← Chapters

#မင်းရဲ့ဟောကိန်းကို ငါဟောကိန်းထုတ်ခဲ့တယ်#

Vol. 47 Ch. 662

#မင်းရဲ့ဟောကိန်းကို ငါဟောကိန်းထုတ်ခဲ့တယ်#

Vol. 47 Ch. 662

သစ်တောက အတော်လေးတိတ်ဆိတ်နေသည်။ လေတိုးသံများနှင့် ပုစဉ်းရင်ကွဲအော်သံများကပင် ပျောက်ကွယ်သွားပုံရသည်။

ရှေးဟောင်းသစ်ပင်များက ကောင်းကင်ထိ ထိုးထွက်နေပြီး နဂါးငွေ့တန်းအား ကွယ်ထားသည်။

သစ်ရွက်များအကြားမှ တောက်ပသည့် ပျောက်ကျားပျောက်ကျား ကြယ်ရောင်များသာရှိပြီး မြေပေါ်၌ အလင်းစက်များ ဖြစ်နေစေသည်။

ဒါကအတော်လေးထူးဆန်းသည်။

ဒီသစ်တောထဲတွင် ဝိဉာဉ်စွမ်းအားက နေရာတိုင်းတွင်ရှိသည်။

ဒီထူးဆန်းသည့်သစ်တောထဲတွင် မည်သူကမှ အသေးစိတ်အချက်အလက်များကို ဂရုမစိုက်အားကြပေ။

ကျန်လေးယောက်ရှေ့တွင် လက်ထဲတွင် အဆောင်စုတ်တံများကို ကိုင်ပြီး တစ်ဦးကိုတစ်ဦး ဆန့်ကျင်ကာရပ်ရင်း တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြသည့် အဆောင်သခင်နှစ်ဦးရှိသည်။

သူတို့က မုဖူရှန်းနှင့် နင်းရှီတို့ဖြစ်သည်။

နှစ်ယောက်စလုံးက မြင့်မြတ်အဆောင်ဂိုဏ်းမှဖြစ်ပြီး ကျန်လေးယောက်ကလည်း ကောင်းကောင်းသိကြသည်။

မည်သို့ပင်ဆိုစေကာမူ မြင့်မြတ်အဆောင်ဂိုဏ်းက အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်း မဟုတ်ပေလော။

မုဖူရှန်းနှင့် နင်းရှီတို့က မဟာပြိုင်ပွဲတွင်လည်း ပါ၀င်ခဲ့ကြသည်။

ထို့ကြောင့် သူတို့တွင်လည်း အနည်းနှင့်အများ နားလည်မှုရှိသည်။

"သူတို့ကဂိုဏ်းတစ်ဂိုဏ်းတည်းကမလား၊ ဘာလို့အခုအချင်းချင်း သတ်နေကြတာလဲ"

"ငါလည်းမသေချာဘူး၊ သူတို့က အမွေအနှစ်လျှို့ဝှက်မြေကို တစ်ယောက်တည်း ချုပ်ကိုင်ချင်တာဖြစ်ရမယ်"

"မင်းဘာလို့အရမ်းတွေးနေရတာလဲ၊ ဒါက အချင်းချင်းသတ်ပစ်ဖို့အတွက် အကောင်းဆုံးအခွင့်အရေးပဲလေ"

ထိုအခိုက်အတန့်၌ နင်းရှီက မုဖူရှန်းကို မိစ္ဆာဆန်သည့်အပြုံးဖြင့် ကြည့်နေသည်။

"မင်းဘယ်လိုခံစားမိတာလဲ"

မုဖူရှန်းရယ်မောသည်။

"နှစ်များစွာကြာကြာ ဖိနှိပ်ခံထားရပြီးနောက်မှာ မင်းရဲ့သရုပ်ဆောင်စွမ်းရည်တွေက ကျဆင်းမသွားဘူးထင်လို့လား"

