← Chapters

#အရှုံးသမားထွက်သွားခြင်း#

Vol. 47 Ch. 672

#အရှုံးသမားထွက်သွားခြင်း#

Vol. 47 Ch. 672

သူထွက်သွားသောအခါ ယဲ့ချိုးပိုင် ဆေးကိုချက်ချင်းမသောက်ခဲ့ပေ။

ဒါကအနည်းဆုံးတော့ အသက်ရှူကြိမ်ရေတကြိမ်ခန့် ကြာမြင့်ပေလိမ့်မည်။

ဒီတိုတောင်းသောကာလက ကောလုအတွက် ရှေ့သို့ပြေး၀င်လာရန် လုံလောက်နေလေပြီ။

ထို့ကြောင့် ယဲ့ချိုးပိုင် နောက်ဆုံးလက်ကျန် ဝိဉာဉ်ချီကိုအနည်းငယ်ကို အသုံးပြုပြီး ရှေးဦးမူလဓားကျမ်း၏ တတိယဓားချက်ကို အတင်းအကြပ်လုပ်ဆောင်ရန် ကြံရွယ်ခဲ့သည်။

နတ်ဆိုးချိုးဖျက်သူ!

ဓားပိုင်နက်က ရုတ်တရက်ကျယ်ပြန့်လာပြီး ထူးကဲနယ်ပယ်ဓားဆန္ဒက မြည်ဟီးကာ ကောလုကိုယ်ပေါ်သို့ ကျရောက်လာသည်။

ရုတ်ချည်းဆိုသလို သူ့ဓားတာအိုက အညှာတာကင်းမဲ့စွာ ဖိနှိပ်ခံလိုက်ရတာကို ကောလု ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူ့လက်ထဲကဓားက ငါးထောင်ကီလိုဂရမ်းလောက် လေးလာသည်။

ဓားပိုင်နက်၏ဖိနှိပ်ခြင်းသက်ရောက်မှုက ကောလုပေါ်သို့ ကျရောက်လာသောအခါ ပို၍ပင် သိသာထင်ရှားလာသည်။

ဒါက ကောလု၏ဓားတာအိုနှင့်လည်း ဆက်စပ်နေသည်။

ကောလု၏ဓားတာအိုက သမားရိုးကျ မဟုတ်ဘဲ အတော်လေးကြောက်တတ်သည်။

ယဲ့ချိုးပိုင်၏ဘုရင်အဆင့်ဓားတာအိုက ဒါကို လုံး၀ဖိနှိပ်ထားနိုင်ခဲ့သည်။

ကောလုအံကြိတ်ကာ ဓားပျော့ကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်ပြီး ရုတ်တရက်လေထဲသို့ လှမ်းလိုက်၏။

ဒါက တည်ငြိမ်နေသည့်ရေကန်ထဲသို့ ကျောက်တုံးတစ်တုံးကျလာသည့်အလား လှိုင်းများကိုထသွားစေသည်။

ထိုအခိုက်အတန့်၌ တွန်းကန်အား၏ အကူအညီနှင့်အတူ ကောလု၏ကိုယ်က လေးကပစ်လွှတ်လိုက်သည့် မြှားတစ်စင်းပမာ ယဲ့ချိုးပိုင်ထံသို့ ပိုမြန်သည့်နှုန်းဖြင့် တိုး၀င်သွား၏။

တခြားတစ်ဘက်တွင် ယဲ့ချိုးပိုင် မျက်လုံးအစုံကို ညင်သာစွာမှိတ်လိုက်သည်။

တိုက်ခိုက်လာသည့်ကောလုကို လျစ်လျုရှုရင်း ပတ်၀န်းကျင်က မိုးနှင့်မြေအနှစ်သာရက ယဲ့ချိုးပိုင်ဆီသို့ အဆက်မပြတ် စုစည်းလာကြသည်။

