလွန်စမရခဲ့ပေ။ ယန်ယဲ့ဆီမှ မထင်မှတ်သောအံ့ဩမှုရလိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ယန်ယဲ့နှင့် ပေထင်းဟွမ်တို့သည် သူ့အား မီးတောက်ဆေးမပေးလျှင် တောင် ထိုသတင်းတစ်ခုတည်းနှင့်ပင် ရှီမိုယွိ ကျေးဇူးတင်ရန်လုံလောက်လေ သည်။
“သူတို့နှစ်ယောက်ဆီက ဘာမှမမျှော်လင့်ထားပေမဲ့ သူတို့က ဂုဏ်ပြု လက်ဆောင်တောင်ပေးလိုက်သေးတယ်” ရှီမိုယွိသည် ပြုံးပြီးပြောလေသည်။
ဆတ်ခလောက်အနီလေးသည် ရှီမိုယွိ၏ပခုံးပေါ်မှ အင်္ကျီလက်ထဲသို့ဝင် သွားပြီဖြစ်သည်။ တခြားအချိန်သာဆိုလျှင် ဆတ်ခလောက်လေးသည် သေချာ ပေါက် “ဒါက မင်းတစ်ယောက်တည်းအတွက်ပဲ လက်ဆောင်လေ” ဟု နောက်ပြောင်မိမည်ဖြစ်သည်။ သို့သော် ဤအချိန်တွင် ဆတ်ခလောက်အနီ လေးသည် ဘာမှမပြောဘဲ ပတ္တမြားကဲ့သို့မျက်လုံးများမှ မျက်ရည်များကျလာ ပြီး မေးလေသည် “ယောက်ျား တကယ်ပဲ ကျွန်မကိုလက်ထပ်မလို့လား ကျွန်မ က သားရဲနော်”
ရှီမိုယွိသည် ခေါင်းခါလေသည် “ပြောပါဦး မင်း ငါ့ကို ယောက်ျားလို့ခေါ် နေတာ ဘယ်နနှစ်ရှီပြီလဲ၊ ငါ ၇ နှစ်သားကတည်းက မင်းက ငါ့ကို ယောက်ျားလို့ ခေါ်ခဲ့တာ၊ ငါ မင်းကိုလက်ထပ်ရမှာပေါ့၊ မင်းကိုလက်မထပ်ဘဲ တခြားသူကို လက်ထပ်လိုက်ရင် မင်းသတ်တာခံရမှာလေ”
“ဟုတ်တယ် ဟုတ်တယ် တခြားသူကိုလက်ထပ်ရဲရင် လက်ထပ်ကြည့် လိုက်” ဆတ်ခလောက်အနီလေးသည် လက်ကလေးဖြင့် မျက်ရည်များကို သုတ်ပြီး ရှီမိုယွိ၏အင်္ကျီလက်ထဲတွင် လှိမ့်ကာ သူ၏လက်ကိုပွေ့ဖက်ပြီး ရူးမိုက် စွာရယ်မောလေသည်။
သူမသည် မျှော်လင့်မိသည်။ သူမသာ အသွင်ပြောင်းနိုင်ပါက အကျည်းတန်သွားလျှင် ရှီမိုယွိ သဘောကျပါဦးမည်လား။
ယန်ယဲ့၏ဘက်တွင် ပေထင်းဟွမ်သည် သူ၏ရင်ခွင်ထဲ၌ ကလေးတစ် ယောက်လိုဖြစ်နေတုန်းပင်။ ပေထင်းဟွမ်သည် ရှီမိုယွိထွက်သွားပြီးမှပင် ဟွာရှားအကြောင်းမေးရန် သတိရလေသည်။ ပေထင်းဟွမ်သည် သူနှင့်ငြင်းခုံ နေခဲ့သည်။ ကျို့ထျန်းနှင့် ရှီလိတို့ ထွက်ပြေးပြီး သူတို့၏အာရုံကိုမဖမ်းစားနိုင်ပါ က သူနှင့် မည်မျှကြာအောင် ငြင်းခုံနေမိမည်ကိုမသိနိုင်ပေ။