← Chapters

#ကျွင်းကျိတုံကိုသတ်ခြင်း#

Vol. 47 Ch. 666

#ကျွင်းကျိတုံကိုသတ်ခြင်း#

Vol. 47 Ch. 666

အားနည်းချက်ကို အသုံးချပြီး ငါ့ဘ၀ကို အဆုံးသတ်ချင်တာလား!

တွင်းပေါက်ပေါ်က ဓားတစ်သောင်း၏ ခြိမ်းခြောက်မှုအောက်တွင် အကယ်၍ ကျွင်းကျိတုံတွင်သာ ယဲ့ချိုးပိုင်ကဲ့သို့ လွတ်မြောက်ရန် နည်းလမ်းမရှိပါက သူ့ခွန်အားက သေချာပေါက် ကန့်သတ်ခံရပေလိမ့်မည်။

ယခုအခိုက်အတန့်က ယဲ့ချိုးပိုင်တိုက်ခိုက်ရမည့် အချိန်ပေတည်း။

သူစီးနင်းခံထားရသည့် ကျွင်းကျိတုံကို သတ်ပစ်ရန် စီစဉ်ထားသည်။

ယဲ့ချိုးပိုင်လွတ်မြောက်သွားသည်ကို မြင်ပြီးနောက် လဲ့ကျန်းချီ၊ ကောလုနှင့် စုဟောင်တို့က အနည်းငယ် အံ့ဩသင့်သွားကြ၏။

ကျွင်းကျိတုံ၏အမူအရာက ပို၍ပင် ကြည့်ရဆိုးလာသည်။ မူလက သူယဲ့ချိုးပိုင်ဘက်သို့ တိုက်ရိုက်လှည့်ကာ သူ့ကိုပိုင်ဆိုင်ချင်ခဲ့သည်။ ယဲ့ချိုးပိုင် သူ့ပါရမီကို ပြသခဲ့သလို သူ့ကိုယ်ထဲကနေ ထူးခြားသည့်ခန္ဓာတခုကိုလည်း ခံစားခဲ့ရသည် မဟုတ်ပေလော။

အကယ်၍သူသာ ယဲ့ချိုးပိုင်၏ခန္ဓာကို ရနိုင်ပါက ပို၍မြန်မြန်သက်သာလာနိုင်သလို မြန်မြန်အားကောင်းလာနိုင်ပေသည်။

ထို့ကြောင့် သူအရေးယူဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း အရာများက သူဆန္ဒရှိသလို မဖြစ်လာခဲ့ပါ။

ယဲ့ချိုးပိုင်က လက်ထဲတွင် လွတ်မြောက်အဆောင်တခု ကိုင်ထားမည်ဟု မည်သူက ထင်ထားမည်နည်း။

ဒါ့အပြင် သူကပြင်ဆင်ထားပုံရသည်။

"ဘယ်အချိန်ကတည်းကစပြီး မင်းငါ့ကို သံသယ၀င်နေတာလဲ" ကျွင်းကျိတုံ အထက်က ဓားတစ်သောင်းကို ခုခံရင်း မည်းမှောင်နေသည့်အမူအရာဖြင့် မေးလိုက်သည်။

ယဲ့ချိုးပိုင်ပြန်မဖြေပေ။

ဒီအချိန်သူဘာများထပ်ပြောနိုင်မည်နည်း။

ကျွင်းကျိတုံက သူ့ကိုဖျက်ဆီးရန်အတွက် လျှို့ဝှက်ဓားစမ်းသပ်မှုကို အခွင့်ကောင်းယူချင်နေသည်မှာ သိသာထင်ရှားနေသည်။

ယဲ့ချိုးပိုင် ချက်ချင်းဆိုသလို ဓားနှင့် ထိုးဖောက်ပစ်သည်။

ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓား၏ ပထမဓားချက်က ဓားဆန္ဒကို ကြောက်မက်ဖွယ်ရာနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားစေပြီး ဓားတစ်သောင်း၏ တိုက်ခိုက်မှုအောက်တွင် ရှိနေသော ကျွင်းကျိတုံထံ ၀င်ရောက်သွား၏။

