#မုဖူရှန်း၊ ငါက အနန္တတန်ခိုးရှင်ရဲ့ပြန်လည်၀င်စားသူပဲ#
Vol. 47 Ch. 663
သေမင်းဝိဉာဉ်မြို့ကို မ၀င်ခင်ကတည်းက ဝိဉာဉ်တိုက်ခိုက်မှုများရှိလာနိုင်သည်ဟု မုဖူရှန်းတွေးခဲ့သည်။
ကိုးလွှာမိုးကြိုးဒိုင်း၏ ဖမ်းစားမှုက အရမ်းကြီးသက်ရောက်မှုမရှိပေ။
ရိုးရိုးရှင်းရှင်းပြောရပါက နတ်ဝိဉာဉ်တိုက်ခိုက်မှုများနှင့် တခြားအထူးတိုက်ခိုက်မှုများက မှော်ထိခိုက်မှုဖြစ်ပြီး ဓားနည်းစနစ်များနှင့် လက်သီးများက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုပင်ဖြစ်သည်။
ဒီနေရာတွင် ကာကွယ်ရေးခန္ဓာနည်းစနစ်တခုဖြစ်သည့် ကိုးလွှာမိုးကြိုးဒိုင်းက အသုံးမ၀င်တော့ပါ။
ထို့ကြောင့် မုဖူရှန်း စိတ်ဝိဉာဉ်ပျိုးထောင်နည်းကို ကျင့်ကြံစဉ်က ဝိဉာဉ်တိုက်ခိုက်မှုများကနေ ကာကွယ်ရန်အတွက် အဆောင်ကို ရေးထွင်းခဲ့သည်။
တကယ်တမ်းတွင် တခုခုမလုပ်ခင် တစ်စုံတစ်ရာဖြစ်လာနိုင်သည့်အပေါ် သတိကြီးကြီးထားပြီး ဒီအကြောင်းကို တွေးတောရန် လိုအပ်သည်။ ဒါက လေ့ကျင့်မှု၌အောင်မြင်မှုကို အကြီးအမား တိုးလာစေနိုင်သည်။ ပိုင်စီးခံရပြီးနင်းရှီ သူ့ရှေ့ကမြင်ကွင်းကို မြင်ခဲ့သည်။
မိုးကြိုးဒိုင်းအလွှာများစွာက မုဖူရှန်းပတ်၀န်းကျင်ကို ဖုံးလွှမ်းနေပြီး အဆုံးမဲ့လျှပ်စီးများနှင့် တဖျပ်ဖျပ်လင်းနေသည်။ ဒါတွေက လိပ်ခွံအလွှာများနှင့်တူသည်။
တချိန်တည်းမှာပင် မိုးကြိုးနှင့်လျှပ်စီးအပြင် မိုးကြိုးဒိုင်းတခုစီက တချွင်ချွင်မြည်သံများကိုလည်း ကြားနေရသည်။
တစ်ခုစီတွင် ဝိဉာဉ်စွမ်းအားဖြင့် ဖုံးလွှမ်းနေသည့် ပါးလွှာသောအမြှေးပါးများရှိသည်။
ဒီအမြှေးပါးကလည်း မိုးကြိုးဒိုင်းကို ဝိဉာဉ်စွမ်းအားတိုက်ခိုက်မှုများကနေ ခုခံနိုင်သည့် စွမ်းရည်ကို ပေးဆောင်နေခြင်းပင်။
"မြေအင်မော်တယ်အဆင့်နတ်ဝိဉာဉ်ကာကွယ်ရေးအဆောင်လား၊ ဒါကို မင်းကိုယ်တိုင် ရေးထွင်းခဲ့တာလား"
မုဖူရှန်း ဒီအကြောင်းကိုတွေးလိုက်ပြီးနောက် ခေါင်းညိတ်သည်။
ဒါကိုမြင်သောအခါ နင်းရှီ၏ အမူအရာက ကြည့်ရဆိုးသွားသည်။
"မြေအင်မော်တယ်အဆင့်အဆောင်ကို ဒီလိုနယ်ပယ်အထိ ရေးထွင်းနိုင်တာ၊ မင်းက အတိအကျဘယ်သူလဲ၊ မင်းက ဘယ်က တန်ခိုးရှင်၀င်စားတဲ့သူလဲ"
ပြန်လည်၀င်စားသူလား!