မိုးနှင့်မြေအနှစ်သာရ အများကြီး မရှိသော်လည်း ဝန်းကျင်ကနံရံများရှိ အနက်ရောင်အလင်းက မိုးနှင့်မြေအနှစ်သာရကို အစားထိုးကာ မြင်နိုင်သည့်အမြန်နှုန်းဖြင့် ကျောက်ဓားပေါ်၌ စုစည်းလာသည်။

ခုနှစ်ရောင်သက်တန့်အလင်းက ယခုအချိန်တွင် အဆုံးမဲ့ရှင်ခြင်းဆန္ဒက ယူလာသည့် မြစိမ်းရောင်ဖြင့် ပြည့်လျှမ်းနေပြီး အတိအနက်ရောင်သမ်းနေသည်။

အရောင်ကဘယ်လိုပင်ရှိပါစေ အနက်ရောင်ပမာဏအများဖြင့် ခြယ်သခံရပြီးနောက် ညစ်ညမ်းသွားကာ လုံး၀ အနက်ရောင်ပြောင်းသွားသည်။

သို့စေကာမူ ဓားကိုဖုံးလွှမ်းနေသည့် မြစိမ်းရောင်အလင်းက အရင်အတိုင်းရှိနေ‌သေးပြီး အနက်ရောင်အလင်းကြောင့် လုံးဝစွန်းထင်းခြင်းမရှိပါ။

အဖိုးအိုအနည်းငယ်အံ့ဩသွားရသည်။

ဒီအနက်ရောင်အလင်းက ဘာကိုကိုယ်စားပြုသလဲဆိုတာ သူသိပါသည်။

ကျောက်တိုင်က စည်းတံဆိပ်ဖြစ်သည်။

၎င်းက သူ့ဝိဉာဉ်၊ ဓားတာအိုနှင့် ဒန်တျန်ကို ချိပ်ပိတ်ထားသည်။

နန်းတော်နံရံပေါ်က အလင်းနက်က ဖိနှိပ်မှုပင်။

ဒါက သူ့ခန္ဓာ သို့မဟုန် သူ့အရိုးများကို ဖိနှိပ်နေသည်။

အဖိုးအို၏နယ်ပယ်တွင် သူ့ဝိဉာဉ်ဖျက်ဆီးမခံရသရွေ့ သူ့ရုပ်ခန္ဓာက ဖျက်ဆီးခံရပြီး အရိုးများသာ ကျန်လျှင်ပင် အဖျက်စွမ်းအား တိုက်ခိုက်မှုတခုကို ထုတ်လွှတ်နိုင်ဆဲဖြစ်သည်။

ဒီအလင်းနက်ကို သေမင်းဝိဉာဉ်မြို့ကို ဖန်တီးခဲ့သည့် ကြောက်မက်ဖွယ်ရာတည်ရှိမှုက ချန်ထားခဲ့ခြင်းပင်။

ယဲ့ချိုးပိုင်က ဒါကိုတကယ်သုံးနိုင်တာလား!

ဒါ့အပြင် မြစိမ်းရောင်အလင်းကလည်း ၎င်း၏တိုက်စားမှုကို ခုခံနိုင်ငည်။

ဒါက အဆုံးမဲ့အမှောင်ထုထဲက အလင်းတန်းတစ်ခုပမာ။

နှင်းတောင်ထဲက သစ်ကတိုးပင်တစ်ပင်ပမာ ရှုပ်ထွေးလှသည့် ပင်လယ်ပြင်၌ အစိမ်းရောင်အရွက်တစ်ရွက် လှုပ်ခတ်နေသည့်အလား။

ဒါကအရမ်းသေးပုံရသော်လည်း မည်သည့်မုန်တိုင်းကမှ မဖျက်ဆီးနိုင်ပါ။

ဒီအစိမ်းရောင်အလင်းက အတိအကျ ဘာများပင်ဖြစ်လေသနည်း။

ကောလု ယဲ့ချိုးပိုင် ခွန်အားစုစည်းနေတာကို စိုးရိမ်ပူပန်သည့်အမူအရာဖြင့် ကြည့်နေသည်။