ထိုအချိန်မှာပင် ကောလုလေးနက်စွာပြောသည်။

"ညီအစ်ကိုယဲ့၊ ဒီအချိန်မှာ မင်းရဲ့အမုန်းတရားတွေကို ကျေးဇူးပြုပြီး မေ့ထားပါဦး"

ယခုအချိန်၌ သူတို့တွင် လူတစ်ယောက် လျော့သွားလေပြီ။ သူကအားကောင်းပုံ မရသော်လည်း ဓားတစ်သောင်း၏ တိုက်ခိုက်မှုကို ခုခံနိုင်သည့် ရှင်ကျန်ရစ်သော အားတခုဖြစ်နေဆဲပင်။

သူတို့အတွက် စမ်းသပ်မှုကို ဖြတ်ကျော်ရန်ဟူသည် မရှိမဖြစ်လိုအပ်သည်။

စုဟောင်ကလည်း ဒေါသတကြီးပြောသည်။

"ဟုတ်တယ်၊ ငါတို့စုမိသားစုက မင်းနဲ့အတော်လေးဖော်ရွေရင်းနှီးတာတောင် မင်းကကြင်နာမှုကို ဒီလိုဆိုးယုတ်တဲ့နည်းနဲ့ ပြန်ပေးဆပ်တာလား"

လဲ့ကျန်းချီကမူ တိတ်ဆိတ်နေသည်။

သူတို့အသက်များက ယဲ့ချိုးပိုင်နှင့် ဘာမှမသက်ဆိုင်တာကို သူသိသောကြောင့်ပင်။

အဓိပ္ပာယ်မရှိသည့်စကားများ ပြောနေရမည့်အစား ဓားတစ်သောင်းကို အာရုံစိုက်ပြီး ခုခံတာက ပိုကောင်းသည်။

လဲ့ကျန်းချီမျှော်လင့်ထားသကဲ့သို့ပင် ယဲ့ချိုးပိုင် ဒီအတွက်ကြောင့် မရပ်ခဲ့ပေ။

သေခြင်းရှင်ခြင်းက ငါနဲ့ဘာဆိုင်လဲ!

ငါတို့အချင်းချင်းရင်းနှီးကြလို့လား!

စုဟောင်အတွက် ပြောရမယ်ဆိုရင် စုမုယောင်က စုမိသားစုရဲ့ရင်းနှီးမှုကို ဆောင်ကြဉ်းလာတဲ့သူပါ၊ မင်းမဟုတ်ဘူး!

အကယ်၍စုမုယောင်သာ ဒီနေရာတွင်ရှိပါက ယဲ့ချိုးပိုင်ဒါကိုစဉ်းစားလောက်သည်။

ဒါပေမယ့် မင်း စုဟောင်မှာ ဘာများအခွင့်အရေးရှိလို့လဲ!

ကျွင်းကျိတုံဘာမှမပြောပေ။ သူ့အမူအရာက အတော်လေးကြည့်ရဆိုးနေသည်။

သူ့ထံထိုးဖောက်လာသည့်ဓားများကို ဖောက်ခွဲပစ်ပြီး ညာခြေနှင့်လှမ်းကာ ဘေးသို့ ကွေ့ချိုးရင်း မရေမတွက်နိုင်လောက်သည့်ဓားများ၏ တိုက်ခိုက်မှုကို ရှောင်ရှားပြီးနောက် ဓားနဂါးဆီသို့ လက်ဖဝါးတစ်ချက် ရိုက်ထုတ်လိုက်သည်။

လက်ဖဝါးပုံတစ်ခုက ကျွင်းကျိတုံ၏ လက်ဖဝါးအောက်၌ လေထဲမှတစ်ဆင့် ပေါ်လာကာ မီးတောက်များဖြင့် တဟုန်ထိုး လောင်ကျွမ်းနေသည့် လက်ဖဝါးပုံက လေဟာနယ်တခုလုံးကို လောင်ကျွမ်းပစ်လိုက်သည့်အလားထင်ရသည်။

ဧရာမမီးလျှံကြီးက ပြင်းထန်သော မုန်တိုင်းနှင့်အတူ ထိုးတက်ကာ လက်ဖဝါးပုံနှင့်အတူ ဓားနဂါးကို တိုက်ခိုက်သည်။

