← Chapters

#အင်မော်တယ်ဓားပြုပြင်မွမ်းမံခြင်း#

Vol. 47 Ch. 661

#အင်မော်တယ်ဓားပြုပြင်မွမ်းမံခြင်း#

Vol. 47 Ch. 661

လူတိုင်း၏အကြည့်က လမ်းကြောင်းပေါ်သို့ လျှောက်သွားသည့် ယဲ့ချိုးပိုင်ပေါ်၌ ကျရောက်နေသည်။

တောင်ကြော ကြားလမ်းလေးက ထူးထူးခြားခြားပင် တိတ်ဆိတ်နေသည်။

သို့စေကာမူ တောင်ကြောဘေးနှစ်ဘက်ရှိ ချောက်ကမ်းပါးကနေ အဆက်မပြတ် ပျံ့နေသည့် အင်မော်တယ်ဓားဓားဆန္ဒက လမ်းကြောင်းအထက်၌ အသံမြည်ဟီးနေသည်။

ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်ရှေ့က လျှောက်သွားပြီး ကျွင်းကျိတုံနောက်ကနေ အနီးကပ်လိုက်ပါလာသည်။

သူတို့တောင်ကြောသို့၀င်လာစဉ် အခိုက်အတန့်၌ မြည်ဟီးနေသည့် အင်မော်တယ်ဓား ဓားဆန္ဒက ယဲ့ချိုးပိုင်နှင့် ကျွင်းကျင်တုံထံ တိုး၀င်လာသည်။ ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ရှေ့တလှမ်းတိုးပြီး ထွက်ပေါက်ဆီသို့ လျှပ်စီးပမာပြေးသွားသည်။

ကျွင်းကျိတုံ သူ့နောက်ကနေ အနီးကပ် အလိုက်သင့်လိုက်ပါလာသည်။

သူဘယ်လိုလုပ် လွှမ်းမိုးနေသည့်ဓားဆန္ဒကို အလွယ်တကူ ရှောင်ရှားနိုင်ရတာလဲ!

ဓားဆန္ဒမြည်ဟီးသံက ယဲ့ချိုးပိုင်နှင့် ကျတ်တစ်ယောက်နောက်မှ အင်းဆက်များပမာ လိုက်လာသည်။

ထို့နောက် နောက်ထပ်အင်မော်တယ်ဓား ဓားဆန္ဒများစွာက ကောင်းကင်ကနေ ခွဲထွက်ပြီး ယဲ့ချိုးပိုင်၏ လမ်းကြောင်းလေးခုကနေ ပိတ်ဆို့ပစ်သည်။

သူတို့အောက်တွင် ခိုင်မာသည့်မြေကြီးသာရှိသည်။

ဓားဆန္ဒက လေထဲတွင်ပြည့်နှက်နေသည်။

ဒါကရှောင်လွှဲ၍မရပေ။

ယဲ့ချိုးပိုင်ချက်ချင်းဆုံးဖြတ်ချက်ချပြီး ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ဆွဲထုတ်လိုက်၏။ ဓားပိုင်နက်က ချက်ချင်းပင်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်၌ ထူးကဲဓားဆန္ဒက အင်မော်တယ်ဓား ဓားဆန္ဒနှင့် ရုတ်ချည်းဆိုသလို ထိပ်တိုက်တွေ့ဆုံသွားရသည်။

"ထူးကဲဓားနိယာမလား၊ သူ့နယ်ပယ်က နိမ့်ကျပေမယ့် သူ့ဓားနိယာမနယ်ပယ်က လုံး၀မနိမ့်ကျဘူး...."

