← Chapters

ဒီရာထူးကမိန်းကလေးကိုလည်း ဖမ်းချင်တာလား

Vol. 82 Ch. 1636

ဒီရာထူးကမိန်းကလေးကိုလည်း ဖမ်းချင်တာလား

Vol. 82 Ch. 1636

ပေထင်းဟွမ်သည် မိုးကြိုးသွားကျောက်ကို လှုံ့ဆော်လိုက်သည်နှင့် သူမ ၏ခန္ဓာကိုယ်ကို လျှပ်စီးအလွှာဖြင့်ဖုံးအုပ်လေသည်။ အဖြူရောင် ခပ်ဖျော့ဖျော့ အလင်းထဲတွင် ငွေရောင်မြွေကဲ့သို့ သံကွန်ယက်များရောယှက် နေပြီး နည်းနည်းမှ လစ်ဟာခြင်းမရှိအောင် ပေထင်းဟွမ်၏ခန္ဓာကိုယ်ကို ရစ်ပတ်လေ သည်။

“တကယ်ကြီး... မိုးကြိုးသွားကျောက်လား” မင်ကျီ၏မျက်နှာမှ အမူအရာသည် ရုတ်တရက်ပင် ပို၍ထင်ရှားလာသည်။ အရှင်မသည် 'လေ့ကျောက်' ကို ကျွမ်းကျင်ဖူးခြင်းမရှိကာ တစ်ခါက မိုးကြိုးသွားကြောင့် သေမလိုဖြစ်ဖူးသည်။ ယခုအခါ 'မိုးကြိုးကျောက်' သည် မင်းသမီးဟွမ်ကျို့၏ ခန္ဓာကိုယ်ပေါ်သို့ရောက်နေသည်။ မင်းသမီးဟွမ်ကျို့သည် မိန်းကလေးဖြစ်ရာ ကစဥ့်ကလျားနတ်အရင်းအမြစ်လည်းရှိနေသည်လား။

ဧရှားသည်လည်း ပေထင်းဟွမ်အားမြင်လိုက်ရသောအခါ သက်ပြင်းချမိ လေသည်။ သူမသည် ၃၃ ကောင်းကင်ဘုံတွင် အုပ်ချုပ်သူကြီး ၁၀ ယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ဝိညာဉ်နတ်ဘုရားမျိုးနွယ်သည် 'မိုးကြိုးကျောက်' တစ် ဝက်ကိုသာရထားပြီး ကျန်တစ်ဝက်ကိုရှာနေခြင်းဖြစ်သည်။ ယခု မင်းသမီး ဟွမ်ကျို့သည် ထိုအရာကိုအသုံးပြုခဲ့သည်။ ဝိညာဉ်နတ်ဘုရားများ မည်မျှ ဒေါသထွက်နေမည်ကို မသိတော့ပေ။

ပေထင်းဟွမ်သည် များများစားစားမတွေးပေ။ သူမသည် လက်ထဲမှ ဓားပျော့ကိုမြှောက်ပြီး မင်ကျီနှင့်တခြားသူများဆီသို့ခုတ်ချလိုက်ရာ ဓားသည် လှောင်အိမ်အဖြစ်ပြောင်းလဲသွားကာ နဂါးအား ဖုံးအုပ်လေသည်။

အထွတ်အထိပ်အကျဉ်းထောင်သည် ဘိုးဘေးကျောက်တုံး၏ အသွင်အပြင်အတိုင်းပင် ရိုးရှင်းပြီး ရှေးကျကာ အားကောင်းသည်။ ထိုအပေါ် တွင် လျှပ်စီးရစ်ပတ်ပြီး ကိုးရောင်မီးတောက် တောက်ပလျက်ရှိသည်။ ထို အထွတ်အထိပ် ထိပ်ဆုံးအဆင့်ရှိသူများနှင့်ယှဉ်လျှင် ထိုအထွတ်အထိပ် လှောင်အိမ်စွမ်းအားသည် မလျော့နည်းပေ။

ဘုန်း...

အထွတ်အထိပ်လှောင်အိမ်သည် နဂါးပေါ်သို့ ဖိချလေသည်။ လှောင်အိမ် သည် နဂါးအရွယ်အစားတစ်ဝက်မျှသာရှိကာ နဂါး၏အပေါ်ပိုင်းကို အုပ်မိလေ သည်။ လှောင်အိမ်အစွန်သည် နဂါး၏ကျောပြင်ကို ပြင်းပြင်းထန်ထန် ခုတ်မိ လေသည်။ ကြေကွဲလောက်စရာ အော်မြည်းသံသည် ကြီးမားသောစွမ်းအင် လှိုင်းအဖြစ် အဘက်ဘက်သို့ လူးလာလှုပ်ရှားလေသည်။ ကောင်းကင်ပေါ်မှ ကျနေသောနှင်းပွင့်များပင်ရပ်သွားကာ မြေပြင်ပေါ်မှ ထူထဲသောနှင်းသည် မြောက်တက်လာပြီး နှင်းဖြင့်ပြုလုပ်ထားသော မြို့တံတိုင်းမှာ ဝန်းရံလျက်ရှိ သည်။

