← Chapters

ယန်ယဲ့က တော်တော်အရှက်မဲ့နေပြီ

Vol. 82 Ch. 1634

ယန်ယဲ့က တော်တော်အရှက်မဲ့နေပြီ

Vol. 82 Ch. 1634

“ဟွမ်အာ ငါ ခင်ပွန်းက နှစ်ပေါင်းများစွာ ခြောက်သွေ့လာခဲ့တာ၊ မင်း ဒီခင်ပွန်းကို ဆင်းခွင့်မပြုရဘူး၊ ဒီခင်ပွန်းက မင်းရဲ့ အားဖြည့်မှုကိုလိုနေတာ” ယန်ယဲ့သည် ပိုပို၍အရှက်မဲ့လာသည်။

မီးခဲနှင်းပြင်၏သခင်သည် နှင်းဧကရာဇ်ဖြစ်ကာ သည်တစ်ခေါက် စစ်ဆေးရေးဂိတ်အပြင်ဘက်တွင် လူများနှင့်ညှိနှိုင်းသူဖြစ်သည်။ နောက်တစ် ယောက်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ ခက်ထန်သောစစ်သူကြီးဖြစ်သည်။ အားကောင်းသောလူတစ်စုနှင့် မီးခဲနှင်းပြင်ဂိတ်ကို စောင့်ကြပ်လျက်ရှိသည်။ မီးခဲနှင်းပြင်သို့ ဝင်သည်ဖြစ်စေ ထွက်သည်ဖြစ်စေ သူတို့၏‌ရှာဖွေမှုကို လက်ခံရ မည်။

“မင်ကျီ ပြီးတော့ မင်းတို့က အထွတ်အထိပ် အဆင့် ၁ တွေပဲ ဘာလို့ ဒီလို လက်ပါးစေအလုပ်တွေလုပ်နေရတာလဲ” နှင်းဧကရီဧရှားသည် ခန္ဓာကိုယ်ပေါ် မှ ထူထဲသောဝတ်ရုံကို ဆွဲချလိုက်သည်။ အသန်မာဆုံးပင်။ သို့သော် မီးခဲနှင်း ပြင်ကဲ့သို့ နေရာမျိုးတွင် ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ လူဦးရေ ကျဲပါးသည်။ တိုက်ခိုက်ချင်လျှင်တောင် လူတစ်ယောက်ရှာရန်ခက်လှသည်။ သူမ အထွတ်အထိပ်ကြီးအဆင့်ဖြစ်လာပြီးနောက် ဤမြေကို ကွပ်ကဲရသည်။ နှစ်ပေါင်းတစ်သောင်းတွင် တိုက်ခိုက်သူမရှိခဲ့ပေ။

“အထွတ်အထိပ် ဧရှား” ဧရှား၏စကားလုံးများသည် အကျည်းတန် သော်လည်း မင်ကျီသည် မျက်နှာပေါ်တွင် ကြောက်ရွံ့မှုကို မပြသရဲပေ။ တစ်ဖက်လူသည် အထွတ်အထိပ်ကြီးဖြစ်သည်။ သူမ လက်မြှောက်လိုက်သည် နှင့် သူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသတ်ခံရနိုင်သည်။ ထိုအစား သူ အရှုံး ပေးကာ ပြောလိုက်သည် “ကျုပ်လည်း ဧကရာဇ်မင်ရှို့ရဲ့အမိန့်နဲ့လာခဲ့တာပါ၊ သိတဲ့အတိုင်းပဲ ပေထင်းဟွမ်ကို မဖမ်းမိရင် ပြန်လို့မရဘူး၊ နည်းနည်းလေး သက်ညှာပေးဖို့ ဧရှားကိုပြောချင်ပါတယ်”

မီးခဲနှင်းပြင်သည် ဤကဲ့သို့ မသက်မသာဖြစ်သည်ကို မခံနိုင်ပေ။ ထိုလူ များသည် များပြားလွန်းသည်။ မီးခဲနှင်းလွင်ပြင်မှလူများပင် အရှာခံနေရသည်။ နှင်းဧကရာဇ်သည် မလုပ်နိုင်ပေ။ သူမသည် လက်မြှောက်လိုက်သည်နှင့် မင်ကျီ ကိုသတ်နိုင်သည်မှာ မှန်သည်။ သို့သော် အဓိကအချက်မှာ ထိုသို့သတ်လိုက်ပါ က မီးခဲနှင်းလွင်ပြင်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ ရန်သူဖြစ်သွားလိမ့် မည်။

ယန်းမိုထျန်းမျိုးနွယ်သာ ပြန်လည်ထူထောင်နိုင်ပါက မီးခဲနှင်းလွင်ပြင် သည် ယန်းမိုထျန်းမျိုးနွယ်သို့ ဝင်မည်ပင်။ မီးခဲနှင်းပြင်သည်လည်း ဂိုဏ်းတစ်ခု ဖြစ်သည်။ သို့သော် ၃၃ ကောင်းကင်ဘုံတွင် ဂိုဏ်းထူထောင်မှပင် ခွန်အားရှိမည် ဖြစ်သည်။

