#လက်သီးတစ်ချက်#
Vol. 48 Ch. 675
ပန်ရှီ ပလ္လင်ရှေ့၌ လက်တစ်ဖက်တွင် အလံကိုကိုင်ပြီး တခြားတဖက်တွင် မျှော်စင်လေးကို ကိုင်ထားသည်။ မျှော်စင်စေတီလေးတွင် သေမင်းဝိဉာဉ်မြို့နှင့် ဆင်တူသေု ဖိနှိပ်ခြင်းအော်ရာရှိပြီး လှေကားအောက်တွင် စုမုယောင်အပါအ၀င် လူခြောက်ယောက်ကို ဖိနှိပ်ထားသည်။
ထို့ကြောင့် ဝိဉာဉ်ချီဖြစ်စေ ကိုယ်ခန္ဓာဖြစ်စေ သူတို့ဒီဖိနှိပ်မှုကို မချိုးဖျက်နိုင်ကြပေ။
သူတခြားလက်တစ်ဖက်က အလံက ဖိနှိပ်ခံထားရသည့်လူများ၏ အသိစိတ်ပင်လယ်ကို တိုက်ခိုက်ရင်း သူတို့ဝိဉာဉ်များကို ထုတ်ယူချင်နေသည်။
သို့စေကာမူ ဒီအရာအားလုံးက ရှောင်ဟိုင်အပေါ် ဘာသက်ရောက်မှုမှမရှိပါ။
ရှောင်ဟိုင် စေတီလေး၏ ဖိနှိပ်ခြင်းစွမ်းအားကို ခုခံရန်အတွက် သွေးကြောစွမ်းအားကို အသက်သွင်းရန် နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကို အသုံးပြုခဲ့သည်။
နတ်ဆိုးသခင်၏ အသိစိတ်ပင်လယ်ကို ဘယ်လိုလုပ် ဒီလောက်အလွယ်တကူ ထိုးဖောက်နိုင်မည်နည်း။
ပန်ရှီ၏အမူအရာက ကြည့်ရဆိုးနေပြီး ရှောင်ဟိုင် လှေကားထစ်များကနေ တစ်လှမ်းချင်းတက်လာတာကို ကြည့်နေသည်။ ရှောင်ဟိုင်သူ့ကို တည်ငြိမ်စွာပင်ကြည့်ပြီး လျှောက်လာနေသည်။
ခြေလှမ်းတိုင်းတွင် ရှောင်ဟိုင်ကိုယ်က နတ်ဆိုးချီများက အပေါ်သို့ဝှေ့ယမ်းသွား၏။
ဒါက ပန်ရှီ၏ကိုယ်ကိုလွှမ်းခြုံကာ သူ့အား အညံ့ခံရန်ကလွဲ ရွေးချယ်စရာမရှိသည့် ခံစားချက်ကို ရစေသည်။
သူ့အသိစိတ်နှင့် ဝိဉာဥ်ကလည်း အထိန်းအချုပ်မဲ့ တုန်ယင်နေသည်။
သူ့ကိုယ်ထဲကသွေးများက အတင်းအကျပ်အေးခဲသွားပုံရပြီး ချောမွေ့စွာ မစီးဆင်းနိုင်တော့ပါ။
"မင်းဘယ်သူလဲ"
ပန်ရှီ၏မျက်နှာက ဒေါသဖြင့် ပြည့်နှက်နေသော်လည်း သူ့မျက်လုံးများက တုန်ယင်နေသည်။
ဒါက သူ့အသံကြိုးကိုမရပ်အနား တုန်ခါစေပြီး သူထုတ်လွှတ်သည့်အသံအားလုံးကို တုန်ယင်နေသည်။
ရှောင်ဟိုင်မဖြေပေ။
လှေကားထစ်က စုစုပေါင်း၉၉ထစ်ရှိသည်။
သူလှမ်းသည့်ခြေလှမ်းတိုင်းတွင် မြေမီးတောက်က သူ့ကိုယ်ခန္ဓာအား လောင်ကျွမ်းနေသော်လည်း ရှောင်ဟိုင်အပေါ် ဘာသက်ရောက်မှုမှမရှိပါ။
မြေနက်မီးတောက်က ရှောင်ဟိုင်ကိုယ်ကို ၀န်းရံလိုက်သည့်အခိုက်အတန့်၌ ထာ၀ရနတ်ဆိုးကိုယ်ထည်က မီးတောက်များဖြင့် ပြည့်နှက်နေသည့် ပုံစံကွက်တစ်ခု၏ စုပ်ယူခြင်းကို ခံရသည်။
သူ့ခြေလှမ်းတိုင်း၌ ဘာအတားအဆီးမှမရှိချေ။
ထိုအချိန်က ထိပ်ဆုံးသို့တက်ရန် ပန်ရှီ အတော်လေးအားထုတ်ခဲ့ရသည်။
နောက်ဆုံးအထပ်ကိုးထပ်တွင် ထိပ်ဆုံးကို ရောက်ရန်အတွက် သူပြင်ပပစ္စည်းများကိုပင် သုံးခဲ့ရသည်။
သို့သော်ရှောင်ဟိုင်ကရော!