သူရှေ့သို့ပြေး၀င်ကာ ယဲ့ချိုးပိုင်အား တစ်ချက်ပြီးတစ်ချက်ပိုင်းဖြတ်သည်။

ဒီဓားချက်များက ယဲ့ချိုးပိုင်၏ အရေးကြီးနေရာများကိုပင် ထိနိုင်သည့်ဓားချက်များပင်။

ဓားပိုင်နက်ထဲကဓားဆန္ဒက ဧရာမဓားတစ်လက်အဖြစ်စုစည်းကာ ခုခံသည်။

ယဲ့ချိုးပိုင် သူ့အရေးပါသောအစိတ်အပိုင်းများပို မထိနိုင်သည့် ဓားချက်များကို ဂရုမစိုက်ဘဲ သူ့ကိုယ်ခန္ဓာအား ပိုင်းဖြတ်ခွင့်ပေးထားသည်။

မကြာမီ သူ့လက်မောင်းများ၊ ခြေများနှင့် ပခုံးများ၌ အပေါက်ကြီးတစ်ပေါက်စီအဖြစ် ဖြတ်ခံရပြီး သွေးများက ဒဏ်ရာကနေ စီးတွေလာကြကာ ဒဏ်ရာထဲတွင် အရိုးဖြူများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရလေပြီ။

သို့စေကာမူ ယဲ့ချိုးပိုင်တိတ်ဆိတ်နေသည်။

သူ့ကိုယ်ခန္ဓာက တုန်ယင်နေသော်လည်း သူ့အမူအရာက လုံး၀ပြောင်းလဲခြင်းမရှိပါ။

သူ့မျက်လုံးများကိုတင်းကျပ်စွာ ပိတ်ထားရင်း ပတ်၀န်းကျင်ကမိုးနှင့်မြေအနှစ်သာရများကို စုပ်ယူရင်း ကျောက်ဓားပေါ်၌ စုစည်းနေသည်။

ဒါကသူအင်မော်တယ်နယ်ပယ်ကို ၀င်ရောက်သွားသည့်အလားပင်။

ကောလုဆိုးယုတ်သည့် အပြုံးတစ်ပွင့်ကို ထုတ်ဖော်ထားသည်။ ယဲ့ချိုးပိုင်ရှေ့တွင် သူဓားကို လက်နှစ်ဖက်နှင့်ကိုင်ပြီး ရုတ်တရက် ပိုင်းချလိုက်၏။

အကယ်၍ ဒီဓားကသာ ယဲ့ချိုးပိုင်၏ ခန္ဓာကို ဖြတ်တောက်သွားပါက သေချာပေါက် နှစ်ပိုင်းဖြစ်သွားစေလိမ့်မည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။

သူ့လက်ထဲက ကျောက်ဓားက ကောလုအား ပိုင်းဖြတ်ပစ်သည်။

ဒီဓားက မူလအခြေအနေသို့ ပြန်ရောက်သွားပုံရပြီး ဓားဆန္ဒအော်ရာဟူ၍ လုံး၀မရှိပါ။

ဒီအရာအားလုံးက ကျောက်ဓားအတွင်း ပါ၀င်ပြီး ဒီဓားကပင် ကောလု၏ဆံပင်စကိုပင် အဆုံးထိ ထောင်မတ်သွားစေသည်။

သူ့လက်ထဲက ဓားက ယဲ့ချိုးပိုင်ခေါင်းပေါ် ကျရောက်တော့မည့်အချိန်တွင်ပင် အောင်ပွဲက မြင်သာနေသည့်အချိန်တွင်ပင်၊ သူနီးကပ်လာသည်နှင့် ယဲ့ချိုးပိုင်အား သတ်နိုင်တော့မည့်အချိန်တွင်ပင် ဒီဓားချက်ကြောင့် ကောလု သေခြင်းတရား၏ ခံစားချက်ကို ခံစားနေရသည်။