နောက်ကနေ စောင့်ကြည့်နေသည့် ဓားသမားတစ်ဦးကပြောသည်။

ကျန်တစ်ယောက်က အနည်းငယ် ခေါင်းခါယမ်းသည်။

"သူက ထူးကဲဓားတာအိုကို ရောက်နေရင်တောင် မသုံးမ၀င်ဘူးလေ၊ ဒါက အင်မော်တယ်နယ်ပယ်ဓားတာအိုပဲ၊ အင်မော်တယ်နဲ့ မော်တယ်ဆိုတာ ချောက်နက်တခုလိုပဲ၊ လုံး၀နှိုင်းယှဉ်လို့မရဘူး"

"ဒါပေမယ့်...ဒီလျှို့ဝှက်နယ်မြေရဲ့ ပထမအဆင့်ကို အင်မော်တယ်ဓားနဲ့ ဓားနိယာမက ကာကွယ်ထားတာဆိုရင် ဘယ်လို၀င်မလဲ"

"၀င်နိုင်ခဲ့ရင်တောင် နောက်အဆင့်တွေက ပထမအဆင့်ထက် ပိုအားကောင်းမှာ အသေအချာပဲ...."

သို့စေကာမူ ကောလုနှင့် လဲ့ကျန်းချီတို့က ဘာတခုမှမပြောကြဘဲ ယင်းအစား သူတို့မျက်လုံးများ၌ အတွေးနက်နေသည့် အကြည့်တခုသာရှိသည်။

တခြားတဘက်တွင် ဓားပိုင်နက်ထဲက ထူးကဲဓားဆန္ဒက ဘယ်လိုပင်ပိတ်ဆို့ထားပါစေ အင်မော်တယ်ဓား ဓားဆန္ဒ၏ ကျူးကျော်မှုကို မတားဆီးနိုင်ဘဲ ၎င်းက အဆက်မပြတ် တိုက်စားကာ ယဲ့ချိုးပိုင်နား ချဉ်းကပ်လာသည်။

ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

အကယ်၍ ဒီအင်မော်တယ်ဓား ဓားဆန္ဒတွင်သာ သတ်ဖြတ်မည့် ရည်ရွယ်ချက် တကယ်ရှိနေပါက မည်သူမှ ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

မြေအင်မော်တယ်နယ်ပယ်အောက်က မည်သူမှ အင်မော်တယ်ဓားတာအိုကို ခုခံနိုင်မည်မဟုတ်။

ဒီလိုဆိုရင် ဘာလို့ သေမင်းဝိဉာဉ်မြို့နောက်ကွယ်က လူတွေက မြေအင်မော်တယ်နယ်ပယ်အောက်က လူတွေပဲ ၀င်နိုင်မယ့် စည်းမျဉ်းကို ချမှတ်ခဲ့တာလဲ!

ဒါက ဘယ်သူမှ စမ်းသပ်မှုကို မအောင်မြင်နိုင်ဘူးလို့ ဆိုလိုတာမလား!

ဖြစ်နိုင်တာက.....

ရုတ်တရက် ယဲ့ချိုးပိုင် လူတိုင်း၏ ဝေခွဲမရဖြစ်နေသည့် အကြည့်များအောက်တွင် ဓားပိုင်နက်ကို ကိုယ်ထဲသို့ ပြန်သိမ်းယူလိုက်၏။

သူ အင်မော်တယ်ဓားဆန္ဒကို သူ့အား တိုက်ခိုက်ခွင့်ပြုလိုက်သည်။

"မင်းလက်လျှော့လိုက်တာလား"

"ဒါပေမယ့်မှန်ပါတယ်လေ၊ ဘယ်သူမှ အင်မော်တယ်ဓား ဓားဆန္ဒကို ခုခံနိုင်တာမှ မဟုတ်တာ"

"ဟူးး၊ ဒီအမွေကို လက်လျှော့လိုက်ရုံပဲပေါ့"

ကောလု ရုတ်တရက် ရှေ့တလှမ်းတိုးပြီး သူ့အပြုံးက အနည်းငယ်မှိန်သွား၏။

"ဒါမမှန်ဘူး"

လဲ့ကျန်းချီ၏တည်ငြိမ်နေသည့် မျက်လုံးများကလည်း အနည်းငယ် ပြူးကျယ်သွားသည်။

တောင်ကြားက လမ်းကြောင်းလေး၌ ယဲ့ချိုးပိုင်က ကျူးကျော်လာသည့် အင်မော်တယ်ဓား ဓားဆန္ဒကြောင့် တိုက်ရိုက် ကြေမွသွားခြင်းမရှိပါ။