သူအချိန်တိုအတွင်း ၉၇ထပ်ကို ရောက်လာခဲ့သည်။
စုမုယောင် ရှောင်ဟိုင်ကို လေးနက်စွာ ကြည့်လိုက်၏။
မဟာပြိုင်ပွဲအတွင်း ဒီခန္ဓာကျင့်ကြံသူက သာမန်ခန္ဓာကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုအားကောင်းတာကို သူမပြောနိုင်ပါသည်။
တကယ်တမ်းတွင် သူက ကိုယ်ခန္ဓာများကို အထူးပြုကျင့်ကြံကြသည့် လျှို့ဝှက်ဂိုဏ်းများမှ လူများထက်ပင် ပိုအားကောင်းသည်။
သို့စေကာမူ လက်ရှိမြင်ကွင်းက စုမုယောင်ကို ထပ်မံထိတ်လန့်သွားစေသည်။
ဒီလိုရုပ်ခန္ဓာအဆင့်မျိုးကို ရောက်ရန်အတွက် ဘယ်လောက်တောင် ပြုပြင်မွမ်းမံရန် လိုအပ်လေသနည်း။
ယဲ့ချိုးပိုင်၏ ညီအစ်ကိုများအနက် တစ်ဦးက မုဖူရှန်းဖြစ်ပြီး တစ်ဦးက ရှောင်ဟိုင်ဖြစ်သည်။ လူတိုင်းက သူတို့၏ နယ်ပယ်အသီးသီးတွင် ကြောက်မက်ဖွယ်ရာ ပါရမီများကို ကိုယ်စားပြုကြသည်။
ဒီလိုမွန်းစတားမျိုးတွေကို သင်ကြားနိုင်သည့် သူတို့နောက်ကွယ်က ဆရာက မည်သူပင်ဖြစ်လေသနည်း။
ထိုအချိန်တွင် ရှောင်ဟိုင် ၉၈ထပ်ပေါ်သို့ တက်လိုက်သည်။
သူပန်ရှီဆီကို ရောက်ရန် တစ်ထပ်သာ လိုတော့သည်။
ယခုအခိုက်အတန့်၌ ပန်ရှီငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ပါ။
အကယ်၍ သူသာအခုမလှုပ်ရှားပါက တဘက်လူ သူ့ရှေ့လျှောက်လာသောအခါ သူ့တွင် ခုခံရန် ဘာအခွင့်အရေးမှ မရှိတော့တာကို သူနားလည်သည်။
ယခုအချိန်တွင် လှေကားထစ်များပေါ်၌ အနည်းဆုံးတော့ မြေနက်မီးတောက်၏ ပိတ်ဆို့မှုက ရှိသေးသည်။
ဒါက ရှောင်ဟိုင်အပေါ် မည်သည့်သက်ရောက်မှုမှ ရှိပုံမရသော်လည်း ဘာအတားအဆီးမှ မရှိတာထက်စာပါက ပိုကောင်းသည်။
ပန်ရှီဒေါသတကြီးအော်ဟစ်ကာ လက်အစုံကို ဆန့်လိုက်သည်။
အဆုံးမဲ့သတ်ဖြတ်ခြင်းဆန္ဒနှင့် မိစ္ဆာအော်ရာပါ၀င်သည့် သွေးရောင်ဆန္ဒစီးကြောင်းများက သူ့ကိုယ်ထဲကနေ ထွက်လာသည်။
ထိုအချိန်တွင် စင်မြင့်က ကြောက်ခမန်းလိလိသွေးပင်လယ်တစ်ခုအဖြစ် ပြောင်းလဲသွားပုံရသည်။
ဒါကသွေးချီကနေ သိပ်သည်းထားသည့် သွေးပင်လယ်ဖြစ်ပြီး သတ်ဖြတ်ခြင်းဆန္ဒနှင့် သွေးအနံ့ဖြင့် ပြည့်နှက်နေသည်။
မိစ္ဆာအော်ရာထဲတွင် မရေမတွက်နိုင်လောက်သော လက်စားချေချင်နေကြသည့် ဝိဉာဉ်များက အော်ဟစ်နေကြ၏။
ပန်ရှီ လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
ကောင်းကင်ထဲက သွေးပင်လယ်က ရုတ်တရက် ကြောက်မက်ဖွယ်ရာသွေးလက်ဖဝါးတစ်ခုအဖြစ် သိပ်သည်းသွားပုံရသည်။
ထို့နောက် ရှောင်ဟိုင်ထံကျဆင်းကာ ဖိနှိပ်ရင်း ထိုနေရာ၌ပင် သတ်ပစ်ချင်နေသည်။
ဒါကိုမြင်သောအခါ ရှောင်ဟိုင်အနည်းငယ် ခေါင်းမော့လိုက်၏။
သူ့မျက်လုံးများ၌ မည်သည့်ခံစားချက်မှမရှိသလို အကြောက်တရား၊ ထိတ်လန့်မှုဟူ၍လည်းမရှိဘဲ လှိုင်းမသက်သည့် ရေပြင်အလား တည်ငြိမ်နေသည်။
