← Chapters

ရှီချောင်းမိုနှင့် လုယောင်ဖုန်း

Vol. 82 Ch. 1638

ရှီချောင်းမိုနှင့် လုယောင်ဖုန်း

Vol. 82 Ch. 1638

ပေထင်းဟွမ်သည် နှင်းဖြူရောင်သားရဲစောင်ပေါ်တွင် ကြက်သေသေနေ ပြီဖြစ်ကာ မျက်နှာတစ်ခုလုံးနီရဲပြီး မျက်လုံးများတွင် အရည်များလဲ့နေသည်။ သူမသည် ယန်ယဲ့အား တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ကြည့်ပြီးနေသည်မှာ ယန်ယဲ့သည် သူမအား ထပ်မြင်ချင်လာသည်။ သူသည် သူမအား ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်သည်။

ဧရှားသည် ထိုနေရာတွင်ရပ်ပြီး အဝေးရှိ ရထားလုံးပျံကိုကြည့်ပြီး ရင်ဘတ်တစ်ခုလုံး ဓားနှင့်အမွှမ်းခံလိုက်ရသကဲ့သို့ မျက်လုံးများမှ မျက်ရည်များ စီးကျလာခဲ့သည်။

သူတို့သည် သွေးစာချုပ်ကို ဖောက်ဖျက်ပြီးသည့်ပုံပင်။ မဟုတ်လျှင် ဤကဲ့သို့ချစ်တင်းနှောသည့်အရာမျိုး လုပ်နိုင်မည်မဟုတ်ပေ.

ကျုံကျူးမြေတွင် ၁ နှစ်သည် ၃၃ ကောင်းကင်ဘုံတွင် ၁၀ နှစ်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက သူမနှင့်ဟွမ်ကျို့တို့သည် အချစ်ဆုံးသူငယ်ချင်း များဖြစ်ခဲ့ကြသည်။ သူမသည် ဟွမ်ကျို့နှင့်ယန်ယဲ့တို့ကြားမှ အချစ်ရေး အရှုပ်အယှက်များကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် နက်ရှိုင်းစွာ ချစ်ခဲ့ကြသော်လည်း ရှင်းရှင်းလင်း လင်း မပြောခဲ့ကြပေ။

ယန်ယဲ့သည် နာကျင်လွန်းသဖြင့် ဟွမ်ကျို့သည် မင်ရှို့အား သဘောကျ သေးသလားဟု သူမဆီသို့ လာမေးခဲ့သည်။

ထိုအချိန်က သူမ မည်သို့ပြန်ပြောခဲ့သနည်း။ “နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ ဆက်ဆံရေးတစ်ခုက တစ်ညတည်းနဲ့ ပျက်စီးမသွားဘူးလို့ ရှောင်ကျို့ပြောခဲ့ တယ်”

ထိုအကြောင်းအရင်းကပင် ယန်ယဲ့ ယနေ့ည မီးခဲနှင်းပြင်နန်းတော်သို့ ခြေမချချင်သည့် အကြောင်းပင်ဖြစ်လိမ့်မည် မဟုတ်ပါလား။

“ထွက်လာခဲ့” ဧရှား အော်လိုက်သည်နှင့် ပုံရိပ်များစွာထွက်လာခဲ့ကြ သည်။ ဧရှားသည် သူမ၏ အစွမ်းအစရှိသောစစ်သူကြီးများကိုကြည့်လိုက်သည် “နတ်မိစ္ဆာဧကရာဇ်ပြန်လာပြီ၊ သူက သေချာပေါက် ဝိညာဉ်နတ်ဘုရားတွေနဲ့ စစ်ပွဲစတင်မှာပဲ၊ ယန်းမိုထျန်မျိုးနွယ်အတွက် ခွန်အားဖြစ်ပေးဖို့ ကူညီချင်တယ်”

ကွေ့ရှိုမိုယွိသည် ၃၃ ကောင်းကင်ဘုံအစွန်တွင် ရှီချန်းမို တည်ထောင်ခဲ့ သည့် လူဦးရေထူထပ်ပြီး တောင်များဝန်းရံနေသော နယ်နိမိတ်ဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်းတွင် ပြင်ပ၌ စစ်ပွဲများမည်မျှပင်ဖြစ်ပေါ်စေကာမူ ကွေ့ရှိုမိုယွိသည် အေးချမ်းစွာ စည်ပင်ခဲ့သည်။

