#မင်းသူမကိုထိလို့မရဘူး#
Vol. 48 Ch. 674
"စုမုယောင်၊ မင်းငါ့ကိုခြိမ်းခြောက်နေတာလား" ပန်ရှီဆိုးယုတ်စွာပြုံးရင်း စုမုယောင်၏ အဖြူရောင်၀တ်ရုံဖြင့် ဖုံးနေသော်လည်း စွဲမက်ဖွယ်ခန္ဓာကို ငုံ့ကြည့်ပြီး သူ့မျက်လုံးများက ဖုံးကွယ်၍မရနိုင်သည့် လောဘဖြင့် ပြည့်နှက်နေသည်။
"မင်းဒီနေရာမှာ သေသွားမယ်ဆိုရင်တောင် ဒါကိုငါလုပ်ခဲ့တယ်ဆိုတာ စုမိသားစုက ဘယ်လိုသိနိုင်မှာလဲ"
"သေမင်းဝိဉာဉ်မြို့က အပြင်လောကနဲ့ အာရုံခံမှုအားလုံးကို ပိတ်ဆို့နိုင်တယ်ဆိုတာ မင်းသိသင့်တယ်၊ ငါကိုယ်တိုင်မင်းကို သတ်ပစ်ရင်တောင် စုမိသားစုက မင်းရဲ့ ဝိဉာဉ်တုံကင်ကနေ ငါ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာအော်ရာမှ ထွက်မှာမဟုတ်ဘူး"
ထိုနေရာတွင် ပန်ရှီရုတ်တက် နှုတ်ခမ်းများကိုသပ်ကာ ပွင့်လင်းစွာပြောသည်။
"ဒါ့အပြင် မင်းလိုအလှလေးတစ်ယောက်ကို သတ်ရမှာကို ငါတကယ်မခံနိုင်ဘူး၊ မင်းငါ့ကို အရင်ပျော်ရွှင်မှုကို ခံစားခွင့်ပေးရမယ်"
ဒါကိုကြားသောအခါ စုမုယောင်၏ မူလကြော့ရှင်းသည့်မျက်နှာလေးက ရေခဲစိုင်တစ်ခုပမာ ပို၍ပင် အေးစက်လာသည်။
သူမ၏မျက်လုံးအစုံက သတ်ဖြတ်ခြင်းဆန္ဒက ဖုံးကွယ်မထားဘဲ ပေါက်ကွဲသွား၏။
သို့စေကာမူ ဒေါသကဒေါသသာ။
ပန်ရှီလက်ထဲက မျှော်စင်လေး၏ ဖိနှိပ်မှုအောက်တွင် စုမုယောင်၌ ခုခံရန်အတွက် အခွင့်အရေးမရှိပေ။
နဂါးမြိုဒယ်စောက်ကိုပင်လျှင် သူမမသုံးနိုင်ဖြစ်နေသည်။
ငရဲဂိုဏ်းရဲ့ ဒီမျှော်စင်လေးက ဘယ်က လာတာလဲ!
စုမုယောင်နှင့် အရပ်ရှည်ပြီး နက်မှောင်သည့် အသားအရေပိုင်ရှင်မှလွဲပြီး ကျန်ငါးယောက်က စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့ခွန်အားက လုံး၀ဖိနှိပ်ခံထားရသည့် ယခုလိုအခြေအနေမျိုးတွင် သူတို့ဘယ်လိုများ လွတ်မြောက်နိုင်တော့မည်နည်း။
သူတို့၏အသိစိတ်ပင်လယ်များက ရတနာများ သို့မဟုတ် သူတို့ကိုယ်ပိုင်ခွန်အားကို အားကိုးနေဆဲပါ။
သို့စေကာမူ ပန်ရှီလက်ထဲက အလံက သူတို့အသိစိတ်ပင်လယ်၏ အကာအကွယ်ကို ထိုးဖောက်ရန်ဟူသည် အချိန်တစ်ခုမျှသာ ဖြစ်သည်။
ထိုအချိန်တွင် သူတို့ဝိဉာဉ်က ထုတ်ယူခံရမည်ဖြစ်ပြီး အခြေအနေကို ပြောင်းပြန်လှန်ရန် နည်းလမ်းရှိမည်မဟုတ်တော့။
"ပန်ရှီ၊ ရှင့်တို့ငရဲဂိုဏ်းက ဘာလို့လူတွေရဲ့ စိတ်ဝိဉာဉ်ကို ထုတ်ယူနေရတာလဲ"
ဒါကစုမုယောင်နှင့် ကျန်သောသူများ ဝေခွဲမရဖြစ်နေသည့်အရာပင်။
