သူမက တစ်ယောက်တည်းဖြေရှင်းဖို့လုံလောက်တယ်
Vol. 82 Ch. 1635
အကဲဖြတ်သူဟုတ်လား။ ပေထင်းဟွမ် ထိုစကားများကို မကြားရသည်မှာ အတော်ကြာပြီဖြစ်ကာ လွန်ခဲ့သည့်နှစ်တစ်သောင်းသို့ ပြန်ရောက်သွားသလို ခံစားရလေသည်။
“ဟား ဟား ဟား” ပေထင်းဟွမ်သည် ကောင်းကင်ပေါ်သို့မော့ကာ ရယ်မောလေသည်။ သူမ၏ခေါင်းအထက်မှ ကောင်းကင်ကိုကြည့်လိုက်သည်။ စစ်ဆေးရေးဂိတ်ကျော်သည်နှင့် နှင်းမရှိတော့ဘဲ ရင်းနှီးသလိုခံစားရလေသည်။ သူမသည် ခေတ္တမျှ ခံစားချက်များရောထွေးနေသည် “ငါ ကောင်းကင်ပေါ်မှာ အခြေချတော့မယ်၊ ၃၃ ကောင်းကင်ဘုံ၊ ငါ့ကိုယ်ငါ မစဉ်းစားမိပေမဲ့ ငါ ပြန်လာ ပြီ မင်းတို့အားလုံး လည်ပင်းကိုပြောင်အောင် ဆေးထားကြတော့”
ဧရှားသည် အသက်ကိုပြင်းပြင်းရှူလိုက်သည်။ သူမသည် မိန်းမငယ်လေး အား အထက်အောက်ကြည့်လေသည်။ နှစ်ပေါင်းမည်မျှကြာသွားသည်ကို သူမ မသိတော့ပေ။ ဤနှစ်များတွင် သူမသည် ဤမိန်းမငယ်လေး၏ အသွင်အပြင်ကိ မေ့လျော့နေခဲ့သည်။ ဆန့်ကျင်ဘက်အနေနှင့် သူမအတွက် အမှတ်အရဆုံးမှာ သွေးလညောင်စောင်းတွင် မှီထိုင်နေသည့် နတ်မိစ္ဆာဧကရာဇ်အရှင်သည် လက်ထဲရှိ ပုလွေနှင့် လွမ်းဆွေးသောအကြည့်ဖြင့် ပြတ်တောင်းပြတ်တောင်း သံစဉ်တချို့တီးမှုတ်သည့် မြင်ကွင်းပင်။
ဧကရီအရှင်မ တကယ်ပြန်လာလျှင်တောင် သူမ မှတ်မိလိမ့်မည် မဟုတ် ဟု ဧရှားတွေးခဲ့သည်။
သို့သော် ဤအချိန်တွင် မိန်းကလေးသည် သူမရှေ့တွင်ရပ်နေသည်။ ရဲရင့်ပြီး ရဲစွမ်းသတ္တိရှိရှိနှင့် ဓားကိုကိုင်ပြီးလျှောက်လာသည်မှာ ထိုမိန်းကလေး ၏ ပုံစံမှကွဲထွက်နေခြင်းမရှိပေ။
ဝိညာဉ်နတ်ဘုရားများသည် သူမနောက်သို့လိုက်နေသည်ကို သိသဖြင့် သူမသည် ပေါ်တင်ပင် မတ်တပ်ရပ်ခဲ့သည်။ သူမသည် ခန္ဓာကိုယ်အသစ်ပင် ရခဲ့သည်။ သူမသည် ဝိညာဉ်နတ်ဘုရားများကို အလေးအနက်မထားခဲ့ပေ။
“မင်း မင်းက ယောက်ျားလေးမဟုတ်ဘူးလား၊ ယောက်ျားလေးအဖြစ် ဝင်စားခဲ့တာမဟုတ်ဘူးလား” မင်ကျီသည် ထိတ်လန့်သွားသည်။ ဝိညာဉ်နတ် ဘုရားမျိုးနွယ်သည် တစ်ချိန်လုံးအလိမ်ခံခဲ့ရသည်။ သူမသာ မိန်းကလေးဆိုပါ က သူမ၏ခန္ဓာကိုယ်ထဲတွင် နတ်သွေးရှိသည်ကို ထည့်သွင်းစဉ်းစားလိုက်လျှင် ကမ္ဘာမြေကြီးမိခင်၏ရွေးချယ်ခြင်းကိုခံခဲ့ရသည်။ သူမသည် အကောင်းဆုံး ဆက်ခံသူဖြစ်ပါက ကစဥ့်ကလျားနတ်အရင်းအမြစ်သည် သူမ၏ခန္ဓာကိုယ်ပေါ် သို့ နောက်တစ်ကြိမ်ရောက်ရှိနေလိမ့်မည်။
ထိုအကြောင်းတွေးပြီးနောက် မင်ကျီသည် မေ့လဲလုမတတ်ပင်။