အင်မော်တယ်ဓားများနှင့်ဓားဆန္ဒက သူ့ကို ၀န်းရံနေကြသည်။

သို့စေကာမူ သူ့ခန္ဒာက လုံး၀ထိခိုက်ခြင်းမရှိသလို သူ့အပြာရောင်၀တ်ရုံတွင်ပင် အကွဲရာများ၊ အကွဲကြောင်းများမရှိပါ။

သို့သော် ယဲ့ချိုးပိုင်၏အမူအရာက အနည်းငယ်ခက်ထန်နေပုံရသည်။

"ဓားဆန္ဒခန္ဓာပြုပြင်ခြင်း"

စုမိသားစု၀င်တစ်ဦးတဖြစ်လဲ စုဟောင်က မောက်မာပြီး မာနကြီးသော်လည်း သူ့ဆင်ခြင်တုံတရားက သာမန်လူတွေထက် ပိုမြင့်မားသည်။

ဒါကိုမြင်သောအခါ ကောလုနှင့် လဲ့ကျန်းချီတို့ကလည်း တချိန်တည်းတွင် ထွက်လာပြီး တောင်ကြောသို့ လျှောက်သွားကြ၏။

မှန်ပေသည်။ ဒီအင်မော်တယ်ဓား ဓားဆန္ဒက သေစေလောက်ခြင်းမဟုတ်ဘဲ သည်းခံနိုင်သူ၏ကိုယ်ခန္ဓာကိုသာ ပြုပြင်ပေးခြင်းဖြစ်သည်။

ခန္ဓာပြုပြင်ခြင်းအဆင့်ကို ဖြတ်ကျော်နိုင်သရွေ့ ပထမအဆင့်ကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ တချိန်တည်းမှာပင် ဒါက ကျင့်ကြံမှုအတွက်လည်း အကြီးအမား အကျိုးရှိပေသည်။

ခြွင်းချက်ကတော့ အင်မော်တယ်ဓား ဓားဆန္ဒ၏ ခန္ဓာပြုပြင်ခြင်းက ဘယ်လိုလုပ် ဒီလောက်လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်မည်နည်း။

ဥပမာအားဖြင့် လက်ရှိယဲ့ချိုးပိုင်ဖြစ်သည်။

အလွန်အမင်းထက်ရှသည့်ဓားတစ်လကါက သူ့ရိုးတွင်းခြင်ဆီ၊ မရီဒျန်များ၊ သွေးကြောများ၊ ဒန်တျန်၊ ကြွက်သားများနှင့် အရေပြားကို အဆက်မပြတ် ဖျက်ဆီးနေသည်ဟု ယဲ့ချိုးပိုင်ခံစားနေရသည်။

‌ဒါက မရေမတွက်နိုင်လောက်သည့် ပါးလွှာသောအပ်များက အဆက်မပြတ် ထိုးဖောက်နေသည့်အလားပင်။

သူ့အသိစိတ်ပင်လယ်ပင်လျှင် အဆက်မပြတ် တုန်ခါနေသည်။

သို့စေကာမူ ကိုယ်ခန္ဓာအတွင်းပိုင်းတစ်ရှူးများဖျက်ဆီးခံရပြီးနောက် ၎င်းတို့က စတင်ပြန်လည်ကောင်းမွန်လာကြသည်။

ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူ့ခန္ဓာက ပို၍ပင်ကောင်းမွန်လာမည်ဖြစ်သည်။

ဒါက သာမန်လူများကြံ့ကြံ့မခံနိုင်သည့် နာကျင်မှုမျိုးပေတည်း။

အမွေးတိုင်တစ်တိုင်စာကြာပြီးနောက် လူနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ဆုတ်ခွာကာ ဖြူရော်နေသောမျက်နှာများနှင့် တောင်ကြောမှ ထွက်လာကြသည်။

