#အားလုံး၏ ပစ်မှတ်#
Vol. 47 Ch. 667
ကျွင်းကျိတုံ၏ သေဆုံးမှာက ယဲ့ချိုးပိုင်၏ နှလုံးသားကို အနည်းငယ် လေးလံသွားစေသည်။
လူဘယ်နှစ်ယောက်ကများ အပိုင်စီးခံရပြီးလေသနည်း။
ချူလန်နှင့်ချီပင်းတို့ရော ဒီလိုအရာမျိုးတွေနဲ့ ကြုံခဲ့ကြလား!
သူကကောင်းကင်ဘုံဓားတောင်ထိပ်၏ တပည့်တစ်ယောက် မဟုတ်သော်လည်း သူတို့အား အကြွေးတင်နေသည်။ ဒါ့အပြင် သူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း တည်ထောင်သူဘိုးဘေး၏အမွေကို ဆက်ခံခဲ့သည်။
ယုတ္တိတန်စွာပြောရပါက ယဲ့ချိုးပိုင် ချူလန်နှင့် ကျန်သောသူများကို စောင့်ရှောက်ရပေမည်။
ဤသည်သာမက ချူလန်ဖြစ်စေ ချီပင် သို့မဟုတ် ကျွင်းကျိတုံဖြစ်စေ သူတို့က စစ်မှန်သောဓားသမားများဖြစ်ကြသည်။
ရုတ်တရက် ကောလန်တင်ပလ္လင်ခွေထိုင်ပြီး ပြန်အားအားဖြည့်ပြီးနောက်တွင် ထရပ်ကာ သူ့မျက်နှာပေါ်၌ ကြော့ရှင်းသည့် အပြုံးက ပုံမှန်ပြန်ဖြစ်သွား၏။ သူယဲ့ချိုးပိုင်အား ကြည့်လိုက်သည်။
"ညီအစ်ကိုယဲ့၊ မင်းအခုလုပ်ခဲ့တာက နည်းနည်းကောက်ကျစ်လွန်းတယ်မလား"
ဒီစကားလုံးများက ယဲ့ချိုးပိုင်ကို မုန်းတီးနေသည့် စုဟောင်အား စူးစိုက်ကြည့်စေသည်။
"မင်းဘာလို့ မင်းကိုမဆန့်ကျင်တော့တဲ့ နောက်ထပ်တာအိုမိတ်ဆွေ တစ်ယောက်ကို သတ်ပစ်ရတာလဲ"
"ဒီလိုအခြေအနေမျိုးမှာတောင် မင်းကိုယ်မင်း ဓားသမားတစ်ယောက်လို့ တွေးနေတာလား"
စုဟောင် ဒေါသတကြီးအော်ဟစ်သည်။
"ယဲ့ချိုးပိုင်၊ ငါ့ရဲ့စုမိသားစုက မင်းကို အရမ်းတန်ဖိုးထားတယ်၊ ငါပြန်သွားတဲ့အခါကျရင် ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို အဖိုးနဲ့ အစ်မကြီးကိုပြောပြမယ်"
အစ်မကြီးဆိုတာက စုမုယောင်ဖြစ်ရပေမည်။
လဲ့ကျန်းချီပင်လျှင် ယဲ့ချိုးပိုင်အား မပျော်ရွှင်စွာကြည့်လာသည်။
"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့ တပည့်တွေအတွက် ဒီလိုလုပ်တာက ပုံမှန်ပါပဲ"
ယဲ့ချိုးပိုင်သူ့အား ထူးမခြားနားစွာ ကြည့်လိုက်၏။
ဒီလူကအကြံသမားပင်။ သူ့စကားလုံးများက မီးခြစ်ဆံကို လုံး၀လောင်ကျွမ်းစေပြီး ရှိနေသူတိုင်းကို သူ့အားစတင် မုန်းတီးစေသည်။
အစက နှုတ်ရေးတိုက်ပွဲက ပြဿာနာကြီးတခုဟုတ်ပုံမရပေ။
သို့စေကာမူ နောက်ထပ်စမ်းသပ်မှုတွင် ယဲ့ချိုးပိုင် ဒီမီးပျိုးထားသည့် လောင်စာကြောင့် လုံး၀သက်ရောက်ခံရပြီး စုပေါင်းယှဉ်ပြိုင်မှုကို စတင်ရပေတော့မည်။
သူကနောက်ပိုင်းစမ်းသပ်မှုအတွက် ဘေးထွက်ဆိုးကျိုးဖြစ်လာပေလိမ့်မည်။
