← Chapters

ရှီမိုယွိ အထွတ်အထိပ်လှောင်အိမ်လား

Vol. 82 Ch. 1621

ရှီမိုယွိ အထွတ်အထိပ်လှောင်အိမ်လား

Vol. 82 Ch. 1621

ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူကာ ရင်ထဲမှ လစ်ဟာနေသော ခံစားချက်ကို ဖိနှိပ်လိုက်သည်။ 'အဆုံးမရှိဖွဲ့စည်းမှု' သည် အလွန်သန်မာသည်။ ထိုလှုပ်ရှားမှုကိုသုံးပြီးနောက် သူမသည် ခွန်အားတချို့ဆုံးရှုံးသွားသည်။ သူမ အနောက်မှသားရြများသည်လည်း ရုန်းကန်နေရသည်။

သူမသည် 'အဆုံးမရှိဖွဲ့စည်းမှု' ကို မသိခဲ့ပေ။ ဥပမာဆိုရလျှင် သူမသည် အစောပိုင်းက ထိုလူလေးယောက်၏ တိုက်ခိုက်ရေးဝိညာဉ်များကို ဖြေရှင်းရန် ဤကဲ့သို့ကြီးမားသောဖွဲ့စည်းမှုကို သုံးရန်မလိုပေ။ ထိုအရာကို ပထမဆုံး အကြိမ်သုံးခြင်းဖြစ်ရာ ၎င်းသည်မည်မျှအားကောင်းသည်ကို မသိပေ။ ထို့ကြောင့် သတ်မှတ်ချက်ထက်ကျော်လွန်နေသည်။

သားရဲများကို အားဖြည့်ရန် ပြန်စုစည်းပြီးနောက် ပေထင်းဟွမ်သည် ပါးစပ်ထဲသို့ဆေးတစ်လုံးထည့်လိုက်ကာ လေပေါ်တွင်ရပ်ပြီး တောင်ခြေမှ အပျက်အစီးများကို အမူအရာကင်းမဲ့စွာကြည့်နေသည်။

ဂိုဏ်းလေးဂိုဏ်း၏ခေါင်းဆောင်များနှင့် သူတို့၏လက်အောက်ငယ်သား များသည် ထိုအချိန်တွင် အပျက်အစီးထဲတွင် မြုပ်သွားပြီဖြစ်သည်။

ထိုလူများသည် အလွယ်တကူမသေနိုင်ပေ။

ပေထင်းဟွမ်တွေးထားသည့်အတိုင်းပင် တခြားသူများ အပျက်အစီးအပုံ ကိုကြည့်နေချိန် ခဏအကြာတွင် ရုတ်တရက်ပင် အပျက်အစီးများ ပေါက်ကွဲ သွားသည်။ ပုံရိပ်လေးခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်မှာ လျှပ်စီးအရှိန်နှင့်ဖြစ်သည်။ အဟုန်သည် ပေထင်းဟွမ်ဆီသို့ဦးတည်ပြီး ပေထင်းဟွမ်အား အသက်ရှူရန်အချိန်မပေးပေ။

ထိုမြင်ကွင်းကိုကြည့်ပြီး အားလုံးသည် အာမေဋိတ်သံများထွက်လာ သည်။ ဂိုဏ်းလေးခုခေါင်းဆောင်များသည် ကြမ်းတမ်းသောရိုက်ချက်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးမှ စွမ်းအင်များကို စုစည်းလိုက်သည်။ ဒီကောင်လေး ရှောင် နိုင်ဦးမှာလား။

“သခင်ဟွမ်ကျို့” ဖုန်းလော့သည် ပျာယာခတ်စွာဖြင့် ထိုဘက်သို့ ပျံလာ သည်။

“ရှောင်ကျို့” ကျန်းချန်သည် ပေထင်းဟွမ် ဒုက္ခရောက်နေသည်ကိုကြည့် ရမည်ထက် သေသွားချင်သည်။ ထို့ကြောင့် သူမရှေ့သို့အမြန်ဝင်ကာ ရိုက်ချက် ကို တားပေးလေသည်။

သူတို့သည် ပေထင်းဟွမ်နှင့် ဝေးကွာနေသဖြင့် ရိုးရှင်းစွာပင် အချိန်မရှိလှ ပေ။

ပေထင်းဟွမ်သည် နှာမှုတ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။ သူမသည် ဤတိုက်ကွက်ကို ခန့်မှန်းထားပြီးဖြစ်သည်။ သူတို့လေးယောက်ကို မည်သို့ အောင်မြင်ခွင့်ပြုနိုင်မည်နည်း။

