← Chapters

#ဓားတစ်သောင်း၊ နန်းတော်#

Vol. 47 Ch. 664

#ဓားတစ်သောင်း၊ နန်းတော်#

Vol. 47 Ch. 664

မူလက မုဖူရှန်း တဘက်လူက သူ့ခွန်အားကို ထုတ်ဖော်ခြင်းကနေ တားဆီးရန်အတွက် လေးယောက်စလုံးကို နှုတ်ပိတ်ရန် စီစဉ်ခဲ့သည်။

သို့စေကာမူ ဒီအကြောင်းကို ပြန်တွေးပြီးနောက် သူမလုပ်ရန် ဆုံးဖြတ်လိုက်၏။

အကြောင်းရင်းနှစ်ခုရှိသည်။ ပထမတခုက အမွေအနှစ်လျှို့ဝှက်နယ်မြေ၌ ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲဆိုတာ သူမသိပါ။ မုဖူရှန်း သူတို့ကို အန္တရာယ်တချို့မျှဝေကာ သူ့အား ကူညီစေချင်သလို လမ်းကိုလည်း စူးစမ်းခွင့်ပေးချင်သည်။

ဒါကပြီးပြည့်စုံတယ်မလား!

ဒုတိယအချက်တစ်ချက်ရှိသည်။ သူတို့က သူက တန်ခိုးရှင်ပုဂ္ဂိုလ်တစ်ဦး၏ ပြန်လည်၀င်စားသူဟု ထင်ကြသော်လည်း နောက်ပိုင်းသူသာ မတော်တဆဖွင့်ဟခဲ့မိပါက တခြားသူတွေက သူ့ကို သတိထားမိပေလိမ့်မည်။

ဒီနည်းနှင့်ဆိုပါက မလိုလားအပ်သည့် ပြဿာတချို့ကို သူလျော့ပါးစေနိုင်သည်။

ဒါကလည်း မမှန်ပေ။

ဒါကိုတွေးမိသောအခါ မုဖူရှန်း ရုတ်တရက် မျက်မှောင်ကြုတ်လိုက်၏။

ဒါကအလုပ်မဖြစ်လောက်ပေ။

တဘက်လူက သူ့ကို သေမင်းဝိဉာဉ်မြို့ထဲတွင် တန်ခိုးရှင်အဆောင်သခင်တစ်ဦး၏ ၀င်စားသူဟုတွေးနေပါက အရေးမကြီးပါ။

သို့သော် သေမင်းဝိဉာဉ်မြို့ကို စွန့်ခွာပြီးနောက်ကျတော့ရော!

ဒီကိုယ်ပိုင်လက္ခဏာအတုက ထုတ်ဖော်ခံရပေလိမ့်မည်။

ဆိုးယုတ်သည့်ရည်ရွယ်ချက်နှင့် လူတစ်ချို့က သူ့တွင်လျှို့ဝှက်ချက်နှင့် အမွေအနှစ်များစွာရှိသည်ဟု တွေးကြပေလိမ့်မည်။

သူတို့က သူ့ကိုလျှို့ဝှက်စွာ လှည့်စားရင်း သတ်ဖြတ်လုယက်ရန်ပင် လုပ်လာနိုင်သည်။

ထို့ကြောင့် မုဖူရှန်း ကြည့်ရှုသူလေးယောက်အား ထပ်မံကြည့်လိုက်ပြန်သည်။

အချိန်ကျရောက်လာပါက သူတို့အား နှုတ်ပိတ်ရန် သူနည်းလမ်းတခုတွေးရပေမည်။

ကောင်းပြီ၊ ဒီလိုပဲလုပ်ကြတာပေါ့!

ကြည့်ရှုသူလေးယောက်မှာ ကြောက်လန့်မှုကြောင့် တုန်ယင်နေလေပြီ။

ယခုမုဖူရှန်း၏အကြည့်က မျက်ခုံးတင်းတင်းကြုတ်ရင်း သူတို့ပေါ် ကျရောက်လာပြန်သောအခါ သူ့အမူအရာ၌ မနှစ်မြို့ဖွယ်အရာတခုခုရှိနေပုံရသည်။

ဒါက သူတို့ကိုယ်ခန္ဓာများကို တုန်ယင်သွားစေသည်။

ဘာလို့ငါတို့ ဒီလိုဆိုးဝါးတဲ့ခံစားချက်တစ်ခုကို ရနေရတာလဲ!

