← Chapters

#လက်စားချေတာလား!#

Vol. 47 Ch. 659

#လက်စားချေတာလား!#

Vol. 47 Ch. 659

သေမင်းဝိဉာဉ်မြို့ကသာ စမ်းသပ်မှုတခုဆိုပါက အပြင်ဘက်ကမြို့များက အပြင်လူတွေအတွက် ပထမဆုံးစမ်းသပ်မှု ဖြစ်ပေလိမ့်မည်။

အကယ်၍ဖြတ်ကျော်နိုင်ပါက သဲလွန်စတခုရနိုင်ပြီး လျှို့ဝှက်အမွေအနှစ်မြေထဲသို့ ၀င်ရန်အတွက် အလယ်ပိုင်းကို သွားနိုင်မည်ဖြစ်သည်။

‌မကျော်လွှားနိုင်ခြင်းက သေခြင်းပင်။

မြို့ပြင်ဘက်တွင် ဖိနှိပ်ခံထားရသည့် ဒီဝိဉာဉ်များက အပြင်လူများ ကျရှုံးပြီးနောက် မြို့ထဲက ဝိဉာဉ်အားလုံးကို ဝါးမြိူပြီး သူတို့ကိုယ်ခန္ဓာများကို သိမ်းယူပစ်သည်။ သူတို့ခွန်အားကို ပြန်ရလာပြီးနောက် ဒီကမ္ဘာကြီး၏ ကန့်သတ်ချက်များကို ချိုးဖျက်ကာ သေမင်းဝိဉာဉ်မြို့မှ လွတ်မြောက်သွားမည်ဖြစ်သည်။

လူတိုင်းက မမြင်ရသည့်လက်ကြီးတစ်ဖက်က ထိန်းချုပ်ထားသည့် ရုပ်သေးများပမာ။

သေမင်းဝိဉာဉ်မြို့ထဲက အရာအားလုံးကို ကြည့်ရှုသူအဖြစ် ထိန်းချုပ်ထားခြင်း!

ယဲ့ချိုးပိုင် သတင်းရပြီးနောက် မြို့ကနေ ထွက်လာခဲ့သည်။

အဖိုးအို၏ဝိဉာဉ်က ဒီမြို့ထဲသို့ နောက်ထပ်အပြင်လူတစ်ယောက် ၀င်လာတာကို စောင့်ရုံသာ တတ်နိုင်တော့သည်။

"ရှောင်ဟိုင်နဲ့ မုဖူရှန်းတို့မှာ ဘာမတော်တဆမှ မရှိစေဖို့ပဲ ငါမျှော်လင့်ပါတယ်.... မဟုတ်ဘူး"

ထိုနေရာတွင် ယဲ့ချိုးပိုင်ခေါင်းခါယမ်းကာ ရယ်မောလိုက်သည်။

"သူတို့နှစ်ယောက်ကြားမှာ အံ့ဩသင့်စရာတွေရှိမှာမဟုတ်ဘူး"

ယဲ့ချိုးပိုင်မျှော်လင့်ထားသည့်အတိုင်းပင် မုဖူရှန်းရှိသည့်မြို့၌ မုဖူရှန်း၏ သတိထားတတ်သည့်စရိုက်ဖြင့် သူက ယဲ့ချိုးပိုင်ထက် ပုံမမှန်မှုများကို ပိုမြန်မြန်ရှာတွေ့ခဲ့သည်။

ထို့နောက် သူကလည်းဆန့်ကျင်ဘက်လုပ်ဆောင်ကာ ရန်သူ၏ စိတ်ဝိဉာဉ်ကို ထောင်ချောက်ထဲပစ်ထည့်ပြီး အသုံး၀င်သည့် သတင်းအချက်အလက်အားလုံးကို ထုတ်ယူခဲ့သည်။

မှန်ပေသည်။

မုဖူရှန်း ပြိုင်ဘက်ကို အနားကပ်ရန်ပင် အခွင့်အလမ်းတခုမှ မပေးခဲ့ပါ။

တကယ်တမ်းတွင် မုဖူရှန်း အရေးပါသည့် သတင်းအချက်အလက်တခုကိုလည်း ထုတ်ယူခဲ့သည်။

၎င်းက ပြင်ပကျင့်ကြံသူကျရှုံးပြီးနောက် သူက ခန္ဓာလုယုခြင်းကိုကြုံရမည်။

အလောင်းကို လုယူသူက ယခုယူဆောင်ခံရသွားပြီဖြစ်သည့် အလောင်းကိုသယ်ကာ အမွေအနှစ်လျှို့ဝှက်မြေကိုသွားပြီး ကောင်းကင်ဘုံပစ္စည်းများနှင့် လောကီရတနာများကို တတ်နိုင်သမျှ ရှာဖွေမည်၊ သို့မဟုတ် တခြားသူများဆီကနေ ဆေးများရရန် သူတို့အားသတ်ပြီး ဒါကို ဆက်လုပ်၍ရသည်။ ထို့နောက် ခွန်အားကို ပြန်လည်ဖြည့်ဆည်းကာ သေမင်းဝိဉာဉ်မြို့က ထွက်သွားနိုင်သည်။

တစ်နည်းပြောရပါက သူတို့က အကြွင်းမဲ့မသေချာသရွေ့ မည်သူ့ကိုမှ ယုံ၍မရပေ။

‌ရှောင်ဟိုင်ကျတော့ရော!

