#ဗိုလ်ချုပ်ရှစ်ဦး၊ မီးနက်နတ်ဆိုးခြင်္သေ့#
Vol. 48 Ch. 676
ပန်ရှီသုံးခဲ့သည့် လွတ်မြောက်အဆောင်က သမားရိုးကျလေဟာနယ်အဆောင်ဖြစ်သည်။
ဒါက ထွက်ပြေးရန်အတွက် လျှပ်စီးစွမ်းအားကို အသုံးပြုသည့် မုဖူရှန်း၏ ကောင်းကင်ဘုံလွတ်မြောက်အဆောင်နှင့် မတူပေ။
သို့စေကာမူ ပန်ရှီ၏လွတ်မြောက်အမြန်နှုန်းကို ကြည့်ပါက သူသုံးခဲ့သည့် လေဟာနယ်အဆောင်က အဆင့်နိမ့်မဟုတ်တာကို သူပြောနိုင်ပါသည်။
ဒါကသေချာပေါက် ငရဲဂိုဏ်းကသူ့ကို ပေးထားတာဖြစ်ရပေမည်။
ပန်ရှီပျောက်ကွယ်သွားသည့်အခိုက်အတန့်၌ စုမုယောင်နှင့် ကျန်သောသူများထံရှိနေသည့် တောင်ကဲ့သို့ဖိနှိုပ်မှုက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် အသိစိတ်ပင်လယ်က နတ်ဝိဉာဉ်တိုက်ခိုက်မှုကလည်း ပျောက်ကွယ်သွားခဲ့သည်။
ဒါကိုမြင်သောအခါ စုမုယောင် စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
ကျန်ငါးယောက်၏ မျက်လုံးများကိုမူ အကြောက်တရားများဖြင့် ပြည့်နှက်နေပြီး ရှောင်ဟိုင်အား လက်သီးဆုပ်ပြရင်း ဂူထဲကနေ ထွက်သွားကြ၏။
လာနောက်နေတာလား!
ငါတို့က ပန်ရှီကိုတောင်မနိုင်တာ၊ သူ့ထက်ကြမ်းတာက ဒီခန္ဓာကျင့်ကြံသူပဲ၊ ငါတို့ အမွေအနှစ်အတွက် သူနှင့် တိုက်ခိုက်ချင်တယ်ဆိုရင် ဒါက သေခြင်းတရားကို ရေတွက်နေတာနဲ့ အတူတူပဲမလား!
ဒီနေရာကအမွေအနှစ်ကို မျက်တောင်မခတ် စိုက်ကြည့်ရင်း အသက်ကိုစွန့်စားရမည့်အစား နောက်တစ်ခုကို အမြန်သွားရှာခြင်းက ပိုကောင်းသည်။
သို့စေကာမူ စုမုယောင်က ဒီတကြိမ်ထွက်မသွားပေ။ သူမ ရှောင်ဟိုင်၏ကျောကို လေးနက်သည့် အမူအရာဖြင့် ကြည့်နေသည်။
အရင်က သူမ စုလင်တုကို ယဲ့ချိုးပိုင်နှင့် ကျန်သောသူများနောက်ကွယ်က ဆရာကို စစ်ဆေးစုံစမ်းရန်အတွက် မပြောခဲ့ပေ။
ယခုတွင်မူ သူမအရမ်းသိချင်လာမိသည်။
ဘယ်လိုစီနီယာကများ ဒီလိုကြောက်စရာကောင်းတဲ့ တပည့်တွေကို သင်ကြားပေးနိုင်တာလဲ!
ဒါ့အပြင် သူတို့က အတော်လေးများသည်။
ဒါကချဲ့ကားပြောဆိုခြင်းမဟုတ်။ အလယ်အလတ်အဆင့်ကြယ်နယ်မြေက ယဲ့ချိုးပိုင်၊ မုဖူရှန်း သို့မဟုတ် ရှောင်ဟိုင်ဖြစ်စေ ထိုမွန်းစတားအိုများသာ တစ်ယောက်ယောက်ကို ရနိုင်ပါက အတော်လေး ကျေးဇူးတင်မိမှာကို စုမုယောင်သိသည်။
ထိုအချိန်တွင် ရှောင်ဟိုင်ကိုယ်မှချပ်၀တ်က သူ့ကိုယ်ခန္ဓာနှင့် ပေါင်းစပ်သွား၏။
ဖိနှိပ်တော့မည့် အသက်ရှူကျပ်လုနီးပါး သွေးကြောစွမ်းအားကလည်း ပျောက်ကွယ်သွားရသည်။
ရှောင်ဟိုင်လှည့်ပြီး စုမုယောင်ကိုကြည့်ကာ ခေါင်းကုတ်ရင်းမေးသည်။
"မင်းအဆင်ပြေရဲ့လား"
လက်ရှိရှောင်ဟိုင်ကို ကြည့်ရင်း စုမုယောင်ဆွံအနေသည်။
ဘာလို့ပင်ကိုယ်စရိုက်တွေကြားက ကွာခြားချက်က အရမ်းကြီးမားနေရတာလဲ!