မုဖူရှန်းမျက်လုံးလိမ့်ကာ ပြုံးသည်။
"ငါ့နာမည်ကို သိဖို့ မင်းအရည်အချင်းမရှိဘူး"
မည်သို့ပင်ဆိုစေကာမူ သေမင်းဝိဉာဉ်မြို့၌ မြေအင်မော်တယ်နယ်ပယ်အောက်က ကျင့်ကြံသူများကိုသာ ၀င်ခြင်းကနေ ကန့်သတ်ထားသည်။
သူ့အသိအရ ဒီလူများအတွက် မြေအင်မော်တယ်အဆင့်အဆောင်များကို ရေးထွင်းရန်ဟူသည် သေချာပေါက်မဖြစ်နိုင်။
ဒါက ဝိဉာဉ်စွမ်းအားကို လိုအပ်သည်သာမက စည်းတံဆိပ်ရေးထွင်းရာ၌ ကျွမ်းကျင်ရန်အတွက် မရေမတွက်နိုင်လောက်သော လေ့ကျင့်မှုကိုလည်း လိုအပ်သည်။
ဒီလောက်အချိန်အကြာကြီးအတွင်းမှာ ဘယ်လိုလုပ် မြေအင်မော်တယ်နယ်ပယ်ကို သူမရောက်နိုင်ရလေသနည်း။
နင်းရှီတစ်ဦးတည်းသာမဟုတ်။
သူတို့စကားဝိုင်းကို နားထောင်နေကြသည့် လူလေးယောက်ပင်လျှင် တုန်လှုပ်ချောက်ချားသွားကြ၏။
အနန္တတန်ခိုးရှင်ရဲ့ပြန်လည်၀င်စားသူလား!
ဒီလိုအခြေအနေရမျိုးတွေက ရှားပါးသော်လည်း မကြားဖူးတာတော့မဟုတ်ပါ။
မုဖူရှန်း၏၀န်ခံချက်ကိုကြားပြီး မုဖူရှန်းပတ်ပတ်လည်၌ ပြည့်နှက်နေသည့် အဆောင်ကို မြင်ပြီးနောက် သူတို့က မုဖူရှန်းက မြေအင်မော်တယ်အဆင့်အဆောင်သခင်တစ်ဦးဖြစ်တာကို ယုံကြည်ခဲ့ကြ၏။
"ဒါ့ပေမယ့် ဒါတွေကို သူ့ဆရာဂိုဏ်းက ထောက်ပံ့ပေးတာ ဖြစ်နိုင်လို့လား၊ ဘာပဲဆိုဆို မုဖူရှန်းက မြင့်မြတ်အဆောင်ဂိုဏ်းကပဲလေ"
"ဖြစ်နိုင်တယ်၊ ဒါပေမယ့် မုဖူရှန်းက မဟာပြိုင်ပွဲအတွင်း မြေအင်မော်တယ်အဆင့် အဆောင်ကို ရေးထွင်းနိုင်ခဲ့တယ်လို့ ငါကြားခဲ့တယ်"
"ဒီလူက တကယ်ပဲအစွမ်းအဆောင်သခင်တစ်ယောက်ရဲ့ ပြန်လည်၀င်စားသူလား"
လေးယောက်လုံးက စတင်တုန်ယင်လာကြသည်။
မုဖူရှန်းပြုံးကာ နင်းရှီအားကြည့်သည်။
"မင်းငါ့ဆီအညံ့ခံပြီး ငါမင်းကို မင်းခွန်အားကို ပြန်ရဖို့ကူညီပေးမယ်ဆိုရင်ရော"
နင်းရှီ၏အမူအရာက လေးနက်သွားပြီး သတိကြီးကြီးဖြင့်ပြောသည်။
"မလိုပါဘူး၊ ဒါပေမယ့် ငါမင်းအပေါ် ဘာတိုက်ချင်စိတ်မှမရှိတော့ဘူး၊ မင်းလည်း ငါ့ကိုမထိနဲ့၊ ဘယ်လိုသဘောရလဲ"
မုဖူရှန်းတုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်သည်။