အင်မော်တယ်ဓားက မြို့ကိုဝိုင်းရံထားသည်။

ဒီလျှို့ဝှက်နယ်မြေကို ရေးထွင်းရန်အတွက် ဒီစကားလုံးများကို အသုံးပြုတာက ပိုသင့်တော်လောက်သည်။

ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်၊ ကျွင်းကျိတုံ၊ လဲ့ကျန်းချီနှင့် ကျန်သောသူများက တောင်ကြောကို ဖြတ်ပြီး အစစ်အမှန်အမွေအနှစ်လျှို့ဝှက်မြေထဲသို့ ၀င်လာကြသည်။

လျှို့ဝှက်နယ်မြေထဲက မြင်ကွင်းက သူတို့ကို တခဏကြာ ထိတ်လန့်သွားစေသည်။

သူတို့ရှေ့၌ တွင်းကြီးတစ်ခုရှိပြီး ဧရာမတွင်းကြီးအထက်တွင် မရေမတွက်နိုင်လောက်သည့် သာမန်ဆန်သောဓားများစွာက လေထဲ၌ လွင့်မြောနေကြ၏။

သို့စေကာမူ ထောင်သောင်းချီသောဓားများတွင် အင်မော်တယ်ဓားဆန္ဒပါ၀င်နေပုံရသည်။

တောင်ကြောက အင်မော်တယ်ဓားဆန္ဒ၌ မည်သည့်သတ်ဖြတ်ခြင်းဆန္ဒမှ မပါရှိပါ။

ဒီနေရာကမူ အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။

တစ်ယောက်ယောက်တက်လှမ်းလိုက်သည်နှင့် နှလုံးက သောင်းချီသောဓားများဖြင့် ထိုးဖောက်ခံရမည့်အသွင်။

သူတို့အကြည့်က ရှေ့သို့ရွေ့သွားသည်။

တွင်းပေါက်အလယ်တွင် ဧရာမနန်းတော်တစ်လုံးရှိသည်။

နန်းတော်အထက်တည့်တည့်တွင် ကျောက်တိုင်တစ်တိုင်က ကောင်းကင်နှင့် မြေကြီးကို ထိုးဖောက်ထားသည်။

ဒီကျောက်တိုင်က အပြင်ပမြို့များရှိ ကျောက်တိုင်များနှင့် ဘာမှမခြားနားပေ။

သို့စေကာမူ ကျောက်တိုင်က ထုတ်လွှတ်သည့် ကြယ်ရောင်က ပို၍ပင်ပြင်းထန်သည်။

ချိပ်ပိတ်ထားသည့်စွမ်းအားက ပို၍ပင် အစွမ်းထက်ပုံရသည်။

သူ၀န်းကျင်သို့ကြည့်လိုက်၏။

တွင်းရှေ့တွင် ရပ်နေကြသည့် လူခြောက်ယောက်စလုံးက နားလည်ကြပါသည်။

ဒုတိယစမ်းသပ်မှုက ကျောက်တိုင်အောက်က နန်းတော်ကိုရောက်ရန်ဖြစ်သည်။

ကောလု ယဲ့ချိုးပိုင်ကို စိုက်ကြည့်လိုက်၏။

သို့သော်တစ်ချက်ကြည့်ပြီးနောက် သူအကြည့်လွှဲလိုက်သည်။ သူယဲ့ချိုးပိုင်ကို ထပ်ပြီးအထင်မသေးရဲတော့ပါ။

သူ့၏ဓားတာအိုနယ်ပယ်က ထူးကဲနယ်ပယ်ကိုပင် ရောက်နေလေပြီ။

ဒါကသူတို့ထဲက တချို့ထက်ပင် ပိုမြင့်မားသည်ဟုဆို၍ရသည်။

ကောလုနှင့် လဲ့ကျန်းချီတို့က ထူးကဲနယ်ပယ်တ၀က်အဆင့်ကို ရောက်နေကြပြီဖြစ်ကာ သူတို့ဒီနယ်ပယ်၌ နှစ်များစွာ ရှိခဲ့ကြသည်။

စုဟောင်ကလည်း မသင့်တော်ပေ။ တကယ်တော့ သူကစုမိသားစု၀င်တစ်ယောက်သာ။

လျှို့ဝှက်ဂိုဏ်းတစ်ဂိုဏ်းတစ်ဖြစ်လဲ စုမိသားစုတွင် အလယ်အလတ်အဆင့် ကြယ်နယ်မြေတခုလုံး၌ ထိပ်တန်းအခြေခံအုတ်မြစ်တခုရှိပေသည်။

ဒါ့အပြင် စုမိသားစုက သူတို့ကလေးတွေကို အတော်လေးကာကွယ်ပေးပြီး သူတို့ကို မထီမဲ့မြင်မပြုသင့်ပေ။