အရင်က ရှောင်ဟိုင်၏ နတ်ဆိုးချီက အံ့ဩသင့်စရာကောင်းပြီး နတ်ဆိုးဘုရင် အမှန်တကယ်ဆင်းသက်လာသည့်အလား အရာအားလုံးကို ငုံ့ကြည့်ကာ သက်ရှိအားလုံးကို အညံ့ခံစေချင်သည်။
သို့စေကာမူ ရှောင်ဟိုင်ပတ်လည်က နတ်ဆိုးချီပျောက်ကွယ်သွားသည်နှင့် သူကရိုးစင်းရိုးသားပုံပေါ်လာသည်။
စုမုယောင်ခေါင်းခါယမ်းရင်း နူးညံ့စွာပြောသည်။
"ဘာမှမဖြစ်ခဲ့တာက နင့်ကျေးဇူးကြောင့်ပါ"
"ငါဒီကျေးဇူးကြွေးကို အမှတ်ရနေပါမယ်၊ စုမိသားစုက သေချာပေါက် အနာဂတ်မှာ နင့်ကိုပြန်ပေးဆပ်ပါမယ်"
ထိုစကားကိုကြားသောအခါ ရှောင်ဟိုင် ခေါင်းခါယမ်းပြသည်။
ဒါကိုမြင်သောအခါ စုမုယောင် အနည်းငယ် ကြက်သေသေသွား၏။
"မလိုဘူးလား၊ နင်စုမိသားစုကို သဘောမကျလို့လား"
"မဟုတ်ပါဘူး" ရှောင်ဟိုင်အလျင်အမြန် လက်ဝှေ့ယမ်းရင်း ခပ်တုံးတုံးပြုံးသည်။
"ငါ့ကိုပြန်ပေးဆပ်စရာမလိုပါဘူး၊ အစ်ကိုကြီးကိုပဲ ကောင်းကောင်းဆက်ဆံပါ"
သူ့အစ်ကိုကြီးနှင့်သာ ဆက်စပ်မှုမရှိပါက ရှောင်ဟိုင် တိုက်ခိုက်မည်မဟုတ်ပေ။
လက်ရှိပြဿာနာကို ဖြေရှင်းရန်အတွက် သူက သွေးကြောစွမ်းအားနှင့် နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကိုပင် သုံးရန်အတွက် တုံ့ဆိုင်းမနေခဲ့ပါ။
ရှောင်ဟိုင် သွေးကြောစွမ်းအားကို သုံးသည့်အကြိန်တိုင်း ဒါက သူပုန်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်စေသည်။
ဒါကလက်ရှိရှောင်ဟိုင်အတွက် အတော်လေးအန္တရာယ်များသည်။
စုမုယောင် သူအရင်ကပြောခဲ့သည့် စကားလုံးတွေကို သတိရသွားသောအခါ အနည်းငယ်ရှက်သွေးဖြာပြီး နီမြန်းသွားသည်။
"အရမ်းကြီးမတွေးပါနဲ့၊ နင့်အစ်ကိုကြီးနဲ့ ငါက ဒီလိုဆက်ဆံရေးမျိုးမဟုတ်ဘူး"
ဒါကိုကြားသောအခါ ရှောင်ဟိုင် ကြက်သေသေသွားသည်။
မဟုတ်ဘူးလား!
