← Chapters

#ပြတ်သွားသည့်ကြိုး#

Vol. 47 Ch. 670

#ပြတ်သွားသည့်ကြိုး#

Vol. 47 Ch. 670

ယင်ယန်ကမ္ဘာ့သုတ်သင်မိုးကြိုးနည်းစနစ်!

ဒါက ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်၏ အထွတ်အထိပ်အဆင့်တည်ရှိမှုပေတည်း။

ထိုအချိန်က ကုန်ခမ်းမှုက အလွန်ကြီးမားသဖြင့် ယဲ့ချိုးပိုင် အလွယ်တကူ မသုံးနိုင်ခဲ့ပေ။

လက်ရှိယဲ့ချိုးပိုင်၏ခွန်အားက ငန်းဆိပ်ကမ်းဂိုဏ်းတွင် ရှိစဉ်ကနှင့်ယှဉ်ပါက မရေမတွက်နိုင်လောက်အောင် အကြိမ်များစွာ တိုးလာခဲ့လေပြီ။

သူက ဒီလိုကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်မျိုးကိုပင် ထိန်းချုပ်နိုင်လေပြီ။

လဲ့ကျန်းချီ သူ့ရှေ့ကမြင်ကွင်းကိုကြည့်ရင်း မျက်ခုံးအနည်းငယ်ပင့်လိုက်၏။

"ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်လား၊ အခွင့်အရေးကတော့ မဆိုးပါဘူး၊ ဒါပေမယ့် မင်းနယ်ပယ်နဲ့ဆိုရင် ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ရဲ့ အကူအညီပါရင်တောင် ငါ့ရဲ့ဒီသံစဉ်ကို ဘယ်လိုခုခံမလဲ"

ယင်နှင်ပာန်လျှပ်စီးအဖျက်စွမ်းအားက ကျောက်ဓားနှင့် တစ်ချိန်တည်းတွင် ပေါင်းစပ်သောအခါ နှစ်ခုစလုံး၏ အားကောင်းသော ပေါင်းစပ်မှုက ဧရာမတွန်းကန်းအားတခုကို ထုတ်လွှတ်ပြီး ကြောက်မက်ဖွယ်ရာ အဖျက်စွမ်းအားတခုကို အမှန်တကယ်ပြသလေသည်။

ယဲ့ချိုးပိုင် ယင်ယန်တွန်းကန်မှုကြောင့် ဖြစ်စေသည့် ပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း ခက်ခဲသည့်အရာက ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးနည်းစနစ်ကို သုံးသောအခါ ခွန်အားအကုန်လုံးကို အသုံးပြုရခြင်းပင်။

ထို့နောက် ပေါက်ကွဲမှုကနေ ဖျက်ဆီးမခံရစေရန်အတွက် လက်ထဲက ကျောက်ဓားကိုလည်း ကာကွယ်ရပေမည်။

ဒီနည်းလမ်းဖြင့် သူလဲ့ကျန်းချီကို အနိုင်ယူနိုင်သည်ဟု ယူဆနိုင်သလို ယဲ့ချိုးပိုင်၏ စမ်းသပ်မှုက ကျရှူံခြင်းဖြင့် အဆုံးသတ်သွားတာကိုလည်း ဖြစ်စေနိုင်သည်။

ထို့ကြောင့် သူယင်ယန်နည်းစနစ်ကို သုဲးသောအခါ ကျောက်ဓားကို ဖျက်ဆီးခံရခြင်းကနေ ကာကွယ်ရန်အတွက် သူ့အာရုံကို ကြားခံအဖြစ် လွှဲပြောင်းရသေးသည်။