တဘက်လူက သူ့အသိစိတ်ပင်လယ်ထဲ ၀င်သွားသော်လည်း ၀င်လိုက်သည့်အခိုက်အတန့်၌ ရှောင်ဟိုင်၏ နတ်ဆိုးဘုရင်သွေးကြောကြောင့် ဖိနှိပ်ခံလိုက်ရသည်။

ထိုဝိဉာဉ်က သူ့ကိုသတင်းအချက်အလက်အားလုံးကို ပြောပြပြီး လွှတ်ပေးရန်အတွက် တောင်းဆိုခဲ့သည်။

ရှောင်ဟိုင်နှင့်မုဖူရှန်းတို့က သူတို့ကို ရှင်ကျန်စေရန်အတွက် နည်းလမ်းလေးတခုပင် မပေးခဲ့ကြပါ။

သုံးယောက်လုံးက သေမင်းဝိဉာဉ်မြို့အပြင်က စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ကြသော်လည်း ဒါက တခြားသူများလည်း ကျော်လွှားနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်။

ဥပမာအားဖြင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ကျွင်းကျိတုံဖြစ်သည်။

နောက်ထပ်ဥပမာက မြင့်မြတ်အဆောင်ဂိုဏ်းက နင်းရှီဖြစ်သည်။

တခြားဖြစ်ရပ်များလည်း များစွာရှိခဲ့သည်။

သေမင်းဝိဉာဉ်မြို့အပြင်တွင် သူတို့၏ ဂိုဏ်းအသီးသီး၌ ဝိဉာဉ်တုံကင်များက ကြေမွသွားကြ၏။

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က ကွဲပြားသည့်နေရာများတွင် ရှိနေကြစဉ် တချိန်တည်းမှာပင် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။

ထိုနေရာ၌ ကောင်းကင်နှင့်မြေကြီးထိ ရောက်သည့် ကျောက်တိုင်ကြီးများရှိပြီး ဧရာမကြယ်ရောင်များနှင့် ပေါက်ကွဲနေသည်။

ထိုကြယ်များ၏အလင်းကလည်း ပေါက်ကွဲမှုအပြီးတွင် နေရာတိုင်းသို့ ရောက်သွားကြသည်။

ကျောက်တိုင်၏ စည်းတံဆိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

ဒါကတစ်ယောက်ယောက်က ခန္ဓာလုယက်သူတစ်ယောက်နှင့် တွေ့ကြုံရပြီး ကျောက်တိုင်ပေါ်က တံဆိပ်ကို ဖွင့်လှစ်လိုက်ပြီဟု ဆိုလိုနေတာကို သူတို့သိကြပါသည်။

မုဖူရှန်းအနည်းငယ် ခေါင်းခါယမ်းရင်း သက်ပြင်းချသည်။

"ငါတို့ပေါ့ဆမိသွားတယ်၊ ငါတို့ဒီနေရာကို မလာခဲ့သင့်ဘူး"

"တစ်ယောက်ယောက်ရဲ့ခြယ်လှယ်ခြင်းကို ခံရပြီး အဲဒီလူရဲ့လမ်းကြောင်းအတိုင်း လိုက်ပါလုပ်ဆောင်ရတဲ့ ခံစားချက်က တကယ်ကို မလုံခြုံဘူး"

"ငါလုံလုံလောက်လောက် သတိမထားနိုင်သေးဘူး....အချိန်ကျလာတဲ့အခါကျရင် ငါဆရာ့ဆီကနေ ပိုသင်ယူဖို့လိုတယ်"

သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်ကို တွေးမိသွားသောအခါ မုဖူရှန်း အကူအညီမဲ့စွာ ထပ်မံခေါင်းကုတ်လိုက်ပြန်သည်။

"ငါဆရာ့ကို အစ်ကိုကြီးနဲ့အစ်ကိုရှောင်ဟိုင်ကို သင်ခန်းစာတခုပေးရမယ်၊ မဟုတ်ဘူးဆိုရင် တခါတရံ အန္တရာယ်ရှိတယ်လို့ ခံစားနေရတာတောင် ဒီအစ်ကိုနှစ်ယောက်နောက်က ငါလိုက်နေရတယ်၊ အနားယူရမယ်"