ဒီလက်ဖဝါးပုံက ကျွင်းကျိတုံ၏ ပိုင်ဆိုင်မှုမဟုတ်။

ယခုလိုနက်ရှိုင်းသည့် လက်ဖဝါးနည်းစနစ်က မူလကျွင်းကျိတုံအသုံးပြုနိုင်သည့် အရာတစ်ခုမဟုတ်ပါ။

မီးတောက်လက်ဖဝါးပုံက ဓားနဂါးနှင့် တိုက်မိသည်။ ထိုအခိုက်အတန့်၌ ဓားနဂါးက တစ်လက်မချင်းကျိုးပဲ့သွားပြီး လက်ဖဝါးပုံကလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။

သို့သော် ယဲ့ချိုးပိုင်၏ နောက်ထပ်ဓားချက်က အဆုံးမဲ့ဆန္ဒနှင့်အတူ ပိုင်းဖြတ်လာသည်။

ရှေးဦးမူလဓားကျမ်းနှင့် တောင်နှင့်မြစ်ငြိမ်းချမ်းခြင်း!

တချိန်တည်းမှာပင် ဒီဓားထဲတွင် အဆုံးမဲ့ဆန္ဒပါ၀င်နေသည်သာမက လျှပ်စီးနှစ်စင်းလည်းရှိပြီး ယင်နှင့်ယန်က လျှပ်စီးနဂါးတစ်ကောင်ပမာ တွယ်ကပ်ထားကြ၏။

ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်!

တခြားတဘက်တွင် ကျွင်းကျိတုံ အချိန်မှီမတိုက်ခိုက်နိုင်ဘဲ ယင်းအစား ထိုးဖောက်လာသည့် ဓားတစ်သောင်းကို ကိုင်တွယ်ပြီးမှသာ ထိတ်လန့်နေသည့်အမူအရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။

တချိန်တည်းမှာပင် အဆက်မပြတ်တိုးတက်နေသည့် သူ့ခြေထောက်လှုပ်ရှားမှုက ထိုအခိုက်အတန့်၌ ပို၍နှေးကွေးလာသည်။

မူလက နောက်ကျောတွင်ရှိသည့် ကောလုနှင့် စုဟောင်တို့ပင်လျှင် မီတာတစ်ရာကျော်အထိ ဖိနှိပ်ခံရသည်။ သူတို့က သူ့ကို ဒီနေရာ၌ သေသည်အထိ ဆွဲချရန် စီစဉ်နေကြခြင်းပင်။

ကျွင်းကျိတုံ၏အမူအရာက မကျေနပ်မှုများဖြင့် ပြည့်နှက်သွားသည်။

သို့စေကာမူ လက်ရှိအခြေအနေကို ချိုးဖျက်ရန်အတွက် နည်းလမ်းမရှိပါ။

ဒီဓားတစ်သောင်းကြား၌ စိတ်ဝိဉာဉ်တိုက်ခိုက်မှုတခုလည်း ရှိသည်။

ယဲ့ချိုးပိုင်၏ အဆက်မပြတ်တိုက်ခိုက်မှုများကိုပါ ပေါင်းစပ်လိုက်ပါက ပြန်လည်ကောင်းမွန်ရန် လုပ်နေရသည့် ကျွင်းကျိတုံအတွက် ခုခံရန် ပို၍ပင်ခက်ခဲလာသည်။

နှစ်ဘက်စလုံးက ဆက်တိုက်တိုက်ခိုက်နေသည်။

ယဲ့ချိုးပိုင် အေးဆေးတည်ငြိမ်စွာလမ်းလျှောက်နေရင်း လက်ထဲက ခေးအောစ့်အနှစ်သာရအင်မော်တယ်ဓားကို ဝှေ့ယမ်းနေသည်။

ဓားချက်များက တစ်ချက်ပြီးတစ်ချက် ကျွင်းကျိတုံထံကျရောက်လာသည်။

ဒီလိုဆိုပါက ကျွင်းကျိတုံကရော!