ဒါကိုမြင်သောအခါ နင်းရှီချက်ချင်းဆိုသလို ဝိဉာဉ်စွမ်းအားကို ရုပ်သိမ်းလိုက်၏။
မုဖူရှန်းကလည်း ပတ်ပတ်လည်က ကိုးလွှာမိုးကြိုးဒိုင်းများကို စတင်ဖယ်ရှားသည်။
ထိုအခိုက်အတန့်၌ မိုးကြိုးဒိုင်းများက တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။
အသက်ရှုကြိမ်ရေသုံးကြိမ်အတွင်း မိုးကြိုးဒိုင်းအားလုံး ပျောက်ကွယ်သွားစဉ် နင်းရှီ၏ မျက်လုံးများက ပြူးကျယ်သွားပြီး သူ့ပုံရိပ်က ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
နောက်အခိုက်အတန့်၌ သူမုဖူရှန်းရှေ့တွင် ပေါ်လာကာ ဝိဉာဉ်ကနေ သိပ်သည်းထားသည့် ပါးလွှာသည့်အပ်တချောင်းက မုဖူရှန်းနဖူးကြားသို့ ထိုးဖောက်သွားသည်။
ထိုနေရာ၌ နင်းရှီ၏မျက်နှာက ဆိုးယုတ်သည့်အပြုံးဖြင့် ပြည့်နှက်နေသည်။
"မင်းကအရမ်းပေါ့ဆပြီး မာနကြီးတာပဲ၊ ပြန်လည်၀င်စားသူတစ်ယောက်အနေနဲ့ မင်းရဲ့ မာနကြီးမှုအတွက် ပြန်ပေးဆပ်ရတော့မယ်"
မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက အရမ်းအစွမ်းထက်သလို သူက တန်ခိုးရှင်တစ်ဦး၏ ပြန်လည်၀င်စားသူဖြစ်နေသည်။
ဝိဉာဉ်က သေချာပေါက်အစွမ်းထက်ပြီး လျှို့ဝှက်ချက်များစွာရှိရမည်။
ဒီလိုသွေးဆောင်မှုမျိုးအပေါ် နင်းရှီအလွယ်တကူ လက်လွတ်ခံမည်မဟုတ်။
ဘေးကလူလေးယောက်ကလည်း ဒါကိုမြင်သောအခါ အနည်းငယ် ခေါင်းခါယမ်းမိကြသည်။ ဒီဝေးကွာမှုအတွင်း နင်းရှီ၏ အားအပြည့်ဝိဉာဉ်တိုက်ခိုက်မှုကို သတိမထားမိသူတစ်ယောက်အတွက် ခုခံရန် နေရာမရှိပါ။
ဝိဉာဉ်ကနေသိပ်သည်းထားသည့် ဒီပါးလွှာသောအပ်လေးက မုဖူရှန်းနဖူးထဲသို့ ထိုးဖောက်သွားသည့် အခိုက်အတန့်၌ စိတ်ဝိဉာဉ်တိုက်ခိုက်မှုက တိုက်ရိုက်ဖြတ်သွားပြီး မြေပေါ်က အလင်းစက်ပေါ်သို့ ကျသွားကာ အောက်ခြေမဲ့အပေါက်တစ်ပေါက်ကို ဖန်တီးပစ်သည်။
နင်းရှီ၏အမူအရာက အကြီးအကျယ် ပြောင်းလဲသွားလေတော့သည်။
