ရောက်နေပြီ
Vol. 82 Ch. 1637
သူမ အတွေးကို အာရုံခံမိသည့်အလား ယန်ယဲ့သည် ရှေ့ကိုင်းကာ သူမ၏ နှုတ်ခမ်းများကို အနမ်းခြွေလိုက်သည် “မင်းရဲ့ခွန်အားက လွန်ခဲ့တဲ့ နှစ်တစ် သောင်းကထက် ပိုသန်မာလာတယ်၊ အခုကစပြီး ကိုယ့်ဘေးမှာ စိတ်အေးလက်အေးနဲ့နေရုံပဲ”
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားသည်။ သူသည် သူမနှင့် တူညီသော ကံကြမ္မာကိုမျှဝေခဲ့သည်။ သူမ၏သားရဲများနှင့် ကံကြမ္မာကပင် သူတို့နှစ်ယောက်ကြားမှ ဆက်ဆံရေးလောက် မရင်းနှီးကြပေ။ ခွန်အားသည် ချောင်းရှီနတ်ဘုရားကဲ့သို့သန်မာကာ ဝမ်းတွင်းပါသားရဲနှင့် စာချုပ်ကိုပါ ပယ်ဖျက်နိုင်သည်။ သို့သော် သူတို့သည် အသက်နှင့် အသက်ချင်း ချည်နှောင် ထားခဲ့ကြသည်။
သူမ သေသွားလျှင် ယန်ယဲ့ ရှင်သန်နိုင်မည်မဟုတ်ပေ။ ယန်ယဲ့၏ခွန်အား သည် နက်နဲလွန်းပြီဖြစ်သည်။ သူသည် အလွယ်တကူမသေနိုင်ပေ။ သူမ သူ့ကို ထိခိုက်အောင်လုပ်မည်ကို ယန်ယဲ့မကြောက်၍လားမသိပေ။
ယန်ယဲ့သည် သူမ၏လက်ကို ဖျစ်ညှဏ်လိုက်ကာ သူမအား အားပေးသည့်အကြည့်ဖြင့်ကြည့်ပြီး တစ်ချိန်လုံးဘေးတွင် နှုတ်ဆိတ်စွာရပ်နေ သော ဧရှားကိုကြည့်လိုက်သည်။
“နတ်မိစ္ဆာဧကရာဇ်အရှင် မတွေ့ရတာကြာပါပြီ” ဧရှားသည် ရှေ့တိုးကာ ပေထင်းဟွမ်အား အထက်အောက်ကြည့်လေသည် “နတ်မိစ္ဆာဧကရီအရှင်မ ကျွန်မကိုမမှတ်မိလောက်ဘူးထင်တယ်”
“အရှင်ဧရှား မတွေ့တာကြာပြီ၊ ကျွန်မတို့ ရှီဝမ်လိထုံရှန်းတောင်မှာ အမဲလိုက်ဖို့ အချိန်းအချက်လုပ်ထားခဲ့တာ မှတ်မိနေတုန်းပါပဲ၊ အရှင့်ရဲ့ လူယုံတော်က အရှင်တံခါးပိတ်ကျင့်ကြံနေလို့ နောက်နေ့မှ ဖြစ်နိုင်မယ်လို့ ကျန်မကိုသတင်းပို့ခဲ့တာ၊ ဒါပေမဲ့ အဲဒါအပြောင်းအလဲရှိသွားပြီလား” ပေထင်းဟွမ်သည် ပြုံးပြီးပြောလေသည်။
သူမသည် အသက် ၁၅ နှစ် ၁၆ နှစ်အရွယ် မိန်းကလေးဆိုသည်မှာ ထင်ရှားသော်လည်း တင့်တယ်ပြီး သတ္တိရှိတည်ငြိမ်ကာ တန်ဖိုးမြင့်မားသော ခံစားချက်မျိုးပေးစွမ်းသည်။
ဧရှားသည် ထိတ်လန့်သွားသည်။ ဧကရီသည် အမှန်တကယ်ပင် ပြန်လည်မွေးဖွားခဲ့ကာ လွန်ခဲ့သည့်နှစ်တစ်သောင်းက ကိစ္စကို မှတ်မိနေဆဲဖြစ် သည်မှာ အံ့ဩလောက်စရာပင်ဖြစ်သည် “အရှင်မက အဲတုန်းက ကတိကိုမှတ် မိနေဆဲပါလား၊ ဒီတစ်ခေါက် အရှင်မက သတိပြန်ပေးလိုက်တာပဲ၊ အရှင်မ ဘယ်နေ့ပဲ ပြန်သတ်မှတ်ပါစေ ကျွန်မ အချိန်ဇယားအတိုင်း တက်ရောက်ပါမယ်”
“ကောင်းတယ်” ပေထင်းဟွမ်သည် ပြုံးပြီးခေါင်းညိတ်လိုက်သည်။
ဧရှားသည် အသက်ပြင်းပြင်းရှူကာ ဖိတ်ကြားလေသည် “နတ်မိစ္ဆာ ဧကရာဇ်နဲ့ အရှင်မက ၃၃ ကောင်းကင်ဘုံကို အခုမှပြန်ရောက်လာဖြစ်မယ်၊ ကျွန်မနန်းတော်ကို ဘာလို့မလိုက်ရမှာလဲ၊ ကျွန်မ ဧည့်ခံပါရစေ၊ တစ်လက်စတည်း ၃၃ ကောင်းကင်ဘုံအကြောင်း ပြောကြတာပေါ့”
