#မြွေပွေး#
Vol. 47 Ch. 671
"မင်းအရှုံးကို၀န်ခံချင်တာလား"
ကောလုနောက်တစ်လှမ်း ဆုတ်လိုက်တာကို မြင်သောအခါ ယဲ့ချိုးပိုင် နှာခေါင်းရှုံ့လိုက်သည်။
ဓားသမားတစ်ယောက်က တကယ်ပဲ ကြောက်နေတာလား!
အရင် ကောလုပြောခဲ့လုပ်ခဲ့သည့်အရာများကို သူသတိရသွားသည်။
သူကအင်မတန်ပါးနပ်ပြီး ကြံစည်တတ်သူတစ်ဦး ဖြစ်သော်လည်း လွယ်လွယ် ကြောက်တတ်သည့်သူများလည်းရှိသည်။
ဘယ်လိုအရည်အချင်းမျိုးနဲ့များ ဒီကောင်ဓားသမားတစ်ယောက် ဖြစ်လာရတာလဲ!
သူ့အပြုအမူများကို သတိထားမိသဖြင့် ကောလုကြည့်ရဆိုးသွားပြီး ဒေါသထွက်လာလေရာ ဒေါသတကြီးအော်ဟစ်သည်။
"မင်းက လဲ့ကျန်းချီနဲ့တိုက်ပွဲမှာ ဝိဉာဉ်စွမ်းအင်အများကြီးကို သုံးစွဲပြီးပြီပဲလေ၊ ငါ့ကိုလှောင်ပြောင်ဖို့ ဘာအခွင့်အရေးရှိလို့လဲ"
"ငါအခုမင်းကို စိန်ခေါ်ရင် မင်းစမ်းသပ်မှုကနေ ကျရှုံးမှာပဲလေ"
ထိုနေရာ၌ ကောလုကယုံကြည်မှုကို တွေ့သွားသည့်အလား သူ့မျက်နှာပေါ်က သရော်မှုက ပိုမိုပြင်းထန်လာသည်။
သူယဲ့ချိုးပိုင်အားကြည့်ရင်း နှာခေါင်းရှုံ့သည်။
"မင်းရဲ့ပါရမီက အရမ်းကြောက်စရာကောင်းပါတယ်၊ ငါမြင်ဖူးသမျှလူတွေထဲ မင်းကအံ့ဩသင့်စရာအကောင်းဆုံး ဓားသမားတစ်ယောက်လို့ ပြောလို့ရတယ်"
"ဒါပေမယ့် လက်နက်အဆင့်တွေမှာလည်း စတင်ဖို့အတွက် ခြားနားချက်တခုရှိတယ်၊ အခုမင်းက အတော်လေးမောပန်းနေပြီဆိုတော့ အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့် ဓားသမားတစ်ယောက်ဖြစ်တဲ့ ငါ့ကိုဘယ်လိုတိုက်ခိုက်မလဲ"
ဒီမြင်ကွင်းကိုမြင်ပြီး ထိုကြမ်းတမ်းသည့် စကားလုံးများကို ကြားသောအခါ အဖိုးအိုညင်သာစွာ ခေါင်းခါယမ်းသည်။
သူစိတ်ပိုင်းဖြတ်ထားပါပြီ။
အဆုံးသတ်တွင် ကောလု ယဲ့ချိုးပိုင်ကို နိုင်သွားပါက သူအမွေအနှစ်ကို ဒီကောင်အား ပေးရပေတော့မည်။ ကောလုက ဓားသမားတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ပေ။
ထိုအချိန်တွင် အမွေအနှစ်ကို ဖျက်ဆီးရမည်ဆိုလျှင် ဒီလိုလူမျိုးကို သူပေးမည်မဟုတ်။
"ငါနှစ်ပေါင်းများစွာကျင့်ကြံခဲ့ပြီး ဓားတာအိုကို နားလည်ခဲ့တယ်၊ မင်းလက်ထဲမှာ ဘယ်လိုလုပ်ဖြုန်းတီးနိုင်မလဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"မင်းကြိုးစားကြည့်လို့ရတယ်"
ထိုအချိန်တွင် ကောလုတုံ့ဆိုင်းနေသည်။
ယဲ့ချိုးပိုင်၏စကားလုံးများနှင့် ယုံကြည်မှုရှိသည့် အမူအရာကိုမြင်သောအခါ ဒီလူတွင် အင်္ကျီလက်ထဲ၌ တခြားလှည့်ကွက်များ ရှိသလားဆိုတာ သူသိချင်လာမိသည်။
ဒါမှမဟုတ် ဒါက ကျားတစ်ကောင်ရဲ့ခွန်အားကို ငှားယမ်းနေတဲ့ မြေခွေးတစ်ကောင်လား!