အလားတူပင် သူတို့က ဒီအမွေအနှစ် လျှို့ဝှက်မြေသို့ ၀င်ရန် အခွင့်အလမ်းကို ဆုံးရှုံးလိုက်ကြရသည်။

နောက်ထပ်နှစ်နာရီကြာပြီးနောက် ယဲ့ချိုးပိုင်၏ကိုယ်က ရုတ်တရက်ပေါ့ပါးလာသည်။

အလွန်အမင်းထက်ရှသည့်အင်မော်တယ်ဓား ဓားဆန္ဒက ယဲ့ချိုးပိုင်ကိုယ်မှ ပျောက်ကွယ်သွား၏။

လမ်းကြောင်းအထက်က ဓားဆန္ဒက ယဲ့ချိုးပိုင်ကို ထပ်မံတိုက်ခိုက်ခြင်းမရှိတော့။

သူဖြတ်ကျော်သွားနိုင်ခြင်းဖြစ်ရပေမည်။

ယဲ့ချိုးပိုင်၏တကိုယ်လုံးက နာကျင်နေသေးသော်လည်း သူလက်သီးကျစ်ကျစ် ဆုပ်လိုက်သည်။

သို့စေကာမူ သူ့ရုပ်ခန္ဓာက သိသိသာသာပင် တိုးတက်လာခဲ့သည်။

သူ့နယ်ပယ်ကလည်းပို၍ပင် တည်ငြိမ်လာသည်။ သူ့မရီဒျန်များကိုပင် ချဲ့နိုင်ခဲ့ပြီး သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်ဆီသို့ ခြေတလှမ်းလှမ်းနိုင်ခဲ့သည်။

ယဲ့ချိုးပိုင် ရှေ့ဆက်ရန် အလျင်စလိုမဖြစ်ဘဲ ယင်းအစား မနီးမဝေးတနေရာကနေ လဲ့ကျန်းချီနှင့် ကျန်သောသူများကို ကြည့်နေသည်။

ထိုအခိုက်အတန့်၌ ဓားဆန္ဒခန္ဓာပြုပြင်ခြင်းကို ဖြတ်သန်းနေသည့် လူငါးယောက်ရှိနေပါသေးသည်။

တစ်နည်းအားဖြင့် သူတို့ထဲက သုံးယောက်က ခန္ဓာပြုပြင်ခြင်း၏ နာကျင်မှုကို မခံနိုင်တော့ဘဲ သူတို့ဘာသာ နောက်ဆုတ်သွားခဲ့ကြသည်။

တခြားတဘက်တွင် လဲ့ကျန်းချီ၏ အမူအရာက တည်ငြိမ်နေပုံရသော်လည်း သူ့မျက်လုံး‌ထောင့်စွန်းမှ တုန်ယင်နေသည့်အကြည့်က သူခံစားနေရသည့် နာကျင်မှုကို ကိုယ်စားပြုသည်။

ကောလုကလည်း အတူတူပင်။

တခြားတဘက်တွင် စုဟောင်က တစ်ခါတစ်ရံ အော်ဟစ်နေသော်လည်း သူဇွဲရှိနေဆဲပင်။

စုမိသားစုက သီးသန့်နေထိုင်သည့် မိသားစုတခုဖြစ်ပြီး စုဟောင်ကလည်း မဆိုးပေ။

သို့စေကာမူ ယဲ့ချိုးပိုင် ဒီသုံးယောက်အပေါ် အရမ်းကြီးအာရုံမစိုက်ထားချင်ပေ။

သူဒီမှာရှိနေရသည့်အကြောင်းရင်းက ကျွင်းကျိတုံဖြတ်ကျော်နိုင်မလားဆိုတာ မြင်ချင်သောကြောင့်‌ပင်။

ကျွင်းကျိတုံက သူနှင့်သုံးမီတာအဝေးတွင် ရှိသည်။

သို့စေကာမူ သူ့မျက်နှာက လုံး၀ခက်ထန်နေပုံမပေါ်ဘဲ မျက်နှာပေါ်က ကြွက်သားများကသာ တစ်ခါတစ်ရံ ရှုံ့တွသွားတတ်သည်။

သူကတခြားသူတွေထက် ပိုပြီး အေးဆေးတည်ငြိမ်ပုံပဲ!

