#ပြင်ဆင်ခြင်း#
Vol. 47 Ch. 665
ကောလု၏စကားလုံးများက အမိန့်ပေးနေတာနှင့် တူသော်လည်း အတူတူတိုက်ခိုက်ခြင်းက ဘေးအကင်းဆုံးနည်းဟု ဆို၍ရသည်။
အကယ်၍ သူတို့သာ တစ်ဦးချင်းတိုက်ခိုက်ပါက ယခုလေးတင် တွင်းထဲတွင် ကျသွားသည့် ဓားသမားကဲ့သို့ အဆုံးသတ်သွားနိုင်ပေသည်။
သူကဓားတစ်သောင်းကြောင့် မြေကြီး၌ ထိုးစိုက်ခံရပြီး ဝိဉာဉ်ပင် ထုတ်ယူခံရကာ ၀မ်းနည်းဖွယ်ရာ သေဆုံးသွားခဲ့ရသည်။
လဲ့ကျန်းချီဘာမှမပြောပေ။ သူကောလုကို ကြည့်ပင်မကြည့်ဘဲ ဗျပ်စောင်းကိုပွေ့ဖက်ကာ ခုန်ချလိုက်၏။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင် ကျွင်းကျိတုံကို စိုက်ကြည့်ပြီးပြောသည်။
"သွားကြရအောင်"
ကျွင်းကျိတုံညင်သာစွာ ခေါင်းညိတ်ပြီး သူတို့ကလည်း တွင်းထဲသို့ခုန်ဆင်းလိုက်ကြသည်။
ကောလုနှင့် စုဟောင်တို့က အနီးကပ်လိုက်ပါလာသည်။
ငါးယောက်ဖွဲ့စည်းပုံက အတော်လေးရိုးရှင်းသည်။
လဲ့ကျန်းချီက ရှေ့တန်းကလျှောက်ပြီး ယဲ့ချိုးပိုင်နှင့် ကျွင်းကျိတုံတို့က အလယ်တွင်ရပ်ကာ ကောလုနှင့် စုဟောင်တို့က နောက်တန်းတွင် ရှိသည်။
သို့စေကာမူ ဓားတစ်သောင်း၏ပစ်ခတ်မှုအောက်တွင် ဘာဟာကွက်မှမရှိသဖြင့် ဒီဖွဲ့စည်းပုံက အသုံးမ၀င်ပါ။
ကောင်းကင်ကဓားတစ်သောင်းကို ပစ်လွှတ်လိုက်တာနှင့် သူတို့အတင်းခုခံရုံသာ တတ်နိုင်သည်။ လွတ်မြောက်ရန်ဟူသည် အသုံးမ၀င်။
လေးယောက်က ရှေ့သို့ဆက်ရွေ့ကာ လျှောက်နေကြပြီး အလျင်မလိုကြပါ။
ငါးယောက်စလုံး၏ စောင့်ကြည့်မှုအောက်တွင် ကောင်းကင်ပေါ်က ဓားတစ်သောင်း၏ ထိပ်ဖျားများက ဖြည်းဖြည်းချင်း ရွေ့နေသော်လည်း သူတို့ခေါင်းထိပ်များကိုသာ မျက်နှာမူနေဆဲပင်။
ကောင်းကင်၌ တောက်ပသည့်ကြယ်စင်စုတစ်စုက ချဲ့ထွင်နေပြီး ကြယ်ရောင်များက ဖြန်းကြလာသည်။
ထို့နောက် ကောင်းကင်နှင့်မြေကြီးကို ဆက်သွယ်ထားသည့် ကျောက်တိုင်များ၌ စုစည်းပြီး ထူးကဲဖိနှိပ်အားတခုကို ထုတ်လွှတ်နေသည်။
ဒါ့အပြင် ကောင်းကင်ထဲ၌ ဓားတစ်သောင်းရှိနေသေးသည်။
တိတ်ဆိတ်နေသည့်တွင်းတွင်လည်း ယှဉ်၍မရနိုင်သည့် ဖိနှိပ်ခြင်းအော်ရာတခုရှိသည်။
သူတို့က ကျောက်တိုင်ပေါ်က နန်းတော်မှ မီတာငါးရာအကွာတွင်ရှိနေသေးသည်။