ကောလုပြုံးကာ ထပ်ပြောသည်။
"ညီအစ်ကိုယဲ့၊ မင်းငါတို့ ရှင်းလင်းချက်တခု ပေးသင့်တယ် မထင်ဘူးလား"
"ရှင်းလင်းချက်"
ယဲ့ချိုးပိုင် ကောလုကို ထူးမခြားနားစွာကြည့်သည်။
"မင်းအတွေးတွေကိုဖယ်ထားလိုက်စမ်းပါ၊ ငါမင်းကို အခုတိုက်ခိုက်မယ်ဆိုရင်တောင် ဘာလို့ တခုခုရှင်းပြဖို့ လိုရဦးမှာလဲ"
ကောလန်၏အမူအရာက မည်းမှောင်သွား၏။
သို့စေကာမူ သူတည်ငြိမ်စွာ ခေါင်းညိတ်ရင်း လက်အစုံကိုဆန့်လိုက်သည်။
"မှန်တယ်၊ ဒီနေရာမှာ ငါတို့အားလုံးက ပြိုငါဘက်တွေပဲ၊ ဓားတာအိုအမွေအနှစ်အတွက်ရော အင်မော်တယ်ဓားနယ်ပယ်ထိ ရောက်တဲ့ အမွေအနှစ်လျှို့ဝှက်နယ်မြေ အတွက်ရောပဲ၊ ငါတို့အတွက် ငါတို့ရဲ့ဂိုဏ်းတူအချင်းချင်းကို သတ်တာကတောင် နားလည်ပေးလို့ရပါတယ်"
ယဲ့ချိုးပိုင်ကလည်းပြုံးသည်။
"မင်းဓားတာအိုက အဆုံးသတ်ကို ရောက်လုနီးပါးရှိနေပြီ"
ဓားသမားများက ပွင့်လင်းပြီး ရိုးသားသည်။
သူတို့လုပ်သောနည်းလမ်းများက အမြဲလိုလိုဖြောင့်တန်းပြီး ပါးနပ်အောင် ကြိုးစားသော်လည်း အတော်လေး စက်ဆုပ်အထင်သေးစရာကောင်းသည်။
ယခုလိုလူမျိုး၏ဓားတာအိုက သေချာပေါက် အတားအဆီးများကို ရင်ဆိုင်ရပေမည်။
တကယ်တမ်းတွင် သူ့ဘ၀တစ်လျှောက်လုံး၌ သူဒါကိုဖြတ်ကျော်နိုင်မည်မဟုတ်။
မည်သို့ပင်ဆိုစေကာမူ ဓားတာအိုက လျှို့ဝှက်ဆန်းကြယ်သည့် မဟာတာအိုဖြစ်နေသည် မဟုတ်ပေလော။
မဟာတာအို၃၀၀၀ကလည်း ရှေ့တွင်ရှိနေသည်။
အလားတူပင် ဒါက အဆင့်ချိုးဖျက်ရန် နားလည်ဖို့လိုအပ်ချက်များက အတော်လေး ပြင်းထန်လွန်းသောကြောင့်ပင်။
အကယ်၍ဓားသမားများက လှည့်ကွက်များ ကစားရတာကိုသာ သဘောကျပြီး သူ့အပြုအမူ၌ ပြဿာနာရှိနေပါက သူ့အတွက် ပိုမြင့်မားသော အဆင့်ကို ရောက်ရန်ဟူသည် မဖြစ်နိုင်တော့။
"မင်းလည်း ထိပ်ဆုံးကို ရောက်နေပြီးသားများလား"
ယဲ့ချိုးပိုင်၏ အမူအရာက ကြည့်ရဆိုးသွားပြီး သူ့မျက်နှာပေါ်က အပြုံးက ဖြည်းဖြည်းချင်း နစ်မြှုပ်သွားကာ ဆက်ပြောသည်။
"မင်းဒီကိုလာတာ ဓားတာအိုကို ချိုးဖျက်ဖို့အတွက် အခွင့်အလမ်းတခု လာရှာတာဖြစ်ရမယ်"
ကောလု၏အပြုံးက လုံး၀ပျောက်ကွယ်သွားပြီး သူ့အမူအရာက မည်းမှောင်သွား၏။
ယဲ့ချိုးပိုင်၏စကားလုံးများက သူ့အနာကို ထိသွားသည်ဟု ဆို၍ရသည်။
တကယ်တမ်းတွင် ကောလု၏လက်ရှိ ဓားတာအိုမယ်ပယ်က အချိန်အတော်ကြာ ထူးကဲနယ်ပယ် တစ်၀က်အဆင့်၌ ပိတ်မိနေခြင်းပင်။
သူဘယ်လိုပဲကျင့်ကြံပါစေ၊ လျှို့ဝှက်အမွေအနှစ်မြေများအတွက် တိုက်ခိုက် အမျိုးမျိုးသော အမွေအနှစ်များ၊ သဘာ၀ရတနာများကိုပင် ရယူအသုံးပြုခဲ့ပါစေ ဒါတွေက သူ့ဓားတာအိုနယ်ပယ်ကို မတိုးမြှင့်ပေးနိုင်ခဲ့ပါ။
