← Chapters

#အဖိုးအို၊ မင်းကငါ့ရဲ့အမွေကို အသုံးမ၀င်အောင် လုပ်ပစ်တာပဲ#

Vol. 48 Ch. 673

#အဖိုးအို၊ မင်းကငါ့ရဲ့အမွေကို အသုံးမ၀င်အောင် လုပ်ပစ်တာပဲ#

Vol. 48 Ch. 673

ယဲ့ချိုးပိုင်ကျဆင်းလာသည့်အခိုက်အတန့်၌ ဖုန်မှုန့်များက ငြိမ်သွားခဲ့သည်။

လဲ့ကျန်းချီနှင့် စုဟောင်တို့က ယဲ့ချိုးပိုင်အား နက်ရှိုင်းစွာတစ်ချက်ကြည့်ပြီးနောက် နန်းတော်တံခါးကိုဖွင့်ကာ ထွက်သွားကြလေတော့သည်။

ကောလုကမူ သေတယ်ဆိုသည့်စကားထက် ပို၍ထင်သာစွာပင် သေဆုံးနေခဲ့သည်။

အဖိုးအို ယဲ့ချိုးပိုင်လဲကျသွားတာကို မြင်သော်လည်းမစိုးရိမ်ပေ။ ဒါက သူဝိဉာဉ်ချီ အတော်များများ သုံးစွဲခဲ့သည့်အတွက်ကြောင့်သာ။

အဖိုးအို ကျေနပ်စွာခေါင်းညိတ်ပြီး သူ့ဝိဉာဉ်က ယဲ့ချိုးပိုင်ဘေးတွင် မျောလွင့်လာသည်။

သူဝေဝါးနေသည့်ပုံရိပ်ယောင်လက်ကို ဆန့်ထုတ်ရင်း ယဲ့ချိုးပိုင်ခေါင်းထိပ်တွင် တင်လိုက်သည်။

အဖြူရောင်အော်ရာတစ်ခုက ယဲ့ချိုးပိုင်တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ့ဝိဉာဉ်ချီ၊ ဝိဉာဉ်စွမ်းအားနှင့် ခန္ဓာကို ပြန်လည် ကောင်းမွန်အောင် လုပ်ပေးနေသည်။

သို့စေကာမူ အဖိုးအို၏ကိုယ်က ပို၍ပို၍ပင် ဝေဝါးလာသည်။

"ငါ့မှာအချိန်အများကြီး မကျန်တော့ဘူး၊ ဒီလိုဆိုမှတော့ မင်းနောက်ထပ်ဘာများ ချို့တဲ့နေသေးသလဲဆိုတာ ကြည့်ရအောင်၊ ငါအမွေအနှစ်ကို မင်းကိုယ့်ဘာသာ နားလည်အောင်လုပ်ဖို့ မင်းအတွက် ချန်ထားခဲ့မယ်"

"မင်းရဲ့ပါရမီနဲ့ဆိုရင် ငါ့လမ်းညွှန်မှုမပါရင်နောင် မင်းသေချာပေါက်နားလည်နိုင်မှာပါ"

အဖြူရောင်အော်ရာ အစက်အပျောက်များက ယဲ့ချိုးပိုင်တစ်ကိုယ်လုံးကို ပြုပြင်ပေးနေသည်သာမက သူ့ခန္ဓာကိုလည်း စစ်ဆေးနေသည်။

သို့စေကာမူ အဖိုးအို သူ့မရီဒျန်များကို စစ်ကြည့်သောအခါ သူကြက်သေသေသွားပြီး သူ့မျက်လုံးများက ရုတ်တရက် ပွင့်သွားခဲ့သည်။

"ဒါ.....ဒါဘယ်လိုကျင့်ကြံခြင်းကျင့်စဥ်မျိုးလဲ"

ကျင့်ကြံခြင်းကျင့်စဉ်၏နည်းလမ်းက များသောအားဖြင့် ဒန်တျန်ကို ဗဟိုအဖြစ် လှည့်ပတ်ကာ တစ်ကိုယ်လုံးရှီ မရီဒျန်များထဲသို့ လှည့်ပတ်ပြီး စက်၀န်းတခုဖွဲ့စည်းသည်။ ထို့နောက်တစ်ကိုယ်လုံးကို အားဖြည့်ပေးသည်။