ထိုအချိန်က ဓားသမားက မီတာသုံးရာအကွာ၌ ရှိစဉ်က ရုတ်တရက်အရှိန်တင်လိုက်သဖြင့် ဓားတစ်သောင်းက အသက်၀င်သွားခဲ့သည်။
ယဲ့ချိုးပိုင်ဖြစ်စေ တည်ငြိမ်နေသည့် အမူအရာတခုရှိသည့် လဲ့ကျန်းချီဖြစ်စေ သူတို့၏အမူအရာများက ပိုပို၍လေးနက်လာကြပြီး သူတို့အရှိန်က နှေးကွေးလာခဲ့သည်။
အဝါရောင်မြေဆီလွှာပေါ်၌ သူတို့လှမ်းသည့်ခြေလှမ်းတိုင်းက ပိုပို၍လေးလံလာသည်။
ကောလုပြောသည်။
'အဆင်သင့်ပြင်ထားကြ၊ ငါတို့ရောက်လုနီးပါးရှိနေပြီ....."
မည်သူမှ အရင်ဓားသမားအရိုးစုနှင့် ခြေလှမ်းသုံးဆယ်ထက် ပိုမဝေးတော့ပါ။
စုဟောင် ပထမဆုံးဓားကို ဆွဲထုတ်စဉ် ဓားဆန္ဒက ကောင်းကင်ပေါ် ထိုးတက်သွား၏။
ကောလုကလည်း ခါးကနေ ပျော့ပျောင်းသည့် ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။
ဓားဆန္ဒ၏ ထိုးသွင်းမှုအောက်တွင် ပျော့ပျောင်းသည့်ဓားက ရုတ်ချည်း ဖြောင့်တန်းသွားသည်။
ထိုအခိုက်အတန့်၌ ထူးကဲနယ်ပယ်တ၀က်အဆင့်ဓားဆန္ဒက ပေါက်ကွဲသွားသည်။
လဲ့ကျန်းချီ လက်ချောင်းနှစ်ချောင်းကို ဗျပ်စောင်းသံကြိုးများပေါ်သို့ တင်ကာ သူ့ဓားဆန္ဒကို ထိန်းချုပ်လိုက်သည်။
ယဲ့ချိုးပိုင်ကလည်း ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ကိုင်ပြီး ဓားပိုင်နက်ကို အချိန်မရွေး ထုတ်သုံးရန် အသင့်ပြင်ထားသည်။
ကျွင်းကျိတုံတစ်ယောက်သာလျှင် လက်ထဲတွင် ဓားကိုကိုင်ထားသော်လည်း ဓားဆန္ဒကို မထုတ်လွှတ်ခဲ့ပေ။
သို့စေကာမူ ထိုအချိန်တွင် ကျန်သောသူများက ကျွင်းကျိတုံကို သတိမထားမိဘဲ ကောင်းကင်ပေါ်၌ ဓားတစ်သောင်းကိုသာ အာရုံစိုက်နေကြသည်။
ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း ဘာတခုမှမပြောခဲ့ပါ။
လဲ့ကျန်းချီက အုပ်စုရှေ့တန်းတွင်ရှိသည်။ သူဓားသမား၏အရိုးများရှိသည့် နေရာကို တက်နင်းမိသောအခါ အပေါ်က ဓားတစ်သောင်းက လှုပ်ရှားလာသည်။
တစ်ချောင်းပြီးတစ်ချောင်း ဓားများက လှည့်ပတ်လာကြပြီး လဲ့ကျန်းချီနှင့် ကျန်သောသူများထံသို့ နားကွဲလုနီးပါးဟစ်သံများဖြင့် ထိုးဖောက်လာကြ၏။
ဒါကိုမြင်သောအခါ လဲ့ကျန်းချီ ချက်ချင်းဆိုသလို ဗျပ်စောင်းကို လက်တစ်ဖက်နှင့်ကိုင်ပြီး လက်ချောင်းနှစ်ချောင်းကို ဗျပ်စောင်းကြိုးပေါ် တင်လိုက်သည်။
ကလန်......!
