ကောင်းကင်ဘုံ၊ ပေါ့ပေါ့လေးလုပ်ပေးလို့မရဘူးလား
Vol. 82 Ch. 1633
နှင်းပွင့်များသည် ကြောင်မြီးသစ်ခွကဲ့သို့ ကောင်းကင်တစ်ခွင်မှ ကျလာ ကာ နှင်းပုံကြီးဖြစ်နေသော မြေကြီးအား ထပ်မံဖုံးအုပ်လေသည်။ လူတစ် ယောက်သာ ထိုနှင်းကိုနင်းလိုက်ပါက ရွှံ့နွံထဲသို့ ကျသွားသကဲ့သို့ ချက်ချင်းပင် နစ်ဝင်သွားသည်။
နဂါးဆွဲရထားလုံးသည် ကျယ်ပြန့်သောနှင်းလွင်ပြင်ပေါ်တွင် ချောမွတ်စွာ မောင်းနှင်လာပြီး နှင်းပြင်တွင် ရေတိမ်ပိုင်းတွင်ပျံသန်းနေသကဲ့သို့ အရိပ်အယောင် နှစ်ခုသာကျန်ခဲ့သည်။
ရထားလုံးသည် တဂျိုင်းဂျိုင်းဆောင့်၍ သွားနေသည်။
ရံဖန်ရံခါတွင် တကျွီကျွီအသံများထွက်လာသည်။ ထိုရထားလုံးသည် ထင်ရှားစွာပင် ပျံသန်းနိုင်သောဝိညာဉ်လက်နက်ဖြစ်သည်။ အသံကာကွယ်ခြငး သက်ရောက်မှုသည် အလွန်ကောင်း၍ဖြစ်နိုင်သည်။ ထိုအသံမှာ မည်မျှ ကျယ်လောင်သည်ကို တွေးကြည့်ရန် တကယ်ခက်လှသည်။
မြောက်လေသည် တစ္ဆေများငိုကြွေးပြီး ဝံပုလွေများ အူလိုက်သကဲ့သို့ တိုးဝင်လာသည်။
အသံသည် ဆံပင်ကဲ့သို့ နူးညံ့ကာ ဓားသံများနှင့်ရောနှောနေသည်မှာ လူများ၏နှလုံးခုန်သံကို မွှေနှောက်နိုင်ပြီး ခန္ဓာကိုယ်ကို ခြောက်ခမ်းသွားစေနိုင် သည်။ ထိုအသံသည် တစ်ကိုယ်လုံးကို စောင့်ရှောက်ပေးနိုင်သည့် သနားဖွယ် လက်တစ်စုံကဲ့သို့ နူးညံ့သည်။
ချက်ချင်းပင် သားရဲတစ်ကောင်၏ အော်သံခပ်တိုးတိုးကဲ့သို့ ယောက်ျား တစ်ဦး၏ ဟိုက်သံထွက်ပေါ်လာသည်။ အသံသည် အစပိုင်းတွင် နှေးသော်လည်း တမဟုန်ချင်းပင် လူတစ်ယောက် တာတိုပြေးသကဲ့သို့ ပိုပြီး ပြင်းထန်လာသည်။ အမျိုးသမီးတစ်ဦး၏ သနားညှာတာရန် တောင်းပန်သံ ထွက်ပေါ်လာပြီး လေနှင့် နှင်းတို့သည် ထိုအသံကိုမဖုံးအုပ်နိုင်တော့ဘဲ သီချင်းသံအဖြစ်ပြောင်းကာ ကျယ်ပြန့်သော မြောက်တိုက်ကြီးတွင် ပဲ့တင်ထပ်လေသည်။
ဤနေရာသည် ၃၃ ကောင်းကင်ဘုံ၏ မြောက်ပိုင်းအကျဆုံးတိုက်ဖြစ် သည်။ ရထားလုံးသည် ဤတိုက်ကြီးတွင် မောင်းနှင်လာသည်မှာ တစ်လနီးပါး ကြာပြီဖြစ်သည်။ ပြီးခဲ့သည့်လပြည့်နေမှစပြီး ထိုအသံသည် ရထားလုံးအား မရပ်မနားအဖော်ပြုပေးလာခဲ့သည်။
