#သံသယ#
Vol. 47 Ch. 660
အတားအဆီး၏အသက်၀င်မှုက ယဲ့ချိုးပိုင်၏ ခန့်မှန်းချက် မှန်ကန်သည်ဟု ဆိုလိုနေခြင်းပင်။
လူတိုင်းရောက်လာသည်နှင့်တပြိုင် သူတို့က ဒီအမွေအနှစ်လျှို့ဝှက်မြေကို ဖွင့်လှစ်နိုင်မည်ဖြစ်သည်။
ဒါကလည်း ယဲ့ချိုးပိုင်၏ အတွေးများကို အတည်ပြုစေသည်။
သေမင်းဝိဉာဉ်မြို့က လူလုပ်လေ့ကျင့်မြေတခုဖြစ်သည်။
ဒီကအခြေအနေကို ဘယ်သူမှ မစုံစမ်းထားဘူးဆိုပါက ဥပမာအားဖြင့် အမွေခံမြေကို ဖွင့်ရန်အတွက် ဝိဉာဉ်အမှတ်အသားဆယ်ခု ဆိုသော်လည်း ကိုးယောက်သာလျှင် ဖြတ်သွားနိုင်လေရာ ဝိဉာဉ်အမှတ်အသား ကိုးခုသာရှိတော့သဖြင့် ဒီလိုဆိုပါက ဖွင့်လို့မရတော့ဘူးဖြစ်သွားသည် မဟုတ်ပေလော။
ထို့ကြောင့် ဒီနေရာက အတားအဆီးကို ထိန်းချုပ်နေသည့် တစ်ယောက်ယောက် ရှိရပေမည်။ ပထမအဆင့်ဖြစ်သည့် မြို့အပြင်က စမ်းသပ်မှုကို ဖြတ်ကျော်နိုင်သည့် ကျင့်ကုံသူတိုင်း ဒီနေရာကို ရောက်လာပြီးမှသာ အတားအဆီးက ပွင့်မည်ဖြစ်သည်။
ယဲ့ချိုးပိုင် ကောင်းကင်အား ကန့်လန့်ဖြတ်ထားသည့် တောက်ပသော နဂါးငွေ့တန်းကြိ ကြည့်လိုက်မိသည်။
ဒီလိုကမ္ဘာမျိုးကို မည်သူကများ တည်ဆောက်နိုင်ခဲ့လေသနည်း!
ထိုစဉ် ရင်းနှီးနေသည့်အသံတစ်သံက ယဲ့ချိုးပိုင်အာရုံအား ဆွဲဆောင်သွားခဲ့သည်။
"အစ်ကိုယဲ့"
ယဲ့ချိုးပိုင်လှည့်လိုက်သောအခါ ကျွင်းကျိတုံက သူ့ဆီသို့ အံ့ဩသင့်နေသည့် အမူအရာဖြင့် လျှောက်လာတာကို တွေ့လိုက်ရသည်။
"ညီအစ်ကိုကျွင်း၊ ချူလန်နဲ့ချီပင်းတို့ရော"
ကျွင်းကျိတုံခေါင်းခါယမ်းသည်။
"ငါလည်းမသိဘူး၊ ဒါပေမယ့်မစိုးရိမ်ပါနဲ့၊ ငါတောင်မှ စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့တာပဲလေ၊ သူတို့နှစ်ယောက် သေချာပေါက် အဆင်ပြေမှာပါ၊ သူတို့ နောက်ထပ် အမွေအနှစ်လျှို့ဝှက်မြေတခုကို သွားခဲ့တာဖြစ်ရမယ်"
ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ခေါင်းညိတ်သည်။
သေမင်းဝိဉာဉ်မြို့တွင် အမွေအနှစ်လျှို့ဝှက်မြေအများကြီးရှိသဖြင့် ဓားတာအိုအမွေအနှစ် တစ်ခုထက်ပိုရှိတာက သဘာ၀ကျပါသည်။