သူ့အတွက် ထူးကဲနယ်ပယ်တ၀က်နှင့် ထူးကဲနယ်ပယ်က စကားလုံးတစ်လုံးသာ ခြားနားသော်လည်း ဒီတ၀က်ဟူသော အရာက တစ်မီတာလောက်သာ ရှိသော်လည်း သူတို့ကြား၌ ဖျက်ဆီး၍ မရနိုင်သည့် တောင်တစ်တောင်ရှိနေသည့်အလားပင်။
သူဘာပဲလုပ်လုပ်၊ ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး ဒါကိုမကျော်လွှားနိုင်ပေ။
ကောလုနှာခေါင်းရှုံ့သည်။ ထို့နောက်တဘက်လှည့်ကာ နန်းတော်တံခါးကို တွန်းဖွင့်ပြီး နောက်ထပ်မည်သည့်စကားမှမဆိုဘဲ ၀င်သွားသည်။
စုဟောင် ယဲ့ချိုးပိုင်ကို အမုန်းဖြင့် ပြည့်နှက်နေသည့် အကြည့်ဖြင့်ကြည့်ရင်း သူ့အနားပ ဖြတ်လျှောက်သွားသည်။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ပခုံးတွန့်ရင်း သူတို့နောက်မှ အနီးကပ်လိုက်သွားသည်။
လူအများကြီးကို စော်ကားမိပြီးနောက် သူ့အနားတွင် ယင်ကောင်တချို့ ပျံဝဲနေလျှင်ပင် သူဂရုမစိုက်ပါ။
အများဆုံး သူသူတို့ကို သေသည်အထိ ရိုက်နှက်ပြီးပါက တိတ်သွားကြပေလိမ့်မညါ။
ဒီနန်းတော်၌ များစွာအလှဆင်ထားခြင်းမရှိဘဲ အင်ပါယာနန်းတော်လို ကြီးကျယ် ခမ်းနားခြင်းမရှိချေ။
ကျန်ရစ်တာဟူ၍ ထိုးဖောက်၍မရနိုင်သည့် နံရံတစ်ခုသာဖြစ်ပြီး အနက်ရောင်အလင်းနှင့်အတူ လင်း၀င်းနေသည်။
သို့စေကာမူ နံရံ၌ အကန့်အသတ်မဲ့ အင်မော်တယ်ဓားဆန္ဒများပါဝင်နေသည်။
ဒါကအလှဆင်ထားသည့် တစ်ခုတည်းသောအရာနှင့် တူပြီး အလယ်တွင် ကျောက်တိုင်တစ်ခုသာရှိသည်။
ဒီကျောက်တိုင်က နန်းတော်ကို ထိုးဖောက်ကာ ဖိနှိပ်ထားသည်။
ကျောက်တိုင်အောက်တွင် အိက်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် အရိုးစုတစ်စုက တင်ပလ္လင်ခွေထိုင်နေသည်။
အရိုးစု၏ လက်များ၊ ခြေချောင်းနှင့် ဦးခေါင်းခွံများ၌ပင် ကျောက်တိုင်က ဆန့်ထွက်နေသည့် ကျောက်သံကြိုးများရှိပြီး အရိုးအဆက်များကြားတွင် ပိတ်မိနေကာ ပိတ်ဆို့ရင်း ၎င်း၏ဝိဉာဉ်ကို ဖိနှိပ်ထားသည်။
ဝင်ပြီးနောက် ဘေးယောက်စလုံးက စိတ်ဖိစီးသွားကြ၏။ ယခုလေးတင်က စမ်းသပ်မှုနှစ်ခုက သူတို့ကို ဒီနေရာက အမွေအနှစ်လျှို့ဝှက်မြေက သူတို့အသက်ကို နှုတ်ယူနိုင်တယ်ဆိုတာကို နားလည်စေသည်။
ထိုအခိုက်အတန့်၌ အိုမင်းသည့်အသံတစ်သံက အလယ်ကနေ ထွက်လာသည်။
"အမွေခံတို့၊ လာကြပါ၊ ဒီမှာ ချောင်းမြောင်းတိုက်ခိုက်တာမရှိပါဘူး"
လူတိုင်း အသံအတိုင်းလိုက်ပြီး အရိုးစုကို ကြည့်လိုက်ကြ၏။