တကယ်တမ်းတွင် သူကအတော်လေး အားနည်းနေလေပြီ။
မင်းငါ့ကို မုသားစကားတွေနဲ့ လန့်အောင် လုပ်ဖို့ ကြိုးစားနေတာလား!
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ကျယ်လောင်စွာ လှောင်ပြောင်လိုက်သည်။
"တုံ့ဆိုင်းနေဖို့လိုသေးလို့လား၊ ကောလု မင်းဓားတာအိုနယ်ပယ်က ဘာလို့မတိုးတက်လာရသလဲဆိုတာ အကြောင်းရင်းရှိတယ်၊ မင်းကကြောက်ပြီး အတွေးအများကြီးရှိတယ်၊ မင်းကဓားကိုကျင့်ကြံဖို့အတွက် မသင့်တော်ဘူး"
ကောလု၏မျက်နှာက သွေးဆုတ်ဖြူရော်သွား၏။
သို့သော် ယဲ့ချိုးပိုင်၏စကားလုံးများက သူ့ကို ဒေါသထွက်သွားစေပုံရသည်။
ကောလုတုံ့ဆိုင်းမနေဘဲ နှာခေါင်းရှုံ့ရင်း ယဲ့ချိုးပိုင်ကို တစ်ချက်နက်ရှိုင်းစွာစိုက်ကြည့်ကာ နန်းတော်တံခါးရှိရာသို့ လျှောက်သွားသည်။
ယဲ့ချိုးပိုင်မျက်မှောင်ကြုတ်လိုက်၏။
သူအရမ်းကြီးမတွေးချင်တော့ဘဲ သူ့စိတ်ထဲတွင် ရှိနေတာကိုသာ ပြောချင်သည်။
သို့စေကာမူ ကောလုက ဒီလောက်ထိ ကြောက်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။
သူသတိပေါ့ဆမိသည့်အခိုက်အတန့်၌ ကောလုက ချက်ချင်းပျောက်ကွယ်သွားပြီး ထပ်ပေါ်လာသောအခါ ယဲ့ချိုးပိုင်ရှေ့ သုံးမီတာအကွာတွင် ရောက်နေလေပြီ။
ထို့နောက် သူ့ခါးကဓားပျော့ကိုထုတ်ကာ ဓားဆန္ဒ၏ပေါင်းစပ်မှုနှင့်အတူ လုံး၀ဖြောင့်တန်းရင်း ယဲ့ချိုးပိုင်လက်ထဲက ကျောက်ဓားကို တိုက်ခိုက်လာသည်။
ကျောက်ဓားကြေမွသွားသည်နှင့် တပြိုင်နက် ယဲ့ချိုးပိုင်၏ စမ်းသပ်မှုကလည်း ကျရှုံးသွားရပေလိမ့်မည်။
ဒါက တိုက်ခိုက်ရန်အတွက် မှားစရာမရှိသည့် အကောင်းဆုံးနည်းလမ်းပေတည်း။
အရင်က သူ့စကားလုံးများ၊ အမူအရာများနှင့် လုပ်ဆောင်ချက်များက ယဲ့ချိုးပိုင်၏ သတိကို ပေါ့ဆသွားစေရန်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပထမနှစ်ကြိမ်တွင် သူဒါကိုတွေ့ခဲ့သည်။
ယဲ့ချိုးပိုင်၏ဓားပိုင်နက်က ဓားသမား၏ ဓားတာအိုကိုဖိနှိပ်နိုင်ပြီး တဘက်လူ၏ ခွန်အားကို အကြီးအမား လျော့ကျစေသည်။
ထိုအချိန်တွင် သူတိုက်ခိုက်လိုက်ပါက ယဲ့ချိုးပိုင်တွင်တုံ့ပြန်ကာ သူ့ဓားပိုင်နက်ကို ထုတ်ရန်အတွက် အချိန်ရှိမည်မဟုတ်။
ဒါ့အပြင် ကောလုက မတုံးအပေ။
ယဲ့ချိုးပိုင် နှစ်ကြိမ်စလုံးကို ဆက်တိုက်နိုင်ထားပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကုန်ဆုံးသွားချိန်တွင် သူသာမတိုက်ခိုက်ပါက သူအမွေရပြီးသူ့စွမ်းအားတိုးလာပြီးမှ လုယက်သင့်လား!