ခန်းမကြီးထဲတွင် အသက် ၃၊ ၄ နှစ်အရွယ် ကလေးနှစ်ယောက်သည် ပြေးလွှားဆော့ကစားနေကြသည်။ တရုတ်ရိုးရာဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ယောက်သည် သူတို့ဘေးတွင်ထိုင်နေသည်။ တစ်ယောက်သည် ကလေးနှစ်ယောက် ခုံအမြင့်ပေါ်သို့တက်နေသည်ကို ကြည့်နေသည်။ ကလေး သည် ခန်းမထဲမှ ဇာပါးကိုဆုပ်ကိုင်နေရာ ထိုအမျိုးသမီးသည် လက်ထဲမှ လက်ဖက်ရန်ပန်းကန်လုံးကို အလျင်အမြန်ပစ်ချပြီး ပြေးသွားကာအော်လေ သည် “လုပေးပေး ရပ်လိုက် ဦးလေးရှီ မင်းဖင်ကိုရိုက်လိမ့်မယ်”

ထိုစကားကိုကြားပြီးနောက် ကလေးသည် အလေးအနက်ပင် ခေါင်းလှည့် လာသည်။ သူ့တွင် ချောမွတ်သောမျက်ခုံးများ၊ နှစ်သစ်ပန်းချီကားကဲ့သို့ မျက်နှာလေးရှိသည်။ သူ၏မျက်တောင်များသည် လိပ်ပြာတောင်ပံခတ်လိုက် သကဲ့သို့ တဖျတ်ဖျတ်ခတ်နေသည်။ “အရိုက်ခံရရင် နားမှာ”

“ဟား”

ခန်းမကြီးထဲတွင် လူကြီးများ၏ရယ်သံများ မစဲတော့ပေ။ လုပေးပေးနှင့် ကစားနေသော နောက်ကလေးတစ်ယောက်သည် ရင်ခွင်ထဲတွင် နှင်းဖြူရောင် ကြောင်ကိုပိုက်ထားပြီးပြေးလာကာ လုပေးပေးအား ကြည့်လေသည် “ကိုကို မင်း ပိုလိမ္မာရမယ်၊ ဖေဖေနဲ့ မေမေက ငါတို့ကိုမလိုချင်တော့အောင်မလုပ်နဲ့၊ မေမေက အမြွှာယူဖို့ကြိုးစားနေတယ်လို့ ဖေဖေနဲ့မေမေ မနေ့ကပြောနေတာ ကြားခဲ့တာ”

ထိုအမျိုးသမီး၏မျက်နှာသည် ရုတ်တရက်ပင် နီရဲသွားကာ သားဖြစ်ကာ နှုတ်ခမ်းဆူပြီး ငိုယိုသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ ပြတင်းပေါက်ဘေး ညောင်စောင်းတွင် သူငယ်ချင်းနှင့် စစ်တုရင်ကစားနေသော ယောက်ျားဖြစ်သူ အား သူမ ခေါင်းလှည့်ကြည့်လိုက်သည်။

“ဟား ဟား ဟား”

ခန်းမထဲတွင် ကျယ်လောင်သော ရယ်သံထွက်ပေါ်လာသည်။ ဝတ်ရုံ ဝတ်ဆင်ထားသည့်လူသည် စစ်သည်တစ်ယောက်ကဲ့သို့ လျှောက်လာပြီး စိတ်ထိခိုက်မှုကြောင့် ငိုယိုနေသော လုပေးပေးကို ပွေ့ဖက်ပြီး အပြုံးဖြင့် ပြော လိုက်သည် “ပေးပေး ဦးလေးရှီက မင်းကိုရိုက်မယ်၊ မနာပါဘူး၊ မင်းညီလေး မို က ငယ်သေးလို့မသိသေးတာပါ၊ ဦးလေးရှီ သူ့ကိုရိုက်ရင်တော့နာမှာ”

ထိုလူသည် ရှီချန်းမိုဖြစ်ကာ နှစ်ပေါင်းများစွာမတွေ့ရသည့် သားဖြစ်သူကို တွေးနေသည့်အလား မျက်လုံးသည် များစွာမည်းနက်နေသည်။ သူသည် လုပေးပေးအား ရင်ဘတ်ထဲတွင် ပွေ့ချီထားလိုက်သည်။

ခုံပေါ်တွင်ထိုင်နေသည့် လှပသောအမျိုးသမီး နောက်တစ်ယောက်သည် စူးမိုဖြစ်သည်။ သည်တစ်ခေါက် သူမ ခင်ပွန်း၏အမူအရာကိုကြည့်ပြီး သူမ စိတ် ထဲတွင် အနည်းငယ်ဝမ်းနည်းလာသဖြင့် သူမအား နှစ်သိမ့်ပေးလေသည် “ရှောင်မိုပြန်လာတော့ ပေထင်းဟွမ်လို့ခေါ်တဲ့ သူငယ်ချင်းကောင်းရလာတယ် လို့ပြောတယ်မလား၊ သူမက အခုမန္တလာမြေကိုသွားတာဆို ၃၃ ကောင်းကင်ဘုံ ကိုရောက်ရင်တော့ သူမကို ရှောင်မိုအကြောင်းမေးကြတာပေါ့”

All Chapters