ကျုံကျူးမြို့၊ ဇာမဏီကိုးကောင်မြို့
Vol. 82 Ch. 1640
“ဟုတ်တယ် သခင်လေးမို ရှောင်မိုက လေဟာနယ်ရဲ့သားပဲ အဲဒါကြောင့် သူအဆင်ပြေမှာပါ” လုယောင်ဖုန်း နှစ်သိမ့်ပေးလေသည်။
ထိုအကြောင်းအားပြောလျှင် လုယောင်ဖုန်းနှင့် ရှီချန်းမိုတို့သည် တစ်ခေတ်ထဲမှလူများဖြစ်ကြသည်။ သို့သော် တစ်ယောက်သည် ပတ္တမြားကမ္ဘာ သို့အရင်ရောက်လာခြင်းဖြစ်ပြီး နောက်တစ်ယောက်သည် နောက်မှရောက်လာ ခဲ့သည်။
ရှီချန်းမိုသည် ရယ်မောကာ ရင်ထဲမှခံစားချက်များကို ရှင်းထုတ်လိုက် သည် “သူက ငါ့သားပဲ၊ သူ မွေးတုန်းက သူ အခြေချနိုင်ဖို့ မျှော်လင့်ခဲ့တာ၊ ဒါပေမဲ့ အခု သူအခြေကျသွားတော့လည်း ငါ စိုးရိမ်ပြန်ပြီ” သူသည် လက်ကို ဝေ့ယမ်းပြလေသည် “ဟုတ်ပြီ အဲအကြောင်းတွေ ရပ်လိုက်ကြတာပေါ့၊ နတ် မိစ္ဆာဧကရာဇ်နဲ့ ဧကရီတို့ကို ဒီကိုကိုယ်တိုင်ရောက်လာကြတာဆိုတော့ ဒီနေ့ ဒီမှာပဲနေပြီး ကောင်းကောင်းသောက်ကြတာပေါ့”
သူတို့အားလုံးသည် တရုတ်ပြည်မှလာခြင်းဖြစ်ရာ သေရည်စားပွဲတွင် စောင့်ထိန်းနေစရာမလိုပေ။ လုပေးပေးနှင့် လုဟန်ဟန်ပင်လျှင် သေရည်စားပွဲ တွင် ဆူဆူညံညံ လာထိုင်ကြသည်။ သို့သော် သူတို့အားလုံးသည် ကောင်းမွန်စွာ ပြုမူနေသည်မှာ သွန်သင်ထားသည့်ကလေးပုံစံပေါက်သည်။
ပေထင်းဟွမ်သည် သည်းခံပြီးရင်း သည်းခံရင်းနှင့် မေးလိုက်သည် “ဧကရာဇ်မို ရှင့်ကို တစ်ယောက်ယောက်လာရှာသေးလား”
ထူးဆန်းသောမေးခွန်းဖြစ်သော်လည်း ပေထင်းဟွမ်၏သရုပ်မှန်ကို တွေးပြီးနောက် ရှီချန်းမိုသည် နားလည်သဖြင့် ခေါင်းခါလိုက်သည် “လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်မှာ မြူခိုးမြေအပြင် ကျုံကျူးမြို့လို့ခေါ်တဲ့ အင်အားတစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့တယ်၊ ဒါပေမဲ့ ကျုံကျူးမြို့ကို ဟွမ်ကျို့မြို့ လို့ခေါ် တယ်ဆိုပြီး ကျုံကျူးမြို့ကလူတွေက တိုးတိုးတိတ်တိတ်ပြောကြတယ်”
ပင်မတိုက်မြို့၊ ဇာမဏီကိုးကောင်မြို့။
ပေထင်းဟွမ်သည် ဤနေရာတွင် မလွှမ်းမိုးနိုင်သော်လည်း ပင်မတိုက် ကြီးတွင် သူမ အမိန့်ကို မနာခံသူမည်သူရှိသနည်း။ ပေထင်းဟွမ်၏ရင်တစ်ခုလုံး ဝမ်းနည်းသွားသည်။ သူတို့သည် သူမလွမ်းဆွတ်နေရသည့် သူမ၏ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် သွေးအနီးဆုံးဆွေမျိုးများဖြစ်သည်။