သူ့ဦးနှောက်က ဒီလောက်ထိ မမှားသေးပါ။
ထို့ကြောင့် ယဲ့ချိုးပိုင် သတိလျှော့ချမိသည့် အခိုက်အတန့်၌ ကောလုတိုက်ရိုက်တိုက်ခိုက်ပြီး သူ့ကိုလန့်သွားစေခြင်းပင်။
ဓားမရောက်လာခင်မှာပင် ယဲ့ချိုးပိုင်အနား၌ ဓားချီက ၀န်းရံလာလေပြီ။
အပြာရောင်၀တ်ရုံ၀တ်ထားစဉ် သူဓားချီ တိုက်ခိုက်မှုအောက်၌ အကွဲရာများ ဆက်လက်ပေါ်လာသည်။
အ၀တ်စများက နောက်သို့ လွင့်မြောသွားကြ၏။
ယဲ့ချိုးပိုင်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ကောလု၏သတ်ဖြတ်ခြင်းဆန္ဒက အရမ်းနက်ရှိုင်းစွာ ဖုံးကွယ်ထားလွန်းသဖြင့် သူပင် ချက်ချင်းမတုံ့ပြန်နိုင်ဘဲ လက်ထဲက ကျောက်ဓားကို အဆုံးမဲ့ဆန္ဒနှင့် ကာကွယ်ကာ ကောလုအား ပိုင်းဖြတ်ရန် ဓားဆန္ဒကိုလှည့်ပတ်လိုက်၏။
ဒီမြင်ကွင်းကိုမြင်သော်လည်း အဖိုးအိုက သူ့ကိုမတားခဲ့ပေ။
သူယဲ့ချိုးပိုင်ကိုဘက်လိုက်ပြီး ယဲ့ချိုးပိုင်က သူ့အမွေကိုဆက်ခံရန် အကောင်းဆုံး ရွေးချယ်သူဟု ခံစားရသော်လည်း ဒါက ဘက်လိုက်ဖို့ အကြောင်းပြချက်မဟုတ်ပါ။
ကျင့်ကြံခြင်းကမ္ဘာထဲတွင် အားကောင်းသူက အားနည်းသူကိုအမဲလိုက်သည်။
ခိုး၀င်တိုက်ခိုက်မှု၊ ချောင်းမြောင်းတိုက်ခိုက်မှု၊ ကြံစည််မှုတွေက ဖြစ်နေကျဖြစ်သည်။
သူကပါရမီရှိသော်လည်း လိုအပ်ချက်က ရုတ်တရက်မတော်တဆမှုမျိုးစုံကနေ ရှင်သန်ကာ ပြန်တိုက်ခိုက်နိုင်စွမ်းရှိမှသာလျှင် ဒီရက်စက်သည့်ကမ္ဘာကြီးတွင် ရှင်ကျန်နိုင်ပေလိမ့်မည်။
လမ်းတစ်၀က်တွင် သေသွားရသည့် ပါရမီရှင်က ရှင်စရာပင်။
ပါရမီရှင်တစ်ယောက်က ကြီးထွားလာနိုင်မှသာ လူသောင်းကျော်က သူ့ကို လေးစားအားကျလာပေလိမ့်မည်။
သူ့လက်ထဲက ဓားပျော့ကနီးကပ်နေပြီဖြစ်ကာ ယဲ့ချိုးပိုင်၏ကျောက်ဓားကို ပိုင်းဖြတ်ပစ်သည်။
ထန်း......!
ဓားဆန္ဒကပေါက်ကွဲသွား၏။
အလယ်တွင် ဓားနှစ်ချောင်းဆုံစည်းမှုနှင့်အတူ ဓားဆန္ဒက ဓားချက်၏ နောက်ဆက်တွဲလှိုင်းအဖြစ် ပြောင်းသွားပြီး ဘက်ပေါင်းစုံကနေ အဆက်မပြတ် ပစ်လွှတ်နေသည်။
လဲ့ကျန်းချီနှင့်စုဟောင်တို့က ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာများဖြင့် ကြည့်နေကြသည်။
ဓားသမားများအဖြစ် သူတို့က ကောလု၏ လုပ်ရပ်များကို ရွံရှာကြသည်။
သို့စေကာမူ ဒါကအနိုင်ရရန်အတွက် အများဆုံးအခွင့်အလမ်းရှိသည့်နည်းလမ်းဟု ဆို၍ရသည်။
တချိန်တည်းမှာပင် ဒါက ကောလု၏ အကောင်းဆုံးပင်။
သူကအန္တရာယ်အတွက် စတေးဖို့အခွင့်အရေးကို နည်းနိုင်သမျှနည်းအောင် နည်းလမ်းစုံကိုသုံးပေလိမ့်မည်။
ထို့နောက် သူလျှပ်စီးကဲ့သို့ပင် တိုက်ခိုက်သည်။