သို့သော် သူမ မလှုပ်ရှားခင်မှာပင် ရုတ်တရက်ပင် အနက်ရောင် လှောင်အိမ်ချိတ်ကဲ့သို့အရာသည် သူတို့လေးယောက်ဆီသို့ ရောက်လာသည်။ အနက်ရောင်လှောင်အိမ်ရောက်လာခြင်းသည် ပေထင်းဟွမ် သူမ၏ခန္ဓာကိုယ် ရှေ့တွင် စီစဉ်ထားသော မမြင်နိုင်သည့်ဓားပိုက်ကွန်ကို ရှောင်ရှားမိစေကာ ၎င်း၏အစွန်ကိုပင် မကပ်ရဲလောက်အောင်ဖြစ်စေသည်။

“အထွတ်အထိပ်လှောင်အိမ်လား”

လူတစ်ယောက် အော်လိုက်သည်။ အထွတ်အထိပ်လှောင်အိမ်ကို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ရှိသူသာ စုစည်းနိုင်သည်။ ပေထင်းဟွမ်ကို ကယ်လိုက်တာ ဘယ်သူလဲ။

အရေးကြီးသည့်အခိုက်အတန့်ပြီးသွားသောအခါ ပေထင်းဟွမ် လှည့်ကြည့်လိုက်ရာ ကောင်းကင်ပေါ်တွင်ရှိနေသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ဆံပင်ခပ်တိုတိုနှင့်ဖြစ်ပြီး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လက်ကိုနောက်ပစ်ထားသည်။ သူ၏စူးရှသောမျက်လုံးများ သည် တောက်ပမှုများဖြင့် ပြည့်နေပုံပင်။ လူများသည် သူ့ကိုစိုက်မကြည့်ရဲပေ။ ဇာမဏီမျက်လုံးများသည် မြေခွေးတစ်ကောင်ကဲ့သို့ အေးစက်ပြီး စိမ်းကားလွန်း သည်။

သူသည် ဓားအိမ်မရှိသည့်ဓားနှင့်တူသည်။ သို့သော် ထိုလူသည် အေးစက် သော ငါးလုံးပြူးသေနတ်တစ်လက်နှင့်တူသည်ဟု ပေထင်းဟွမ်ခံစားမိသည်။

ရှီရှောင်မို၏မျက်လုံးများသည် သူနှင့်တူသည်။ သူမနှင့် သူမ၏အစ်ကိုတို့ ၏မျက်လုံးများသည် ဖခင်ဖြစ်သူ၏မျက်လုံးများနှင့်တူသည်ဟု ရှီရှောင်မို ပြောခဲ့သည်။

သူတို့တွေ့သည်နှင့် ထိုလူသည် ရှီမိုယွိဖြစ်လိမ့်မည်ဟု ခံစားရသည်။ သူမသည် သူမ၏ ယူဆချက်ကို သံသယပင်မဝင်ပေ။ ထိုသို့ စဉ်းစားပြီးနောက် ပေထင်းဟွမ်သည် အပြုံးဖြင့်နှုတ်ဆက်ပြီး ကြည့်လိုက်ရာ ရှီမိုယွိဆင်းလာ သည်။ ရှီမိုယွိ၏အမူအရာသည် စိုးရိမ်လျက်ရှိရာ ပြုံးပြီး ရွှေသော့ကိုထုတ် ကာ ရှီမိုယွိအားပေးလိုက်သည်။

သော့ကိုကြည့်ပြီး အေးစက်သောခံစားချက်ရသည့် ရှီမိုယွိသည် ခေတ္တမျှ မှင်တက်သွားပြီး သူ၏မျက်လုံးများသည် တောက်ပနေသည်။ သူသည် အလွန်ပင်စိတ်လှုပ်ရှားနေပုံပေါက်ကာ သော့ကို တုန်ယင်သောလက်များဖြင့် ယူကာ ပေထင်းဟွမ်အားမေးလိုက်သည် “မင်း ဘယ်ကနေလာတာလဲ၊ ဒါကို ဘယ်ကနေရတာလဲ၊ မင်း ရှောင်မိုကိုသိတာလား”

သံသယဝင်စရာမလိုအောင်ပင် ရှီမိုယွိပင်။

မိတ်ဆွေဟောင်းကို နယ်မြေစိမ်းတွင် လာတွေ့သည်။ သူတို့နှစ်ယောက် လုံးသည် ကမ္ဘာမြေကြီးမှလာခဲ့ကြသည်။ ပေထင်းဟွမ်သည် ရှီရှောင်မိုနှင့် အဆက်အစပ်ရှိသည်ဟု အကြောင်းအရင်းမဲ့ခံစားခဲ့ရသည်။ သူမ၏အသံသည် ပို၍နူးညံ့လာသည် “သူမနဲ့ငါက သွေးသောက်ညီအစ်ကိုတွေပဲ၊ ငါ မန္တလာမြေ ကိုလာမယ်ဆိုတာသိလို့ အထူးတလည် လက်ဆောင်ပေးလိုက်တာ၊ ဒါလေး... ငါ မင်းကိုတွေ့တဲ့အချိန် ထုတ်ပေးလိုက်ရင် မင်းငါ့ကိုကူညီရင်ကူညီမှာလေ”

All Chapters