ထို့ကြောင့် သူ့အကြည်က သူအမည်မဖော်နိုင်သည့် တစ်ဦးတည်းသော ဓားသမားထံ ကျရောက်လာခဲ့သည်။

ထိုဓားသမားက အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်ဖြစ်သည်။

သူကလည်း ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ဦးဖြစ်သည်။

ဒါကိုမြင်သောအခါ တဘက်လူဘာကို ဆိုလိုနေတယ်ဆိုတာ နားလည်သဖြင့် ထိုဓားသမား၏ အမူအရာက အလွန်အမင်း ကြည့်ရဆိုးသွားခဲ့သည်။

ထို့နောက် သူယဲ့ချိုးပိုင်အားကြည့်လိုက်၏။

"တာအိုမိတ်ဆွေလေး၊ မင်းကအရင်က ကင်းထောက်လုပ်ခဲ့တဲ့သူပဲလေ၊ မင်းမှာ အတွေ့အကြုံတချို့ရှိမှာပေါ့၊ မင်းနောက်တခေါက်ပြန်သွားပြီး ထပ်ပြီးကင်းထောက်လုပ်မယ်ဆိုရင်ရော"

ယဲ့ချိုးပိုင် ထိုလူကိုတည်ငြိမ်စွာကြည့်သည်။

ထို့နောက် ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ထုတ်ကာ ထိုဓားသမားအား ပိုင်းချလိုက်၏။

ဓားသမား၏အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး ပိတ်ဆို့ရန်အတွက် အလျင်အမြန် ဓားကို ဆွဲထုတ်သည်။

သို့စေကာမူ ထိတွေ့သည့်ကာလမှာပင် ဓားသမားမှာ ယဲ့ချိုးပိုင်၏ဓားကြောင့် လွင့်စင်သွားရသည်။

သူခြေလှမ်းအနည်းငယ်နောက်ဆုတ်ရင်း ယဲ့ချိုးပိုင်အား မည်းမှောင်သည့်အမူအရာဖြင့် ကြည့်လိုက်၏။ ဓားကိုင်ထားသည့်လက်ကမူ အဆက်မပြတ် တုန်ယင်နေသည်။

သူ့အရိုးထဲက ပိုးကောင်ကဲ့သို့ဓားဆန္ဒက သူ့လက်မောင်းကိုပါ ကျူးကျော်နေသည်။

လဲ့ကျန်းချီ၏ အမူအရာက တည်ငြိမ်နေသည်။

ကောလုနှင့် စုဟောင်တို့က ယဲ့ချိုးပိုင်ကို ကြည့်လိုက်ကြသည်။

ဒါကယဲ့ချိုးပိုင် သူတို့ရှေ့၌ ပထမဆုံးအကြိမ် တိုက်ခိုက်လာသည့် အကြိမ်ပေတည်း။

သူက သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်မှာသာဆိုတာ ရှင်းနေသည်။

သို့စေကာမူ တစ်ချက်တည်းနှင့် အင်မော်တယ်တပိုင်းအစောပိုင်းအဆင့်ဓားသမားတစ်ဦးကို သတ်ပစ်နိုင်သည်။

ဒါ့အပြင် ယဲ့ချိုးပိုင်၏ဓားချက်က သာမန်ဓားချက်တခုအတိုင်းသာ။

ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင်၏ခွန်အားက ကောလုနှင့်တခြားသူများ၏ နှလုံးသားထဲတွင် မြှင့်တက်လာရပြန်သည်။

ထူးကဲနယ်ပယ်ဓားတာအို!

နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်ရေးစွမ်းရည်!

ဒီလူက သူတို့ထက်မနိမ့်ကျသည့် မွန်းစတားတကောင်ဖြစ်သည်။

ဓားသမားက လက်မောင်းထဲက ဓားဆန္ဒကို အစွမ်းကုန်ဖိနှိပ်ပြီးနောက် သူ့အမူအရာက ကြည့်ရဆိုးနေသည်။ သူနောက်ဆုတ်ချင်သော်လည်း နှလုံးသားထဲက လောဘက သူ့ကို အတင်းပြန်ဆွဲနေသည်။

သူဓားရှည်ကိုကိုင်ကာ လေးနက်သည့် အမူအရာဖြင့် တွင်းဆီသို့ လျှောက်သွားသည်။

သူဧရာမတွင်းထဲသို့ ခုန်ချပြီး နန်းတော်ဆီသို့လျှောက်သွားစဉ် သူ့မျက်နှာက သတိနှင့်ပြည့်နေပြီး လှမ်းလိုက်သည့် ခြေလှမ်းတိုင်း၌ အာရုံအားလုံးကို ထုတ်လွှတ်ထားသည်။