ဆူးမိုသည် ထက်မြက်သူဖြစ်ရာ ပြုံးပြီး ပေထင်းဟွမ်၏ပန်းကန်လုံးထဲသို့ ဟင်းထည့်ပေးလေသည် “ရှောင်မို အဲဒီကိုတစ်ခါသွားပြီးသွားပြီ၊ မင်းရဲ့မိဘတွေ က မင်းအဘိုးနဲ့ ဆက်သွယ်ပြီးသွားပြီ၊ မင်းက မှော်အရင်းအမြစ်ကျောက်တုံး တွေ အများကြီးထည့်ပေးလိုက်တော့ သူတို့တွေ အချိန်တစ်ခုလောက်တော့ အဆင်ပြေကြတယ်၊ ပင်မတိုက်ကြီးက ရောင်ဝါက သိပ်မသန်မာပေမဲ့ ၃၃ ကောင်းကင်မှာတော့ ပေါများတယ်လေ၊ ပင်မတိုက်ကြီးထက် အဆပေါင်း ဘယ်လောက်ထူလဲတော့မသိဘူး၊ သူတို့တွေ ဒီကိုလာပြီးတော့ အလားအလာ ကောင်းတွေကို ပြသပေးခဲ့ကြတယ်၊ အခု မင်းအဘိုးနဲ့တခြားသူတွေက အထွတ်အထိပ်တွေဖြစ်နေကြပြီ၊ ကျုံကျူးမြို့က တစ်ခါတည်းနဲ့ အထွတ်အထိပ် ၆ ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်”
အထွတ်အထိပ်ဟုတ်လား၊ ၃၃ ကောင်းကင်ဘုံ၌ပင် အထွတ်အထိပ် အဆင့်သည် အလွန်အားကောင်းသော တည်ရှိမှုပင်ဖြစ်သည်။ မရေတွက်နိုင် သော သန်းချီသည့်လူများတွင် ကျင့်ကြံသူအရေအတွက်ကို မသိနိုင်ပေ။ အထွတ်အထိပ်ကြီးအဆင့်မှာ ၁၀ ယောက်သာရှိသည်။ ဧကရာဇ်နှစ်ဦးနှင့် ဧကရီရှောင်တို့ပင် အထွတ်အထိပ်အဆင့်သာရှိသေးသည်။
ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ အဘိုးနှင့်တခြားသူ များသည် ထိုမျှအားကောင်းလိမ့်မည်ဟု သူမ တကယ်ထင်မှတ်မထားပေ။ သူတို့ ပင်မတိုက်ကြီးသို့လာခဲ့စဉ်က နတ်ဘုရားမျှသာရှိသေးကာ ခွန်အားမှာ သူမထက်နိမ့်သည်။ ရက်အနည်းငယ်သာရှိသေးသည်မလား။
သေချာပေါက်ပင် ၃၃ ကောင်းကင်ဘုံ၏ အချိန်စီးဆင်းမှုသည် ပိုမြန်ဆန် ကာ အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်သည်ဟု ပြောနိုင်သည်။
လုယောင်ဖုန်းသည် ဟာသတစ်ခုလိုရယ်မောလေသည် “မင်းက မှော် အရင်းအမြစ်ကျောက်တုံးတွေ ဒီလောက်အများကြီးပေးလိုက်မှတော့ ၃၃ ကောင်းကင်ဘုံမှာကလေ မှော်အရင်းအမြစ်ကျောက်တုံးတွေရှိနေသရွေ့ ကြိုးစားရင် မြန်မြန်အဆင့်တက်မှာပဲ”
အစပိုင်းတွင် ပေထင်းဟွမ်သည် ကစဥ့်ကလျားနတ်ဘုရားကျမ်း၏ သားရဲထိန်းနည်းပညာကိုပါ ပြောပြခဲ့သည်။ နတ်မိစ္ဆာမှော်ကျောက်တုံးနှင့် သားရဲထိန်းနည်းပညာကိုတွဲဖက်လိုက်သော်လည်း အဆင့်တက်နှုန်းသည် မနှေးတော့ပေ။
ထိုသို့ဆိုလျှင်တောင် ပေထင်းဟွမ်သည် မှင်တက်နေတုန်းပင်။ အဘိုးနှင့် တခြားသူများသည် အလားအလာများကြသ်ည။
ရှီရှောင်မိုသည် ခေါင်းငုံ့ပြီး တိတ်တိတ်လေးစားသောက်နေကာ ခေတ္တမျှ ရယ်မောလေသည်။ တစ်ခါတစ်ခါ မေ့ပြီး စိုးရိမ်တတ်သလို တစ်ခါတရံ နားရွက် များရဲသွားတတ်သည်။ ပေထင်းဟွမ် သူမအား စကားပြောချိန်တွင် အကြိမ် ပေါင်းများစွာပြောဆိုပြီးနောက် သတိပြန်မဝင်သေးပေ။ စားပွဲတွင်ထိုင်နေကြ သော လူအားလုံးသည် သူမအားစိုက်ကြည့်ကြလေသည်။ ဤကောင်မလေး သည် စမ်းချောင်းကကိစ္စကို တွေးနေခြင်းဖြစ်လိမ့်မည်ဟု ပေထင်းဟွမ် ခံစားမိ သည်။
သူမ ယန်ယဲ့အကြောင်းတွေးမိစဉ်ကလည်း ယခုလိုဖြစ်ခဲ့သည်။
ဖြစ်နိုင်သည်မှာ... ပေထင်းဟွမ်သည် သူမအား တံတောင်ဖြင့်တွတ်လိုက် သည် “ရှောင်မို ငါ မင်းကိုပြောနေတာ၊ ငါ့အစ်ကိုကြီးနဲ့တခြားသူတွေက...”