သူ ကောင်းကင်ပေါ်ရှိ ဓားတစ်သောင်းကို ရင်ဆိုင်ရင်း ယဲ့ချိုးပိုင်၏ အစွမ်းထက်တိုက်ခိုက်မှုကိုလည်း ကိုင်တွယ်နေသည်။

ဒါကလည်း မူလရှားပါးလွန်းသည့်စွမ်းအားကို အဆက်မပြတ် လျော့ကျလာစေသည်။

မကြာမီ ကျွင်းကျိတုံ၏ခြေရာများက လုံး၀ရပ်တန့်သွားခဲ့သည်။

ကျွင်းကျိတုံ သူ့ထံဆက်လက်ထိုးဖောက်လာသည့် ဓားများကို မရှောင်နိုင်တော့ပါ။ ထိုဓားများက သူ့ခန္ဓာအား ထိုးဖောက်ရင်း စွမ်းအားကို ထုတ်ယူနေသည်။

ဒါက ကျွင်းကျိတုံ၏မျက်နှာပေါ်က မကျေနပ်မှုကို အလွန်အမင်းကြောက်စိတ်တခုအဖြစ် ပြောင်းလဲသွားစေသည်။

ကျောက်တိုင်၏ အချိန်အကြာကြီး ဖိနှိပါခြင်းကို ခံရပြီးနောက် နောက်ဆုံးတွင် သူက ခန္ဓာတခုကို အောင်မြင်စွာ ပိုင်ဆိုင်နိုင်ခဲ့သည်။ သူခွန်အားကို ပြန်ဖြည့်နိုင်သရွေ့ ဒီသောက်ကျိုးနည်းသေမင်းဝိဉာဉ်မြို့က အောင်မြင်စွာ ချိုးဖျက်နိုင်မည်ဖြစ်ပြီး ဒီအန္တရာယ်ရှိသော နေရာကနေ လွတ်မြောက်နိုင်မည်။

သို့စေကာမူ သူက အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။

ကျွင်းကျိတုံ ဒါကိုဘယ်လိုလုပ် လက်ခံနိုင်မည်နည်း။

တခဏကြာ စိတ်ပျက်အားငယ်နေပြီးနောက် ကျွင်းကျိတုံအော်ဟစ်သည်။

"ယဲ့ချိုးပိုင်၊ ငါ့ကိုလွှတ်ပေး၊ အခုကနေစပြီး ငါတို့အချင်းချင်းဘာမှ မသက်ဆိုင်တော့ဘူး၊ ငါမင်းကို နောက်တခါ မတိုက်ခိုက်တော့ဘူး၊ ဟုတ်ပြီလား"

ယဲ့ချိုးပိုင်နှာခေါင်းရှုံ့သည်။

"တိုက်ခိုက်မယ်၊ ငါမင်းကိုဒီမှာ သတ်မယ်ဆိုရင်တောင် တိုက်ခိုက်ဖို့အတွက် အခွင့်အရေးပေးမှာမဟုတ်ဘူး"

သူ့ပူပန်မှုထဲတွင် သူအမှားတခုခုပြောခဲ့မိတာကို ကျွင်းကျိတုံသိလိုက်သည်။

ယခုလိုအခြေအနေအောက်တွင် ယဲ့ချိုးပိုင်ကို နောက်ဘယ်တော့မှ ထပ်မတိုက်ခိုက်ဘူးဆိုသော အခွင့်အလမ်းကို မြှင့်တင်တာက ဘာများအသုံး၀င်မည်နည်း။

"ငါသေမင်းဝိဉာဉ်မြို့အကြောင်း ကောင်းကောင်းသိတယ်၊ ငါဒီမှာ နှစ်များစွာ ဖိနှိပ်ခံခဲ့ရတာကို မင်းလည်းသိမှာပါ၊ ဒီတော့ ငါ့မှာကိုယ်ပိုင်အချက်အလက်တွေ ရှိမှာပဲလေ၊ အချိန်ကျလာတဲ့အခါကျရင် ငါမင်းကို သတင်းအချက်အလက်တွေကို ပြောပြီး သဘာ၀ရတနာတွေကို ပိုရအောင် ကူညီပေးမယ်၊ ဘယ်လိုသဘောရလဲ"

ယဲ့ချိုးပိုင်ထပ်ပြီးပိုင်းချလိုက်သည်။

သူဓားပိုင်နက်ကိုတောင် ထုတ်လွှတ်ကာ မရေမတွက်နိုင်လောက်သော ဧရာမဓားများအဖြစ် ပြောင်းလဲစေပြီး အသင်္ချေသောဓားများနှင့် အချိန်ကိုက်စွာ ကျွင်းကျိတုံထံသို့ ၀င်ရောက်လာသည်။