နင်းရှီ အေးစက်စွာ နှာခေါင်းရှုံ့သည်။

"ကြည့်ရတာ မင်းကအပြင်မြို့ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ခန့်မှန်းမိပြီမလား"

မုဖူရှန်းက ဖိနှိပ်ထားသောဝိဉာဉ်များရှိသည့် မြို့၏လျှို့ဝှက်ချက်ကို ခန့်မှန်းခဲ့ပြီးနောက် သူ့အနားက လူများအား အလွန်အမင်း သတိထားလာခဲ့သည်။

သူဒီနတ်ဝိဉာဉ်လျှို့ဝှက်နယ်မြေသို့ ရောက်လာသောအခါ နင်းရှီကလည်း ဒီနေရာတွင် ပေါ်လာခဲ့သည်။

မုဖူရှန်း၏လေ့လာစောင့်ကြည့်မှုအရ မျှော်လင့်ထားသည့်အတိုင်းပင် နင်းရှီက သူ့အရင်အကျင့်ဟောင်းများနှင့် အသံအနေအထားကို ထိန်းသိမ်းထားသေးသော်လည်း ဒါကအတော်လေးမာကျောကျောဖြစ်နေသည်။

လမ်းတစ်၀င်တွင် မုဖူရှန်းမေးခဲ့သည်။

"အရင်က ငါ မြင့်မြတ်အက္ခရာဘိုးဘေးမြေကို ဝင်ဖို့အတွက် မင်းညီလေးရဲ့နေရာတစ်ခုကို လုယူခဲ့တယ်၊ မင်းရန်ငြိုးထားနေသေးလား"

သို့စေကာမူ နင်းရှီခေါင်းခါယမ်းကာ ‌ပြုံးသည်။

"ငါတို့ကဂိုဏ်းတစ်ဂိုဏ်းတည်းကပဲလေ၊ အမုန်းတရားအကြောင်း ပြောနေစရာမလိုပါဘူး"

မုဖူရှန်းအနည်းငယ် ခေါင်းညိတ်သည်။ သို့သော် သူ့စကားလုံးများက နင်းရှီက ပိုင်စိုးစီးနင်းခံလိုက်ရပြီဆိုတာကို အတည်ပြုခဲ့သည်။

သူ့အဖြေ၌ မည်သည့်အမှားမှမရှိဟု ထင်ရသည်။

နင်းရှီကိုယ်တိုင် ဖြေခဲ့လျှင်ပင် အလားတူအဖြေမျိုးကို ဖြေမည်သာ။ သို့စေကာမူ သူနှင့် အချိန်တချို့ကုန်ဆုံးပြီးနောက် မုဖူရှန်း နင်းရှီ၏စရိုက်ကို ကြာရှည်စွာသိခဲ့သည်။

နင်းရှီက ဒါကို ပိုကြီးမားသည့်ကောင်းကျိုးအတွက် သည်းခံပြီး သူ့ပါရမီကို မြင်ပြီးနောက် လမ်းခင်းမည်သာ။

သို့စေကာမူ သူ့နှလုံးသားထဲက ရန်ငြိုးက အလွယ်တကူ ပျောက်ကွယ်သွားမည်မဟုတ်။ သူဒီမေးခွန်းကို ဒီလိုသာဖြေမည် ဖြစ်သော်လည်း သူ့အမူအရာက အရမ်း သဘာ၀ဆန်နေပေလိမ့်မည်။ ဒီသဘာ၀ဆန်သည့် အမူအရာကလည်း လုပ်ရပ်တခုသာ ဖြစ်မည်။

ဝိဉာဉ်တခုက နင်းရှီကို ပိုင်ဆိုင်သွားပြီးနောက် နင်းရှီ၏မှတ်ဉာဏ်အားလုံးကိုလည်း သေချာပေါက်ရခဲ့မည်သာ။