ရထားလုံးသည် တဖြည်းဖြည်းနှေးသွားပြီး ပြတင်းပေါက်နှင့် တံခါးများ ပွင့်လာကာ ကမ္ဘာကြီးအား ဒေါသဖြစ်အောင်ပြုလုပ်နိုင်သည့် မျက်နှာထွက်ပေါ် လာသည်။ ထိုလူ၏ ဗလာကျင်းနေသော ခန္ဓာကိုယ်အထက်ပိုင်းတွင် ပိုးသား ကဲ့သို့ဖြူစွတ်သောအသားအရေကို ချွေးသီးချွေးလုံးများဖြင့် ဖုံးအုပ်ထားပြီး စီးကျနေသည်။ ချွေးစီးကြောင်းများသည် ရင်ဘတ်ရှိကြွက်သားများ၊ ဝမ်းဗိုက် ကြွက်သားများတွင် အစီအရီကျနေရာ ကြည့်နေသည့်လူများကို ရှက်သွေးဖြာ ပြီး ရင်ခုန်မြန်စေသည်။
“ဘာဖြစ်တာလဲ” ထိုလူ၏ခရမ်းရင့်ရောင်မျက်လုံးများသည် ရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ၏ တောက်ပသောအနီရဲရဲနှုတ်ခမ်းများတွင် သံသယဝင်စရာ ငွေရောင်ချည်တံတွေးရှိနေသဖြင့် သူ အနည်းငယ် မကျေမချမ်းဖြစ်မိသည်။
“အရှင် ငါတို့ မီးခဲနှင်းလွင်ပြင် စစ်ဆေးရေးဂိတ်ကိုရောက်ပါပြီ၊ မီးခဲနှင်း လွင်ပြင်ကနေ ထွက်တော့မှာပါ၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က စစ်ဆေးရေးဂိတ် အပြင်ဘက်မှာ ဂိတ်တစ်ခုထပ်ဆောက်ထားပါတယ်၊ သူတို့က အရှင့်ကိုရှာနေ မှာစိုးရပါတယ်” ဖေးလုံမာသည် တာဝန်သိသိဖြင့်ပြောသေလည်။
ထိုအသံကိုကြားပြီးနောက် ရထားလုံးထဲမှ အသံတစ်သံထွက်လာသည်။ တစ်စုံတစ်ယောက်သည် သက်ပြင်းချလိုက်သည်။ ထိုယောက်ျားသည် ခေါင်း လှည့်ပြီး ကြည့်လိုက်သည်။ နှင်းဖြူရောင်တိရစ္ဆာန်အရေခွံစောင်ပေါ်တွင် ခြေထောက်များ အနည်းငယ်ကွေးသွားသည်မှာ သူမအား ပို၍ဆွဲဆောင်မှုရှိပြီး ထိတွေ့ချင်စရာပင်။
“ဟွမ်အာ မင်းလည်းကြားတယ်နော်၊ မကြာခင် ကိုယ်တို့အလုပ်များတော့ မယ်၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က တိုက်ပွဲကြီးဖြစ်တော့မယ်”
ခန္ဓာကိုယ်ထဲသို့ ပြင်ပပစ္စည်းတစ်ခု တိုးဝင်လာခဲ့သည်။ အကြိမ်မည်မျှပင် ကြုံခဲ့စေကာမူ ပေထင်းဟွမ်သည် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ရသည်။ သူမ၏ ပါးပြင်နှစ်ဖက်မှာ နီရဲရှက်သွေးဖြာပြီး ဆွဲဆောင်မှုရှိသောမျက်လုံးများကြောင့် ယန်ယဲ့ ရပ်တန့်မရပေ။
သူတို့ ၃၃ ကောင်းကင်ဘုံသို့ရောက်တည်းကပင် ယန်ယဲ့ပြန်လာသည်ကို ချုံချီတို့ အစောင့်အကြပ်လေးယောက် အာရုံခံမိသဖြင့် ပေထင်းဟွမ်၏ မိဘ များသည် မြူခိုးမြေသို့ ရောက်နေခြင်းဖြစ်ကြောင်း သူတို့အား ဝိညာဉ်ကူးပြောင်းနည်းဖြင့် ပြောပြီးသားဖြစ်သည်။ ဘေးကင်းသဖြင့် ယန်ယဲ့ သည် အလောကြီးစရာမလိုပေ။
သူသည် သူမအား မြောက်ပိုင်းသို့ခေါ်သွားခဲ့သည်။ ဤကဲ့သို့နေရာတွင် ငှက်တစ်ကောင်ပင် မမြင်ရပေ။