ထို့ကြောင့် ကျွမ်းကျင်သူက မရီဒျန်များကို စစ်ဆေးနေသရွေ့ ဒီကျင့်ကြံခြင်းကျင့်စဉ်၏ အားသာချက်၊ သို့မဟုတ် ဘယ်လိုကျင့်ကြံခြင်းကျင့်စဉ်မျိုးလဲဆိုတာ ရှာတွေ့နိုင်ပေသည်။

အဖိုးအို၌ အတွေ့အကြုံအများကြီးရှိတယ်ဆိုတာ ၀န်ခံရပေမည်။ အခြေခံအားဖြင့် သူက ကမ္ဘာကြီးထဲ လက်ဆင့်ကမ်းလာခဲ့သည့် ကျင့်ကြံခြင်းကျင့်စဉ်တချို့ကို လေ့လာခဲ့သည်။ သူလျှို့ဝှက်ကျင့်ကြံခြင်းကျင့်စဉ်တစ်ချို့ကိုပင် နားလည်ခဲ့သော်လည်း ဒီကျင့်ကြံခြင်းကျင့်စဉ်အပေါ် ဘာသဲလွန်စမှမရှိပါ။

ဒါပဲဆိုရင် အဖိုးအိုကအံ့ဩသင့်မည်မဟုတ်။

သူကျင့်ကြံခြင်းကျင့်စဉ်တစ်ခုကို ဘယ်တော့မှမမြင်ဖူးဆိုတာက ပုံမှန်သာ။ သို့စေကာမူ ဒီကျင့်ကြံခြင်းကျင့်စဉ်၏ သိမ်မွေ့ထက်မြက်မှုနှင့် စွမ်းမားက အဖိုးအို၏ စိတ်ကူးထက်ပင် အများကြီး သာလွန်နေသည်။

ရုတ်တရက် အဖိုးအို သူ့အမွေအနှစ်အကြောင်း တွေးမိသွား၏။ အရေးအကြီးဆုံးတစ်ခုက ကျင့်ကြံခြင်းကျင့်စဉ်ပင်။

သို့စေကာမူ ယဲ့ချိုးပိုင်ကျင့်ကြံသည့် ကျင့်ကြံခြင်းကျင့်စဉ်ကို သူခံစားမိသောအခါ တိတ်ဆိတ်သွားရသည်။

သူဒါကိုထုတ်ပြောရန် အနည်းငယ်ရှက်နေပုံရသည်။

ဒီကလေး၏ကျင့်ကြံခြင်းကျင့်စဉ်က သူကျင့်ကြံသည့် ကျင့်ကြံခြင်းကျင့်စဉ်ထက် အဆပေါင်းများစွာ ပိုအားကောင်းသည်။

"အဟွတ်၊ အဟွတ်.....၊ ဒီကလေး မဟာအခွင့်အလမ်းတစ်ခုရခဲ့ပြီး အစွမ်းထက်ဓားသမားတစ်ယောက်ရဲ့ အမွေကို ရခဲ့တာဖြစ်ရမယ်...."

"တခြားဟာတွေကို တစ်ချက်ကြည့်ကြရအောင်..."

အဖိုးအို၏အသိက ဆက်လက် ပိုနက်ရှိုင်းစွာ ရှေ့ဆက်နေသည်။

သူ့တစ်ကိုယ်လုံးကို စစ်ဆေးကြည့်ရှုပြီးနောက် အဖိုးအိုဆွံအသွားရပြန်သည်။ ယဲ့ချိုးပိုင်၏ ကိုယ်ခန္ဓာက တမူထူးခြားတာကို သူခံစားမိပါသည်။

သို့စေကာမူ အကြည့်ကနေတစ်ဆင့် အဖိုးအိုက မမြင်နိုင်ပေ။

ဒါပေမယ့် ဒီကိုယ်ခန္ဓာက......!