မုဖူရှန်း၏ပုံရိပ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီး တခဏကြာပုံပျက်သွားပြီးနောက် ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် မုဖူရှန်းရုတ်တရက် နင်းရှီနောက်တွင် ပေါ်လာခဲ့သည်။
သူ လျှပ်စီးအလင်းဖြင့် တောက်ပနေသည့် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ကျန်တစ်ဖက်ကမူ အဆောင်တခုကိုကိုင်ပြီး နင်းရှီကျောပေါ်၌ ရိုက်နှိပ်လိုက်၏။
မိုးကြိုးအဖျက်စွမ်းအားက နင်းရှီကျော်ကနေ ဆူနာမီတစ်စင်းပမာ ပေါက်ကွဲလာခဲ့သည်။
ပတ်ပတ်လည်က ရှေးဟောင်းသစ်ပင်များကလည်း သစ်သားတုံးများအဖြစ် ပြောင်းလဲသွားကြပြီး အဆက်မပြတ် ပြိုကျနေကြသည်။
ပြိုကျပြီးပျောက်ကွယ်နေသည့် ရှေးဟောင်းသစ်ပင်များက ဒီမြေပေါ်၌ ကောင်းကင်အား ဖြတ်ကာ တောက်ပနေသည့် ကြယ်တာယာမြစ်၏ တောက်ပသော အလင်းကို ကျဆင်းလာစေသည်။
ထိုအခိုက်အတန့်၌ သူထောင်ချောက်ထဲ ကျဆင်းသွားတာကို နင်းရှီသိလိုက်သည်။
သတိမထားပေါ့ဆမိသည့်သူက သူ့နောက်က မုဖူရှန်းမဟုတ်ဘဲ သူကိုယ်တိုင်ဖြစ်နေသည်။
တောက်ပနေသည့်လျှပ်စီးများက မီးရှူးမီးပန်းများပမာ လှပလွန်းသည်။
သို့စေကာမူ ထုတ်လွှတ်သည့်အဖျက်စွမ်းအားက အလွန်အားကောင်းပြီး နင်းရှီ၏ ဆံပင်များပင် ထောင်မတ်သွားစေသည်။
ချက်ချင်းဆိုသလို ဒါက ကောင်းကင်အင်မော်တယ်အဆင့် သတ်ဖြတ်အဆောင်တခုဆိုတာ သူအတည်ပြုနိုင်ခဲ့သည်။
ကောင်းကင်အင်မော်တယ်အဆင့်လား၊ ဒါကိုလည်း ဒီလူလုပ်ခဲ့တာလား!
သို့စေကာမူ တွေးတောရန်အတွက် အချိန်မရှိပေ။
ပတ်၀န်းကျင်၌ပြည့်နှက်နေသည့် လျှပ်စီးများက ချက်ချင်းဆိုသလို အဆောင်ထဲတိုး၀င်ကာ ဆလင်ဒါပုံအလင်းတိုင်များအဖြစ် ပြောင်းလဲသွားပြီး နင်းရှီကိုယ်ထဲ ထိုးဖောက်၀င်ရောက်သွား၏။
မိုးကြိုးအဖျက်စွမ်းအားက နင်းရှီကိုယ်ထဲတွင်ရပ်သွားပြီး သူ့ဒန်တျန်၊ အတွင်းအင်္ဂါများအပြင် အသိစိတ်ပင်လယ်နှင့် ဝိဉာဉ်ကိုပါ ဖျက်ဆီးပစ်ခဲ့သည်။
နင်းရှီမျက်လုံးလိမ့်ကာ ရှေ့သို့ကျသွားရသည်။ အသက်ရှိသည့်လက္ခဏာမရှိတော့။
လူတိုင်းဒီမြင်ကွင်းကို အထိတ်တလန့် ကြည့်နေကြ၏။