“မင်း အဲလောက် အားနည်းတယ်ဆိုတာသိရင် ဘာလို့ ယောက်ျားလေး ယောင်ဆောင်နေရဦးမှာလဲ” ပေထင်းဟွမ်သည် ခန္ဓာကိုယ်ပေါ်မှ ဝတ်ရုံကို ဆွဲခွာလိုက်သည်။ သို့သော် ယန်ယဲ့သည် ထွက်မလာပေ။ ထိုလူများကို သူမ တစ်ယောက်တည်းနှင့် ဖြေရှင်းရန်လုံလောက်သည်။
တခြားရွေးချယ်စရာမရှိတော့ပေ။ မင်ကျီသည် ပေထင်းဟွမ်၏ခွန်အားကို မသိပေ။ သို့သော် သူမသည် မီးခဲနှင်းပြင်သို့ရောက်လာသည်မှာ တခြားလေဟာနယ်မှ ရွှေ့ပြောင်းအစီအရင်နှင့် ၃၃ ကောင်းကင်ဘုံသို့ ရောက် လာခြင်းဖြစ်မည်ဟု သူ တွေးခဲ့သည်။ ခွန်အားသည် အလွန်မသန်မာပေ။ ထိုသို့ စဉ်းစားပြီးနောက် သူ ယုံကြည်မှုရလာသည် “ကောင်လေးတို့ ဒါ မင်းသမီးဟွမ်ကျို့ပဲ ငါတို့သူမကိုသတ်နိုင်ရင် ဘိုးဘေးတွေပေးတဲ့ စွမ်းအားကို ရနိုင်တယ်”
ခွန်အားသည် ဟိန်းတက်လာသည်။
ထိုစကားကိုကြားပြီးနောက် မင်ကျီ၏ လူတစ်ရာကျော်အဖွဲ့သည် ဖွဲ့စည်း ပုံဖွဲ့နေပြီဖြစ်သည်။ ရုတ်တရက်ပင် ကြီးမားသောတိုက်ခိုက်ရေးစိတ်ဓာတ်များ မြင့်တက်လာပြီး ကောင်းကင်သို့ထိုးတက်သွားလေသည်။ မင်ကျီ၏ရှေ့တွင် ရပ်နေသောအဖွဲ့သည် ကောင်းကင်သို့ ဓားရှည်ချိန်ရွယ်လိုက်ပြီး ကမ္ဗည်းစာဆွဲ လိုက်သည်။ သူ၏တိုက်ခိုက်ရေးဝိညာဉ်သည် စတင်စုစည်းလာကာ စီးကြောင်း နဂါးအဖြစ်ပြောင်းလေသည်။ မင်ကျီ၏ဓားနောက်လိုက်ကာ ပေထင်းဟွမ်ဆီသို့ ဟိန်းဟောက်လေသည်။
“ယုလုံဖွဲ့စည်းမှုလား၊ ဟား ဟား” ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် ဝိညာဉ်နတ်ဘုရားမျိုးနွယ်ပီသသည်။ ဘိုးဘေး များသည် ယခုအချိန်ထိ ရှင်သန်နေဆဲဖြစ်ပြီး ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် ဖန်ဆင်းရေးနတ်ဘုရားဆီမှ ဆက်ခံမှုအများဆုံးရသူများဖြစ်ကြသည်။ နဂါး ဖွဲ့စည်းပုံမှရရှိလာသည့်ခွန်အားသည် အဆင့်မြင့်အထွတ်အထိပ်ခွန်အားနှင့် ညီမျှသည်။
ဖွဲ့စည်းပုံအတွင်းတွင် အထွတ်အထိပ် အဆင့် ၁ မင်ကျီမှလွဲပြီး တခြားသူ များသည် ဟိနရဏဘုံနောက်ဆုံးအဆင့် အရှင်ကြီးအဆင့်များဖြစ်ကြသည်။
ထိုအရာကိုကြည့်ပြီး ဧရှားရှဲဟွမ်သည် တအံ့တဩနှင့် တခြားလေဟာနယ်မှ ရောက်ခါစ အထွတ်အထိပ်ခွန်အားပင်မရှိသေးသည့် ပေထင်းဟွမ်အား စိုးရိမ်တကြီးကြည့်လေသည်။ အထွတ်အထိပ်ကြီးအဆင့် မဟုတ်လျှင် ဤဖွဲ့စည်းပုံခွန်အားကို ခုခံရန်မဖြစ်နိုင်ပေ။
သူမသည် ပေထင်းဟွမ်အတွက် စိုးရိမ်မိသည်။ သူမသည် သူမ၏မီးခဲနှင်း ပြင်တံခါးဂိတ်ကို မပျက်စီးစေလိုပေ။ ထိုအခါ အနာဂတ်တွင် နတ်မိစ္ဆာဧကရာဇ် ကို ရှင်းပြရခက်လိမ့်မည်။
နတ်မိစ္ဆာဧကရာဇ်၏ ဒေါသကို မည်သူမှ မခံနိုင်ကြပေ။