ဒီမှတ်ဉာဏ်ကိုရပြီးနောက် နင်းရှီက သူ့ခွန်အား ပြန်မကောင်းလာခင်အထိ ရှာတွေ့ခံရမည်ကို ရှောင်ရှားရန် အတော်လေး ဂရုစိုက်ပေလိမ့်မည်။

ဒီကိစ္စတွင် သူလုပ်သည့်အရာများ၌ သူကသေချာပေါက် အတော်လေး သတိထားမည်သာ။ မုဖူရှန်း ဒီမေးခွန်းကိုမေးလာစဉ် နင်းရှီ ဒီလိုဖြေလိမ့်မည်ဟု သူခန့်မှန်းထားပြီးဖြစ်သည်။

သို့စေကာမူ သူ့အသံနှင့်အမူအရာက မုဖူရှန်းအာရုံစိုက်ချင်သည့်အရာပေတည်း။

မျှော်လင့်ထားသည့်အတိုင်းပင် နင်းရှီ ဂရုတစိုက်စကားပြောနေစဉ် အတော်လေးရက်ရောပုံရသည်။ သူကမည်သည့်အမုန်းတရားမှ မရှိသည့်ပမာဟန်ဆောင်ကာ ဒီစကားလုံးများကို ပြောခဲ့သည်။

အကယ်၍ ဒါကနင်းရှီကိုယ်တိုင်ဆိုပါက ဒီစကားကိုပြောသောအခါ သဘာ၀မကျသည့် အမူအရာ သို့မဟုတ် တခြားလုပ်ရပ်အနည်းငယ် သေချာပေါက် ရှိနေပေလိမ့်မည်။

သူ့တွင် တခြားတစ်ယောက်နှင့် ရန်ငြိုးရှိသည့်အခြေအနေ၌ ဒါက ရှောင်လွှဲ၍မရပေ။

ဒီနေရာတွင် မုဖူရှန်းက နင်းရှီ၏ ကိုယ်ပိုင်လက္ခဏာကို အတည်ပြုနိုင်ခဲ့သည်။

သို့စေကာမူ သတိထားတတ်သည့်အတွက်ကြောင့် သူမဖော်ထုတ်ခဲ့ပေ။

ယင်းအစား ညာလက်တွင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်တခုကို ကိုင်ထားပြီး ဘယ်ဘက်တွင် မြေအင်မော်တယ်အဆင့် သတ်ဖြတ်ခြင်းအဆောင်တခုကို ကိုင်ထားခဲ့သည်။

တချိန်တည်းမှာပင် သူက သူ့တကိုယ်လုံးကို ဖုံးလွှမ်းပေးနိုင်သည့် ကာကွယ်ရေးအဆောင်များကို အချိန်မရွေး အသက်သွင်းရန် ပြင်ဆင်ထားသည်။

ဒီနေရာ၌ သူ့၏ကြောင်သူတော်လုပ်သည့် နေရာတွင် အမှားတခုဖြစ်သွားခဲ့သည်။

ထိုအချိန်တွင်ပင် နင်းရှီက မျှားထဲတွင်မိပြီး မုဖူရှန်းကို တိုက်ခိုက်ရန်အတွက် အခွင့်အရေးကို ဖမ်းဆုပ်ခဲ့သည်။

မုဖူရှန်း နင်းရှီ၏တိုက်ခိုက်များကို ကာကွယ်ရန်အတွက် ကာကွယ်ရေးအဆောင်တချို့ကို တိုက်ရိုက်အသုံးပြုခဲ့သည်။ တချိန်တည်းမှာပင် သူနင်းရှီ၏စီးနင်းခံရပြီးခွန်အားကို တိုင်းတာခဲ့သည်သာမက နင်းရှီနယ်ပယ်၌ သူဆက်နေသင့်သလား၊ ဒါမှမဟုတ် ဘာဖြစ်လာမလဲဆိုတာကိုပါ ဆုံးဖြတ်ခဲ့သည်။