ဗျပ်စောင်းသံစဉ်က စတင်တော့မည်။
ထွက်လာသည့်သံစဉ်က စီးဆင်းနေသည့်စမ်းရေကဲ့သို့ပင် ဓားများအဖြစ် ပြောင်းလဲသွား၏။ ထို့နောက်ဓားရာချီ၊ ထောင်ချီ ပြောင်းသွားပြီး ပစ်ခတ်လိုက်သည်။
ယဲ့ချိုးပိုင်ကလည်း ရှေ့သို့ ခြေလှမ်းကြီးတစ်လှမ်းလှမ်းရင်း ဓားသမား၏အရိုးစုအား ဖြတ်ကျော်ကာ ဓားကိုမြှင့်လိုက်၏။
ထူးကဲဓားဆန္ဒက နေရာအနှံ့ပစ်လွှင့်သွားကြသည်။
ဓားပိုင်နက်က ပထမအတားအဆီးတခုအဖြစ် ပြောင်းလဲသွားပြီး ဓားတစ်သောင်းကို ပိတ်ဆို့လိုက်ကြသည်။
အလားတူပင် ကောလုနှင့် စုဟောင်တို့က ဘာတစ်ခုမှ ဖုံးကွယ်မထားပေ။
သူတို့က အရင်ကအမုန်းတရားများကို စွန့်လွှတ်ခဲ့ရသည်။
ယခုအချိန်တွင် အတူတကွလုပ်ဆောင်မှသာလျှင် ဒီစမ်းသပ်မှုကနေ သူတို့ရှင်သန်နိုင်မည်။
တခြားသူများကိုသာ အပြစ်တင်ချင်နေပါက ဒါက ကိုယ့်ကိုကိုယ်ထိခိုက်အောင် လုပ်တာနှင့် တူနေပေလိမ့်မည်။
လူလေးယောက်၏ဓားဆန္ဒက ဆက်လက်မြည်ဟီးနေပြီး ကောင်းကင်က ဓားတစ်သောင်းနှင့် ဆက်လက်တိုက်မိနေသည်။
ကောင်းကင်ပေါ်က ကျဆင်းနေသည့်ဓားများက ဓားဆန္ဒများနှင့် တိုက်မိပြီး တချွင်ချွင်မြည်သံများကို ထုတ်လွှတ်နေသည်။
ဓားဆန္ဒများက ၎င်းတို့ကိုတွန်းလှန်ပစ်သော်လည်း ဓားဆန္ဒကဖျက်ဆီးခံရသောအခါ တွန်းလှန်ခံရသည့်ဓားက ၎င်းဘာသာနေရာပြောင်းပြီး ယဲ့ချိုးပိုင်နှင့် ကျန်သောသူများထံ တိုက်ခိုက်မှုအသစ်တစ်ကြိမ် စတင်သည်။
ယဲ့ချိုးပိုင်အသံနိမ့်ကာပြောသည်။
"မြန်မြန်ရှေ့ဆက်ကြ၊ မဟုတ်ဘူးဆိုရင် ဒီနေရာမှာ သေလောက်တဲ့အထိ မောပန်းသွားရလိမ့်မယ်"
ယဲ့ချိုးပိုင်စကားမဆုံးသေးခင်မှာပင် လဲ့ကျန်းချီနှင့် ကျန်သောသူများက ကိုယ့်ကိုကိုယ်ကာကွယ်ရင်း ရှေ့တက်လိုက်ကြသည်။
