ညီအစ်ကို နောက်ဆုံးတော့ ငါ့ကိုလာတွေ့ပြီ
Vol. 82 Ch. 1639
ရှက်ရွံ့မှုကို ထိုနည်းအတိုင်း ဖြေရှင်းပြီးလေသည်။
တခြားစုံတွဲမှာ ကျို့ကျူးမိုယွိဆီသို့ အလည်လာသော လုယောင်ဖုန်းနှင့် ဇနီးတို့ဖြစ်ကြသည်။ သူတို့၏ကလေးများသည် အမြွှာများဖြစ်ကြကာ နာမည် အတည်တကျမပေးရသေးသည့် လုပေးပေးနှင့် လုဟန်ဟန်တို့ပင်ဖြစ်သည်။ သူတို့၏အကြီးဆုံးသား အုပ်ချုပ်သူ ရာထူးကိုယူစဉ်ကတည်းကပင် သူတို့သည် ရှောင်ဖုန်းထျန်းယွိတွင် အချိန်ကုန်ဆုံးခဲသည်။ သူတို့၏အမြွှာသားနှစ်ယောက် သည်လည်း လမ်းပေါ်တွင် မွေးဖွားခဲ့သည်။
၃၃ ကောင်းကင်ဘုံသည် ရွှေ့ပြောင်းအစီအရင် မသုံးလျှင် တောင်မှမြောက်၊ အရှေ့မှအနောက်သို့သွားရန် နှစ်တစ်ရာနီးပါးကြာမြင့်သည်။
စုံတွဲနှစ်တွဲလုံးသည် တရုတ်ပြည်မကြီးမှဖြစ်ကြသည်။ ဤမျှဝေးလံသော ၃၃ ကောင်းကင်ဘုံတွင် လူတို့သည် မွေးရပ်မြေမှလူများရှိလျှင် သဘောဝကျကျ ပင် ရင်းနှီးသွားတတ်ကြသည်။
အထွတ်အထိပ်အဆင့်များထဲတွင် လုယောင်ဖုန်းနှင့် ရှီချန်းတို့ နှစ်ယောက်တို့သည် အားကောင်းသော အထွတ်အထိပ်များဖြစ်ကြသည်။ မီးခဲ နှင်းလွင်ပြင်မှ အသက်တမ်းတစ်ရာရှိ အထွတ်အထိပ် နှင်းဧကရာဇ်ပင်လျှင် မယှဉ်နိုင်ပေ။
လုယောင်ဖုန်းနှင့် ရှီချန်းမိုတို့သည် စစ်တုရင်ကစားနေကြသည်။ ရှီချန်းမို သားဖြစ်သူကို မြှူနေသည်ကိုကြည့်ပြီး လက်ထဲမှ နယ်ရုပ်ကိုချကာ လျှောက် လာသည်။ ထင်ထားသည့်အတိုင်းပင် သူ၏ဇနီးဖြစ်သူသည် ထောင်လွှားသော အကြည့်ဖြင့် ကြည့်လေသည်။
နှစ်ပေါင်းများစွာအတွင်းတွင် လုံးဝငြီးငွေ့စရာမကောင်းသည့်အရာ နှစ်ခု ရှိလေသည်။ တစ်ခုမှာ ကျင့်ကြံခြင်းဖြစ်ကာ နောက်တစ်ခုမှာ ကျင့်ကြံခြင်းပင်။
ပထမလေ့ကျင့်ရသည်မှာ ခွန်အားတိုးရန်ဖြစ်ပြီး ဇနီးနှင့်သားသမီးများကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကာ ဒုတိယလေ့ကျင့်မှုမှာ လုဟန်ရှောင်နှင့် နှစ်ဆလေ့ကျင့်ရန်ဖြစ်သည်။
လုယောင်ဖုန်းသည် ရှေ့သို့ကိုင်းကာ လုဟန်ဟန်အား ကောက်ချီကာ ပြုံး ပြီးပြောလိုက်သည် “သခင်လေးမို လူတစ်ယောက်ရောက်နေပြီ၊ ဘယ်သူလဲ ဆိုတာမှန်းကြည့်လိုက်”
ဤမျှအားကောင်းသောရောင်ဝါရှိသော်လည်း ထင်ယောင်ထင်မှားဖြစ်နေ သလိုပင်။ လုယောင်ဖုန်းသည် အားကောင်းနေခြင်းကြောင့်သာမဟုတ်လျှင် သတိပြုမိရန် ခက်ခဲသည်။ ရှီချန်းမိုသည် ကလေးကိုဇနီးဖြစ်သူထံပေးလိုက် သည်။ လုယောင်ဖုန်းသည်လည်း ကလေးကို ဟန်ရှောင်အားပေးလိုက်သည်။ သူတို့နှစ်ယောက် လှုပ်ရှားသည်နှင့် နန်းတော်အပြင်ဘက် ကောင်းကင်ပေါ်သို့ ရောက်သွားပြီဖြစ်သည်။