ဥပမာအနေနှင့်ဆိုရလျှင် မီးတောက်များ၊ ဝိညာဉ်နတ်ဘုရားများဖြစ်ကြ သည်။

လျှို့ဝှက်မြူခိုးနှင့် အနောက်တောရိုင်းများကိုလည်း ထည့်သွင်းစဉ်းစားရ မည်။ သို့သော် လျှို့ဝှက်မြူခိုးမြေသည် အားလုံး၏မြင်ကွင်းမှ ပျောက်ကွယ်သွား ခဲ့ကာ ရှန့်ကျန်းတောင်ရိုးသည်လည်း အရင်ကလောက် မကောင်းတော့ပေ။

“နတ်မိစ္ဆာဧကရီအရှင်မ” ဧရှားသည် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံး သည် သူမ၏မျက်လုံးများဆီသို့မရောက်ပေ။ “နတ်မိစ္ဆာဧကရာဇ်က နတ်မိစ္ဆာ ဧကရီကို နှစ်ခါအသေခံမှာမဟုတ်ဘူး၊ မင်းရဲ့အသက်နဲ့ မနောက်ပြောင်ဘူးဆို တာသေချာလား၊ ပြန်ဝင်စားမယ်ပေါ့၊ ဒါဆိုရင် အထွတ်အထိပ် အဆင့် ၁ အဖြစ် ပြန်ဝင်စားဖို့က တကယ်မလွယ်ဘူး၊ အဲတော့ သေချာဂရုစိုက် စဉ်းစားသင့်တယ်”

“ဟုတ်တယ်” ထိုအချိန်တွင် ကောင်းကင်ပေါ်မှ အသံတစ်သံဆင်းသက် လာရာ အားလုံးကြည့်လိုက်ကြသည်။ ကောင်းကင်တစ်ခုလုံးမှ နှင်းမှုန်များ အကြားတွင် ဓားပျော့ကိုင်ဆောင်ထားသည့် အနီရဲရဲဝတ်ဆုံနှင့်မိန်းကလေး သည် တဖြည်းဖြည်းဆင်းသက်လိုက်သည်။ နောက်ဆုံးတွင် ဆန်းချီသည် ရပ်တန့်ပြီး မင်ကျီအား ပြုံးသော်လည်း မပြုံးသည့်မျက်လုံးအစုံဖြင့် ကြည့်လေ သည် “ငါ ပြန်ရောက်လာတာနဲ့ ပထမဆုံးတိုက်ခိုက်ရမယ့်သူက အထွတ်အထိပ် အဆင့် ၁ ဖြစ်လိမ့်မယ်လို့ထင်မထားဘူး၊ ကြည့်ရတာ မင်ဟုန်းရဲ့မျက်လုံးထဲမှာ ငါ့လုပ်နိုင်စွမ်းက မရှိတော့တဲ့ပုံပဲ”

မင်ကျီ၏မျက်လုံးများသည် ထို့ထက်ပိုပြီးမကျယ်နိုင်တော့ပေ။ သူသည် ဤမျက်နှာကို မှတ်မိသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူ လင်းရှန့်နန်းတော်၏ အစောင့်တပ်သားဖြစ်ခဲ့စဉ်က ဤလူသည် နန်းတော်ထဲသို့ ဝင်ထွက်သွားလာခဲ့သည်။ ထိုအချိန်က အားလုံးသည် သူမအား မင်းသမီးလေ ဟု ခေါ်ဝေါ်ခဲ့ကြသည်။

အနောက်တောရိုင်းမှ အကြီးဆုံးမင်းသမီး ရှီဖုန်းဖြစ်သည်။

ယခုအခါ မင်းသမီးရှီဖုန်းသည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်၏ အိမ်ရှေ့စံ မင်းသမီးဖြစ်လာသည်။ ထိုလူသေသွားခဲ့သော်လည်း သူမသည် ထပ်မံပြန် ရှင်သန်လာခဲ့သည် “မင်း... မင်းသမီးဟွမ်ကျို့လား”

မင်ကျီသည် ဒူးထောက်မည်ပြုပြီးမှ ရုတ်တရက်ပင် သူ၏ရည်ရွယ်ချက် ကို သတိရသွားကာ လက်ထဲမှဓားရှည်ကိုဆုပ်ကိုင်ပြီး စူးရှစွာပြောလေသည် “ဟွမ်ကျို့ နတ်ဘုရားအကဲဖြတ်သူ... မင်းက ၃၃ ကောင်းကင်ဘုံကို အတင့်ရဲပြီးခြေလာချပါလား”

All Chapters