ဓားဆန္ဒက သူ့ကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေသည်။

အထက်က ဓားဆန္ဒက သူ့ထံသို့ အချိန်မရွေး ခေါင်းဖြတ်စက်ကဲ့သို့ ပိုင်းဖြတ်လာမည်ကို သူအဆက်မပြတ် စိုးရိမ်နေသည်။

သို့စေကာမူ အစတွင် ဘာမှမဖြစ်ခဲ့ပေ။

သူနန်းတော်နှင့် ခြေလှမ်းတစ်ရာလောက်အကွာတွင် ဓားသမားက သူ့သတိကို အနည်းငယ် နိမ့်ချလိုက်သည်။

ဒီဓားတွေက အလှဆင်ထားတာများလား!

သို့စေကာမူ သူမြန်မြန်လျှောက်လာစဉ် အပေါ်က ဓားတစ်သောင်းမျောလွင့်နေတာကို သတိထားမိသဖြင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာမျာက ပိုပို၍ လေးနက်နေကြသည်။

ဓားထိပ်ဖျားများက ဓားသမား၏ လမ်းကြောင်းအတိုင်း လိုက်သွားပြီး မျက်တောင်တစ်မှိတ်အတွင်းမှာပင် ၎င်း၏ တည်နေရာနှင့် ဖြည်းဖြည်းချင်းညှိနေသည်။

ဓားထိပ်ဖျားက ထိုဓားသမားအား အမြဲညွှန်ပြနေသည်။

သူခြေလှမ်းသုံးရာလောက်သာ ဝေးသောအခါ ဓားသမား၏အမူအရာက တင်းကျပ်သွားပြီး နန်းတော်ဆီသို့ ပြေးသွားသည်။

ထိုအခိုက်အတန့်၌ ဓားတစ်သောင်းက တချိန်တည်းမှာပင် ဟစ်သံများကို ထုတ်လွှတ်ကာ ဓားကြွေးသံများနှင့်အတူ ဓားသမားထံသို့ ဓားတစ်သောင်းက ပစ်၀င်လာသည်။

ဓားသမား၏အမူအရာက ပြောင်းလဲသွား၏။

သူရပ်လိုက်ပြီး ဓားကိုကိုင်ကာ ခုခံချင်သော်လည်း သောင်းချီသောဓားများက သူ့ကိုယ်ထဲစိုက်၀င်ကာ မြေကြီးပေါ်သို့ ကျသွားစေပြီး နောက်ဆုံးဓားက သူ့ဒန်တျန်နှင့် အသိစိတ်ပင်လယ်ကို ဖြတ်သွားသည်။

သို့စေကာမူ သူ့ကျင့်ကြံခြင်းက ဖျက်ဆီးခံရပြီး ဓားတစ်လက်က သူ့ခေါင်းထဲ ၀င်သွားသော်လည်း ဓားသမားက ချက်ချင်းမသေသေးပါ။

ဒီဓားများက ဒီဓားသမား၏ ဓားဆန္ဒသာမက ဝိဉာဥ်ကိုသာ ထုတ်ယူနေတာကို တွေ့လိုက်ရသဖြင့် ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏ အမူအရာများက လေးနက်သွားကြ၏။

ထိုဓားသမားက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ထိတ်လန့်တကြားကြည့်ရင်း ပြင်းထန်သည့် အော်ဟစ်သံတစ်ချက်ကို ထုတ်လွှတ်သည်။

သို့စေကာမူ အော်ဟစ်သံက ပို၍ပင်ညင်သာလာပြီး သူ့ကိုယ်ခန္ဓာက တဖြည်းဖြည်း ခြောက်သွေ့ကာ အရိုးစုတစ်ခုဖြစ်လာရသည်။

ဒါကိုမြင်သောအခါ ကောလုမျက်နှာပေါ်က ကြော့ရှင်းသည့်အပြုံးက လုံး၀ပျောက်ကွယ်သွားပြီး လေးနက်စွာပြောလာသည်။

"တာအိုမိတ်ဆွေတို့၊ ဒီနေရာက နည်းနည်းထူးဆန်းနေတယ်"

လဲ့ကျန်းချီငေါ့တော့တော့ပြောသည်။

"ဒါဆိုမင်းနောက်ဆုတ်မှာလား"

"တစ်ယောက်ပိုရှိတာက ခွန်အားပိုရှိတယ်လို့ ဆိုလိုတာပဲ" ကောလုပြောသည်။

"လူတိုင်း၊ ငါတို့အတူတကွ တိုက်ခိုက်ကြရအောင်"

အပိုင်း(665) coming။

All Chapters