← Chapters

#ဓားဆိုတာဘာလဲ#

Vol. 47 Ch. 669

#ဓားဆိုတာဘာလဲ#

Vol. 47 Ch. 669

လဲ့ကျန်းချီအတွက် ယဲ့ချိုးပိုင်နယ်ပယ်များ ဖြတ်ကျော်တိုက်ခိုက်နိုင်သော်လည်း ဒါက တခြားသူများအတွက်သာ ဖြစ်သည်။

လဲ့ကျန်းချီ၏ ဓားလမ်းစဉ်အပေါ် အောင်မြင်မှုက သူ့ကိုသိသည့်လူတိုင်းအား ထိတ်လန့်သွားစေခဲ့သည်။

သူကဓားတာအိုကို ဂီတနှင့်အတူ၀င်ခဲ့သည်။

ဒါကအရင်က ဘယ်သူမှ မလျှောက်ကြဖူးသည့် လမ်းစဉ်ပင်။

လဲ့ကျန်းချီ၏ပါရမီက ကုရှီ၏ပါရမီထက်ပင် အတိုင်းအတာတခုအထိ သာလွန်နေပြီဟု ဆို၍ရသည်။

ယဲ့ချိုးပိုင်နောက်က အဖိုးအိုပင်လျှင် လဲ့ကျန်းချီထံသို့ စိတ်၀င်တစား အကြည့်ပို့လွှတ်လိုက်၏။

သူ့ကဲ့သို့ မွန်းစတားအိုတစ်ဦးကို စိတ်၀င်စားစေနိုင်သည့် အရာများက အရမ်းနည်းပါးသည်။ တိုက်ဆိုင်စွာပင် လဲ့ကျန်းချီ၏ ဂီတကို ဓားလမ်းစဉ်၌ ပေါင်းစပ်မှုက အဲထဲကတစ်ခုဖြစ်သည်။

ယဲ့ချိုးပိုင် လဲ့ကျန်းချီ၏ စကားလုံးများကို ကြားသောအခါ ခပ်ရေးရေးပြုံးသည်။

"မင်းအလျှော့ပေးစရာမလိုပါဘူး၊ မင်းရဲ့ ခွန်အားအပြည့်နဲ့ တိုက်ခိုက်ပါ၊ ဒါပေမယ့် မင်းဘာကြောင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက နှင်ထုတ်ခံရတာလဲဆိုတာ ငါမေးချင်တယ်"

လဲ့ကျန်းချီ၏အမူအရာက တည်ငြိမ်နေသည်။

"အရမ်းရိုးရှင်းပါတယ်၊ အဲဒီအချိန်က ဓားတာအိုအပေါ် ငါ့ပါရမီက အရမ်းမကောင်းဘူး၊ ဒါ့အပြင် ပါရမီရှင်တစ်ယောက်အတွက် ငါအပြစ်တင်ခံရတော့ စွန့်ပစ်အပေါင်ခံပစ္စည်းတခုလို ဂိုဏ်းကနေ နှင်ထုတ်ခံလိုက်ရတယ်",

"အဲဒီနောက်မှာ ငါ့အချိန်အားလုံးကို ပူဆွေးမှုတွေကို ချေဖျက်ဖို့အတွက် သောက်သုံးရင်းနဲ့ ကုန်ဆုံးခဲ့ပြီး ဗျပ်စောင်းကို သီးသန့်တီးခတ်နေခဲ့တယ်၊ အမှတ်မထင် ဂီတတချို့က ဓားပညာနဲ့ ဆင်တူတာကို ငါရှာတွေ့ခဲ့ပြီး ဓားတာအိုထဲကို ဂီတနဲ့ ဘယ်လို ၀င်ရမလဲဆိုတာ ပုံဖော်နိုင်ခဲ့တယ်"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"တကယ်ပဲဒီလို ဖြစ်ပျက်ခဲ့တာဆိုရင်တော့ မင်းအတွက် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို မုန်းတီးတာက ပုံမှန်ပါပဲ"