‌မြင်းများကမြေပြင်၌ရှိပြီး ကောင်းကင်၌ ရေနဂါးများက ပျံသန်းနေကြ၏။

ဗျပ်စောင်းတေးသွားက ကောင်းကင်ဘုံစစ်သည်များနှင့် ဗိုလ်ချုပ်များအဖြစ် အမှန်တကယ် ပြောင်းသွားပြီး ခမ်းနားထည်ဝါသည့် စစ်တပ်တစ်တပ်က ယဲ့ချိုးပိုင်ထံ ပြေး၀င်လာကာ နောက်၌ ဖုန်မှုန့်များပင် လိမ့်တက်လာသည်။

ယဲ့ချိုးပိုင် ကျောက်ဓားကို လက်နှစ်ဖက်နှင့် ကိုင်ထားသည်။ ကျောက်ဓားပေါ်၌ ယင်နှင့်ယန် လုံး၀ကွဲပြားသည့်စွမ်းအားနှစ်ခုက အဆက်မပြတ် စုစည်းနေသည်။ လျှပ်စီးလုံးတစ်လုံးက ကျောက်ဓားထိပ်၌ ဖြစ်တည်လာသည်။

အလင်းလုံးတစ်ဝိုက်က လေဟာနယ်က လှိုင်းများဖြင့် ဆက်လက်လောင်ကျွမ်းနေသည်။

လျှပ်စီးအစက်အပျောက်များက ကမ္ဘာကြီးကို ဖျက်ဆီးနေသည့်အလား ပတ်၀န်းကျင်ကို ရိုက်ခတ်သည်။

အဖျက်အော်ရာ ကျယ်ပြန့်လာတာကို မြင်ရသောအခါ စုဟောင်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။

သူနောက်ဆုတ်ရင်း ရေရွတ်မိသည်။

"ဒါကသွေးပြောင်းလဲခြင်းနယ်ပယ်က ဓားသမားတစ်ယောက် ထုတ်လွှတ်နိုင်တဲ့ စွမ်းအားလား"

ကောလု၏အမူအရာကလည်း လေးနက်နေသည်။

သူ ယဲ့ချိုးပိုင်ကိုထပ်ပြီးလျှော့တွက်ခဲ့မိသည်။

အစပိုင်းတွင် ကောလု လဲ့ကျန်းချီအား အာရုံစိုက်ကာ သူ့တိုက်ခိုက်ဟန်များကို လေ့လာရင်း ဟာကွက်များကို ရှာခဲ့သည်။

သို့သော် ယခုတွင်မူ ဒါတင်မဟုတ်တာ သိသာထင်ရှားနေလေပြီ။

အဘယ်ကြောင့်ဆိုသော် ယဲ့ချိုးပိုင်တွင်လည်း လဲ့ကျန်းချီကို အနိုင်ယူရန် အခွင့်အလမ်းရှိသောကြောင့်ပင်။

"သာမန်ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်တွေက ဒီအဆင့်ကိုမရောက်နိုင်ဘူး....."

ကောလုပါးစပ်ထဲတွင် အဝါရောင်ကြာပန်းတစ်ပွင့်ရှိသည့်အလား ထင်ရပြီး အလွန်အမင်း ခါးသက်နေသည်။

"ဒီလူကအတိအကျဘယ်သူများလဲ.... ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက တကယ်ပဲ ဒီလိုအစွမ်းထက် တပည့်မျိုးကို ပျိုးထောင်နိုင်ခဲ့တာလား"

အလယ်က ကျောက်တိုင်အောက်တွင် အရိုးစုရှိသည်။

အဖိုးအိုက ယဲ့ချိုးပိုင်၏လှုပ်ရှားမှုအပေါ် အံ့ဩသင့်ခြင်းမရှိဘဲ ယင်းအစား ကျောက်ဓားကိုသာ သိချင်စိတ်ဖြင့် ပြည့်နေသည်။

သူကောင်းကောင်းကြည့်ချင်သည်။

ယဲ့ချိုးပိုင်က ယခုလိုအစွမ်းထက် ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်ကို သုံးခဲ့သည်။

