← Chapters

#ကျောက်ဓား#

Vol. 47 Ch. 668

#ကျောက်ဓား#

Vol. 47 Ch. 668

နောက်ဆုံးစမ်းသပ်မှုက ရိုးရှင်းပုံရပြီး အရင်စမ်းသပ်မှုနှစ်ခုထက်ပင် ပိုရိုးရှင်းပုံ ပေါ်သော်လည်း သေချာစဉ်းစားကြည့်သောအခါ ဒါကအတော်လေးအန္တရာယ်များသည်။

အရိုးစုဘေးတွင် ကျောက်ဓားတစ်လက်ရှိသည်။

တစ်နည်းအားဖြင့် ကျောက်ဓားကိုယူနိုင်သည့် ပထမဆုံးလူက ကျန်သုံးယောက်ကို တစ်ယောက်နည်းရင်ဆိုင်ရပေမည်။

သူတို့ထဲက တစ်ယောက်မှ မရိုးရှင်းတာကိုတော့ ပြောနေစရာပင်မလို။

ဒါ့အပြင် အဖိုးအို၏စကားလုံးများက ဒီဖြစ်စဉ်အတွင်း မည်သည့်အော်ရာမှမပါသော ဒီကျောက်ဓားကိုသာ သုံးနိုင်မည်။

ကျောက်ဓားက အထူးပစ္စည်းများနှင့် မပြုလုပ်ထားသော်လည်း သာမန်ဆန်ပြီး ထူးခြားမှုမရှိပေ။

စိန်ခေါ်သူများအဖို့ သူတို့နှင့် အရင်းနှီးဆုံးလက်နက်များကိုသုံးနိုင်သည်။ ဥပမာအားဖြင့် လဲ့ကျန်းချီ၏ဗျပ်စောင်း၊ ကောလု၏ ဓားပျော့နှင့် စုဟောင်၏ဓား၊ ဒီအရာတွေက သာမန်လက်နက်များမဟုတ်ပါ။

ကြီးမားသည့်အားနည်းချက်နှစ်ချက်က ဒီအဆင့်အတွက် သေခြင်းအဆုံးသတ်ပေတည်း။

ဟောလုနှင့်စုဟောင်၏ မျက်လုံးများ၌ တုံ့ဆိုင်းမှုနှင့် ဆင်ခြင်မှုတို့က ပေါ်လာသော်လည်း သူတို့ရှေ့မတက်ကြပေ။

လဲ့ကျန်းချီပင်လျှင် တခဏမျှ တုံ့ဆိုင်းနေပြီးနောက် လက်မောင်းများနှင့် ဗျပ်စောင်းကို ရစ်ပတ်ထားလိုက်သည်။

ကျောက်ဓားက သူ့အားသာချက်မဟုတ်တာ သိသာထင်ရှားနေသည်။

သူ့ဓားတာအိုကို ဂီတသံစဉ်ကထုတ်လွှတ်ခြင်းသာ။

အကယ်၍သူသာ ကျောက်ဓားနှင့်တိုက်ခိုက်ပါက သူ့ခွန်အားက အကြီးအမား လျော့ကျသွားလောက်သည်။

အဖိုးအို၏မျက်လုံးထဲတွင် စိတ်ပျက်မှုတခုပေါ်လာစဉ် ယဲ့ချိုးပိုင်ရှေ့တစ်လှမ်းလှမ်းကာ အဖိုးအိုအား ဦးညွတ်ပြီးနောက် ကျောက်ဓားဘေးသို့ လျှောက်သွားပြီး မတုံ့ဆိုင်းဘဲ ဆွဲထုတ်လိုက်၏။

ဒါကိုမြင်သောအခါ အဖိုးအိုက ညင်သာစွာခေါင်းညိတ်သည်။

"ဒါ့အပြင် စိန်ခေါ်မှုအတွင်းကျောက်ဓားကျိုးသွားခဲ့ရင် မင်းအမွေရဖို့အတွက် အခွင့်အလမ်းကိုလည်း ဆုံးရှုံးမယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်ကာပြုံးသည်။

"ဓားသမားတွေက သူတို့ဓားကို ချစ်မြတ်နိုးကြတယ်၊ ဒါကမရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတခုပဲ၊ ဒါကအရမ်းကို ယုတ္တိတန်ပါတယ်"

အကယ်၍ဓားသမားတစ်ယောက်က သူ့ကိုယ်ပိုင်ဓားကိုပင် မကာကွယ်နိုင်ပါက မဟာဓားလမ်းကြောင်း၌ မည်သို့မည်ပုံ ရှေ့ဆက်နိုင်မည်နည်း။