ရုတ်ချည်းဆိုသလို ပိုင်စိုးခံရပြီး သူ့တွင် မူလစွမ်းအားကို ထိန်းသိမ်းထားဆဲဆိုတာကို အတည်ပြုခဲ့သော်လည်း ဝိဉာဉ်က အားကောင်းသဖြင့် နောက်ဆုတ်ခဲ့ရာ ဒီမြင်ကွင်းဖြစ်လာခဲ့ခြင်းပင်။

နင်းရှီ မုဖူရှန်း၏ လောဘတကြီး မျက်လုံးများနှင့်ကြည့်ကာ ဆိုးယုတ်သည့်အပြုံးဖြင့်ပြောသည်။

"မင်းဝိဉာဉ်ကမဆိုးဘူး၊ မင်းက ဝိဉာဉ်မီးတောက်ကို ဒီအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တယ်၊ အဲဒီတုန်းက မင်းအချိန်အတွင်းမှာ ငါတောင် ဒီအဆင့်အထိ မရောက်နိုင်ခဲ့ဘူး"

"ဒါပေမယ့် ဝိဉာဉ်မီးတောက်ရဲ့ အမြင့်ဆုံးစွမ်းအားကို မင်းမထုတ်လွှတ်နိုင်သေးပါဘူး၊ ငါ့ကိုပဲပေးခဲ့လိုက်ပါ"

နင်းရှီက သူ့စိတ်ဝိဉာဉ်အားနည်းသဖြင့် မုဖူရှန်းဝိဉာဉ်ကို သဘောကျနေတာ သိသာထင်ရှားနေသည်။

အမြန်သက်သာလာစေရန်အတွက် နည်းလမ်းသုံးခုသာရှိသည်။

ပထမတခုက အမွေအနှစ်လျှို့ဝှက်မြေက ရတနာများကို သိမ်းယူခြင်း သို့မဟုတ် ဝိဉာဉ်နှင့်ဆက်စပ်သည့် ကောင်းကင်နှင့်မြေကြီးရတနာများကို ဝါးမြိုခြင်းဖြစ်သည်။

ဒုတိယတခုက တိတ်တိတ်လေးကျင့်ကြံပြီး ပြန်ကောင်းမွန်အောင် လုပ်ရန်ပင်။ ဒါက အချိန်အတော်ကြာပေလိမ့်မည်။

တတိယက တခြားသူများ၏ဝိဉာဉ်များကို ဝါးမြိုခြင်းပင်။

နင်းရှီက မုဖူရှန်းကိုရင်ဆိုင်ရသောအခါ တတိယနည်းလမ်းကို ရွေးခဲ့သည်မှာ ရှင်းနေသည်။ မုဖူရှန်း ထိုစကားကိုကြားသောအခါ ခပ်ရေးရေးပြုံးသည်။

"မင်းအထွတ်အထိပ်မှာဆိုရင်တော့ ငါမင်းနဲ့ မယှဉ်နိုင်လောက်ဘူး၊ မင်းအားအနည်းဆုံး အခြေအနေကို ရောက်နေတာတောင် မင်းရဲ့ ဝိဉာဉ်စွမ်းအားက အစွမ်းထက်နေတုန်းပဲ၊ မင်းပြန်မကောင်းမွန်သေးတာက ၀မ်းနည်းစရာပဲ"

နင်းရှီ ဂရုမစိုက်စွာပြုံးသည်။

"ဒါကလုံလောက်ပါတယ်၊ မင်းဝိဉာဉ်မီးတောက်ကို သိပ်သည်းအောင် လုပ်ထားတယ်ဆိုပေမယ့် ဝိဉာဉ်စွမ်းအားကို သုံးဖို့ မှန်ကန်တဲ့ နည်းလမ်းကို မင်းရှာမတွေ့သေးဘူးဆိုတာ ငါယုံတယ်"