ရှောင်ဟိုင် ၉၈ထပ်တွင်ရပ်ကာ မြေနက်မီးတောက်ကို သူ့ကိုယ်ခန္ဓာအား တိုက်စားခွင့်ပေးပြီး လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
သူ့လက်ငါးချောင်းကိုကျစ်ကျစ်ဆုပ်ကာ ဖြည်းဖြည်းလေး ထိုးလိုက်လေသည်။
နတ်ဆိုးဘုရင်ချပ်၀တ်နှင့် နတ်ဆိုးဘုရင်သွေးကြောတို့၏ အသက်၀င်မှုအောက်၌ ထာ၀ရနတ်ဆိုးကိုယ်ထည်ကိုပါ ပေါင်းစပ်လိုက်လေရာ သူ့ကိုယ်ခန္ဓာ၏ စွမ်းအားက ထိုအချိန်တွင် ရှောင်ဟိုင်၏ လက်သီးချက်၌ စုစည်းလာသည်။
ဒါကအရမ်းနှေးကွေးပုံရသော်လည်း သူက ခွန်အားအများကြီးသုံးထားပုံမရပေ။ သို့စေကာမူ ဒီလိုသာမန်လက်သီးချက်ကပင် လေဟာနယ်၌ အက်ကြောင်းများကို စတင်ပေါ်လာစေသည်။
သေမင်းဝိဉာဉ်မြို့က လေဟာနယ်က အတော်လေးတည်ငြိမ်ပါသည်။
ရှောင်ဟိုင်၏လက်သီးချက်က ကိုယ်ခန္ဓာ၏ ခွန်အားသက်သက်ကို အားကိုးရုံမျှနှင့် လေဟာနယ်ကို ပြိုကွဲစေသည့် သက်ရောက်မှုတခုရှိသည်။
လေထုအသံနှင့်အတူ အသံလှိုင်းများပါ ပါ၀င်လာသည်။
ဝှေ့ယမ်းနေသည့် မြေနက်မီးတောက်များက ရှောင်ဟိုင်ကိုယ်ထဲ ၀င်နေသလို ပစ်လွှတ်လိုက်သည့် လက်သီးချက်တွင်ပင် ပါ၀င်သည်။
ပန်ရှီ၏မျက်လုံးများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။
ရှောင်ဟိုင်၏ လက်သီးချက်က သွေးပင်လယ်ကနေ ဖန်တီးထားသည့် သွေးလက်ဖဝါးပေါ် ကျရောက်သွား၏။
ဂျုန်း.......!
ကျယ်လောင်သည့်အသံတစ်သံက ဂူတစ်ခုလုံးအတွင်း ပျံ့သွားသည်။
လေလှိုင်းများက နေရာတိုင်းသို့ ဆက်တိုက်ပျံ့ကြဲနေသည်။
မြေကိုဖုံးနေသည့် မြေနက်မီးတောက်များက အရူးအနူးတုန်ခါနေကြသည်။
ဂူပေါ်က ကျောက်နံရံများရှိ အနီရောင်မီးတောက်များက လေထဲက ဖယောင်းတိုင်မီးအလား အဆက်မပြတ် လှုပ်ယမ်းနေကြ၏။
ကျောက်နံရံအောက်တွင် မုန်တိုင်းထန်သည့်လှိုင်းများက ကျောက်နံရံများကို အဆက်မပြတ် ရိုက်ခတ်နေသည်။
ဒါက တောင်ကိုရိုက်ခတ်နေသည့် ဧရာမတူတစ်ချောင်းနှင့်တူပြီး နားကွဲလုနီးပါးအသံတစ်ခုကို ထုတ်လွှတ်သည်။
နောက်အခိုက်အတန့်၌ သွေးပင်လယ်ကနေ သိပ်သည်းထားသည့် သွေးလက်ဖဝါးချက်က ပေါက်ကွဲသွား၏။
ထို့နောက် သွေးချီအစက်အပျောက်များအဖြစ် ပြောင်းသွားပြီး လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားရသည်။
ရှောင်ဟိုင်အနည်းငယ်ခေါင်းမော့ရင်း ပန်ရှီအား တည်ငြိမ်စွာကြည့်ကာ ပြောသည်။
"ဒါမင်းအရမ်းဂုဏ်ယူနေရတဲ့ အစွမ်းကုန်တိုက်ခိုက်မှုလား"
နတ်ဆိုးဘုရင်သွေးကြောကို အသက်သွင်းပြီးနောက် ရှောင်ဟိုင်၏စရိုက်က သူ့အသိစိတ်ပင်လယ်ကို နောက်ထပ်ဝိဉာဉ်တစ်ခု သိမ်းပိုင်ထားသည့်အလား အဆက်မပြတ် ပြောင်းလဲနေသည်။
အထင်အမြင်သေးမှု၊ မောက်မာမှု၊ အရာရာတိုင်းကို မထီမဲ့မြင်ပြုခြင်း!