ချွေးအေးများက သူ့၀တ်ရုံအား စိုရွှဲသွားစေသည်။

သို့‌စေကာမူ ဒါကိုတွေးတောနေရန် အချိန်မရှိပါ။

ဓားက ကောလု၏ဓားပျော့ကို ထိမိသည်။ အတားအဆီးဟူ၍ လုံး၀မရှိသလို နှေးကွေးသွားခြင်းလည်းမရှိ။

ကောလုလက်ထဲက ဓားပျော့က ကျောက်ဓားကြောင့် ကွဲအက်သွားရသည်။ ထို့နောက် ရွှံ့ကိုသံနှင့် ဖြတ်ပစ်သည့်အလား နှစ်ခြမ်းကွဲသွားစေသည်။

ကောလု၏မျက်လုံးများက မှေးမှိန်သွား၏။ ကျောက်ဓားက သူ့ရင်ဘတ်ကို အရှိန်မလျှော့ဘဲ ထိုးဖောက်သွားတာကို သူကြည့်နေရုံသာ တတ်နိုင်တော့သည်။

ယဲ့ချိုးပိုင်၏အမူအရာက ထူးမခြားနားစွာရှိနေပြီး ရေရွတ်လိုက်သည်။

"ရှေးဦးမူလဓားကျမ်း၊ နတ်ဆိုးချိုးဖျက်သူ..."

ကျောက်ဓားက ကောလု၏ဒန်တျန်ကို ထိုးပစ်ကာ ဓားဆန္ဒနှင့် စွမ်းအားက ဓားကိုယ်ထည်၌ပါ၀င်သဖြင့် ထိုအခိုက်အတန့်၌ ကောလု၏ကိုယ်ထဲမှ ပေါက်ကွဲသွားသည်။

ရပ်နား၍မရနိုင်သည့်အားတစ်ခုက ကောလု၏ဒန်တျန်၊ အရိုးများနှင့်သူ့ဝိဉာဉ်ကိုပင် အသက်ရှူကြိမ်ရေတစ်ကြိမ်အတွင်း ဝါးမြိုသွားခဲ့သည်။

ကောလုတွင် သေခြင်းတရား၏ အတွေးများကိုပင် ဖော်ပြရန် အချိန်မရှိခဲ့။

သူယဲ့ချိုးပိုင်၏ တည်ငြိမ်နေသောမျက်လုံးများကို ထိတ်လန့်စွာကြည့်ပြီးနောက် အောက်ကျသွားသည်။

အသက်လက္ခဏာဟူ၍မရှိတော့။

ကောလုသေဆုံးသွားလေပြီ။

သူယဲ့ချိုးပိုင်လက်ထဲတွင် သေဆုံးသွားရသည်။

ယဲ့ချိုးပိုင်ကမူ တည်ငြိမ်နေသည့် အမူအရာဖြင့် အရိုးစုရှေ့က ကျောက်စင်ပေါ်သို့ လျှောက်သွားပြီး ကျောက်ဓားကို ကျောက်စင်ပေါ်တင်ကာ သွားရာလမ်းအတိုင်း ပြန်လာခဲ့သည်။

ဒါတွေအားလုံးကိုလုပ်ဆောင်ပြီးနောက် ယဲ့ချိုးပိုင်မျက်လုံးတစ်ချက်လိမ့်ကာ မြေပေါ်သို့လဲကျသွားရသည်။

ဒါကိုမြင်သောအခါ အဖိုးအိုမစိုးရိမ်ပေ။

သူကမောပန်းသွားခြင်းသာ။

မနီးမဝေးတွင် လဲ့ကျန်းချီ ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေခဲ့သည်။