"ငါအရင်ကဒါကို ဘယ်မှာမြင်ဖူးလဲ"

အဖိုးအိုမျက်မှောင်ကြုတ်လိုက်သည်။

"ဒါမှမဟုတ် ငါရှေးဟောင်းစာအုပ်တစ်ချို့မှာ တွေ့ဖူးတာလား"

ဒါကအတော်ကြာနေလေပြီ။

အဖိုးအိုခေါင်းခါယမ်းရင်း ဒီအကြောင်းကို တွေးနေတာကို ရပ်လိုက်သည်။

သို့စေကာမူ တစ်ခုကတော့သေချာသည်။ ဒီခန္ဓာရှိသည့်ယဲ့ချိုးပိုင်က သံသယမရှိ သဘာ၀၏ ဓားသမားတစ်ယောက်ဖြစ်သည်။

ယဲ့ချိုးပိုင်၏ ပါရမီက ကြောက်စရာကောင်းလွန်းသည်။

ဒီကိုယ်ခန္ဓာနှင့် ကျင့်ကြံခြင်းကျင့်စဉ်ကို အတိုင်းအတာတစ်ခုအထိ အားကိုးပါက နယ်ပယ်ဖြတ်ကျော် တိုက်ခိုက်ရန်အတွက် အစွမ်းထက်သည့်စွမ်းရည်ကိုပင် ရနိုင်သည်။

ကိုယ်ခန္ဓာနှင့်ကျင့်ကြံခြင်းကျင့်စဉ်တို့က အဆင်ပြေပါသည်။

သူအောက်သို့ထပ်ဆင်းသွားစဉ် ဒန်တျန်သို့ရောက်သွားသည်။

အဖိုးအိုအံ့ဩတကြီး ရေရွတ်လိုက်မိသည်။

"ဘယ်လိုတောင်တည်ငြိမ်တဲ့ အခြေခံအုတ်မြစ်လဲ"

ယဲ့ချိုးပိုင်အဆင့်တွင် သူပင်လျှင် သူ့နယ်ပယ်ကို တည်ငြိမ်စေရန်အတွက် အပြင်းအထန် ကြိုးစားရန် စိတ်မရှည်ခဲ့ပေ။ ဒီကလေးက သူအဆင့်ချိုးဖျက်သည့်အကြိမ်တိုင်းတွင် သူ့ကိုယ်သူဖိနှိပ်ရန် အကောင်းဆုံးကြိုးစားခဲ့မည်ဟု သူကောက်ချက်ချခဲ့သည်။

ဒီအကျိုးအမြတ်ကို ဒီအဆင့်တွင် မပြည့်အ၀ မပြသနိုင်သေးသော်လည်း အင်မော်တယ်နယ်ပယ် သို့မဟုတ် ပိုမြင့်သည့်နယ်ပယ်ကို ကျင့်ကြံပြီးနောက်တွင် ဒါက ဘယ်လောက်အထိ ကြောက်စကာကောင်းသလဲဆိုတာကို အပြည့်အ၀ ပြသလာပေလိမ့်မည်။

အကယ်၍ကျင့်ကြံသူတစ်ယောက်၏ နယ်ပယ်က လုံလောက်အောင် မတည်ငြိမ်ပါက သူအင်မော်တယ်နယ်ပယ်ကို ရောက်သောအခါ နယ်ပယ်သေးသေးလေးတခုချိုးဖျက်ခြင်းကပင် အတော်လေး ခက်ခဲပေသည်။

သူမြေအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကိုရောက်ပြီး ကောင်းကင်အင်မော်တယ်နယ်ပယ် အတားအဆီးကို ချိုးဖျက်လိုပါက ဒါက ကောင်းကင်ဘုံသို့ တက်ရတာထက်ပင် ပို၍ခက်ခဲသည်။

မြောက်မြားစွာသော မြေအင်မော်တယ်ကျွမ်းကျင်သူများက ဒီအဆင့်တွင် ပိတ်မိနေကြပြီး သူတို့ကျင့်ကြံခြင်းနယ်ပယ်ကလည်း လုံလောက်စွာမတည်ငြိမ်‌လေရာ ဒါကအဓိကအကြောင်းရင်းများအနက် တစ်ခုဖြစ်လာရသည်။

အဖိုးအိုဆက်လက်စစ်ဆေးနေစဉ် အံ့ဩသင့်စရာကောင်းစွာပင် ယဲ့ချိုးပိုင်၏ အဓိကဒန်တျန်အထက်တွင် ဓားတစ်လက်၏ သန္ဓေသားပုံစံဒန်တျန်တခုကို တွေ့လိုက်ရသည်။

ဒန်တျန်နှစ်ခုလား!