ကျောက်ဓားကို ဖျက်ဆီးခံရမည့်အရေးကနေ ဘယ်လိုကာကွယ်မည်နည်း။

ကျောက်ဓားပေါ်၌ အက်ရာဟူ၍မရှိသေးပါ။

ထိုအချိန်တွင် ယဲ့ချိုးပိုင် ဓားကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရုတ်တရက်မျက်မှောင်ကြုတ်ကာ ရှေ့တိုးရင်း လက်ထဲကဓားဖြင့် အပေါ်အောက်ပိုင်းချလိုက်လေသည်။

ထိုအခိုက်အတန့်၌ ယင်ယန်တွန်းကန်မှုကနေ ပေါက်ဖွားလာသည့် ယင်ယန်အဖျက်စွမ်းအားက ဓားဆန္ဒကိုသယ်ဆောင်ကာ အနက်နှင့်အဖြူ လျှပ်စီးတိုင်အဖြစ် ပြောင်းလဲသွားပြီး စစ်တပ်ဆီသို့ ပစ်၀င်သွားသည်။

၎င်းဖြတ်သွားတိုင်း လေထုဖြစ်စေ ဝိဉာဉ်ချီဖြစ်စေ အချိန်တိုအတွင်း ပျောက်ကွယ်သွားပြီး လေဟာနယ်အဖြစ် ပြောင်းသွားကြရသည်။

ယဲ့ချိုးပိုင်လက်ထဲက ကျောက်ဓားက ဓားလက်ကိုင်ကို ကိုင်ထားသည့်တိုင် အဆက်မပြတ် တုန်ခါနေသည်။

သူအစောပိုင်းအဆင့်တွင် ဒါကို ထိန်းချုပ်နိုင်သော်လည်း ယဲ့ချိုးပိုင်၏ လက်ရှိခွန်အားနှင့်အတူ အစွမ်းကုန် ထုတ်လွှတ်သည့်စွမ်းအားကို ထိန်းချုပ်ရန် လိုအပ်သေးသည်မှာ သိသာထင်ရှားနေသည်။

သူ့လက်နှစ်ဖက်ကြားတွင် အစိမ်းရောင်အလင်းအစက်အပျောက်များရှိပြီး ကျောက်ဓားပေါ်သို့ လက်ကိုင်ကနေ တွားတွားသွားစေသည်။

ဒီအစိမ်းရောင်အလင်းက ကျောက်ဓားကိုဖုံးသွားပြီး အစွမ်းထက်အဖျက်စွမ်းအားတုံ့ပြန်မှုမှ ဝါးမြိုခံရခြင်းကနေ ကာကွယ်ပေးသည်။

လူတိုင်း၏ထိတ်လန့်နေသည့် အကြည့်အောက်တွင် လိမ့်တက်လာသည့် စစ်တပ်က လျှပ်စီးတိုင်၏ မျိုချခြင်းကို ခံလိုက်ရသည်။

ကောင်းကင်ပေါ်က ရေနဂါးနှင့် သံစဉ်ကနေ ဖြစ်တည်လာသည့် ကောင်းကင်ဘုံစစ်သည်၊ ဗိုလ်ချုပ်များကမူ သူတို့ဓားများနှင့် ဆက်လက်ပိုင်းဖြတ်နေဆဲပင်။

ဓားချက်များကတစ်ချက်ပြီးတစ်ချက် လျှပ်စီးတိုင်အောက်တွင် ကျဆင်းလာသော်လည်း လုံး၀ရပ်တန့်နိုင်ခြင်းမရှိဘဲ အထဲသို့စုပ်ယူခံရသည်။

ရုတ်ချည်းဆိုသလို ဒါကဓားချီအဖြစ် ပြောင်းသွားပြီး ပျောက်ကွယ်သွား၏။

ဒါကိုမြင်သောအခါ လဲ့ကျန်းချီ၏ အမူအရာက လေးနက်သွားသည်။

ယဲ့ချိုးပိုင်၏ ကောင်းကင်ဘုံဝိဉာဉ်ကျင့်စဉ်စွမ်းအားကို သူလျှော့တွက်မိသည်မှာ သိသာနေသည်။