အဖိုးအိုခေါင်းညိတ်ပြီး လဲ့ကျန်းချီနှင့် ကျန်နှစ်ယောက်ကိုကြည့်လိုက်၏။

"မင်းတို့အခုစိန်ခေါ်လို့ရပြီ၊ အနိုင်ရတဲ့ ဘယ်သူမဆို ကျောက်ဓားကို ကောက်ယူနိုင်မယ်၊ ကျောက်ဓားကိုကိုင်ထားတဲ့ နောက်ဆုံးလူက ငါ့ရဲ့ဆက်ဆံသူဖြစ်မယ်"

ထိုစကားလုံးများထွက်လာသည်နှင့်တပြိုင်နက် စုဟောင်မတုံ့ဆိုင်းဘဲ ထရပ်ကာ လက်ထဲကဓားကို မြှောက်ပြီး ဓားထိပ်နှင့် ယဲ့ချိုးပိုင်အား ညွှန်ရင်း ဒေါသတကြီးပြောသည်။

"မင်းစုမိသားစုရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး"

ယဲ့ချိုးပိုင်ထူးမခြားနားစွာပြောသည်။

"မင်းစုမိသားစုခေါင်းဆောင်ဖြစ်လာတဲ့ အခါကျရင် ဒီစကားကို ပြောလို့ရပြီ"

ဒါကိုကြားသောအခါ စုဟောင်ပို၍ပင် ဒေါသထွက်လာသည်။

သူ‌အော်ဟစ်ရင်း အနက်ရောင်အလင်းကို ထုတ်လွှတ်နေသည့် မြေကြီးအား တက်နင်းကာ လေလှိုင်းများကိုဖန်တီးရင်း ယဲ့ချိုးပိုင်ထံ ပစ်လိုက်သည်။

ယဲ့ချိုးပိုင်ကျောက်ဓားကိုကိုင်ပြီး ပြေး၀င်လာနေသည့် စုဟောင်အား ထူးမခြားနားစွာကြည့်သည်။

အင်မော်တယ်တပိုင်းနယ်ပယ် အစောပိုင်းအဆင့်တစ်ဦးက လက်ရှိယဲ့ချိုးပိုင်အတွက် ခြိမ်းခြောက်မှုတခုမဟုတ်ပါ။

ဒါကိုမဆိုထားနဲ့၊ သူကဓားပိုင်နက်ထဲတွင် ဘုရင်ဖြစ်သည်။

ဓားသမားတိုင်းက ယဲ့ချိုးပိုင်၏ ခြေနင်းဓားသာဖြစ်လာနိုင်ပြီး သူ့အား ဦးညွှတ်ရမည်။

ထိုအခိုက်အတန့်၌ ထူးကဲနယ်ပယ်ဓားဆန္ဒက ပေါက်ကွဲသွား၏။

အဖိုးအို၏ဝိဉာဉ်က ယဲ့ချိုးပိုင်နှင့် မနီးမဝေးတွင်ရှိသည်။

သို့စေကာမူ ဒီဓားပိုင်နက်က အဖိုးအိုကို ဘာဖိအားမှ မပေးနိုင်ပါ။

တကယ်တမ်းတွင် သူကထိုနေရာ၌ ဓားဆန္ဒနှင့် ဓားချီကို မထုတ်လွှတ်ထားသည့်တိုင် မရွေ့နိုင်သည့် တောင်တစ်တောင်အလား ဘာမှမဖြစ်ဘဲ ရပ်နေနိုင်သည်။

တခြားတဘက်တွင် စုဟောင်ထိတ်လန့်သွားသည်။

သူ့လက်ထဲကဓားက ထိုအချိန်တွင် ထိန်းချုပ်မှု လွတ်ကင်းသွားပုံရပြီး တောင်တစ်တောင်ကဲ့သို့ ကီလိုဂရမ်တစ်သောင်းခန့် လေးသွားခဲ့သည်။

တစ်နည်းပြောရပါက စုဟောင်အသက်ရှူကြိမ်ရေတကြိမ်ခန့်မှ ရပ်သွားရသည်။

ယဲ့ချိုးပိုင်ရွေ့သွားသည်။

ထူးကဲနယ်ပယ်ဓားဆန္ဒက ကျောက်ဓားကို ဖုံးထားသည့် ပါးလွှာသောအလွှာတခုပမာ သူစုဟောင်ဆီသို့ ဓားဖြင့် ဖြတ်တောက်ပစ်သည်။