သူတို့နှစ်ယောက်ပြောနေစဉ် တောင်ကြားရှေ့က ဓားဆန္ဒအတားအဆီးက လုံး၀ ပျောက်ကွယ်သွားခဲ့သည်။
ဒါပျံ့သွားသည်နှင့်တပြိုင်နက် တောင်ကြား၏ ဘေးနှစ်ဘက် ကျောက်နံရံများမှ အင်မော်တယ်ဓားဆန္ဒများက အချိန်ကြာကြာ ဖိနှိပ်ခံထားရသည့် သမိုင်းမတင်မီက ရက်စက်ကြုမ်းကြုတ်သည့်သားရဲများပမာ ယခုလှောင်အိမ်ထဲကနေ ထွက်မြောက်သွားသဖြင့် ယဲ့ချိုးပိုင်အပါအ၀င် လူကိုးယောက်ထဲသို့ ပေါက်ကွဲသွားသည့် မြစ်တစ်စင်းပမာ ၀င်လာပြီး မုန်တိုင်းထန်သည့် လှိုင်းများကို ဖန်တီးလေသည်။
ဒီနေရာကို ရောက်နိုင်သည့် မည်သည့်ဓားသမားမဆို သာမန်လူများမဟုတ်ပါ။
သူတို့လက်ထဲတွင် ဓားများကိုကိုင်ကာ ရပ်နေကြပြီး သူတို့ကျင့်ကြံခြင်းနှင့် ဓားဆန္ဒကို အစွမ်းကုန်ထုတ်လွှတ်ကာ ကိုယ့်ကိုကိုယ် လွှမ်းခြုံပစ်ကြသည်။
ဒီနေရာတွင် ယဲ့ချိုးပိုင်၏ကျင့်ကြံခြင်းနယ်ပယ်က အနိမ့်ဆုံးဖြစ်ပြီး ကျွင်းကျိတုံက အင်မော်တယ်တပိုင်းတ၀င်အဆင့်ဖြစ်သည်။
ကျန်ခုနှစ်ယောက်စလုံးက အင်မော်တယ်တပိုင်းနယ်ပယ်များဖြစ်ကြသည်။
သို့စေကာမူ ဒီအင်မော်တယ်ဓားဆန္ဒလှိုင်း၌ သက်ရောက်မှုတခုသာရှိပြီး မည်သည့် တိုက်ခိုက်ရေးစွမ်းအားကိုမှ မထုတ်လွှတ်ခဲ့ပေ။
အကယ်၍ ရန်လိုစိတ်သာရှိပါက လူအများစုက တောင်ကြောထဲသို့ မ၀င်နိုင်ခင်မှာပင် ဒီမှာ ထာ၀ရနေသွားရပေလိမ့်မည်။
ခဏတာပေါက်ကွဲပြီးနောက် ကြာရှည်စွာ ဖိနှိပ်ခံထားရသည့် ဓားဆန္ဒက တဖြည်းဖြည်းမှေးမှိန်သွားပြီး ဒီလျှို့ဝှက်နယ်မြေ၀န်းကျင်၌ စိမ့်၀င်သွားသည်။
တောင်ကြောက လမ်းကြောင်းလေးကလည်း လူတိုင်း၏အမြင်ရှေ့တွင် လုံး၀ပွင့်လာခဲ့သည်။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ မလှုပ်ရှားကြပါ။
သေမင်းဝိဉာဉ်မြို့၏ မြို့အပြင်ဘက်စမ်းသပ်မှုမှာပင် ဒီသေမင်းဝိဉာဉ်မြို့စမ်းသပ်မှုက ဘယ်လောက်ထိ အန္တရာယ်များမလဲဆိုတာ သူတို့ခန့်မှန်းခဲ့ကြပြီးဖြစ်သည်။
သတိထားခြင်းက ပုံမှန်သာ။
ထိုအချိန်တွင် တစ်ယောက်ယောက်က အေးစက်စွာပြောသည်။
"လဲ့ကျန်းချီ၊ မင်းဒီမှာရှိနေပြီဆိုမှတော့ ဘာလို့အရင်မစမ်းကြည့်ရတာလဲ"
လဲ့ကျန်းချီ!