သို့စေကာမူ စုမုယောင်၏ အနည်းငယ် နီမြန်းနေသည့်မျက်နှာကို မြင်ရသောအခါ ဂျူနီယာညီလေးမု သူ့ကိုပြောခဲ့တာကို သတိရသွားသည်။
ပုံမှန်အားဖြင့် အေးစက်ပြီးအထီးကျန်ဆန်သည့် အမျိုးသမီးတစ်ဦးက အရမ်းကြီး တက်ကြွနေမည်မဟုတ်ပေ။ သူမက တခြားသူများ၏ ရှာတွေ့ခြင်းကို ခံရလျှင်ပင် ဘယ်သူ့ကို သဘောကျသလဲဆိုတာ ချက်ချင်း၀န်ခံမည်မဟုတ်။
သို့စေကာမူ သူမစိတ်အခြေအနေကတော့ လှုပ်ရှားသွားမှာသေချာသည်။
ထို့ကြောင့် အခု စုမုယောင်၏မျက်နှာက နီရဲနေလေရာ ဒါက သူမစိတ်အခြေအနေ လှုပ်ရှားသွားသည့် လက္ခဏာမဟုတ်ပေလော။
ရှောင်ဟိုင် သူမအားနားလည်သည်ဟူသော အပြုံးတပွင့်ကို ပြသရင်းခေါင်းညိတ်သည်။
"ရှင်းပြနေစရာမလိုပါဘူး၊ ငါနားလည်ပါတယ်၊ ဒါ့အပြင် အစ်မကြီးမုကလည်း အရမ်းကောင်းတဲ့လူတစ်ယောက်ပါ"
အကယ်၍ ယဲ့ချိုးပိုင်သာ ရှောင်ဟိုင်တွေးနေတာကို သိမည်ဆိုပါက မုဖူရှန်းအား ဂိုဏ်းကနေ နှင်ထုတ်ဖို့ သူ့ဆရာဆီ ဘာမဆို လုပ်ပေလိမ့်မည်။
သောက်ကျိုးနည်း!
ရှောင်ဟိုင်ကို လမ်းလွဲအောင် လုပ်နေတာက ဒီမျိုးမစစ်ပဲ!
စုမုယောင် "????"
ဘာကိုဆိုလိုချင်တာလဲ!
ရှင်းပြစရာမလိုဘူး၊ ဟုတ်လား!
နင်နားလည်တာလား၊ နင်ဘာကို နားလည်တာလဲ!
သူမပို၍ရှင်းပြလေလေ၊ ပို၍အစွမ်းနဲ့လာပြီး ဒီနားလည်မှုလွဲမှုက ပို၍ပို၍ပင် ဆိုးလာသည်ဟု သူမခံစားနေရသည်။
ဒါ့အပြင် အစ်မကြီးမုကဘယ်သူလဲ!
စုမုယောင် အကူအညီကင်းမဲ့စွာ လက်ဝှေ့ယမ်းလိုက်ရသည်။
"ဘာပဲဆိုဆို ဒီအတွက် ငါနင့်ကို ကျေးဇူးတင်ရမှာပဲ၊ ငါအမွေအနှစ်အတွက် နင်နဲ့တိုက်လိုက်မှာမဟုတ်ဘူး၊ ငါဒီနေရာမှာ ငါ့ခွန်အားကို ပြန်ရအောင် လုပ်ဖို့လိုတယ်၊ အဆင်ပြေလား"
ယခုလေးတင်ဖိနှိပ်မှုနှင့်ဝိဉာဉ်ဖမ်းဆုပ်မှုက စုမုယောင်ကို ခုခံရန်အတွက် ခွန်အားအကုန်လုံးကို သုံးစေခဲ့သည်။
အကယ်၍ သူမခွန်အားကိုသာ ပြန်ရလိုပါက မည်သူမှမနှောက်ယှက်နိုင်သည့် နေရာတစ်ခုရှာရဦးမည်။
သေမင်းဝိဉာဉ်မြို့၌ နေရာတိုင်းတွင် အန္တရာယ်များ ပုန်းအောင်းနေသည်။
ဒီအမွေအနှစ်ဂူက ဘေးအကင်းဆုံးနေရာဆိုတာ သိသာထင်ရှားနေသည်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။ ထို့နောက် တဘက်လှည့်ကာ ပလ္လင်ပေါ်က ဧရာမအရိုးစုကို ကြည့်လိုက်၏။
သို့စေကာမူ သူ့အကြည့် အရိုးစုပေါ် ကျသွားသောအခါ အရိုးစု၏ မျက်လုံးများမှ အပေါက်ကလည်း သူ့ကို မျက်နှာမူနေတာကို တွေ့လိုက်ရသည်။
