ညပြည့်ညတွင် သန္ဓေတည်ခြင်း
Vol. 82 Ch. 1631
ကျို့ထျန်းနှင့် ရှီလိတို့အရှိန်သည် ကြယ်ကြွေသကဲ့သို့ မြန်ဆန်လှသည်။ သူတို့နှစ်ယောက်သည် မန္တလာမြေမှလူများ ကြည့်နေသည့် လူအုပ်အတွင်းဆီ သို့ပြေးဝင်လေသည်။ သို့သော် ကျန်းရှန်သည် ထခုန်ပြီးအော်လေသည် “မြန်မြန် ဟွမ်ကျို့ သူတို့တွေ ထွက်ပြေးနေကြပြီ”
သူသည် နတ်မိစ္ဆာဧကရာဇ်အရှင်ရှေ့တွင် ပေထင်းဟွမ်အား သူ၏ အစ်ကို ၂ ဟုမခေါ်ရဲပေ။
နတ်မိစ္ဆာဧကရာဇ်အရှင်ကို သူ၏ဘဝတွင် ကိုယ်တိုင်မြင်တွေ့ဖူးလိမ့်မည် ဟု တစ်ခါမှအိပ်မက်မမက်ဖူးပေ။
ယန်ယဲ့သည် နတ်မိစ္ဆာဧကရာဇ်အရှင်ဟု ဆတ်ခလောက်အနီလေး ပြော သည်ကိုကြားသောအခါ မန္တလာမြေမှတခြားသူများသည် နှေးကွေးငေးငိုင်နေ ကြသည်။ ထိုနေရာသည် ကြောက်စရာကောင်းပြီး ရှုပ်ထွေးလှသည်။ နတ်မိစ္ဆာ ဧကရာဇ်ကဲ့သို့ ဇာတ်ကောင်ပေါ်လာခြင်းသည် ဤကဲ့သို့မြင်ကွင်းကိုဖြစ်စေ သည်။
ကျို့ထျန်းတို့ ထွက်ပြေးတော့မည်ဟု ကြားသည်နှင့် ပေထင်းဟွမ်သည် ရုတ်တရက် ယန်ယဲ့၏ရင်ခွင်ထဲမှ ခေါင်းထောင်လိုက်သည်။ ယန်ယဲ့သည် ပြုံးပြီး ပြောလေသည် “စိတ်မပူပါနဲ့ သူတို့တွေမပြေးနိုင်ပါဘူး”
သူသည် ရုတ်တရက်လက်မြှောက်လိုက်ရာ လက်ဖဝါးမှ ရောင်စုံအလင်း တန်းလေးခုသည် ပျံထွက်သွားလေသည်။ အလင်းတန်းအလယ်မှ ကြိုးနှစ်ခု ပျံ သွားကာ ရှီလိနှင့်ကျို့ထျန်းတို့နောက်သို့လိုက်လေသည်။ မည်သို့ဖြစ်သွားသည် ကို အားလုံးမမြင်လိုက်ရပေ။ ကြိုးသည် ကျို့ထျန်းနှင့် ရှီလိ၏နောက်ကျောပြင် ကို ထိုးထောက်သွားကာ အလင်းတန်းကြိုးလေးခုသည် နောက်ပြန်လှည့်ပြီး ယန်ယဲ့၏လက်ဆီသို့ ပြန်လာလေသည်။
အလင်းတန်းသည် ရင်းနှီးလွန်းသဖြင့် ပေထင်းဟွမ်ပင် ခေတ္တမျှ မှင်တက် သွားကာ အော်လေသည် “စီဖုန်းနတ်ဘုရားအကျဉ်းထောင်၊ ရှင် တကယ်ပဲ စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို သန့်စင်လိုက်တာလား”
ထို့ကြောင့်ပင် ယန်ယဲ့၏ခန္ဓာကိုယ်တွင် စီဖုန်း အစောင့်အရှောက်သားရဲ ရောင်ဝါရှိသည်ဟု ရှီမိုယွိပြောခဲ့သည်။ စီဖုန်းနတ်ဘုရားအကျဉ်းထောင်သည် စီဖုန်းအစောင့်အရှောက်သားရဲများမှ သန့်စ်ငထားခြင်းဖြစ်သည်။ ယန်ယဲ့ မည်သို့ စီဖုန်းနတ်ဘုရားအကျဉ်းထောင်ကို မည်သို့ မဖောက်နိုင်ဘဲရှိမည်နည်း။
“ဟုတ်တယ် ကိုယ်တို့တွေ လပြည့်ညမှာ ကလေးသန္ဓေယူဖို့ အချိန်ကြည့် ရဦးမယ်၊ အဲဒါမှ နတ်မိစ္ဆာနတ်ဘုရားကိုပေးထားတဲ့ကတိကို တည်နိုင်မှာ” ယန်ယဲ့သည် ပြုံးပြီးပြောလေသည်။