ငါးယောက်စလုံးက မြန်မြန်ဆန်ဆန်ပင် ရှေ့ဆက်လာခဲ့ကြသည်။
သူတို့က နန်းတော်နှင့်နီးသထက်ပို၍ နီးလာကြသည်။
ဓားတစ်သောင်းက ပို၍မြန်ဆန်သည့်နှုန်းဖြင့် ထိုးဖောက်လာကြ၏။
ထို့ထဲက အင်မော်တယ်ဓားဆန္ဒကလည်း ပကတိမျက်စိကဲ့သို့ပင် စူးရှလှသည်။
ဒါကိုမြင်သောအခါ လဲ့ကျန်းချီမျက်ခုံးနှစ်ဘက်ကို တင်းကြပ်စွာကြုတ်ထားသည်။ သူလက်သုံးချောင်းကို ဗျပ်စောင်းကြိုးပေါ်၌ တချိန်တည်းတွင် တင်လိုက်စဉ် ဗျပ်စောင်းသံစဉ်၏ စည်းချက်ကလည်း ပြောင်းလဲသွားခဲ့သည်။
စမ်းရေကဲ့သို့စီးဆင်းနေသည့်သံစဉ်ကနေ စစ်သားတစ်သောင်း တိုက်ခိုက်နေသည့် အသံအဖြစ် ပြောင်းလဲသွား၏။
ယဲ့ချိုးပိုင်ဓားနှင့် ထိုးဖောက်ရန်ပြင်လိုက်စဉ် သူ့ဘေးက ကျွင်းကျိတုံက ဓားဖျားကို ကွေ့ကာ သူ့ခြေအစုံက တခုပြီးတခု အရှိန်ရလာပြီး တဘက်လှည့်ကာ ယဲ့ချိုးပိုင်ထံ ပြေးလာသည်။
ကျွင်းကျိတုံက သူ့လက်ထဲကဓားရှည်ကို အမှန်တကယ် စွန့်လွှတ်ခဲ့သည်။
မူလက အမူအရာကင်းမဲ့နေသည့် သူ့မျက်နှာက ဆိုးယုတ်သည့်အပြုံးဖြင့် ပြည့်နှက်နေပြီး သူ့မျက်လုံးများကလည်း ရှည်ကြီးကျဉ်းလာခဲ့သည်။
လဲ့ကျန်းချီ၊ ကောလုနှင့် စုဟောင်တို့ကလည်း ဒီမြင်ကွင်းကို သတိထားမိသဖြင့် သူတို့အနည်းငယ် ထိတ်လန့်သွားကြ၏။
ကျွင်းကျိတုံက ယဲ့ချိုးပိုင်နဲ့ ဂိုဏ်းတစ်ဂိုဏ်းတည်းက မလား!
ဘာလို့ သူ့ကိုတိုက်ခိုက်ရတာလဲ!
ဒါ့အပြင် ယခုအခြေအနေက အချိန်မရွေး သေဆုံးနိုင်သည့် အခြေအနေမျိုးဖြစ်သည်။
သူတို့တွင် ရန်ငြိုးရှိလျှင်ပင် ဒီနေရာက လွတ်မြောက်ပြီး နန်းတော်ရောက်တဲ့အထိ စောင့်ပြီးမှ တိုက်ခိုက်၍ရသည် မဟုတ်ပေလော။
ယဲ့ချိုးပိုင်နှာခေါင်းရှုံ့သည်။
နောက်ဆုံးတော့ မထိန်းချုပ်နိုင်တော့ဘူးပေါ့!