"တိုက်ခိုက်ကြရအောင်"

စကားပြောပြီးသည်နှင့် လဲ့ကျန်းချီ ဗျပ်စောင်းကြိုးများပေါ် တင်ထားသည့် လက်ချောင်းနှစ်ချောင်းကို အသာအယာ လှုပ်ရှားလိုက်၏။

သူ့လှုပ်ရှားမှုက ဗျပ်စောင်းတီးနေစဉ် လေပြေလေညင်းပမာ ပေါ့ပါးသော်လည်း သူတီးခတ်သည့်သံစဉ်က နွေဦးသံစဉ်လို ကြည်လင်ပြီး နှစ်လိုဖွယ်ရာကောင်းသည်။ သို့စေကာမူ သံစဉ်လေးခုက ယဲ့ချိုးပိုင်ထံ ၀င်လာသောအခါ သတ်ဖြတ်ခြင်းဆန္ဒဖြင့် ပြည့်နှက်နေသည့် ဓားဆန္ဒကို သူခံစားနိုင်ပါသည်။

ဒါက အရွက်တစ်ရွက်ကပင် သူ့ခန္ဓာကို ထိုးဖောက်နိုင်သည့်အလား အတော်လေးထက်ရှသည်။

ယဲ့ချိုးပိုင်၏အမူအရာက လေးနက်သွား၏။

လဲ့ကျန်းချီ၏ခွန်အားက ကုရှီအထက်မှာရှိတာကို သူရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

သူတို့နှစ်ယောက်က နယ်ပယ်တူဖြစ်သော်လည်း ဓားနိယာမကို သယ်ဆောင်လာရန်အတွက် ဂီတကို အသုံးပြုသည့် အထူးနည်းလမ်းက ကုရှီထက်ပင် ကိုင်တွယ်ရန် ပိုခက်ခဲသည်။

သူချက်ချင်းပင် ဓားပိုင်နက်ကို ထုတ်လွှတ်ပြီး လဲ့ကျန်းချီအား လွှမ်းခြုံသွားစေသည်။

မမြင်ရသည့်ဖိအားတခုက သူ့ကိုယ်ပေါ်သို့ ရုတ်ချည်း ကျဆင်းလာသဖြင့် လဲ့ကျန်းချီ အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

"ဒါက မင်းဓားသမားတွေကို နယ်ပယ်ကျော်ပြီး စိန်ခေါ်နိုင်ရတဲ့ အကြောင်းရင်းလား၊ မင်းက ငါ့ရဲ့ဓားတာအိုကို ဖိနှိပ်နိုင်တာပဲ"

ယဲ့ချိုးပိုင်ဘာမှမပြောပေ။

သံစဉ်တေးသွားလေးပုဒ်က ပေါ့ပေါ့လေးပင် ပစ်၀င်လာလေပြီ။

ယဲ့ချိုးပိုင်အနားသို့ ချဉ်းကပ်လာသည့် အခိုက်အတန့်၌ ဒါကထက်ရှမှုကိုသာ ပြသသည်။

၎င်းတို့က ယှဉ်၍မရနိုင်သည့် ထက်ရှသောဓားများအဖြစ် ပြောင်းလဲကာ ယဲ့ချိုးပိုင်၏ ခြေလက်အင်္ဂါများကို ဖြတ်တောက်လာသည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်အနည်းငယ် မျက်မှောင်ကြုတ်ရင်း နောက်တစ်လှမ်း ဆုတ်လိုက်၏။ ထူးကဲနယ်ပယ်ဓားဆန္ဒက ကျောက်ဓားကို ဖုံးလွှမ်းသွားပြီး အဆက်မပြတ် ပိုင်းဖြတ်လိုက်သည်။

ဓားချက်လေးချက်က တေးသွားလေးပုဒ်အား ပိုင်းဖြတ်လာသည်။

ထန်း......!