ထိုနာမည်ကိုကြားသောအခါ တခြားသူများက အနည်းငယ်ထိတ်လန့်သွားကြ၏။
"သူအရမ်းရင်းနှီးပုံပေါ်နေတာ အံ့ဩသင့်စရာမရှိတော့ဘူး၊ သူဖြစ်နေတာကိုး"
"ငါဒါကိုအရင်ကတည်းက တွေ့ခဲ့သင့်တယ်၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးမှာ ဗျပ်စောင်းကိုင်တဲ့ ဓားသမားတစ်ယောက်ပဲရှိတယ်"
"သူတောင်မှ ဒီနေရာကိုရောက်လာပြီ.... အမွေအနှစ်လျှို့ဝှက်မြေက ဒီတခါ လွယ်မှာမဟုတ်တော့ဘူး"
ယဲ့ချိုးပိုင် ကျွင်းကျိတုံအားကြည့်ကာ မေးသည်။
"မင်းဒီလူကိုသိလား"
ကျွင်းကျိတုံ တစ်စုံတစ်ရာကို စဉ်းစားနေသည့်အလား အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
အသက်ရှုကြိမ်ရေအနည်းငယ်ကြာပြီးနောက် သူပြောလာသည်။
"ငါ့မှာသူ့အပေါ် ထင်မြင်ချက်နည်းနည်းရှိပုံပဲ၊ အရင်က ဆရာသူ့အကြောင်းကို ပြောဖူးတာဖြစ်ရမယ်"
"ဒီလူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက နှင်ထုတ်ခံရတဲ့တပည့်ဖြစ်ပုံရတယ်"
"အတိအကျဘာဖြစ်ခဲ့သလဲဆိုတာကိုတော့ ငါလည်းမသေချာဘူး"
ယဲ့ချိုးပိုင် ကျွင်းကျိတုံကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီးနောက် အနည်းငယ် ခေါင်းညိတ်သည်။
ဒီလိုဖြစ်ခဲ့မှတော့ လဲ့ကျန်းချီအဖို့ သူကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ဆိုတာကိုကြားသောအခါ အမုန်းတရားကို ပြသတာက ပုံမှန်သာ။
လဲ့ကျန်းချီလှည့်မကြည့်ဘဲ လက်နှစ်ဖက်စလုံးနှင့် ဗျပ်စောင်းကိုကိုင်ရင်း တည်ငြိမ်သည့်အသံဖြင့် ပြောသည်။
"စုဟောင်၊ ဒါကစုမိသားစုမဟုတ်ဘူး၊ မင်းရဲ့သခင်လေးစိတ်နေအသွင်ကို ထိန်းချုပ်လိုက်ပါဦး၊ မဟုတ်ဘူးဆိုရင် မင်းဒီနေရာမှာ သေသွားခဲ့ရရင် ဘယ်သူလုပ်သလဲဆိုတာ စုမိသားစုသိမှာမဟုတ်တော့ဘူး"
စုမိသားစု၀င်တစ်ယောက်လား!