ထို့အခိုက်အတန့်၌ မုဖူရှန်း ဒါက အရမ်းခက်ခဲသလို ခံစားလိုက်ရပြီး ဆရာ၏ခံစားချက်များကိုလည်း နက်ရှိုင်းစွာ နားလည်လာခဲ့သည်။

သို့စေကာမူ သူတို့၀င်လာပြီးဖြစ်လေရာ သူတို့ရှေ့က စမ်းသပ်မှုကို ပြီးအောင်လုပ်ပြီး ကျန်တဲ့သူတွေနှင့် တွေ့ဆုံခြင်းက ပိုကောင်းသည်။

သေမင်းဝိဉာဉ်မြို့တွင် နေ့နှင့်ည အလှည့်အပြောင်းဟူ၍မရှိပါ။

သေမင်းဝိဉာဉ်မြို့ပေါ်က ကြယ်တာယာ နဂါးငွေ့တမ်းကသာလျှင် အပေါ်၌ ချိတ်ဆွဲနေပြီး တောက်ပသည့်အလင်းရောင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။

တစ်ရက်အကြာတွင် ယဲ့ချိုးပိုင် ဝိဉာဉ်အမှတ်အသားအတိုင်း လိုက်လာပြီး တောင်ကြားတခုသို့ ရောက်လာသည်။

တောင်ကြားနှစ်ဘက်စလုံးတွင် ဆက်တိုက်တောင်တန်းများရှိပြီး အလယ်တွင် တိတ်ဆိတ်သည့်လမ်းတစ်လမ်းရှိသည်။

လမ်းဘေးနှစ်ဘက်စလုံးတွင် ဓားနှင့်ပုဆိန်များဖြင့် ထွင်းထုထားသော အလွန်ချောမွတ်သည့် ချောက်ကမ်းပါးများရှိသည်။

ဒီချောက်ကမ်းပါးတဝိုက်၌ မပြတ်သားသည့် လွှမ်းမိုးနိုင်စွမ်းရှိသော ဓားဆန္ဒတခုရှိသည်။

ထိုဓားဆန္ဒကို ခံစားမိရုံနှင့် ယဲ့ချိုးပိုင် လန်းဆန်းသွားရသည်။

ဒါက ဓားအင်မော်တယ်နယ်ပယ်ဓားဆန္ဒပေတည်း။

ဒီဓားပညာအမွေအနှစ်ပိုင်ရှင်က သူ့အတိတ်ဘ၀က ဓားအင်မော်တယ်တစ်ယောက်ဆိုတာ သေချာသည်။

သို့စေကာမူ တိတ်ဆိတ်သည့်လမ်းရှေ့တွင် ဓားက ထုတ်လွှတ်ထားသည့် အတားအဆီးတခုရှိပြီး လမ်းကိုပိတ်ဆို့ထားသည်။

ဒီအတားအဆီးကို ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားဖြင့် သူဝိဉာဉ်စွမ်းအင်ကို စီးဆင်းစေပြီး ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်နှင့်အတူ ရှေးဦးမူလဓားကျမ်း၏ တတိယဓားချက်ကို အသုံးပြုလျှင်ပင် ချိုးဖျက်နိုင်မည်မဟုတ်။

ကောင်းကင်အင်မော်တယ်နယ်ပယ် ဒါမှမဟုတ် အထက်အဆင့်ကလူတွေပဲ ဒီအတားအဆီးကို ချိုးဖျက်နိုင်လိမ့်မယ်!

ယဲ့ချိုးပိုင်တွေးလိုက်မိသည်။

အကယ်၍ ဒါကသာ တကယ့်စမ်းသပ်မှုတခုဆိုပါက မပြီးမြောက်သေးသည့် မေးခွန်းတခုကို ဖြေရန်ဟူသည် မဖြစ်နိုင်ပေ။

တစ်နည်းပြောရပါက အတားအဆီးကို မဖွင့်လှစ်သေးခင် အခြေအနေတချို့ရှိရပေမည်။

ဒါမှမဟုတ် သူတို့က တိကျသေချာသည့် နေ့တစ်နေ့ကို စောင့်ရမည်။

သို့မဟုတ် ဒီနေရာ၌ ဒီထက်လူပို၍ရှိဖို့ လိုအပ်တာလည်းဖြစ်နိုင်သည်။

ယဲ့ချိုးပိုင် လက်ထဲက ဝိဉာဉ်အမှတ်အသားကို အတားအဆီးနှင့် ပိုနီးကပ်အောင် ယူဆောင်ကာ ကြိုးစားသည်။

ထိုအခိုက်အတန့်၌ အတားအဆီး၏ခွန်အားက အနည်းငယ်အားနည်းသွားပုံရသည်။

အဆင်ပြေပြီ!