ဒါကကျင့်ကြံခြင်းအတွက်လား။ သို့စေကာမူ ကျင့်ကြံခြင်းအတွက် ခွန်အားကို ထိန်းသိမ်းချင်တာဆိုရင် ဒီလောက်ထိ မျက်စိကျဖွယ်ရာအရာမျိုးကို လုပ်ရန်ဟူသည် မဖြစ်နိုင်ပေ။
လူတစ်ယောက်၏စိတ်ဝိဉာဉ်ကို နာကျည်းဖွယ်ရာကြွေးကြော်သံများနှင့်အတူ ဆွဲထုတ်ခြင်းက ဂိုဏ်းကြီးများ၏ အမုန်းတရားကို သေချာပေါက် နှိုးဆွမိပေလိမ့်မည်။
ထိုအချိန်တွင် သူတို့ငရဲဂိုဏ်းကို ထပ်မံဖိနှိပ်ပြီး ရှေးခေတ်ကကဲ့သို့ ဧရာမတိုက်ပွဲတစ်ခုကို ဆင်နွှဲရန် အင်အားစုများပူးပေါင်းသွားနိုင်သည်။
ပန်ရှီနှာခေါင်းရှုံ့သည်။
"စုမုယောင်၊ စုမိသားစုရဲ့ သမီးကြီးအနေနဲ့ မင်းတခြားသူတွေကို လျှို့ဝှက်ချက်တစ်ချို့ ပြောနိုင်မလား"
စုမုယောင် စကားမပြောပါ။
"ငါတို့ငရဲဂိုဏ်းရဲ့နောက်ခံကို စုံစမ်းနေတာထက် နောက်ပိုင်းကျရင် မင်းအသက်ကို ငါချန်ထားပေးဖို့အတွက် ငါ့ကို ဘယ်လို ကျေနပ်အောင် လုပ်ပေးမလဲဆိုတာ ဘာလို့မစဉ်းစားရတာလဲ"
ထိုအချိန်တွင် စုမုယောင်ဘေးက လူရှည်က ပန်ရှီအားကြည့်ပြီး ဖြည်းညင်းစွာပြောသည်။
"မင်းသူမကို ထိလို့မရဘူး"
ဟမ်!
ပန်ရှီဖြစ်စေ၊ စုမုယောင်ဖြစ်စေ သို့မဟုတ် တခြားအပိုငါးယောက်ဖြစ်စေ အားလုံးက ထိုလူကိုကြည့်လိုက်ကြသည်။
သူကဖြည်းဖြည်းချင်းပြောသည်။
"မင်းသူမကိုထိရင် အစ်ကိုကြီးကို ငါအဖြေပေးနိုင်မှာမဟုတ်တော့ဘူး"
အစ်ကိုကြီး!
ရှောင်ဟိုင်ရဲ့အစ်ကိုကြီးက ယဲ့ချိုးပိုင်မလား!
စုမုယောင် မျက်တောင်ခတ်ရင်း စိတ်ရှုပ်ထွေးစွာ တွေးနေမိသည်။
ဘာလို့ ငါသေရင် သူကယဲ့ချိုးပိုင်ကို ရှင်းပြလို့ မရနိုင်ရတာလဲ!
ဘာပဲဖြစ်ဖြစ် ငါတို့ဆက်ဆံရေးက အပြန်အလှန်အကျိုးအမြတ်တွေထဲက တစ်ခုပဲလေ!
စုမိသားစုက ယဲ့ချိုးပိုင်၏ပါရမီနှင့် အနာဂတ်ကို တန်ဖိုးထားသည်။
ယဲ့ချိုးပိုင်က စုမိသားစုစွမ်းအားကို တန်ဖိုးထားသည်။
သူတို့အကြားတွင် နက်ရှိုင်းသည့်ခင်မင်ရင်းနှီးမှုမရှိပေ။
သို့စေကာမူ ရှောင်ဟိုင်တွေးနေတာက ထိုအချိန်က သူနှင့်မုဖူရှန်းတို့ခန့်မှန်းခဲ့ကြသည်။
စုမုယောင်က အစ်ကိုကြီး၏မိန်းမဖြစ်လာနိုင်သည်။
သူမတကယ်မဖြစ်လာနိုင်သေးသော်လည်း ဖြစ်လာနိုင်ချေရှိသည်။
ထို့ကြောင့် မရီးတဖြစ်လဲ စုမုယောင်အား ရှောင်ဟိုင် ဘယ်သူ့ကိုမှ ထိခွင့်ပေးမည်မဟုတ်။
အကယ်၍ ရှောင်ဟိုင်တွေးနေတာကို ယဲ့ချိုးပိုင်သာသိမည်ဆိုပါက သေချာပေါက် ရိုက်နှက်ပေလိမ့်မည်။
အကယ်၍ စုမုယောင်သာ ရှောင်ဟိုင်တွေးနေတာကို သိပါက သူမ၏ကြော့ရှင်းအေးစက်သည့် စရိုက်က သေချာပေါက် ပြိုကွဲသွားနိုင်လောက်သည်။