သူ့၏ သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့် ခွန်အားကိုလည်း သူလျှော့တွက်မိသည်။

လဲ့ကျန်းချီ၏ လက်အစုံက တုန်ယင်နေသည်။

သူ့လက်ဆယ်ချောင်းက ဗျပ်စောင်းကြိုးများပေါ်သို့ အဆက်မပြတ် ကျရောက်နေသည်။

ထိုအချိန်တွင်ပင် ကြမ်းတမ်းခက်ထန်သည့် တေးသွားက ဓားဆန္ဒမုန်တိုင်းတစ်စင်းအလား ထွက်လာသည်။

"ဓားသံစဉ်၊ တောင်နဲ့မြစ်များကိုလှန်ခြင်း"

ဒီသံစဉ်က ယခုအချိန် လဲ့ကျန်းချီတီးခတ်နိုင်သည့် အားအကောင်းဆုံးပေတည်း။

အကယ်၍ဒီသံစဉ်ကလည်း ယဲ့ချိုးပိုင်ကို မခုခံနိုင်ပါက သူထပ်ပြီးလက်စားချေနိုင်မည်မဟုတ်တော့။

သံစဉ်ကနေ ဖန်တီးထားသည့် ဓားဆန္ဒမုန်တိုင်းက သဲများကိုလွင့်စင်စေပြီး လျှပ်စီးတိုင်နှင့် တိုက်မိသည်။

ဓားဆန္ဒက အထိန်းအချုပ်မဲ့နေသည်။

ဒီအခိုက်အတန့်၌ အဖျက်အော်ရာက ပတ်၀န်းကျင်ကို ဆက်လက်တိုက်ခိုက်နေပြီး နောက်ဆက်တွဲငလျင်လှိုင်းများကို ဖြစ်စေသည်။

စုဟောင် လက်ထဲကဓားရှည်ကိုကိုင်ပြီး ‌နောက်ဆက်တွဲလှုပ်ခတ်မှုကို ခုခံနေရသည်။ သို့စေသည့်တိုင် သူ့ဝိဉာဉ်ချီက အဆက်မပြတ် စီးဆင်းနေသည်။

သူယဲ့ချိုးပိုင်နှင့်တိုက်ခိုက်စဉ်က ရခဲ့သည့် ဒဏ်ရာများကိုပါ ပေါင်းစပ်လိုက်သောအခါ သူ့အတွက် ခုခံရန် ပို၍ပင် ခက်ခဲလာသည်။

ကောလုကလည်း မသိစိတ်က ဒီနောက်ဆက်တွဲလှုပ်ခတ်မှုကို ကာကွယ်ရန် ကာကွယ်ရေးအတားအဆီးတခုကို ထုတ်လွှတ်လိုက်မိသည်။

ယဲ့ချိုးပိုင်နှင့် လဲ့ကျန်းချီတို့တိုက်ခိုက်နေကြသည်။

သူတို့က နယ်ပယ်တူကလူများကိုပင် ကျော်လွန်သွားပြီဆိုတာ သိသာထင်ရှားနေသည်။

ကောလုကလည်း အလားတူတွေးနေသည်။

ယဲ့ချိုးပိုင်ကို သူရင်ဆိုင်ပါကရော သူနိုင်မည်လား။

အဖြေက ?သာဖြစ်သည်။

ခရက်ခ်.....!