သို့စေကာမူ ဒီဒန်တျန်၌ ကျင့်ကြံခြင်းခြေရာများရှိသော်လည်း ယဲ့ချိုးပိုင်တန်ဖိုးထားပုံမရပေ။

လောလောဆယ် သူ့၏ဒုတိယဒန်တျန်က ဓားတစ်လက်၏ သန္ဓေသားပုံစံသာရှိသေးသဖြင့် ဒါကအဆင်မချော့သေးပါ။

"နောက်ဆုံးတော့ အမွေကိုဆက်ခံဖို့အတွက် နေရာတခုကို ငါတွေ့ခဲ့ပြီ...."

အဖိုးအိုက တခြားကလေးတစ်ဦးကို ကြည့်နေရသည့်အလား ပြုံးနေသည်။

"ဒီနတ်ဆိုးလေးမှာ ငါ့အတွက် အသုံး၀င်စေမယ့် ဘာမှမရှိတော့ဘူးလို့ ငါထင်နေတာ"

"ဒီလိုဆိုမှတော့ ငါ့ရဲ့အမွေအနှစ်ကို မင်းဒုတိယဒန်တျန်ထဲမှာ ထားခဲ့မယ်၊ ဒါကို အသားကျဖို့အတွက် ငါ့ရဲ့လက်ကျန်ခွန်အားနဲ့ မင်းကိုကူညီပေးမယ်...."

ထို့နောက် အဖိုးအို၏ လက်ကျန်ဝိဉာဉ်ကိုယ်ထည်က ယဲ့ချိုးပိုင်၏ ဒန်တျန်ထဲသို့ ၀င်သွားသည်။

၎င်းနောက် ယဲ့ချိုးပိုင်၏ ဒုတိယဒန်တျန်ကို စတင်အဆက်မပြတ်ဖြည့်ကာ အသားကျအောင် လုပ်ပေးနေသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင်၏အော်ရာက မြင့်နိုင်သည့်အမြန်နှုန်းဖြင့် စတင်ထိုးတက်လာသည်။

......

မီးတောက်နီများက ဂူထိပ်နှင့် ၀န်းရံနေသည့် ကျောက်နံရံများကို ဖုံးလွှမ်းသွား၏။

မြေနက်မီးက ဂူထဲက မညီမျှသည့် မြေများကို ဖုံးအုပ်ပစ်သည်။

အနက်ရောင်အော်ရာဖြင့် ပြည့်နှက်နေသည့် ဂူထဲက ကျောက်နံရံအနီးတွင် နတ်ဆိုးဆန္ဒနှင့်အတူ အကွင်းပုံသဏ္ဍာန် တွင်းတစ်ခုရှိသည်။

သူ အလယ်၌ရှိနေသည့်ကျောက်စင်အား ကြည့်လိုက်သည်။

ကျောက်စင်အဆုံးတွင် အဝါရောင်ကျောက်များဖြင့် ပြုလုပ်ထားသည့် လှေကားတစ်ခုရှိသည်။

သူဆက်လက်ထိပ်သို့တက်သွားစဉ် ဧရာမအရိုးစုပလ္လင်တခုကို တွေ့လိုက်ရသည်။

ကျောက်တိုင်များက ပလ္လင်ပေါ်က ဝိဉာဉ်များကို ဖိနှိပ်ထားသည်။

ဧရာမအရိုးစုကြီးတစ်ခုက ပလ္လင်ပေါ်၌ လေးနက်စွာ ထိုင်နေသည်။

သူက အရိုးစုတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သော်လည်း ထုတ်လွှတ်နေသည့် နတ်ဆိုးဘုရင်ဆန္ဒက အောက်က အမွေခံများကို သူ့အားအညံ့ခံစေသည်။

