နှုတ်ဆက်ခြင်း၊ ၃၃ ကောင်းကင်ဘုံသို့သွားခြင်း
Vol. 82 Ch. 1632
ဖုန်းလော့သည် လူအုပ်ထဲမှထွက်လာကာ ယန်ယဲ့ဆီသို့ ဒူးထောက်လေ သည် “ဖုန်းလော့ အရှင့်ကိုတွေ့ဆုံပါတယ်”
“ထပါ” ယန်ယဲ့သည် ပေထင်းဟွမ်အား လက်ယမ်းပြကာ အေးဆေးပင် ပြောလေသည် “ဒီတစ်ခေါက်က မင်း များများစားစားမကူညီခဲ့ဘူး၊ မန္တလာ မြေမှာ ဒီလောက်အင်အားကြီးတဲ့ အင်အားစုရှိနေတာကို မင်းနဲ့ ယင်းယင်းတို့ မသိခဲ့ကြဘူး၊ မန္တလာမြေက မင်းတို့ထိန်းချုပ်မှုအောက်မရှိတော့တာကို မြင်ရမှာပါ၊ မင်း ဒီမှာနေရင် ဒီလိုတွေဖြစ်နေဦးမှာပဲ၊ မင်းဘာသာမင်း အဆုံးစီရင်လို့ရတယ်၊ ငါ့ကိုသတ်ရအောင်မလုပ်နဲ့”
“ဟုတ်ကဲ့ပါ” ဖုန်းလော့သည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသည်။ သူသည် ဒူးထောက်ထားပြီး မထရဲပေ။ ထိုအချိန်တွင် ပေထင်းဟွမ်ရောက်လာ သဖြင့် သူ ပြောလိုက်သည် “အရှင့်စကားတွေကို မလိုက်နာဘဲမနေရဲပါဘူး ဒီလက်အောက်ငယ်သားက စုံစမ်းပြီးပါပြီ၊ သူတို့နှစ်ယောက်က ၃၃ ကောင်းကင်ဘုံကိုထွက်သွားလိုက်ကြပြီ မန္တလာမြေမှာမရှိတော့ဘူး”
ပေထင်းဟွမ်သည် ဖုန်းလော့အား မိဘနှစ်ပါးကို စုံစမ်းခိုင်းခဲ့ခြင်းပင်။ သူမ သည် စိတ်ထဲတွင် ခန့်မှန်းမိပြီးသားဖြစ်သည်။ သူမ၏ဖခင်နှင့်မိခင်တို့သာ မန္တလာမြေတွင်ရှိခဲ့ပါက သန့်စင်သောအရိပ်ကောင်းချီးကဲ့သို့ ကြီးမားသော ဖြစ်ရပ်ရှိလျှင် ကိုယ်တိုင်မလာလျှင်တောင်မှ ကြားမိမည်ဖြစ်သည်။
မထင်မှတ်စွာပင် သူတို့သည် မန္တလာမြေတွင်မရှိခဲ့ပေ။
“သူတို့တွေ သွားလိုက်ကြပြီလား” ပေထင်းဟွမ်သည် အနည်းငယ် စိတ်ပျက်မိလေသည်။
ယန်ယဲ့သည် ပေထင်းဟွမ်အား ပွေ့ဖက်ကာ နူးညံ့စွာပြောလိုက်သည် “စိတ်မပူပါနဲ့ ကိုယ် ၃၃ ကောင်းကင်ဘုံကို ကျိုးရှီနဲ့ အစောင့်အရှောက်လေး ဘောက်ကိုလွှတ်လိုက်ပြီ သူတို့တွေ ရှာဖို့နည်းလမ်းရှိမှာပါ”
ပေထင်းဟွမ် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တွင် သူမသည် အလွန်စိတ်ပူပန်လျက်ရှိပြီး ၃၃ ကောင်းကင်ဘုံသို့ ခပ်မြန်မြန်သွားချင်နေပြီဖြစ် သည်။ အဘိုးနှင့် အစ်ကိုကြီးတို့သည် သွားစဉ်အချိန်က မသန်မာခဲ့ပေ။ ယခု သူတို့ မည်သို့ရှိနေမည်နည်း။ ၃၃ ကောင်းကင်ဘုံမှ လေဟာနယ်သည် မြင့်လှ သည်။ အချိန်စီးဆင်းမှုသည် မန္တလာမြေနှင့် ပင်မတိုက်ကြီးထက်ပင် ပိုမြန်ဆန် သည်။ သူတို့၏ဘက်တွင် မည်မျှကြာသွားမည်ကို မသိနိုင်ပေ။