ရုတ်တရက်နန်းတော်တစ်ခုလုံး၌ ပြတ်သားသည့်အသံတစ်သံ ထွက်လာသည်။

လဲ့ကျန်းချီ၏ လက်ချောင်းများမှ သွေးများစီးထွက်နေပြီး ဗျပ်စောင်းကြိုးတစ်ပင်က ကျိုးပြတ်သွားခဲ့သည်။

ပထမဗျပ်စောင်းကြိုးပြတ်သွားသည်နှင့် ဒုတိယနှင့် တတိယကြိုးများကသာ လိုက်ပါလာသည်။

ထိုအချိန်တွင် လဲ့ကျန်းချီ၏မျက်နှာက ဖြူရော်နေသည်။ ဓားဆန္ဒမုန်တိုင်းနှင့် လျှပ်စီးတိုင်တို့က တချိန်တည်းတွင် ဖျက်သိမ်းခံရသည်။

လဲ့ကျန်းချီလက်ထဲက ဗျပ်စောင်းက ပျံသန်းသွားပြီး နန်းတော်ခြေရင်း၌ ကျသွားသည်။

ကြိုးသုံးပင်ပြတ်သွားခဲ့သည်။

လဲ့ကျန်းချီကိုယ်တိုင်ကလည်း နောက်ဆက်တွဲကြောင့် လွင့်စင်သွားပြီး အနက်ရောင်အလင်းဖြင့် လင်း၀င်းနေသည့် နံရံအား တိုက်မိကာ ပါးစပ်အပြည့် သွေးတစ်လုပ်အန်လိုက်ရသည်။

သူအပြင်းအထန်ဒဏ်ရာရသွားသည်မှာ သိသာထင်ရှားနေသည်။

တစ်ခြားတစ်ဘက်တွင် ယဲ့ချိုးပိုင်က ထိုနေရာ၌ရပ်နေသေးပြီး သူ့မျက်နှာက အနည်းငယ် ဖြူရော်နေသော်လည်း သူနောက်ဆုတ်မသွားခဲ့သလို သူ့လက်ထဲက ကျောက်ဓားကလည်း အစိမ်းရောင်အလင်းနှင့် တောက်ပလာကာ မပျက်စီးဘဲ အကောင်းပကတိရှိနေသည်။

ယဲ့ချိုးပိုင် လဲ့ကျန်းချီအား ထူးမခြားနားစွာကြည့်ရင်း သူ့အကြည့်နှင့်ဆုံလိုက်သည်။

"မင်းရှုံးသွားပြီ"

လဲ့ကျန်းချီ၏အမူအရာက ကြည့်ရဆိုးသွားသော်လည်း အရှုံးကအရှုံးသာ။ ဆင်ခြေမရှိပါ။

ဒါ့အပြင် နယ်ပယ်တွင်ဖြစ်စေ လက်နက်တွင်ဖြစ်စေ သူ့တွင်အသာစီးရခဲ့သည်။

ငြင်းခုံနေစရာဘာမှမရှိ။

"မင်းနိုင်ပါတယ်"

လဲ့ကျန်းချီ သူ့ကိုယ်သူမှီလျက် ဗျပ်စောင်းကို ဖယ်လိုက်ပြီး ယဲ့ချိုးပိုင်အား တည်ငြိမ်သည့် အမူအရာဖြင့်ပြောသည်။

"အနာဂတ်မှာ လမ်းညွှန်မှုကို ပြန်တောင်းခံဖို့အတွက် ငါကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကို ပြန်လာခဲ့ပါမယ်"

ယဲ့ချိုးပိုင်ပြန်မဖြေပါ။

အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၌ ရှိနေဦးမလားဆိုတာ မသိသောကြောင့်ပင်။

ထို့နောက် သူ့အကြည့်က ကောလုပေါ်သို့ ကျသွားခဲ့သည်။

ဒါကိုမြင်သောအခါ ကောလုနှလုံးသားထဲကပင်လျှင် အေးစက်မှုကို ခံစားလိုက်ရပြီး ‌ခြေတစ်လှမ်းဆုပ်မိသည်။

ယဲ့ချိုးပိုင် အထင်အမြင်သေးစွာပြုံးသည်။

"မင်းအရှုံးကို ၀န်ခံချင်လို့လား"

အပိုင်း(671) coming။

All Chapters