ရွှီး

ကျောက်လုံ၏ခန္ဓာကိုယ်သည် ပြတ်သွားကာ မင်ကျီနှင့် သူ့အနောက်မှ အဖွဲ့သည်လည်း အတူတကွကျသွားကာ ကြီးမားသောစွမ်းအင်လှိုင်းသည် အားလုံးပေါ်သို့ သက်ရောက်မှုရှိပြီး လဲကျကြလေသည်။

အားကောင်းလှသည့် ခွန်အားပင်။

နှင်းဧကရာဇ်သည် နောက်ဆုတ်မိလေသည်။

ထိုအချိန်တွင် ထိုတိုက်ကွက်ပြသပြီးသည့်ပေထင်းဟွမ်သည် အနည်းငယ် အသက်ရှူမဝဖြစ်မိလေသည်။ သူမသည် ထူးဆန်းသည်ဟု ခံစားမိသည်။ ဒီရက်တွေမှာ လွန်လွန်ကဲကဲ ဇိမ်ခံမိလို့များလား။ ထိုအခိုက်တွင် စိတ်ထဲတွင် လေးလာသည်။ ယန်ယဲ့ကိုပဲ အပြစ်တင်ရတော့မယ်။ အဲလူက သက်သက်ညှာညှာမလုပ်နိုင်ဘူးလား။

ထိုအခိုက်အတန့်တွင် ယန်ယဲ့သည် သူမအနောက်မှထွက်လာပြီး လက်မြှောက်ကာ သူမ၏ခါးကိုသိုင်းဖက်လိုက်သည်။ ထို့နောက် မြေကြီးပေါ်မှ ဧရှားကို အထင်သေးသောမျက်လုံးများဖြင့် ဝေ့ဝဲကြည့်လိုက်ရာ တစ္ဆေ တစ်ကောင်အား မြင်လိုက်ရသကဲ့သို့ တောက်ပသောမျက်နှာထားဖြင့် မရပ်မနားကြည့်နေသည်ကို မြင်လိုက်ရသည်။

“မိန်းကလေး မင်းကလည်း ငါ့ကိုဖမ်းချင်တာလား၊ ဒီနှစ်တွေမှာ မင်ရှို့က ငါမရှိတာနဲ့ ပိုပိုပြီး မောက်မာလာတာပဲ” သူပြောပြီးသည်နှင့် လက်မြှောက် လိုက်ရာ ရေခဲနှင့်နှင်းဖြင့်ပြုလုပ်ထားသော ကြီးမားသည့် ဓားသွားသည် မင်ကျီ နှင့်တခြားသူများဆီသို့ ပျံသွားလေသည်။

မင်ကျီနှင့်တခြားသူများသည် မျက်လုံးများ ပြူးကျယ်လျက်ရှိသည်။ အခုလေးတင် ပေထင်းဟွမ်သည် ခွန်အားများ ဆုံးရှုံးခဲ့သည်။ သူတို့သည် ရှုံးနိမ့် ခဲ့သော်လည်း လက်ဦးမှုရယူရန် အခွင့်အရေးရှိသေးသည်ဟု တွေးခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ဤလူပေါ်လာပြီး အကြည့်တစ်ချက်နှင့်တင် ရုန်းကန်ရန် ခွန်အားပင်မရှိတော့ပေ။

နှင်းဓားသွားများ သူတို့မျက်စိရှေ့၌ပင် ကြီးထွားလာကာ နောက်ဆုံးတွင် သူတို့၏ဝမ်းဗိုက်အကြောထဲသို့ နစ်ဝင်သွားသည်ကိုကြည့်ပြီး အားလုံးသည် လုံးထွေးသောအသံများဖြင့် အသက်ဆုံးရှုံးသွားကြလေသည်။

ပေထင်းဟွမ်ပင် ထိတ်လန့်မိသည်။ သူမသည် ခေါင်းလှည့်ပြီး ယန်ယဲ့ အား ကြည့်ကာ မေးချင်မိသည် “ရှင့်ခွန်အားက ဘယ်လောက်သန်မာတာလဲ”

ပေထင်းဟွမ်သည် သည်းခံရသည်။ သူမသည် သူမအတွက် စိတ်မကောင်းဖြစ်စရာမလိုပေ။ ဤလူသည် သူမအပိုင်ဖြစ်နေပြီဖြစ်ကာ ယခု အချိန်မှစပြီး သူသည် သူမတစ်ယောက်တည်း၏ အပိုင်ဖြစ်သည်။ သူမသည် တခြားသူကို ချစ်ကျွမ်းဝင်သွားမလားဟု တခြားမိန်းကလေးများကဲ့သို့ စိုးရိမ်ရန် မလိုပေ။ သူ ပိုသန်မာလေလေ သူမအတွက် လုံခြုံလေဖြစ်သည်။

All Chapters