ပေထင်းဟွမ်၏မျက်နှာသည် ရှက်သွေးဖြာသွားကာ သူ့အား စူးစိုက် ကြည့်လေသည်။ သို့သော် ထိုအကြည့်သည် အဆုံးမရှိဆွဲဆောင်မှုရှိရာ ယန်ယဲ့ သည် မန္တလာမြေမှလူများရှေ့တွင် သူမကို နမ်းမိတော့မတတ်ပင်။ စစ်မှန်သော အနမ်းကို ယခုအချိန်တွင် လုပ်ဆောင်ရန်မဖြစ်နိုင်ပေ။
ပေထင်းဟွမ်သည် ယန်ယဲ့ဆီမှ ခွာလိုက်ကာ ဝူလင်းဂိုဏ်းရှိရာစခန်းသို့ သွားလိုက်သည်။ ဝူလင်းဂိုဏ်းသခင်နှင့် ကျန်းရှီတို့ညီအစ်ကိုသည် ပေထင်းဟွမ် ထွက်သွားတော့မည်ကို သိပြီးသားဖြစ်သည်။ သူတို့သားအဖသုံးယောက်သည် တုံ့ဆိုင်းနေပြီဖြစ်သည်။
“ပတ္တမြားကမ္ဘာက ဘုံသုံးခုနဲ့ အမှောင်နတ်မိစ္ဆာဘုံက မကြာခင် တိုက်ကြီးတစ်ခုအဖြစ် ပေါင်းစည်းတော့မယ်၊ မင်းတို့ကို ၃၃ ကောင်းကင်ဘုံမှာ စောင့်နေမယ်” ပေထင်းဟွမ်သည် ခေတ္တမျှတွေးပြီးနောက် လက်ထဲမှ ဆေးပုလင်းထုတ်လိုက်သည်။ “ဒါကနတ်ဆေးပုလင်းပဲ၊ ကျေးဇူးပြုပြီး အမေ့ကို ပေးပေးပါ၊ အနာဂတ်မှာ ဘာပဲဖြစ်ဖြစ် သူမကိုစောင့်နေပါမယ်လို့ ပြောပေးပါ”
မူလက ပေထင်းဟွမ်သည် အနာဂတ်တွင် မည်သို့ဖြစ်စေ ရှောင်ယန်သည် သူမ၏မိခင်ဖြစ်သည်ဟု ပြောချင်သော်လည်း 'သူမကိုစောင့်နေပါမယ်' ဟုသာ ပြောလိုက်သည်။ သူမသည် လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမ၏ဘဝကို တွေး မိသည်။ ယန်ယဲ့သည် ဟွမ်ကျို့အား စောင့်မည်ဟုပြောခဲ့ပြီးနောက် ယနေ့ထိ စောင့်နေခဲ့သည်။
ဤအချိန်တွင် သူမသည် အလွန်ပင်ပျော်ရွှင်မိသည်။
ကျန်းချန်သည် ခေါင်းအတွင်တွင်ညိတ်နေသည်။ ပေထင်းဟွမ်၏ သရုပ်မှန်သည် မရိုးရှင်းနိုင်ဟု သူ ခန့်မှန်းမိပြီးသားဖြစ်သည်။ ထို့ကြောင့် သူမ၏ ပခုံးကိုပုတ်ရန်အတွက် လက်မမြှောက်ရဲဘဲ ပြောရုံသာပြောလေသည် “ဟုတ်ပြီ ဟုတ်ပြီ စကားပါးပေးပါ့မယ်၊ ငါတို့တွေ မကြာခင်တွေ့ရမှာပါ”
ထိုအချိန်တွင် ထိုမြင်ကွင်းကိုကြည့်ပြီး မန္တလာမြေမှတခြားသူများသည် အမှန်တရားကိုနားလည်သွားကြလေသည်။ ဝူလင်းဂိုဏ်းသည် အတိတ်က ဝူလင်းဂိုဏ်းမဟုတ်တော့ပေ။ တခြားဂိုဏ်းလေးခုကို ရှင်းထုတ်ပြီး ကျို့ထျန်း နန်းတော်၊ ဖန်ယင်းတောင်ကြားနှင့် ရှီလိနန်းတော်ကဲ့သို့ အင်အားကြီးများပင် ပြိုပျက်သွားလေသည်။ အနာဂတ်တွင် ဤတိုက်ကြီး၌ ဝူလင်းဂိုဏ်းသည် အားအကောင်းဆုံး အင်အားစုဖြစ်လာတော့မည်။