“မလိုဘူး” ယန်ယဲ့သည် ခပ်ဘွင်းဘွင်းပင် ငြင်းဆန်လိုက်သည် “မင်းရဲ့ ကြင်နာမှုကို အသိအမှတ်ပြုပါတယ်၊ ရှေ့ဆို ကွေ့ရှိုမိုယွိရောက်ပြီ၊ ငါ အရေးတကြီးလုပ်စရာရှိတယ်၊ ငါ ကွေ့ရှိုမိုယွိကို သွားချင်တယ်”
ဧရှား၏မျက်လုံးများတွင် စိတ်ပျက်များ ဖျက်ခနဲလက်သွားသည်။ သို့သော် ထိုအကြည့်ကို ပေထင်းဟွမ် မြင်လိုက်သည်။ သူမသည် မျက်လွှာချပြီး ယန်ယဲ့အား 'သားရဲ' ဟု စိတ်ထဲမှ ငေါက်ငမ်းလိုက်သည်။
“ဒါဆိုရင်လည်း နတ်မိစ္ဆာဧကရာဇ် ယန်းမိုထျန်းမျိုးနွယ်ကို ပြန်ရောက်မှ ပဲ လာနှုတ်ဆက်ပါတော့မယ်” ဧရှားပြောလိုက်သည်။
ယန်ယဲ့ မငြင်းဆန်ခင်မှာပင် ပေထင်းဟွမ် သဘောတူလိုက်သည် “ဟုတ်ပြီ နောက်ရက်တွေ့ကြတာပေါ့”
ထိုအချိန်တွင် ဝိညာဉ်လက်နက်ပျံဆီသို့ ဝင်ပြီးနောက် ယန်ယဲ့သည် နဂါးရထားလုံးပျံကို မသွားစေဘဲ ပေထင်းဟွမ်အား အိပ်ရာပေါ်လှုပ်ရှားမှုများ ကိုတော့ မလုပ်တော့ပေ။ လပြည့်ညက ကိစ္စကိုတွေးပြီး သူသည် သူမအား အောက်တွင်ဖိထားကာ နားထဲသို့ကပ်ပြောလိုက်သည် “ကိုယ် ဒီလပြည့်ညတွေ ကိုဘယ်လိုဖြတ်သန်းလဲသိလား၊ အချိန်တိုင်းနာကျင်မှုက တော်တော်ဆိုးတယ်၊ နောက်ဆိုရင်တော့ ကိုယ် မင်းကို အများကြီးခံစားရအောင်လုပ်ပေးမယ်”
ဒီလူကြီးသည် အမှန်တကယ်ပင် လေပေါ်ရောက်နေသည်။ အစပိုင်းက သူတို့သည် ထိမ်းမြားမှုမလုပ်ရသေးဟု ပေထင်းဟွမ် ပြောခဲ့သော်လည်း ယန်ယဲ့ သည် လွန်ခဲ့သည့်နှစ်တစ်သောင်းက လက်ထပ်ပြီးဖြစ်၍ သူမသည် သူ့အပေါ် မင်္ဂလာဖယောင်းတိုင် အကြွေးတင်နေသည်ဟု ဆိုခဲ့သည်။
နောက်ဆုံးတွင် သူမ၏ရင်ထဲမှဆန္ဒများ ထိုးတက်လာခဲ့ပြီး သူတော်ကောင်းယောင် မဆောင်နိုင်တော့ပေ။
သူတို့သည် ကောင်းကင်မှပေးသနားသည့် သွေးစာချုပ် တည်ထောင်ခဲ့ သည့် လင်မယားဖြစ်သည်။
အမှန်တကယ်ပင် နာကျင်ခဲ့သည်။ ယန်ယဲ့သည် မလှုပ်ရှားရဲပေ။ သူမ မေ့လဲလုမတတ်ပင်။ သူမသည် စိတ်ဆတ်နေသည် “ကျွန်မက ရှင်နဲ့ဆို နာကျင် ရလိမ့်မယ်လို့ ထင်မထားဘူး”
သူမ၏ ပထမဆုံးအကြိမ်သည် ယန်ယဲ့၏ပထမဆုံးအကြိမ်လည်းဖြစ် သည်။
သူတို့နှစ်ယောက်လုံးသည် တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုကိုခံစားရလေ သည်။ ကောင်းကင်ထဲသို့ တွန်းပို့ခံရပြီး တိမ်တိုက်များကို နင်းရသည့် ခံစားချက် ပင်။
ယန်ယဲ့သည် အထိန်းအကွပ်မဲ့နေချေကာ ထိန်းချုပ်ခြင်းလည်းမရှိတော့ ပေ။ သူမသည် ကျင့်ကြံထားသောခန္ဓာကိုယ်ကြောင့်သာမဟုတ်လျှင် ကျိုးကြေ သွားမည်ကိုပင် စိုးရိမ်ရသည်။
“ဘာတွေတွေးနေတာလဲ” ယန်ယဲ့သည် ရှေ့ကိုင်းပြီး သူမ၏ နားထဲသို့ လေသံဖြင့်ပြောလေသည် “ခင်ပွန်းဖြစ်သွားတဲ့ အကြောင်းတွေ တွေးနေတာ လား”
သူသည် စကားပြောရင်းနှင့် လက်ဆန့်ထုတ်လေသည်။