ထို့နောက် ဝိဉာဉ်စွမ်းအားက နင်းရှီ၏မျက်ခုံးကြားကနေ ထွက်လာသည်။ သူ့ဝိဉာဉ်စွမ်းအားကို လက်အဖြစ်သုံးပြီး အဆောင်စုတ်တံကိုဆုပ်ကိုင်ကာ အဆောင်များ စတင်ရေးထွင်းလေတော့သည်။

တချိန်တည်းမှာပင် ကျန်ရှိနေသည့်စိတ်ဝိဉာဉ်စွမ်းအားအစက်အပျောက်များက ထက်ရှသည့်အပ်များအဖြစ် ပြောင်းလဲသွားပြီး မုဖူရှန်းခေါင်းဆီသို့ မတူညီသည့်ဘက်ပေါင်းစုံကနေ ထိုးဖောက်လာသည်။

မုဖူရှန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။

တဘက်လူ၏ ဝိဉာဉ်အပေါ် ထိန်းချုပ်နိုင်စွမ်းက တကယ်ပင် သူ့ထက်အားကောင်းသည်။

သူကအဆောင်ကိုထိန်းချုပ်နိုင်သလို တခ်ျန်တည်းတွင် တိုက်ခိုက်နိုင်သည်။

ဒါကိုမြင်သောအခါ မုဖူရှန်းဂရုမစိုက်ဘဲ မနေရဲပေ။ သူ့ဝိဉာဉ်စွမ်းအားက ထွက်လာပြီး ပတ်လည်၌ စိတ်ဝိဉာဉ်အတားအဆီးတခုကို ဖန်တီးသည်။

ထို့နောင် သူကာကွယ်ရေးအဆောင်နှင့် မိုးကြိုးဒိုင်းအလွှာများစွာကို အသက်သွင်းရင်း ပတ်၀န်းကျင်အား ဖုံးလွှမ်းစေသည်။

နင်းရှီ ခပ်ယဲ့ယဲ့ပြုံးသည်။

"ကာကွယ်ရေးအဆောင်တွေကို ကောင်းကောင်းပြင်ဆင်ထားတာပဲ၊ ဒါပေမယ့် အရေအတွက်က အောင်ပွဲရဲ့ သော့ချက်မဟုတ်ဘူး"

"ဒါ့အပြင် ဒါကအထူးအဆောင်တခု မဟုတ်သရွေ့ ဝိဉာဉ်ကို မခုခံနိုင်ဘူးဆိုတာ မင်းဆရာ မင်းကို မသင်ကြားပေးခဲ့ဘူးလား"

ပါးလွှာသော အပ်များက မိုးကြိုးဒိုင်းကို ထိုးဖောက်တော့သည့်အချိန်တွင် တိုက်ရိုက်ထိုးဖောက်သွားရမည့်အစား မိုးကြိုးဒိုင်း၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ဒါကိုမြင်သောအခါ နင်းရှီအနည်းငယ် ထိတ်လန့်သွားသည်။

ထို့နောက်တွင်သာ မိုးကြိုးကို ဖုံးလွှမ်းနေသည့် ဝိဉာဉ်စွမ်းအားရှိနေတာကို သူသဘောပေါက်သွားရသည်။

မုဖူရှန်းပြုံးသည်။

"သေမင်းဝိဉာဉ်မြို့ကို မ၀င်ခင်က အမွေအနှစ်လျှို့ဝှက်နယ်မြေရဲ့ စမ်းသပ်မှုကို တိုက်ခိုက်ဖို့အတွက် ဝိဉာဉ်စွမ်းအား အသုံးပြုဖို့ဖြစ်နိုင်ချေကို ငါစဉ်းစားမိခဲ့တော့ ငါဝိဉာဉ်စွမ်းအားကို ခုခံဖို့အတွက် သန်းချီတဲ့အဆောင်တွေ ရေးခဲ့တယ်....၊ ဒါကအရမ်းမများလောက်ပါဘူးနော်"

အပိုင်း(663) coming။

All Chapters