ဒါကပေါ့ပါးသည့် တေးသွားတစ်ပုဒ် ဖြစ်ပုံရသော်လည်း ဓားချက်လေးချက်နှင့် တွေ့ဆုံသောအခါ နောက်ဆက်တွဲလှုပ်ခတ်မှုကြီးတခုကို ဖြစ်စေသည်။

ဓားချက်လှိုင်းများက တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားကြပြီး ပတ်၀န်းကျင်အား တိုက်ခိုက်လာသည်။

စုဟောင်ဒီမြင်ကွင်းကို ဖြူရော်နေသည့် အမူအရာဖြင့် ကြည့်နေသည်။

သူအရင်က လဲ့ကျန်းချီအား ကြားဖူးပါသည်။ သူပင်လျှင် လဲ့ကျန်းချီကို ရင်ဆိုင်ရပါက လှုပ်ရှားမှုနှစ်ခုထက် ပိုကြာမည်မဟုတ်။

သူကလက်ချောင်းနှစ်ချောင်းကိုလည်း ကြိုးများပေါ် တင်ထားသည်။

သို့စေကာမူ ယဲ့ချိုးပိုင်က ဒီတိုက်ချက်ကို ဒဏ်ရာမရဘဲ ခုခံနိုင်သည်။

ဒါကစုဟောင်ကို အံကြိတ်မိသွားစေသည်။ သူနှင့်ယဲ့ချိုးပိုင်ကြားက ခြားနားချက်ကအမှန်ပင် အရမ်းကြီးမားသည်လား။

သူတို့ကျင့်ကြံခြင်းနယ်ပယ်အကြား ကြီးမားသည့် ခြားနားချက်တစ်ခုရှိသည်မှာ ရှင်းလင်းနေသည်။

ကောလုကလည်း အပြုံးကိုဖယ်ရှားရင်း ထိုနှစ်ယောက်ကြားက တိုက်ပွဲကို ဂရုတစိုက် စောင့်ကြည့်နေသည်။

အရေးအကြီးဆုံးအရာက လဲ့ကျန်းချီဖြစ်သည်။

သူတို့နှစ်ယောက်တိုက်ခိုက်ပြီးသည်နှင့် သူတိုက်ခိုက်ရပေတော့မည် မဟုတ်ပေလော။

ထို့ကြောင့် ဒီအခိုက်အတန့်၌ သူ့တွင် သူတို့၏ ထိုးစစ်ဆင်သည့် နည်းလမ်းများကို စောင့်ကြည့်ရင်း အနာဂတ်အတွက် ပြင်ဆင်ရပေမည်။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီပြောသည်။

"ငါတို့နယ်ပယ်အကြား ကွာဟချက်က အရမ်းကြီးမားတယ်၊ ကျောက်ဓားလေးတစ်လက်နဲ့ ငါ့တိုက်ချက်ကို မင်းဘယ်လိုခုခံနိုင်မှာလဲ"

ထို့နောက်သူလက်ချောင်းသုံးချောင်းကို ဗျပ်စောင်းကြိုးပေါ်တင်ရင်း ရက်စက်စွာပင် ပွတ်တိုက်လိုက်၏။

နွေဦးလိုကြည်လင်နေသည့် ဂီတသံစဉ်က ဒီအခိုက်အတန့်၌ ကြီးကျယ်ခမ်းနားသည့် စစ်တပ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရပြီး ယဲ့ချိုးပိုင်ထံ တိုး၀င်သွားကြသည်။

လက်ချောင်းနှစ်ချောင်းနှင့် သုံးချောင်းကြားက ခြားနားချက်က မိုးနှင့်မြေပမာ။

လဲ့ကျန်းချီ၏ခွန်အားက ယဲ့ချိုးပိုင်ကို အသာစီးမရဖြစ်သွားစေသည်။

သူ့ဆရာ သူ့ကိုတပည့်အဖြစ် စလက်ခံစဉ်က သင်ကြားမှုများကို သူအမှတ်ရသွားသည်။

"ဓားသမားတစ်ယောက်အနေနဲ့ သစ်ရွက်သစ်ပင်တိုင်းကို လက်ထဲမှာ ကိုင်ထားနိုင်သရွေ့ ဓားအဖြစ် အသုံးပြုနိုင်တယ်"