ပန်ရှီ ဆိုးယုတ်သည့်အပြုံးကို ပြန်ရုပ်သိမ်းပြီး စုမုယောင်အား လောဘတကြီး ကြည့်ရင်း ရှောင်ဟိုင်အား တည်ငြိမ်စွာကြည့်သည်။
"ငါထိတော့ရောဘာဖြစ်လဲ၊ ဖိနှိပ်မှုအောက်မှာ မင်းဘာများလုပ်ချင်သေးလို့လဲ၊ မင်းဘာများ ထပ်လုပ်နိုင်သေးလို့လဲ"
ပန်ရှီ၏အမူအရာက မည်းမှောင်နေသည်။
"မင်းကသူရဲကောင်းဖြစ်ချင်ပြီး ဒီလိုအခြေအနေမှာ ဒုက္ခရောက်နေတဲ့ မိန်းကလေးကို ကယ်တင်တဲ့ သူရဲကောင်းဖြစ်ချင်မှတော့ ငါမင်းနဲ့စလိုက်မယ်"
စကားပြောပြီးသည်နှင့်တပြိုင်နက် ပန်ရှီ လက်မောင်းကိုယမ်းလိုက်စဉ် သူ့လက်ထဲက အလံက ရှောင်ဟိုင်ဆီသို့ ပျံသန်းသွားသည်။
မီးတောက်စိမ်းရင့်ဖြင့် တောက်ပနေသည့် အရိုးစုမျက်လုံးများက စိမ်းနက်ရောင်အလင်းတစ်ခုဖြင့် ပေါက်ကွဲကာ ရှောင်ဟိုင်ထံ ၀င်ရောက်လာသည်။
ဒီအလင်းစိန်းက သူ့ကိုယ်ခန္ဓာကို လုံး၀မထိခိုက်ခဲ့ပေ။
သို့စေကာမူ ဒါကအတော်လေးသန့်စင်ပြီး စိတ်ဝိဉာဉ်ကို တိုက်စားတတ်ကာ ဝိဉာဉ်တခုလုံးသို့ ပိုးကောင်ပမာတွားတွားသွားရင်း ဝါးမြိုသွားပေလိမ့်မည်။
စုမုယောင်၏ အမူအရာကလေးနက်သွား၏။
"မြန်မြန်နောက်ဆုတ်တော့"
ရှောင်ဟိုင်၏ ခန္ဓာကျင့်ကြံသူတစ်ယောက်ဖြစ်တာကို သူမကောင်းကောင်းသိပြီး ခန္ဓာကျင့်ကြံသူများ၏ အားနည်းချက်က ဝိဉာဉ်ကလွဲ၍ တခြားဘာများဖြစ်ဦးမည်နည်း။
အကယ်၍ ဝိဉာဉ်ကိုသာတိုက်ခိုက်ခံရပါက သူ့တွင်မခုခံနိုင်ချေပိုများသည်။
ရှောင်ဟိုင်က သာမန်ခန္ဓာကျင့်ကြံသူတစ်ယောက်မဟုတ်တာကို သူမဘယ်လိုလုပ် သိမည်နည်း။
ရှောင်ဟိုင်ဒါကိုကြားသောအခါ နောက်မဆုတ်ဘဲ ယင်းအစား တည်ငြိမ်စွာပြောသည်။
"မရီး....."
ထိုနေရာ၌ ရှောင်ဟိုင်ရပ်သွားသည်။
အင်း၊ ငါအခုသူ့ကို မရီးလို့ခေါ်လို့ မရသေးဘူးမလား!
မဟုတ်ဘူးဆိုရင် ငါမုဇီရှင်းကို စိတ်ပျက်မိစေလိမ့်မည်။
"မမလေးစု၊ မစိုးရိမ်ပါနဲ့၊ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ"
ထို့နောက် အစွမ်းထက်ဖိနှိပ်မှုအောက်တွင် သူရှေ့တစ်လှမ်းလှမ်းလိုက်သည်။
ခြေတစ်ဘက်က မီးနက်ပေါ်သို့ ပြင်းထန်စွာကျသွားစဉ် မြေနက်မီးက ပတ်၀န်းကျင်သို့ ပျံ့သွားသည်။
ရှောင်ဟိုင်၏စကားလုံးများကို ကြားသောအခါ စုမုယောင်ကြက်သေသေသွားသည်။
မရီး? ဘာကိုဆိုလိုချင်တာလဲ!
သူတို့ကပဲ ငါ့ကိုယဲ့ချိုးပိုင်ရဲ့ မိန်းမအဖြစ် ဆက်ဆံနေကြတာလား ဒါမှမဟုတ် ယဲ့ချိုးပိုင်က ငါ့ကိုစိတ်၀င်စားနေတာလား!