ဒါကိုမြင်သောအခါ စုဟောင်အံကြိတ်ရင်း လက်ထဲက မြေအင်မော်တယ် အထွတ်အထိပ်ဓားကို အတင်းမြှောက်လိုက်သည်။ ထို့နောက် သူ့မရီဒျန်များထဲက ဓားဆန္ဒကို လှည့်ပတ်စဉ် ဒါကအလွန်အမင်း မှေးမှိန်လာသည်။

‌ဒေါတသကြီးအော်သံနှင့်အတူ သူဒူးတစ်ဘက်ကို အနည်းငယ်ဖိထောက်ပြီး ဓားလက်ကိုင်ကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရှေ့တစ်လှမ်းတိုးကာ အပေါ်ကနေအောက်ထိ ပြင်းထန်စွာ ပိုင်းချလိုက်သည်။

သို့စေကာမူ ဒီဓားနှင့်အတူ ဓားနှစ်လက်က တိုက်မိစဉ် ယဲ့ချိုးပိုင်လက်ထဲက သာမန်ကျောက်ဓားက စုဟောင်၏ မျက်လုံးထဲတွင် ယှဉ်၍မရနိုင်သော ထက်ရှသည့် အထွတ်အထိပ်ဓားတစ်လက်ပမာ ပိုင်းဖြတ်သွား၏။

စုဟောင်လက်ထဲကဓားက လွင့်စင်ကာ ဘေးသို့ပျံသန်းသွားသည်။ ဓားထိပ်က အနက်ရောင်အလင်းဖြင့် လင်း၀င်းနေသည့် နံရံကို ထိမှန်သော်လည်း ကလန်‌ဟူသော သတ္တုသံကိုသာမြည်စေပြီးနောက် ကြမ်းပြင်ပေါ် ကျသွားသည်။

တခြားတဘက်တွင် နံရံပေါ်၌ အမှတ်အသားတခုမှပင် မရှိခဲ့ပါ။

တစ်ချိန်တည်းမှာပင် စုဟောင်နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

သူ့နောက်ကနေ အနီးကပ်လိုက်ပါနေသည့် ကျောက်ဓားက ထိုအခိုက်အတန့်၌ စုဟောင်၏ မျက်ခုံးကြားရောက်လာပြီး လက်ချောင်းတစ်ချောင်းစာမျှသာ ဝေးကွာတော့သည်။

စုဟောင်၏အမူအရာက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်ကာ သူ့မျက်လုံးများက ပြူးကျယ်ပြီး မျက်သူငယ်အိမ်များက ကျုံ့သွားခဲ့သည်။

နွေးထွေးသည့်စီးကြောင်းတစ်ခုက သူ့မျက်ခုံးကနေ စီးကျလာပြီး သူညာမျက်လုံးကို ဖြတ်သွားစဉ် အတိနီရဲနေသည်။

ကျောက်ဓားကနေ ထုတ်လွှတ်သည့်ဓားဆန္ဒက စုဟောင်၏မျက်လုံးအကြား အပေါက်လေးတစ်ပေါက်ကိုသာ တိုက်ရိုက် ထိုးဖောက်ပစ်ခြင်းဖြစ်ပြီး သူ့ဝိဉာဉ်ကို မထိခိုက်စေဘဲ သာမန်အသားဒဏ်ရာလေးတခုသာဖြစ်သည်။

ယဲ့ချိုးပိုင် စုဟောင်အား တည်ငြိမ်သောအမူအရာဖြင့်ကြည့်ပြီး အေးစက်စွာပြောသည်။

"စုမိသားစုမှာ အားကောင်းတဲ့လူနဲ့ အားနည်းတဲ့လူတွေရှိတယ်၊ မင်းအစ်မ စုမုယောင်က ဥပမာကောင်းတခုပဲ"

တစ်နည်းအားဖြင့် စုမိသားစုတွင် စုဟောင်က အရမ်းအားနည်းပြီး စုမုယောင်က အရမ်းအားကောင်းသည်။

သူတို့နှစ်ယောက်က အဆင့်တူမဟုတ်ပါ။

ဒါကအမှန်တရားဖြစ်သည်။

သို့စေကာမူ စုဟောင်က စုမုယောင်ကို အမြဲလိုလို မယုံခဲ့ပေ။

မည်သည့်အတွက်ကြောင့် အဖိုးနှင့် စုမိသားစုအကြီးအကဲများက စုမုယောင်ကို ဒီလောက်အမြင့်ကြီး တွေးထားရလေသနည်း။