သူတို့ရူးသွားမည်ကို ကြောက်နေလောက်မည်လား။
“ယန်ယဲ့ ၃၃ ကောင်းကင်ဘုံကို မြန်မြန်သွားရအောင်” ပေထင်းဟွမ်သည် မစောင့်နိုင်တော့ပေ။
သူမ၏ခံစားချက်ကို နားလည်နိုင်သဖြင့် ယန်ယဲ့သည် သူမအား အနမ်း ခြွေပြီး သူမလက်ကိုဆွဲကာ လေဟာနယ် နယ်နိမိတ်ဆီသို့ လျှောက်လာခဲ့လိုက် သည်။
သို့သော် ဖုန်းလော့သည် ဒူးထောက်ဆဲဖြစ်ကာ သူတို့နှစ်ယောက် ကောင်းကင်တွင် မမြင်ရတော့သည်အထိ မထပေ။
ကျန်းချန်သည် သတိပြန်မဝင်မလာတော့ဘဲ သူတို့နှစ်ယောက်လျှောက် သွားသည်ကို ငေးငိုင်စွာစိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ယောက် မြင်ကွင်းမှ ပျောက်သွားသည်ကိုကြည့်ပြီး ကျန်းရှန်သည် ဖခင်အားပြောလိုက်သည် “အဖေ အစ်ကို ၂ သူ ထပ်ပြီးထွက်သွားပြီလား၊ ပြန်မလာတော့ဘူးလား အမေကရော ဘယ်လိုလုပ်မလဲ”
ကျန်းချန်၏နှလုံးသားသည် ဓားနှင့်ထိုးခံလိုက်ရသလိုခံစားရလေသည်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းကြောင့်မဟုတ်ဘဲ ပေထင်းဟွမ်ကြောင့်ဖြစ် သည်။ တစ်စုံတစ်ယောက်မှ ဓားနှင့်ထိုးလိုက်သကဲ့သို့ တွန့်ဆုတ်သည့်ခံစား ချက်ရလေသည်။
“မင်းရဲ့အစ်ကို ၂ က မင်းအမေကို နှုတ်ဆက်ရင် စိတ်ထိခိုက်ပြီး လွှတ်မပေးမှာစိုးလို့ ပြန်ပြီးမနှုတ်ဆက်တော့တာ၊ အဲဒါကြောင့် ဒီနတ်ဆေး ပုလင်းပေးခဲ့တာပဲ” ပေထင်းဟွမ်သည် အရှင်ကြီးအဆင့်ဆေးကိုသန့်စင်နိုင်သူ ဖြစ်ကြောင်းကို ကျန်းချန်သိသည်။ ရှောင်ယန်သည် နတ်ဘုရားအဆင့်သာရှိ သေးသဖြင့် ဤနတ်ဆေးပေးခြင်းဖြစ်ကြောင်းကိုလည်း သဘောပေါက်သည်။
“သူမက ဂရုတစိုက်ရှိပါတယ် လိမ္မာတဲ့ကလေးပါ” ကျန်းချန်သည် လေးလံစွာသက်ပြင်းချကာ သားနှစ်ယောက်အား ဆွဲခေါ်လေသည် “သွားရ အောင် မင်းတို့လည်း နတ်မိစ္ဆာဧကရာဇ်နဲ့ သူမအတွက် ဒီမန္တလာမြေကို ကြိုးစားပြီး ကာကွယ်ရမယ်”
ခွန်အားတိုးတက်လာရန် ခက်ခဲမည်ဟုထင်ရသော်လည်း အလွန်ပင် လွယ်ကူလှသည်။ အခွင့်အရေးတစ်ခုကို တန်ဖိုးထားပြီး သန်မာလာရန်ဖြစ် သည်။
ဝူလင်းဂိုဏ်းသည် ဤကဲ့သို့အခွင့်အရေးကောင်းကို တွေ့နေပြီဖြစ်သည်။ ဝူလင်းဂိုဏ်း၏နောက်ကွယ်တွင် ပေထင်းဟွမ်ရှိနေခြင်းနှင့် ယန်ယဲ့၏ တိုက်ခိုက်မှုသည် မန္တလာမြေတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။ မန္တလာမြေ တွင် ဝူလင်းဂိုဏ်းသာ ဆိုးသွမ်းခြင်းမရှိလျှင် မည်သည့်အင်အားစုကမှ သူတို့ကို အလွယ်တကူ ရန်မစရဲတော့ပေ။