ယဲ့ချိုးပိုင် ဘေးဘက်သို့ကြည့်လိုက်မိသည်။
ကြည့်ရသည်မှာ စုမုယောင်နှင့် စုမိသားစုက ကျန်သုံးယောက်ကလည်း မဟာပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့ကြသည့်သူများ ဟုတ်ပုံမရပေ။
သို့သော် ဒီအကြောင်းကို တွေးကြည့်ပါက ဒါကအဓိပ္ပာယ်ရှိပါသည်။
လူဦးရေကန့်သတ်ချက်မရှိသဖြင့် လူများလေ ပိုကောင်းလေလေမဟုတ်ပေလော။
ဒါကိုကြားသောအခါ စုဟောင်၏ မျက်နှာက ရုတ်ချည်းမည်းမှောင်သွားပြီး အတော်လေး ကြည့်ရဆိုးသွားသည်။
"မင်းရဲ့မောက်မာတဲ့စရိုက်က ဘယ်တော့မှမပြောင်းလဲဘူး၊ မင်ငါ့ကိုသတ်နိုင်မယ်လို့ ထင်တာလား"
"ကြိုးစားကြည့်လို့ရတယ်"
လဲ့ကျန်းချီ၏အမူအရာက တည်ငြိမ်နေသည်။ စကားပြောနေစဉ် သူ့လက်ချောင်းကို ဗျပ်စောင်းကြိုးများပေါ်၌ တင်ထားသည်။
သူကအချိန်မရွေး ကြိုးကိုဆွဲရန်အတွက် အဆင်သင့်ဖြစ်နေသည်။
လဲ့ကျန်းချီ၏လုပ်ရပ်များကို မြင်သောအခါ စုဟောင်၏အမူအရာကလည်း တင်းမာသွားသည်။
သူ့ခွန်အားကမဆိုးသလို သူကလည်း အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်ပြီးဖြစ်သော်လည်း အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည့် လဲ့ကျန်းချီကိုရင်ဆိုင်ဖို့ရန်အတွက် သူအားနည်းနေဆဲပါ။
"ဒီမှာငြင်းခုံနေစရာမလိုဘူး"
ရုတ်တရက် လူတစ်ယောက်က သူတို့ကြား၌ ရပ်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုအော်ရာကို ပိတ်ဆို့လိုက်သည်။
ခါး၌ဓားတစ်လက်လွယ်ထားသည့် ခန့်ညားသောလူငယ်က ခပ်ရေးရေးပြုံးသည်။
"ဘယ်လိုပဲဆိုဆို လျှို့ဝှက်နယ်မြေထဲမှာ သေချာပေါက်ပြိုင်ဆိုင်မှုရှိမှာပဲ၊ ဒီမှာ စွမ်းအင်ဖြုန်းတီးနေတာ ဘာအဓိပ္ပာယ်ရှိမှာလဲ"
လဲ့ကျန်းချီ နောက်ဆုံးတော့ ထိုကြော့ရှင်းသည့်လူငယ်ကို လှည့်ကြည့်လိုက်၏။
"ကောလု၊ စုဟောင်ရဲ့မိုက်မဲမှုနဲ့ ယှဉ်ရမယ်ဆိုရင် မင်းရဲ့ဟန်ဆောင်မှုကို ငါပိုမုန်းတီးတုန်းပဲ၊ အနည်းဆုံးတော့ သူက သူ့ရဲ့ မိုက်မဲမှုကို အရမ်းကြီးမဖုံးကွယ်နိုင်ဘူး"
စုဟောင်၏အမူအရာက ထပ်မံပြောင်းလဲသွားပြန်သည်။
တခြားတဘက်တွင် ကောလုက သူ့၏အပြုံးကို ထိန်းသိမ်းထားဆဲဖြစ်သည်။ လဲ့ကျန်းချီထိုစကားလုံးများကို ပြောသောအခါတွင်ပင် သူ့မျက်နှာ၌ အတက်အကျ အနည်းငယ်မျှပင်မရှိ။
ဒီလူကအတော်လေးပါးနပ်သည်။
ယဲ့ချိုးပိုင် ထိုကောလုအား စိုက်ကြည့်လိုက်မိသည်။
ကောလု လဲ့ကျန်းချီ၏လှောင်ပြောင်မှုကို အာရုံမစိုက်တော့ဘဲ ယင်းအစား လက်အစုံကို ဖြန့်လိုက်သည်။
"ဘယ်သူမှမသွားချင်ကြဘူးဆိုမှတော့ ငါတို့ဘာလို့လုပ်ရမှာလဲ၊ အနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်ရှိတဲ့လူက အရင်သွားပြီး လမ်းကိုစူးစမ်းရမယ်"
အနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်ရှိတဲ့လူ!