တခြားတဘက်တွင် ပန်ရှီ၏ အနည်းငယ် ထိတ်လန့်သွားသည့် အကြည့်အောက်တွင် ရှောင်ဟိုင်ရှေ့သို့ ဆက်သွားနေသည်။
ဖိနှိပ်ခြင်းစွမ်းအားက ရှောင်ဟိုင်အပေါ် ဘာသက်ရောက်မှုမှ မရှိပုံရသည်။
ဒါကိုမြင်သောအခါ ပန်ရှီ အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဝိဉာဉ်ချီကို မျှော်စင်လေးထဲသို့ အဆက်မပြတ် ထည့်သွင်းလိုက်၏။
ပတ်၀န်းကျင်ကို လွှမ်းခြုံထားသည့် ဖိနှိပ်အားက တစ်ချိန်တည်းမှာပင် ဆက်ခက်အားကောင်းလာခဲ့သည်။
စုမုယောင်က အဆင်ပြေပါသည်။ သူမတွင် ခုခံရန်စွမ်းရည်ရှိပါသေးသည်။
သိုစေကာမူ ကျန်ငါးယောက်ကမူ မြေပေါ် လဲနေကြလေပြီ။
မြေနက်မီးက သူတို့ခန္ဓာများကို အဆက်မပြတ် တိုက်စားနေသည်။
သို့သော် ရှောင်ဟိုင်၏ အမူအရာက တည်ငြိမ်နေသည်။
အဆက်မပြတ်အားကောင်းလာသည့် ဖိနှိပ်မှုအောင်တွင် ရှောင်ဟိုင်ရှေ့လှမ်းနေပြီး သူစိမ်းနက်ရောင်မီးတောက်များအနားသို့ တိုးကပ်လာသည့် အကြိမ်တိုင်း သူ့ကိုယ်ထဲက နတ်ဆိုးဘုရင်ချီက အဆက်မပြတ် ထွက်လာသည်။
ဒီနတ်ဆိုးဘုရင်ချီအမျှင်တန်းများက ဒီဖိနှိပ်ခြင်းစွမ်းအားကို ခုခံရင်း အရာရာတိုင်းကို သူ့အား အညံ့ခံစေပုံပေါ်သည်။
ပန်ရှီတုန်လှုပ်နေပြီး ရှောင်ဟိုင်အား ဖုံးလွှမ်းနေသည့် အနက်နှင့်အနီချပ်၀တ်ကို ကြည့်နေသည်။
လိုင်းငါးကြောင်းက ချပ်၀တ်ပေါ်၌ အဆက်မပြတ် လင်း၀င်းနေသည်။
ထိုအခိုက်အတန့်၌ သူ့အော်ရာက ထိုးတက်လာသည်။
ပန်ရှီ ရှောင်ဟိုင်ကိုရင်ဆိုင်နေရစဉ် တဘက်လူက သာမန်ခန္ဓာကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ နတ်ဆိုးနတ်ဘုရားတစ်ပါးအလား ခံစားနေရသည်။
နတ်ဆိုးဘုရင်ဆင်းသက်ခြင်း!
အရာအားလုံးဦးညွတ်ကြ!
ရှောင်ဟိုင်၏ အမူအရာက တည်ငြိမ်ပြီး ထူးမခြားနားပေ။ အစိမ်းနက်ရောင်မီးတောက်များ ၀င်လာသည်ကို ကြည့်ရင်း သူကလုံး၀မခုခံဘဲ အသိစိတ်ပင်လယ်ထဲသို့ ကျူးကျော်ခွင့်ပေးလိုက်သည်။
စုမုယောင်၏ အမူအရာက ပြောင်းလဲသွားသည်။
ကျန်သောသူများကမူ ဒါကိုမြင်သောအခါ အနည်းငယ်ခေါင်းခါယမ်းမိကြသည်။
သို့စေကာမူ ပန်ရှီ၏ ထိတ်လန့်နေသည့် အကြည့်အောက်တွင် ရှောင်ဟိုင်၏ အမူအရာက လုံး၀ပြောင်းလဲသွားခြင်းမရှိဘဲ ၎င်းက မခုခံနိုင်သည့်သွေးကြောစွမ်းအား တစ်ခုကြောင့် ပျံ့သွားရသည်။
ဒီလူကဘယ်သူလဲ!
ရှောင်ဟိုင် နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကို ထုတ်လွှတ်သောအခါ ပန်ရှီနောက်က ပလ္လင်ပေါ်ရှိ ဧရာမအရိုးစုက ခေါင်းကို အနည်းငယ် မြှောက်လိုက်ပုံရသည်။
အပိုင်း(675) coming။