တစ်ယောက်သုံးယောက်တွင် စုဟောင်ကို အမြောက်ဆန်အဖြစ် ရှုမြင်လျှင်ပင် သူနှင့် ကောလုတို့က အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့် တည်ရှိမှုများဖြစ်ကြသည်။

ဒါ့အပြင် သူတို့က လူသိရှင်ကြားယူဆခံထားရသည့် ပါရမီရှင်ဓားသမားများဖြစ်ကြသည်။

သို့စေကာမူ သူတို့ကို သွေးပြောင်းလဲခြင်းနယ်ပယ် အလယ်အလတ်အဆင့်သာရှိသည့် ယဲ့ချိုးပိုင်က အနိုင်ယူပစ်ခဲ့သည်။

ပို၍ကြောက်မက်ဖွယ်ကောင်းတာက ယခုလေးတင်က ယဲ့ချိုးပိုင်၏ဓားချက်ကို သူခုခံနိုင်မလားဆိုတာကိုပင် လဲ့ကျန်းရှီမသိပေ။

ဒီဓားချက်က အရမ်းကြောက်စရာကောင်းလွန်းသည်။

အမြဲလိုလိုယုံကြည်မှုရှိသည့် လဲ့ကျန်းချီပင်လျှင် တုံ့ဆိုင်းနေမိသည်။

စုဟောင်ကရော!

သူကခါးသီးစွာပြုံးရင်း ခေါင်းခါယမ်းသည်။

ယခုနောက်ဆုံးတွင် ဘာကြောင့် သူ့အစ်မကြီးနှင့် အဖိုးတို့က အပြင်လူတစ်ယောက်ကို အရမ်းတန်ဖိုးထားနေသလဲဆိုတာ သူနားလည်သွားလေပြီ။

ဘာကြောင့် သူ့အစ်မကြီးက ဒီအပြင်လူကို စုမိသားစုထဲ ဆွဲသွင်းရန် ဘယ်လိုတန်ဖိုးမျိုးကိုမဆို ပေးဆပ်နိုင်မှာကို နားလည်သွားခဲ့သည်။

သူမကသူ့ကိုမဆွဲထားနိုင်သဖြင့် သူမ၏ သဘောထားကို လျှော့ချရင်း ယဲ့ချိုးပိုင်နှင့် မိတ်ဆွေဖွဲ့ခဲ့သည်။

ထိုအချိန်က စုဟောင်ဒါကိုဂရုမစိုက်ခဲ့ပေ။

ယခုဒီမြင်ကွင်းကိုမြင်ပြီးနောက် သူ့အမြင်က အရမ်းကျဉ်းလွန်းခဲ့တာကို စုဟောင်နားလည်လာရသည်။

အတိတ်က သူ့၏မောက်မာမှုများက ယဲ့ချိုးပိုင်၏ ရက်စက်စွာရိုက်ချိုးခြင်းကို ခံရသည်။

စုဟောင်ထရပ်ကာ ရုတ်တရက်ပြုံးသည်။

"ငါဒီအဆင့်နဲ့ အရမ်းဝေးနေသေးတယ် ဆိုပေမယ့် ကောင်းကောင်းကြိုးစားကျင့်ကြံမယ်"

ထိုစကားပြောပြီးနောက် စုဟောင်၏ နယ်ပယ်က အင်မော်တယ်တပိုင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ အမှန်တကယ် ချိုးဖျက်သွားခဲ့သည်။

သူ့ဓားတာအိုကလည်း ကမ္ဘာတုန်လောက်ဖွယ် အပြောင်းအလဲတခုကို ကြုံခဲ့ရသည်။

စုဟောင် ယဲ့ချိုးပိုင်အား လက်သီးဆုပ်ပြပြီး နန်းတော်တံခါးကို ဖွင့်ကာထွက်သွားသည်။

ယခုအချိန်က အရှုံးသမားအတွက် ထွက်သွားရမည့်အချိန်ပေတည်း။

အပိုင်း(673) coming။

All Chapters