တစ်ဖက်လူသည် နန်းတော်အထက်ရှိ ကောင်းကင်ပေါ်သို့ ခြေပင်မချရ သေးပေ။ သို့သော် အဝေးတွင် မြင်နေရသည်။
“ဧကရာဇ်မို ဧကရာဇ်ဖုန်း... ကျွန်မက ပေထင်းဟွမ်ပါ ရှီရှောင်မိုရဲ့ သူငယ်ချင်းပါ၊ သူမ ဒီကိုရောက်ပြီလား” ယန်ယဲ့၏ရင်ခွင်ထဲမှ ပေထင်းဟွမ် အရင်ပြောလေသည်။ သူမသည် ရှီချန်းမိုနှင့် လုယောင်ဖုန်းအား အလွန်ကြင်နာ သောမျက်လုံးများဖြင့်ကြည့်သည်။ ကျွန်မသည် မိခင်၏မိသားစုမှဖြစ်သည်ဟူ သည့်ခံစားချက်မျိုးရလေသည်။
“အဲတော့ မင်းပဲကိုး” ရှီချန်းမိုသည် သက်ပြင်းချလိုက်သည်။ တိုက်ခိုက်ရန်လာသည့် အထွတ်အထိပ်ဆိုပါက သူနိုင်လျှင်တောင် ကွေ့ရှိုမိုယွိ သည် များစွာထိခိုက်သွားနိုင်သည်။ ကံကောင်းစွာပင် သူတို့ဖြစ်နေသည်။ ရှီချန်းမိုသည် ရှေ့သို့ထွက်ပြီး ကျောက်ယန်ယဲ့အား ဖိတ်ကြားလိုက်သည် “နတ်မိစ္ဆာဧကရာဇ်နဲ့ ဧကရီတို့ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး ကြိုဆိုပါတယ်”
ရှီရှောင်မိုသည် အိပ်ခန်းထဲတွင် ပျင်းရိနေရာမှ သတင်းကြားပြီးနောက် အမြန်ရောက်လာသည်။ သူမသည် အမျိုးသမီးအဝတ်အစားဝတ်ဆင်ထားပြီး အမျိုးသမီးအဝတ်အစားဝတ်ဆင်ထားသည့် ပေထင်းဟွမ်ကိုမြင်သောအခါ အတန်ကြာသည်အထိ မှင်တက်နေလေသည်။ သူမ၏နှစ်မြွှာအသည်းမှာလည်း ကြီးမားလွန်းသည်။ သူမသည် ရှေ့တိုးကာ ယန်ယဲ့၏ရင်ခွင်ထဲမှ ပေထင်းဟွမ် အားဆိတ်လိုက်သည် “ညီအစ်ကို နောက်ဆုံးတော့ မင်းငါ့ကိုလာတွေ့ပြီပဲ”
ညီအစ်ကို... နာမည်လေးပြောင်းလို့မရဘူးလား။ စူးမို မျက်မှောင်ကြုတ် လိုက်သည်။
လုဟန်ရှောင်သည် ရယ်မောကာ ခေါင်းကိုဖြည်းဖြည်းချင်း ခါယမ်းလေ သည် “ဒီကလေးနှစ်ယောက်ကတော့”
သူတို့၏မျက်လုံးများထဲတွင် သူမသည် ကလေးတစ်ယောက်ဖြစ်နေ သည်။ ပေထင်းဟွမ်သည် အနည်းငယ်ရှက်ရွံ့မိသည်။ သို့သော် သူတို့သည် သူမ ထက်စောစီးစွာ ၃၃ ကောင်းကင်ဘုံသို့လာခဲ့သည်ကို တွေးမိပြန်သည်။ တခြား ကမ္ဘာမှအချိန်စီးဆင်းမှုသည် မတူညီကြပေ။ သူမသည် ရှင်းရှင်းလင်းလင်းမသိ နိုင်ပေ။ ထို့ကြောင့် ဝါစဉ်ကိစ္စကိုတွက်မနေတော့ပေ။
“မန္တလာမြေကိုရောက်ပြီးပြီလား၊ ငါ့အစ်ကိုကိုတွေ့လား၊ သူဘယ်လိုနေ လဲ” ရှီရှောင်မိုသည် များစွာသောမေးခွန်းကို တစ်ခုပြီးတစ်ခုမေးလေသည်။
စူးမိုနှင့်တခြားသူများသည်လည်း အလွန်စိုးရိမ်လျက်ရှိပြီး ပေထင်းဟွမ် အား ဝိုင်းကြည့်ကြလေသည်။
ပေထင်းဧွမ်သည် ရွေးချယ်စရာမရှိတော့ဘဲ ထပ်မံပြောပြရတော့သည် “သူက ထျန်းယွမ်တိုက်ကိုသွားမယ်လို့ပြောတယ်၊ သူ့ အလုပ်မပြီးခင်တော့ ၃၃ ကောင်းကင်ဘုံကိုပြန်မလာသေးဘူးတဲ့၊ သူ အဆင်ပြေပါတယ် သူ့ခွန်အားက မကြာခင် အဆင့်တက်တော့မှာ၊ အထွတ်အထိပ်အဆင့်ဖြစ်ဖို့ စိုးရိမ်ဖို့မလိုပါဘူး”