"အမွေအနှစ်ကို ငါ့ကိုယ်ပိုင်ခွန်အားနဲ့ ငါရအောင်လုပ်နိုင်တယ်၊ ပြီးတော့ အဲဒီသဘာ၀ရတနာဆိုတာတွေကို ငါအရမ်းစိတ်မ၀င်စားဘူး"

"ဒါ့အပြင် မင်းကျွင်းကျိတုံကို သတ်ပစ်ခဲ့တယ်၊ ငါကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို အကြွေးတခုတင်နေတယ်၊ မင်းဘယ်လို အခြေအနေမျိုးကိုပဲပြောပြော ငါမင်းကို အလွတ်မပေးဘူး၊ နားလည်လား"

ကျွင်းကျိတုံ၏မျက်နှာက ဖြူဖျော့ကာ သွေးရောင်ကင်းမဲ့သွားရသည်။

ယဲ့ချိုးပိုင်၏ ၀င်စွက်ဖက်မှုသာမရှိခဲ့ပါက ဒါကစမ်းသပ်မှုတခုဖြစ်နေမည်ဖြစ်ကာ လွတ်မြောက်ဖို့ အတော်လေး လွယ်ကူပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ သူကနှစ်များစွာ ရှင်သန်နေထိုင်ခဲ့သည့် မွန်းစတာအိုတစ်ဦး ဖြစ်နေသည်မဟုတ်ပေလော။

သူ့တွင် အခြေခံအုတ်မြစ်မရှိတာ ဘယ်လိုဖြစ်နိုင်မည်နည်း။

သို့စေကာမူ ယဲ့ချိုးပိုင်၏ ခေါင်းမာမှုက သူ့ကိုသွားစရာနေရာမရှိ ဖြစ်သွားစေသည်။

"မင်းကဓားသမားတစ်ယောက်မလား၊ ငါမင်းကို အင်မော်တယ်ဓားကို နားလည်စေပြီး အင်မော်တယ်ဓားလမ်းကြောင်းကို တက်လှမ်းဖို့အတွက် ကူညီပေးနိုင်တယ်"

ဒီဖျားယောင်မှုအပေါ် လဲ့ကျန်းချီပင်လျှင် ဘေးဘက်သို့ လှည့်ကြည့်မိသည်။

အင်မော်တယ်ဓားက ဓားသမားတိုင်း အိပ်မက်မက်ခဲ့ရသည့် နယ်ပယ်တခုပေတည်း။

သို့သော် ယဲ့ချိုးပိုင်ကရော!

သို့စေကာမူ သူတခြားဘာတခုမှမပြောဘဲ ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို ထပ်မံပစ်လွှတ်လိုက်၏။

ဒါက ယင်နှင့်ယန် လျှပ်စီးနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကျွင်းကျိတုံထံ ၀င်ရောက်သွားသည်။

ထိုအချိန်မှာပင် နောက်ဆုံးတော့ ကျွင်းကျိတုံ နောက်ထပ်ခုခံနိုင်စွမ်းမရှိတော့ပါ။ သူ့ဝိဉာဉ်နှင့် ခန္ဓာကို ထုတ်ယူနေသည့် ဓားများက သူ့အား မြေပေါ်၌ ထိုးစိုက်ပစ်သည်။ သူ့မျက်နှာက အဆုံးမဲ့နောင်တများနှင့် ပြည့်နှက်သွားရပြီး သူနောက်ထပ်အသက်မရှင်သန်တော့ပါ။

ထို့နောက်တွင်သာ ယဲ့ချိုးပိုင် ဓားကိုဖယ်ပြီး ဘေးသို့ကြည့်လိုက်သည်။

လဲ့ကျန်းချီ၊ ကောလုနှင့် စုဟောင်တို့၏ မျက်နှာများက အနည်းငယ်ဖြူရော်နေပြီး သူတို့အသက်ရှူသံများက မတည်ငြိမ်ဖြစ်နေကြသည်။

ကံကောင်းချင်တော့ ဒီစမ်းသပ်မှုကို သူတို့ဖြတ်ကျော်ရုံမျှ ဖြတ်ကျော်နိုင်ခဲ့ကြသည်။

အပိုင်း(667) coming။

All Chapters