အကယ်၍ ယဲ့ချိုးပိုင်၏ဓားတာအိုက ဖြောင့်တန်းသည့် ဓားဘုရင်တစ်ပါးနှင့်ယှဉ်ပါက တခြားဓားသမားများကို ယဲ့ချိုးပိုင်၏ ဓားတာအိုအား မလိုမတူဘဲ အညံ့ခံစေနိုင်သည်။
ထို့နောက် ကောလု၏ဓားတာအိုက အမှောင်ဆုံးထောင့်တွင်ပုန်းနေသည့် အဆိပ်ပြင်းမြွေပွေးတစ်ကောင်ပမာ။ ၎င်းကလျှာကို ထုတ်ကာ ရက်စက်စွာစိုက်ကြည့်နေသည်။
ပြိုင်ဘက်က စိတ်အတည်ငြိမ်ဆုံးနှင့် အမောပန်းဆုံး အခြေအနေတွင် သေစေလောက်သည့်ရိုက်ခတ်မှုတခုကို ပြိုင်ဘက်အား ပေးလာပေလိမ့်မည်။
ဒါကိုကာကွယ်ရန်ဟူသည်မဖြစ်နိုင်ပေ။
ယခုလိုလူမျိုးက ကြောက်စရာအကောင်းဆုံး တည်ရှိမှုဖြစ်သည်။
ကောလုလက်နှစ်ဖက်နှင့် ဓားကိုကိုင်ကာ ယဲ့ချိုးပိုင်ဆီသို့ လှောင်ပြောင်သည့်အပြုံးဖြင့် ချဉ်းကပ်လာသည်။
"စကားလုံးတွေနဲ့ သတ္တိရှိနေတာက ဘာအသုံး၀င်လို့လဲ၊ မင်းငါ့ဓားကို ခုခံနိုင်မှာလား"
ယဲ့ချိုးပိုင်၏မျက်နှာက အနည်းငယ် ဖြူရော်သွား၏။
အရင်တိုက်ပွဲနှစ်ခုက သူ့ဝိဉာဉ်ချီကို အတော်လေးကုန်ခန်းစေခဲ့သည်။
မူလက ကောလုသူ့ကိုစိန်ခေါ်သောအခါ သူ့ဆရာသူ့ကိုပေးထားသည့် ကုသဆေးလုံးကို သောက်သုံးရန် သူကြံရွယ်ထားခြင်းပင်။
သို့စေကာမူ တဘက်လူက သူသတိလက်လွတ်အချိန်တွင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူတွင် ဓားပိုင်နက်ကို အသက်သွင်းရန်အတွက် အချိန်ပင်မရှိခဲ့။
ဒါ့အပြင် သူ့လက်ထဲကကျောက်ဓားကိုလည်း သူတချိန်လုံးကာကွယ်ရပေမည်။
ဒါကတခဏမျှကြာဆိုသော်လည်း ယဲ့ချိုးပိုင်ဆက်လက်ဆုတ်နေစဉ် ကောလုက အနီးကပ်လိုက်လာပြီး ဆက်တိုက်ချဉ်းကပ်လာသည်။
သူယဲ့ချိုးပိုင်ကို ဒီဓားနှင့်သတ်ပစ်ချင်သည်။
ရုတ်တရက် ယဲ့ချိုးပိုင်၏မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့သည်။
ယင်ယန်ကမ္ဘာ့သုတ်သင်လျှပ်စီးငယ်နှစ်ခုက ရုတ်တရက်စုစည်းကာ ပေါက်ကွဲသွား၏။
ကောလုထိတ်လန့်သွားပြီး တုန်ယင်သွားရသည်။
ယဲ့ချိုးပိုင်ကမူ လွင့်စင်သွားပြီး ဆယ်မီတာအကွာ၌ကျသွားသည်။
ယဲ့ချိုးပိုင်အသက်ရှုနေသေးတာကို မြင်သဖြင့် ကောလုအေးစက်စွာ နှာခေါင်းရှုံ့သည်။ သူရပ်နေပြီး ပြန်ပြေး၀င်လာသည်။
သူယဲ့ချိုးပိုင်ကို အသက်ရှူရန်အတွက် မည်သည့်အခွင့်အရေးမှ မပေးချင်ပေ။
ယဲ့ချိုးပိုင် ဒီအခွင့်အရေးကိုယူကာ သူနှင့် အနည်းငယ် ဝေးကွာအောင် လုပ်လိုက်သည်။
သူကောလန်အား အေးစက်စွာကြည့်သည်။
ဓားပိုင်နက်က အသက်၀င်လာသည်။
ကမ္ဘာကြီး၏အနှစ်သာရက ယဲ့ချိုးပိုင်လက်ထဲက ကျောက်ဓားပေါ်၌ စတင်စုစည်းလာသည်။
အပိုင်း(672) coming။