သူတို့အချိန်မီတုံ့ပြန်နိုင်စွမ်းမရှိသည်မှာ ရှင်းလင်းနေသည်။
မုဖူရှန်းတည်ငြိမ်စွာပင် လက်ကိုပြန်ရုပ်သိမ်းပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းနှင့်အတူ နင်းရှီကျော၌ကပ်နေသည့် အဆောင်ကို ပြန်ဆွဲယူလိုက်သည်။ အဆောင်၏ အော်ရာမရှိတော့သော်လည်း မည်သည့်ခြေရာမှ ကျန်ခဲ့၍မရပေ။
သူနောက်ထပ် အင်မော်တယ်တပိုင်းနယ်ပယ် အဆောင်တခုကိုထုတ်ယူပြီး နင်းရှီကိုယ်ကို လောင်ကျွမ်းစေကာ အပိုင်းအစလေးတခုပင် မကျန်ရှိစေခဲ့ပေ။
ဒီအရာအားလုံးကို လုပ်ဆောင်ပြီးနောက် မုဖူရှန်း စိတ်သက်သာရာရစွာ သက်ပြင်းချရင်း လက်ဖဝါးသပ်လိုက်မိသည်။
ကံကောင်းချင်တော့ ငါ့အင်္ကျီလက်ထဲမှာ တခုခုရှိနေခဲ့တယ်!
ပုန်းကွယ်နေသည့်အန္တရာယ်ဖြစ်သည့် နင်းရှီကို လွတ်ပေးရန်ဟူသည် မဖြစ်နိုင်ပါ။
နင်းရှီ၏သတိထားမှုကို ဖယ်ရှားရန်အတွက် သူကိုးလွှာမိုးကြိုးဒိုင်းကို ထိန်းထားခဲ့သည်။
အကယ်၍တိုက်ခိုက်လာပါက ထောင်ချောက်ထဲ ကျသွားရပေလိမ့်မည်။ နင်းရှီ သူသတိပေါ့သွားပြီဟု တွေးထင်နေခိုက် သူကောင်းကင်ဘုံမိုးကြိုးအဆောင်ကို ဖျစ်ညစ်ကာ နင်းရှီနောက်သို့ပျံသန်းသွားပြီး သတ်ပစ်ခဲ့ခြင်းပေတည်း။
သို့စေကာမူ တဘက်လူ မလှုပ်ရှားပါကလည်း အရေးမကြီးပါ။ သူနောက်ထပ် အခွင့်အရေးတခုကို ရှာဖွေရုံသာ။
ထို့ကြောင့် ဒါကအမြတ်ရနိုင်သည့် အစီအစဉ်တခုဖြစ်သည်။
ထို့နောက် မုဖူရှန်း ကြည့်ရှုသူလေးယောက်ကို ကြည့်လိုက်၏။
လေးယောက်စလုံးက စိတ်ဖိစီးသွားကြပြီး ချက်ချင်းအသိပြန်၀င်လာကြသည်။
"စီနီယာ၊ မစိုးရိမ်ပါနဲ့၊ ကျုပ်တို့ဒီကိစ္စကို သေချာပေါက်ဖြန့်မှာမဟုတ်ပါဘူး"
"ဟုတ်ပါတယ်၊ စီနီယာမယုံဘူးဆိုရင် ကျုပ်တို့ ကောင်းကင်ဘုံတာအိုကျမ်းကျိန်မှုကို လုပ်ဆောင်နိုင်ပါတယ်"
မုဖူရှန်းပြုံးရင်းခေါင်းညိတ်သည်။
"ဒါကောင်းတယ်"
ဒီလူများက မုဖူရှန်းက အစွမ်းထက်အဆောင်သခင်တစ်ဦး၏ ပြန်လည်၀င်စားသူဆိုသော နင်းရှီ၏စကားလုံးများကို လုံး၀ယုံကြည်သည်မှာ သိသာထင်ရှားနေသည်။
အပိုင်း(664) coming။