ထိုအချိန်တွင် အရိုးစု၏ အရိုးများက ကျောက်စိမ်းရောင်အလင်းတခုကို ထုတ်လွှတ်နေသည်။
ထိုထဲကနေ ထိန်းချုပ်မရနိုင်သည့် ဓားချီတခုကလည်း ထွက်လာသည်။
"ဒါ့အပြင် ကျောက်တိုင်တွေရဲ့ ဖိနှိပ်မှုနဲ့ဆိုရင် မင်းတို့အသက်ကို နန်းတော်ထဲမှာ ငါအလွယ်တကူ ယူနိုင်ပါသေးတယ်"
ဒါကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့် လဲ့ကျန်းချီတို့က အရိုးစုဆီသို့ တချိန်တည်းတွင် လှမ်းလိုက်ကြသည်။
တကယ်တမ်းတွင် ထုတ်လွှတ်သည့် ဓားချီပင်လျှင် သူတို့ကို အလွယ်တကူ သတ်ပစ်နိုင်သည်။
အကယ်၍ ၎င်းကသာသူတို့ကို သတ်ချင်ပါက သတ်ပစ်သည်မှာ ကြာမြင့်နေလေပြီ။ ဘာလို့ အခုထိစောင့်နေရမည်နည်း။
ဒါကိုမြင်သောအခါ ကောလန်နှင့် စုဟောင်တို့က တခဏမျှတုံ့ဆိုင်းနေပြီးနောက် ရှေ့သို့ လျှောက်သွားကြ၏။
သူတို့ အရိုးစုရှေ့သို့ ရောက်သောအခါ ဓားချီ၏စွမ်းအားက ပို၍ပင်နက်ရှိုင်းလာသည်။
ထိုအခိုက်အတန့်၌ ဝိဉာဉ်တခုက ဦးခေါင်းခွံကနေ ပျံဝဲလာသည်။
ဒါကအဖိုးအိုတစ်ဦးဖြစ်သည်။
သူ့ဆံပင်ဖြူများက ပြန့်ကြဲနေပြီး လေမတိုက်ဘဲ လွင့်နေသည်။
သူအိုမင်းနေပုံပေါ်သော်လည်း သူ့မျက်လုံးများက တောက်ပပြီး ဓားများကဲ့သို့ပင် ထက်ရှသည်။
ဒါကလူတိုင်း၏အသိစိတ်ကို ထိုးဖောက်နိုင်ပြီး ပုံရိပ်ယောင်အားလုံးကို မြင်နိုင်သည့်အလားပင်။
အဖိုးအိုကပြုံးသည်။
"အမွေခံတို့၊ စိတ်မပူပါနဲ့၊ ငါ့ဝိဉာဉ်ကို ဒီကျောက်တိုင်ရဲ့ စည်းတံဆိပ်အောက်က မပိုင်ဆိုင်ပါဘူး"
"ငါသေမင်းတံခါးမှာ အခုထိရုန်းကန်နေရတာက ငါ့ဓားတာအိုကိုဖြန့်ဖို့အတွက် ဆက်ခံသူတစ်ယောက် ရှာချင်လို့ပဲ၊ ဒီနည်းလမ်းနဲ့ဆိုရင် အနည်းဆုံးတော့ ဒီကမ္ဘာမှာ တစ်ကြိမ်တစ်ခါက ငါနေခဲ့တာကို သက်သေပြနိုင်တယ်လေ"
ဒီအဖိုးအိုက သေမင်းဝိဉာဉ်မြို့၏ စည်းမျဉ်းများကို သိနေသည်မှာ သိသာထင်ရှားနေသည်။
ထို့ကြောင့် ကောလုလက်နှစ်ဖက်ဆုပ်ကာ မေးသည်။
"စီနီယာ၊ ဘာလို့ဒီနေရာမှာ ဖိနှိပ်ခံထားရတာလဲ"
အဖိုးအိုကခေါင်းခါယမ်းသည်။
"မင်းတို့ထဲကတစ်ယောက် အမွေရတဲ့အခါ ငါပြောပြမယ်၊ တကယ်လို့ မင်းတို့မရနိုင်ဘူးဆိုရင် သိစရာမလိုတော့ဘူး၊ ဘာလို့လဲဆိုတော့ အမွေအနှစ်ကို မရနိုင်တဲ့သူတွေက သေမင်းဝိဉာဉ်မြို့ရဲ့ နောက်ထပ်စစ်ဆေးရေးဂိတ်ကို ၀င်နိုင်မှာမဟုတ်လို့ပဲ"
"သေချာတာပေါ့၊ ဒါကနောက်ဆုံးစမ်းသပ်မှုလည်းဖြစ်တယ်၊ ဒါကအရမ်းရိုးရှင်းတယ်၊ မင်းတို့ယုံကြည်မှုရှိရင် ငါ့ဆီလာပြီး ဒီကျောက်ဓားကိုကိုင်ပြီး တခြားသူတွေကို အနိုင်ယူလိုက်ကြ"
အပိုင်း(668) coming။