သူတခြားသူများကို စောင့်ဆိုင်းရပေမည်။

ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင် အလျင်မလိုဘဲ မြေပေါ်၌ တင်ပလ္လင်ခွေထိုင်ကာ ချောက်ကမ်းပါးကနေ ထုတ်လွှတ်နေသည့် ဓားဆန္ဒကို နားလည်သဘောပေါက်ရန် ကြိုးစားသည်။

ထို့နောက် ယဲ့ချိုးပိုင် အကြာကြီးစောင့်နေစရာမလိုဘဲ လူများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။

ယဲ့ချိုးပိုင်ရောက်လာပြီး အမွေးတိုင်တစ်တိုင်စာမျှအကြာတွင် ဒုတိယတစ်ယောက်ရောက်လာသည်။

သူက အနက်ရောင်ဆံပင်ရှည်ကို မြေကြီးပေါ်ကနေ ဆွဲလာနေသည့် အဖြူရောင်၀တ်စုံရှင်တစ်ဦးဖြစ်ပြီး လက်မောင်းထဲတွင် ဗျပ်စောင်းတခုကို ကိုင်ထားသည်။

ယဲ့ချိုးပိုင်ကိုမြင်သောအခါ အဖြူ၀တ်လူကမေးသည်။

"မင်းကအရမ်းမြန်တာပဲ၊ ဘယ်ကလာတာလဲ"

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း" တခဏမျှစဉ်းစားပြီးနောက် ယဲ့ချိုးပိုင် ဖြေလိုက်သည်။

သူသေမင်းဝိဉာဉ်မြို့ထဲသို့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကိုယ်စား ၀င်ခဲ့တာလို့ ပြောတာကလည်း မှန်ပါသည်။

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း!

လဲ့ကျန်းချီ ထိုစကားလုံးများကို ကြားသောအခါ မူလတုံးတိတိဖြစ်နေသည့် မျက်နှာက ချက်ချင်းအေးစက်သွား၏။

"မင်းအမွေအနှစ်ကို ရမှာမဟုတ်ဘူး"

ယဲ့ချိုးပိုင်အနည်းငယ် မျက်ခုံးပင့်လိုက်မိပြီး သူ့မျက်နှာက ပြောင်းလဲနေသည်။

ဒီကောင့်မှာ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနဲ့ ရန်ငြိုးရှိတာလား!

"ဒါကမင်းစွမ်းရည်အပေါ် မူတည်တယ်"

လဲ့ကျန်းချီ ယဲ့ချိုးပိုင်ရှေ့ ခြေလှမ်းတ၀က်အကွာတွင်ရပ်ပြီး တောင်ကြားကိုကြည့်ကာ အေးစက်စွာပြောသည်။

"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းသားတွေက ငါနဲ့ယှဉ်ပြိုင်ဖို့အတွက် မလုံလောက်ဘူး"

ရန်ငြိုးတခုတကယ်ရှိပုံရသည်။

ယဲ့ချိုးပိုင်အနည်းငယ်သိချင်မိသွားသည်။

ငါမ၀င်ခင်က ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက နှိမ့်ချပြီး နေခဲ့တာမလား!

သူတို့က လျှို့ဝှက်နယ်မြေတချို့၏ အရင်းအမြစ်များအတွက်ပင် တက်ကြွစွာ မယှဉ်ပြိုင်ခဲ့ကြပေ။ ဘာလို့ သူ့ရှေ့က ဗျပ်စောင်းကိုင်ထားသည့် အဖြူ၀တ်လူက သူတို့အပေါ် ဒီလောက် မကျေမနပ်ဖြစ်နေရလေသနည်း။

ယဲ့ချိုးပိုင် ဘာမှမတွေးတောနိုင်တော့သဖြင့် လျစ်လျူရှုလိုက်တော့သည်။

ထို့နောက် သူတို့နှစ်ယောက်အကြား နောက်ထပ်စကားပြောဆိုမှု မရှိတော့ပါ။

နောက်တစ်ရက်ကုန်ဆုံးသွားပြီးနောက် နောက်ထပ်လူခုနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ အားလုံးက ဓားသမားများဖြစ်ကြသည်။

ယဲ့ချိုးပိုင်အပါအ၀င် လူကိုးယောက်က အတားအဆီးသို့ ရောက်လာစဉ် ဝိဉာဉ်အမှတ်အသားက တုန်ခါလာပြီး အလိုအလျောက် မြောလွင့်သွားကာ အတားအဆီးပေါ်သို့ သူ့ကိုယ်သူထိုးစိုက်သွား၏။

အတားအဆီးက ဖြည်းဖြည်းချင်းစတင် ပျောက်ကွယ်လာသည်။

အပိုင်း(660) coming။

All Chapters