ရှောင်ဟိုင်၏မေးခွန်းကို ကြားသောအခါ ပန်ရှီ မသိစိတ်က ခြေလှမ်းတစ်၀က်ခန့် ဆုတ်လိုက်မိသည်။
သူလုပ်နေတာကို သတိထားမိသောအခါ သူပို၍ရှက်ကာဒေါသထွက်လာသည်။
နောက်ဆုတ်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာများနည်း။
သူက အင်မော်တယ်တပိုင်းနယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူဖြစ်သည်။
ကိုယ်ခန္ဓာကျင့်ကြံသူလေးတစ်ယောက်ကို ငါဘာလို့ ကြောက်ရမှာလဲ!
တခြားသူတွေကပဲ ငါတို့ရဲ့ငရဲဂိုဏ်းကို ကြောက်နေသင့်တာလေ!
ရှောင်ဟိုင်အမူအရာကင်းမဲ့စွာ ရှိနေသေးပြီး ဖြည်းညင်းစွာပြောသည်။
"ဒါပဲဆိုရင်တော့ မင်းတိုက်တောင် မတိုက်ခိုက်ခဲ့သင့်ဘူး"
ထို့နောက် ရှောင်ဟိုင်ရှေ့တစ်လှမ်းတိုးကာ ၉၉ထပ်ကို တက်လိုက်သည်။
နောက်ဆုံးအထပ်တွင် မြေနက်မီးတောက်က မီးမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှောင်ဟိုင်ကို လွှမ်းခြုံသွား၏။
သို့စေကာမူ ဒီမြေနက်မီးမုန်တိုင်းက အသက်ရှူကြိမ်ရေတစ်ကြိမ်မျှသာ ကြာမြင့်ခဲ့သည်။
နောက်အခိုက်အတန့်၌ ရှောင်ဟိုင်ထိုးနှက်လိုက်သည်။ မြေမီးတောက်က ရုတ်ချည်း ပျောက်ကွယ်သွား၏။
ထို့နောက် ရှောင်ဟိုင်ရှေ့တက်ပြီး ပန်ရှီရှေ့ရောက်လာစဉ် နောက်ထပ်လက်သီးချက်တစ်ချက် ပစ်သွင်းလိုက်သည်။
နတ်ဆိုးနက်ဆန္ဒ၊ ထာ၀ရနတ်ဆိုးကိုယ်ထည်!
ကြောက်မက်ဖွယ်ရာကိုယ်ခွန်အားက ဒီလက်သီးချက်ထဲတွင် စုစည်းလာသည်။
ရှောင်ဟိုင် ပန်ရှီကိုတိုက်ရိုက်သတ်ရန် ကြံရွယ်ထားသည်။
ဒီခုခံ၍မရနိုင်သည့် ရုက်ခွန်အားကို ခံစားမိစဉ် ဒီလက်သီးချက်က ကောင်းကင်ပြိုကျပြီးနောက် ကြွေကျလာသည့်ကြယ်တစ်ပွင့်အလား ပန်ရှီမျက်လုံးရှေ့တွင် တောင်တစ်တောင် ပြိုကျလာတာနှင့်တူသည်။
သူ့တွင် ခုခံရန်အခွင့်အရေးမရှိပေ။
သူဒါကိုတွေးမိသောအခါ ပန်ရှီအံကြိတ်ရင်း အိတ်ကပ်ထဲကနေ အဆောင်တစ်ခု ထုတ်ယူလိုက်သည်။
လေဟာနယ်က ချက်ချင်းပုံပျက်သွားပြီး လေဟာနယ်ပုံပျက်မှုနှင့်အတူ ပန်ရှီ၏ ပုံရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
အပိုင်း(676) coming။