ယဲ့ချိုးပိုင်မပျော်တော့ဘဲ ယင်းအစား တင်းကြပ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

ဒီကျွင်းကျိတုံက တကယ်ပဲ ဒီလောက် အားကောင်းတာလား!

ဓားတာအိုနယ်ပယ်ဖြစ်စေ ကျင့်ကြံခြင်းနယ်ပယ်ဖြစ်စေ၊ သူက လဲ့ကျန်းချီနှင့် ကျန်သောသူများထက် အများကြီးနိမ့်ကျသည်။

သို့စေကာမူ သူ့နာကျင်မှုက တခြားသူများထက် ပိုသက်သာနေပုံရသည်။

ဒါမှမဟုတ် ကျွင်းကျိတုံရဲ့စိတ်စွမ်းအားက တခြားသူအားလုံးထက် ထူးခြားတာလား!

များမကြာမီမှာပင် ကျွင်းကျိတုံကိုယ်ထဲက အင်မော်တယ်ဓား ဓားဆန္ဒကလည်း ပျောက်ကွယ်သွားသည်။

ယဲ့ချိုးပိုင်၏အကြည့်ကို ခံစားမိသဖြင့် သူ့မျက်နှာက ဖြူရော်သွား၏။

"အစ်ကိုယဲ့၊ မင်းလည်းဖြတ်ကျော်နိုင်ခဲ့တာပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ငါကကံကောင်းခဲ့တာပါ၊ ဒါပေမယ့် မင်း ဒီအတောအတွင်း အတော်လေး တိုးတက်လာပုံပဲ"

အလင်းတန်းတချက်က ကျွင်းကျိတုံ၏ မျက်လုံးအစုံ၌ ဖြတ်သန်းသွားပြီးနောက် ခါးသီးစွာပြုံးသည်။

"ဘာတိုးတက်မှုလဲ၊ ငါ့ပါရမီက မင်းတို့ထက် နိမ့်ကျတယ်လေ၊ ဒီတော့ ငါအံကြိတ်ထားရုံပဲတတ်နိုင်တာပေါ့၊ မဟုတ်ဘူးဆိုရင် ငါမင်းတို့နဲ့ ဘေးချင်းယှဉ်ပြီး ဘယ်လိုလျှောက်နိုင်မလဲ"

တခြားတဘက်တွင် လဲ့ကျန်းချီ၊ ကောလု၊ စုဟောင်နှင့် ကျန်တစ်ယောက်ကလည်း စမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။

ကောလုက ယဲ့ချိုးပိုင်ကိုကြည့်ပြီးပြုံးသည်။

"တာအိုမိတ်ဆွေလေး၊ ကြည့်ရတာ မင်းခွန်အားက ငါတို့မြင်နိုင်တာတင်မကဘူးထင်တယ်"

ယဲ့ချိုးပိုင်ထိုလူအား စိုက်ကြည့်ကာ ပြန်မဖြေဘဲ ရှေ့သို့လျှောက်သွားသည်။

ကျွင်းကျိတုံ အလျင်အမြန်ပင် နောက်က လိုက်ပါလာသည်။

တခြားတဘက်တွင် မုဖူရှန်းနှင့် နင်းရှီတို့က ဝိဉာဉ်အော်ရာဖြင့် ပြည့်နှက်နေသည့် လျှို့ဝှက်နယ်မြေတခုရှေ့တွင် တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။

နှစ်ယောက်စလုံးက လက်ထဲတွင် အဆောင်စုတ်တံများကို ကိုင်ထားကြပြီး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြ၏။

အပိုင်း(662) coming။

All Chapters