သို့စေကာမူ သူတို့က သူ့ကိုမူ ဂရုမစိုက်ဘဲ ကိုယ်တိုင်ဖွံ့ဖြိုးခွင့်သာပေးခဲ့သည်။

ဒါက စုဟောင်၏အနာဖြစ်သည်။

ယခုယဲ့ချိုးပိုင်ပြောလာသောအခါ ဒါက စုဟောင်၏ အတွင်းနတ်ဆိုးကို လှုံ့ဆော်ပေးလေသည်။

သူပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်သည်။

ဒါကသူ့တာအိုနှလုံးသားကို ထိခိုက်သွားသည်မှာ သိသာထင်ရှားနေသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်၏ အမူအရာက စုမုယောင်က လေးနက်သည်ဟုပင် မမှတ်ယူသည့်အလား တည်ငြိမ်နေသည်။

သူ လဲ့ကျန်းချီနှင့် ကောလုတို့ကိုကြည့်လိုက်၏။

"အချိန်မဖြုန်းနဲ့၊ နောက်တစ်ယောက်"

ဒီမြင်ကွင်းကို နောက်ကအဖိုးအိုမြင်ခဲ့သည်။

သူခေါင်းညိတ်သည်။

ဓားပိုင်နက်၊ ဓားတာအိုဘုရင်!

သတ္တိရှိတယ်၊ ကျောက်ဓားကို အရင်ဆုံးကောက်ကိုင်ရဲတယ်!

နယ်ပယ်ဖြတ်ကျောက်တိုက်ပွဲမှာတောင် သူက သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်နှင့် အင်မော်တယ်တပိုင်း အစောပိုင်းအဆင့်ကို အလွယ်တကူ အနိုင်ယူခဲ့တယ်!

ထူးကဲနယ်ပယ်ဓားတာအိုက ဓားတာအို၌ ယဲ့ချိုးပိုင်၏ ထူးခြားသည့်ပါရမီကို ပြသနေသည်။

စရိုက်ဖြစ်စေ ပါရမီဖြစ်စေ ယဲ့ချိုးပိုင်က သဘာ၀၏ဓားသမားတစ်ယောက်ပင်။

ဒါ့အပြင် ယဲ့ချိုးပိုင်၏ကိုယ်ခန္ဓာက ထူးခြားတာကို အဖိုးအိုဝေဝါးဝါးခံစားမိဆဲပါ။

ဒီရုပ်ခန္ဓာက ဓားတာအို၌ ယဲ့ချိုးပိုင်၏ အောင်မြင်မှုများတွင် အရေးပါသည့် အကြောင်းရင်းတခုလည်းဖြစ်သည်။

သို့စေကာမူ ဒီလိုဓားတာအိုခန္ဓာမျိုးကို သူတခါမှမကြားဖူးသလို မမြင်ဖူးပါ။

ကောလုက လဲ့ကျန်းချီကိုကြည့်ကာ ပြုံးသည်။

"လဲ့ကျန်းချီ၊ မင်းသွားချင်လား၊ ဒါမှမဟုတ် ငါသွားရမလား"

လဲ့ကျန်းချီ ကောလုကို အထင်အမြင်သေးစွာ ကြည့်ရင်း နှာခေါင်းရှုံ့သည်။

"မင်းကအရမ်းအကြံများပြီး ဆုံးဖြတ်ချက် မချနိုင်ဖြစ်နေတာပဲ၊ ယဲ့ချိုးပိုင်ပြောတာ မှန်တယ်၊ မင်းဘာလို့ ဓားတာအိုမှာ အဆင့်မချိုးဖျက်နိုင်ရသလဲဆိုတာ အကြောင်းရှိတယ်"

ကောလု၏အမူအရာက ကြည့်ရဆိုးသွားသည်။ သူပြန်ပြောရန်ပြင်နေစဉ် လဲ့ကျန်းချီက ဗျပ်စောင်းက လက်မောင်းထဲတွင် ပိုက်ကာ ယဲ့ချိုးပိုင်ရှေ့သို့ လျှောက်သွားသည်။

သူလက်ချောင်းနှစ်ချောင်းကို ဗျပ်စောင်းကြိုးပေါ်တင်ရင်း ယဲ့ချိုးပိုင်အားကြည့်ပြီး ထူးမခြားနားစွာပြောသည်။

"မင်းခွန်အားက ငါ့ထက်နိမ့်ကျရင် မင်းလက်ထဲက ဓားကလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး၊ ငါဒီတိုက်ပွဲကို နိုင်ရင်တောင် အောင်မြင်မှုနည်းနည်းလေးရှိတယ်လို့တောင် ခံစားရမှာမဟုတ်ဘူး...."

အပိုင်း(669) coming။

All Chapters