ဒါ့အပြင်အရိုးစုရှေ့တွင် မျက်နှာပေါ်၌ ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ရှိသည့် အနက်ရောင်၀တ်ရုံနှင့် လူတစ်ယောက်ရှိသည်။ သူက လက်ထဲတွင် အလံနီတစ်ခုကိုကိုင်ပြီး ကျန်တစ်ဖက်တွင် မျှော်စင်လေးတစ်ခုကို ကိုင်ထားသည်။

အောက်ကလူခုနှစ်ယောက်ကိုကြည့်ရင်း သူမိစ္ဆာဆန်စွာပြုံးလိုက်သည်။

"မင်းတို့ခုခံနေကြတုန်းလား၊ ဘာလို့ လက်လျှော့ပြီး မင်းတို့အသိစိတ်ပင်လယ်ကို နာနာခံခံနဲ့ ထုတ်လွှတ်ပြီး မင်းတို့ဝိဉာဉ်ကို ငါ့ကိုမပေးရတာလဲ၊ ဒီနည်းလမ်းနဲ့ဆိုရင် မင်းတို့မြန်မြန်ဆန်ဆန် သေလို့ရတာပေါ့"

စေတီလေးက အဆုံးမဲ့ဖိနှိပ်ခြင်းစွမ်းအားကို ထုတ်လွှတ်နေသည်။ ဒီဖိနှိပ်ခြင်းစွမ်းအားက ကျောက်တိုင်၏ ဖိနှိပ်ခြင်းစွမ်းအားနှင့် တူညီသည့် အရင်းအမြစ်တစ်ခုတည်းက လာပုံရသည်။

ဖိနှိပ်မှုက အလင်းစက်ဝိုင်းတစ်ခုအဖြစ် ပြောင်းသွားပြီး အောက်က လူခုနှစ်ယောက်ကို ၀န်းရံလိုက်ကြသည်။

ထို့ကြောင့် သူတို့၏စွမ်းအားနှင့် ရုပ်ခန္ဓာခွန်အားများကို အပြည့်အ၀ မထုတ်လွှတ်နိုင်တော့ပါ။

သူ့နောက်တစ်ဖက်တွင် အလံနီတစ်ခုရှိပြီး ခေါင်းခွံကို အနီရင့်ရောင်သွေးများဖြင့် ရေးဆွဲထားသည်။

ခေါင်းခွံ၏မျက်လုံးများ၌ အစိမ်းရောင်မီးတောက်များက လောင်ကျွမ်းနေကာ ဒီမီးတောက်က ဝိဉာဉ်ကိုပင် တုန်ယင်စေသည်။

ထုတ်လွှတ်နေသည့်အော်ရာက အောက်က လူခုနှစ်ယောက်၏ အသိစိတ်များကို အဆက်မပြတ် ထိုးဖောက်ရင်း ချိုးဖျက်ကာ သူတို့ဝိဉာဉ်များကို ယူပစ်ချင်နေသည်။

အောက်တွင် ကောင်းကင်ဘုံအင်မော်တယ်တစ်ဦးကဲ့သို့ တင့်တယ်ကြော့ရှင်းသည့် မျက်နှာကို ပိုင်ဆိုင်ထားသော အမျိုးသမီးတစ်ဦးက အတင်းရုန်းကန်ရင်း အောက်တွင်ရပ်ကာ ခေါင်းမော့ပြီး အနက်၀တ်လူကို စိုက်ကြည့်လျက် အေးစက်စွာပြောသည်။

"ပန်ရှီ၊ ရှေးခေတ်တုန်းက ငရဲဂိုဏ်းက ဖြစ်ပျက်ခဲ့သလိုမျိုး ပြန်ပြီးဖြစ်ပျက်လာမှာ ရှင့်မကြောက်ဘူးလား"

အပိုင်း(674) coming။

All Chapters