ထို့နောက် သူအဆောင်တခုကို ထုတ်ယူလိုက်စဉ် လျှပ်စီးစွမ်းအားက အဆောင်ကနေ ပေါက်ကွဲသွား၏။
ယဲ့ချိုးပိုင်အဆောင်ကို အသက်သွင်းလိုက်သောအခါ လျှပ်စီးကြောင်းတခုအဖြစ် ပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
ကျွင်းကျိတုံအနည်းငယ်ကြက်သေသေသွားရသည်။
သူ့လက်ဖဝါးက လေကိုထိမိပြီး ထိုနေရာ၌ပင် လှိုင်းများပေါ်လာသည်။
သူမော့ကြည့်လိုက်သောအခါ ယဲ့ချိုးပိုင် နန်းတော်၀င်ပေါက်ရှေ့တွင် ပေါ်လာတာကို တွေ့လိုက်ရသည်။
သေမင်းဝိဉာဉ်မြို့၌ ကျင့်ကြံခြင်းကို ကန့်သတ်ထားသော်လည်း ကန့်သတ်မှုများမရှိပါ။
ထိုအချိန်တွင် အဆောင်သခင်ညီလေးတစ်ဦးပိုင်ဆိုင်ရတာက အရမ်းအဆင်ပြေတာကို ယဲ့ချိုးပိုင်၀န်ခံရပေမည်။
မည်သည့်အတွက်ကြောင့် အစကတည်းက သူကောင်းကင်ဘုံလွတ်မြောက်အဆောင်ကို တိုက်ရိုက်မသုံးခဲ့လေသနည်း။
ယဲ့ချိုးပိုင် ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို သုံးပြီး ဧရာမအပေါက်ကိုဖြတ်ကာ နန်းတော်ရှေ့သွားရန် စဉ်းစားထားပြီးဖြစ်သည်။
သို့စေကာမူ ကျွင်းကျိတုံ၏ ပုံမမှန်မှုများကို သူသတိရမိသောအခါ မြို့အပြင်က ဝိဉာဉ်ကို သိမ်းပိုက်ချင်သည့် ဝိဉာဉ်ကိုယ်ထည်၏ မြင်ကွင်းကိုသူတွေးမိသွားသဖြင့် ဒါကို စိတ်ကူးမိခဲ့သည်။
ကျွင်းကျိတုံက ပိုင်စီးခံလိုက်ရတာများလား!
ဒီခန့်မှန်းချက်နှင့်အတူ ယဲ့ချိုးပိုင်စွန့်စားကာ ကောင်းကင်ဘုံမိုးကြိုးလွတ်မြောက်အဆောင်ကို ယာယီမသုံးရန် ဆုံးဖြတ်ခဲ့သည်။ သူလူတိုင်းနှင့်အတူ တွင်းထဲသို့ ၀င်ခဲ့သည်။
ဓားတစ်သောင်း၏ တိုက်ခိုက်မှုအောက်တွင် ဒါကဧရာမဟာကွက်တခုကို သေချာပေါက် ဖော်ကြပေလိမ့်မည်။
ထိုအချိန်တွင် ပိုင်စီးခံရပြီး လှုပ်ရှားချင်သည့် ကျွင်းကျိတုံက ဒီအခိုက်အတန့်၌ သေချာပေါက် လှုပ်ရှားလာပေလိမ့်မည်။
အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး၏ ဝိဉာဉ်ကိုယ်ထည်တဖြစ်လဲ ဒီစမ်းသပ်မှုကို ဖြတ်ကျော်ချင်ပါက သူက သူ့နည်းသူ့ဟန်နှင့် လုပ်ရပေမည်။
ထို့ကြောင့် ယဲ့ချိုးပိုင်ဒါကိုစီစဉ်ခဲ့သည်။
သူတကယ်ပင် ဒါကိုရယူနိုင်ခဲ့သည်။
ထိုအခိုက်အတန့်၌ ယဲ့ချိုးပိုင် နန်းတော်တံခါးကို တွန်းဖွင့်ပြီး မ၀င်သွားဘဲ ယင်းအစား ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ဆွဲထုတ်ကာ ကျွင်းကျိတုံအား ပိုင်းဖြတ်လိုက်လေသည်။
အပိုင်း(666) coming။