ယဲ့ချိုးပိုင်နောက်က အဖိုးအိုကခေါင်းညိတ်ရင်း သူ့ကိုသဘောကျသည့်အသွင် ကြည့်နေသည်။

သူကဒီလိုငယ်ရွယ်သည့်အရွယ်မှာပင် ဓားတာအိုအမှန်တရားများစွာကို နားလည်နိုင်သည်။

ဒီစမ်းသပ်မှုကို သူစတင်ခဲ့ရသည့် အကြောင်းရင်းက သူ့ရည်ရွယ်ချက်ကို နားလည်သည့် ဆက်ခံသူရှိ၊ မရှိ သိချင်သောကြောင့်ပင်။

အစကတည်းက ယဲ့ချိုးပိုင် ရှေ့ထွက်ရန် တုံ့ဆိုင်းမနေခဲ့ပေ။ သူမကြောက်မရွှံ့ပင် ကျန်သုံးယောက်ကို စိန်ခေါ်ရန်အတွက် ကျောက်ဓားကို ကောက်ကိုင်ခဲ့သည်။

ဒါက ဓားတာအို၏ သတ္တိပေတည်း။

သတ္တိနှင့်ရဲရင့်မှုမရှိပါက ဓားလမ်းစဉ်၌ မည်သို့ သတ္တိရှိရှိ လျှောက်လှမ်းနိုင်မည်နည်း။

ယဲ့ချိုးပိုင် ကျောက်ဓားကို ကောက်ကိုင်ပြီး ဖျက်ဆီးခံရမည့်အရေးကနေ ဂရုတစိုက် ကာကွယ်သောအခါ ဒါက ကာကွယ်ရေးဓားတစ်လက်ဖြစ်သည်။

သာမန်ဓားသမားများက သူတို့လက်ထဲက ဓားများကို သူတို့ကိုယ်သူတို့ကာကွယ်ရန် သို့မဟုတ် တခြားသူများကို ကာကွယ်ရန် သုံးသည်ဟု ယုံကြည်ကြသည်။

သို့စေကာမူ ဓားသမားဘယ်နှစ်ယောက်ကများ သူတို့လက်ထဲကဓားကလည်း ဓားသမား၏ ကာကွယ်ပေးမှုကို လိုအပ်တာကို သဘောပေါက်ကြလေသနည်း။

အကယ်၍ လက်ထဲကဓားကို ကာကွယ်ရန်အတွင် အသိစိတ်ပင်မရှိလျှင် ဓားသမားတစ်ဦး ဖြစ်လာရန် မထိုက်တန်ပါ။

ယဲ့ချိုးပိုင်ယခုလေးတင် ပြောခဲ့သည့် စကားလုံးများက ဓားတာအို၏ အမှန်တရားဖြစ်သည်။

ကမ္ဘာကြီးထဲက အရာအားလုံးက ဓားတစ်လက်အဖြစ် သုံးနိုင်သည်။

ဓားသမားတစ်ယောက်က ဒါကိုသဘောပေါက်လာသောအခါ ဒါက ဒီဓားသမား၏ အမြင့်ဆုံးအကန့်အသတ်က အဆုံးမဲ့သွားပြီဟု ဆိုလိုနေခြင်းပင်။

တကယ်တော့ ဒီအရာအားလုံးက ပါရမီကို အခြေခံထားသည်။

သို့စေကာမူ ယဲ့ချိုးပိုင်၏ပါရမီက ဆိုးသည်လား။

အကယ်၍ ယဲ့ချိုးပိုင်တွင်သာ ဓားသမားတစ်ယောက် ဖြစ်လာရန်အတွက် ပါရမီမရှိဘူးဆိုပါက ကမ္ဘာကြီးထဲက လူဘယ်နှစ်ယောက်မှ ဓားသမားဖြစ်လာမှာ မဟုတ်ဘူးဆိုတာ အဖိုးအိုသေချာသည်။