လူတိုင်းအနည်းငယ်စစ်ဆေးကြည့်ပြီးနောက် သူတို့အကြည့်များက ယဲ့ချိုးပိုင်ပေါ်သို့ ကျရောက်လာကြ၏။
ယဲ့ချိုးပိုင်ကသာလျှင် တစ်ဦးတည်းသော သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်ဖြစ်သည်။ သူ့နယ်ပယ်က တကယ်တော့ အနိမ့်ဆုံးဖြစ်သည်။
ကောလုက ယဲ့ချိုးပိုင်အား အပြုံးဖြင့်ကြည့်သည်။
"တာအိုမိတ်ဆွေလေး၊ မင်းဘယ်လိုထင်လဲ"
ယဲ့ချိုးပိုင်၏အမူအရာက တည်ငြိမ်နေပြီး မျက်ခုံးပင့်ကာ ကောလုအားပြန်ကြည့်သည်။
"ငါ့မှာငြင်းဖို့အတွက်ရော နေရာရှိလို့လား"
သူ့စကားလုံးများက ကျန်သောသူများကို သူ့အပေါ် ပြန်၍ အကြည့်ကျရောက်လာစေသည်။
အကယ်၍သူသာငြင်းပါက အများသူ၏ ဝေဖန်သည့်ပစ်မှတ်ဖြစ်လာပေလိမ့်မည်။
သူ့ရှေ့နှင့်နောက်တွင် တွင်းကြီးတစ်တွင်းရှိသည်။ သူ့ရှေ့တွင် အမည်မသိနယ်မြေတခုအား စူးစမ်းခြင်းဖြစ်ပြီး အန္တရာယ်နှင့် အခွင့်အလမ်းများက ယှဉ်တွဲတည်ရှိနေသည်။
သူ့နောက်တွင် တခြားသူများ၏ ၀န်းရံမှုဖြစ်သည်။
ယဲ့ချိုးပိုင်တဘက်ကိုသာ ရွေးချယ်နိုင်သည်။
ဒီနေရာကလူခုနှစ်ယောက်ကမူ အားလုံးက အင်မော်တယ်တပိုင်းများဖြစ်ကြသည်။ အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ငါးဦးနှင့် အလယ်အလတ်အဆင့်နှစ်ဦးတို့၏ ၀န်းရံမှုအောက်တွင် သူတို့ကသူ့ကို တိမ်ပြာဓားကို အတင်းဆွဲထုတ်စေလောက်သည်။
တိမ်ပြာဓားကိုဆွဲထုတ်ပြီးနောက်တွင် ယဲ့ချိုးပိုင် ကာလတခုကြာ အတော်လေး အားနည်းသည့် အခြေအနေတွင် ရှိနေပေလိမ့်မည်။
သူ့ရုပ်ခွန်အားဖြစ်စေ၊ ဝိဉာဉ်ချီဖြစ်စေ၊ ဝိဉာဉ်ဖြစ်စေ အကုန်အားနည်းသွားလိမ့်မည်။
ဒါကိုတွေးမိသောအခါ ယဲ့ချိုးပိုင်ပခုံးတွန့်ရင်း အင်မော်ဆယ်ဓားဆန္ဒဖြင့် ပြည့်နှက်နေသည့် တောင်ကြောသို့ လျှောက်သွားသည်။
ဒါကိုမြင်သောအခါ ကျွင်းကျိတုံတခဏမျှ တုံ့ဆိုင်းနေပြီးနောက် ယဲ့ချိုးပိုင်နောက်မှ လိုက်သွားသည်။
ဒီအကြောင်းနှင့်ပတ်သက်၍ မူလက ငြင်းဆန်ပစ်ချင်သည့် ယဲ့ချိုးပိုင်မှာ ရပ်လိုက်ပြီး ဘာမှမပြောခဲ့ဘဲ ကျွင်းကျိတုံကို နောက်လိုက်ခွင့်ပေးလိုက်သည်။
အပိုင်း(661) coming။