"ဒါကမဟာနိယာမပဲ၊ မင်းငါ့ကိုအနိုင်ယူပြီးမှ ဒီအကြောင်းကိုပြောကြတာပေါ့"

လဲ့ကျန်းချီညင်သာစွာ အော်ဟစ်ကာ ‌ခြေတဖက်တည်းသာထောက်ထားပြီး ဒူးတဖက်ကို ကွေ့ကာ ကျန်တဘက်ကို ပေါင်ပေါ်တင်လိုက်၏။

သူ ဗျပ်စောင်းကို ခြေသလုံးပေါ်၌ အလျားလိုက်တင်လိုက်သည်။

သူလက်ဆယ်ချောင်းကို ကြိုးပေါ်တင်ပြီး စတင်အရူးအမူးလှုပ်ရှားသည်။

ထိုအခိုက်အတန့်၌ စစ်တပ်က နတ်ဗိုလ်ချုပ်တစ်ဦး၏ သံချပ်ကာကို ၀တ်ဆင်ထားပုံရပြီး ကောင်းကင်၌ ရေနဂါးတ‌စ်ကောင်ရှိသည်။

ထို့နောက် ကမ္ဘာကြီးထဲက ဓားဆန္ဒနှင့်အတူ ယဲ့ချိုးပိုင်ထံ ၀င်ရောက်လာသည်။

အစွမ်းကုန်တိုက်ခိုက်ခြင်း!

လဲ့ကျန်းချီ အချိန်ဆက်မဆွဲချင်တော့ပါ။

သူ ယဲ့ချိုးပိုင်ကို ဒီနေရာ၌ အပြည့်အ၀ ဖိနှိပ်ရန်အတွက် အမြန်ဆုံးနှင့် အားအကောင်းဆုံး တိုက်ခိုက်မှုကို အသုံးပြုချင်သည်။

ဒီနည်းလမ်းဖြင့် ဒါကယဲ့ချိုးပိုင်၏ လုပ်ရပ်နှင့် စကားလုံးတွေက အကြွင်းမဲ့ခွန်အားရှေ့က မည်မျှထိ အစွမ်းမဲ့ပြီး စကားလုံးတွေက ဖန်တီးထားခြင်းသာဆိုတာ သက်သေပြနိုင်ပေလိမ့်မည်။

စည်းမျဉ်းတွေကို လက်သီးကြီးနှင့် လူများက ချမှတ်ခဲ့ကြ၏။

ဆင်ခြင်တုံတရားကို အောင်နိုင်သူက ရေးသားခဲ့သည်။

လဲ့ကျန်းချီ ဒီမူဝါဒကို အမြဲယုံကြည်သည်။

ယဲ့ချိုးပိုင် ရှေ့ကစစ်တပ်ကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။

ကောင်းကင်ဘုံစစ်သည်များနှင့် ဗိုလ်ချုပ်များက ကောင်းကင်ပေါ်၌ ရေနဂါးကို စီးနေကြသည်။

သောင်းချီသည့်မြင်းများက မြေပေါ်သို့ ပြေးလွှားနေကြ၏။

ဒီနေရာတွင် မရေမတွက်နိုင်လောက်သည့် ဓားဆန္ဒများက ဓားပိုင်နက်ကနေ ထွက်လာပြီး မရေမတွက်နိုင်သော ဧရာမဓားများအဖြစ် ပြောင်းကာ တဘက်လူအား ပိုင်းဖြတ်လိုက်ကြသည်။

တချိန်တည်းမှာပင် အဆုံးမဲ့ဆန္ဒက ကျောက်ဓားပေါ်၌ သိပ်သည်းကာ ပြင်းထန်သည့်စွမ်းအားကြောင့် ချေမွခံရည့်အရေးကနေ ကာကွယ်ပေးသည်။

ယင်နှင့်ယန်အဖျက်လျှပ်စီးစင်းနှစ်ခုက စတင်စုစည်းလာသည်။

အပိုင်း(670) coming။

All Chapters