သူတို့က အချင်းချင်းစိုက်ကြည့်နေကြသည့်အလားပင်။
"မင်းဒီသွေးကြောစွမ်းအားကို ဘယ်ကရခဲ့တာလဲ"
ထိုအချိန်တွင် အရိုးစုစကားပြောလာခဲ့သည်။
ရှောင်ဟိုင်အနည်းငယ်ကြက်သေသေသွားပြီးနောက် မသိစိတ်က ပြန်ဖြေမိသည်။
"ကျုပ်အပိုင်ပါ"
"မင်းအပိုင်လား"
အရိုးစုက ညင်သာစွာခေါင်းညိတ်ရင်း ပလ္လင်ပေါ်က ထရပ်သည်။
အရိုးစုထရပ်သည်နှင့် သူ့လက်များက အရိုးများနှင့် ခြေထောက်က သံကြိုးကြီးများကလည်း သက်ရောက်ခံရသည်။
အရိုးစုထရပ်ပြီးနောက် ရှောင်ဟိုင်ရှေ့တွင် ဒူးထောက်လိုက်သည်။
"နတ်ဆိုးအရှင်ကို ကြိုဆိုပါတယ်"
သို့စေကာမူ သူထိုစကားလုံးများကို ပြောလိုက်သည်နှင့် မြေနက်မီးတောက်က သူ့၀န်းကျင်၌ ထိုးတက်လာပြီး ရှောင်ဟိုင်နှင့် အရိုးစုကို လွှမ်းခြုံသွား၏။
အပြင်၌ရှိနေသည့် စုမုယောင် အထဲတွင် ဘာဖြစ်နေသလဲဆိုတာ မမြင်နိုင်သလို သူတို့၏ စကားဝိုင်းကိုလည်း မကြားနိုင်ပေ။
ရှောင်ဟိုင်အနည်းငယ် ကြက်သေသေသွားသည်။
"ခင်ဗျားကလည်း ငရဲနတ်ဆိုးပိုင်နက်က ကျုပ်လက်အောက်ခံလား"
အရိုးစုကခေါင်းညိတ်သည်။ သူ့ကိုယ်ထဲက အရိုးအားလုံးက တုန်ခါနေပုံရသည်။
"နတ်ဆိုးအရှင်၊ ကျွန်တော်နောက်ဆုံးတော့ အရှင့်ကိုတွေ့ခဲ့ရပြီ"
"ကျွန်တော်က ချူရှန်းပါ၊ မီးနက်နတ်ဆိုးခြင်္သေ့ကလန်ခေါင်းဆောင်ဖြစ်ပြီးတော့ အရှင့်ရဲ့ မဟာဗိုလ်ချုပ်ရှစ်ယောက်ထဲက တစ်ယောက်ပါ"
မဟာဗိုလ်ချုပ်ရှစ်ဦး!
မျောက်ဝံနတ်ဆိုးကလန်က မဟာဗိုလ်ချုပ်ရှစ်ဦးအနက် တစ်ဦးဖြစ်ပြီး ရှေ့တန်းကဖြစ်သည်။
ရှောင်ဟိုင်ခေါင်းညိတ်သည်။
"မျောက်ဝံနတ်ဆိုးတွေနဲ့ အတူတူပဲမလား"
ချူရှန်းခေါင်းမော့ကာ ရှောင်ဟိုင်အား ကြည့်လိုက်သည်။
"ကြည့်ရတာ နတ်ဆိုးအရှင်က မျောက်ဝံနတ်ဆိုးတွေကို ရှာတွေ့ပြီးပုံပဲ"
"အရင်က မဟာဗိုလ်ချုပ်ရှစ်ဦးထဲက ကျွန်တော်တို့ရဲ့ မီးနက်နတ်ဆိုးခြင်္သေ့ကလန်က အဓိကအင်အားစုသုံးစုအပါအ၀င် လွတ်မြောက်သွားတဲ့ အင်အားစုငါးစုကို သူပုန်တွေသတ်ပစ်ခဲ့ပြီး သူတို့ကလန်တွေက ၀မ်းနည်းဖွယ်ရာဖျက်ဆီးခံခဲ့ရတယ်"
ဒါကိုကြားသောအခါ ရှောင်ဟိုင်၏ အမူအရာက ရုတ်တရက်နက်မှောင်သွားပြီး ပြင်းထန်သောနတ်ဆိုးချီက စိမ့်ထွက်လာသည်။
မြေမီးတောက်အတားအဆီးပင်လျှင် နတ်ဆိုးချီ ပေါက်ကွဲမှုကို မတားဆီးနိုင်ပေ။
အပြင်က စုမုယောင် ရုတ်တရက် မျက်လုံးများကို ဖွင့်ကာ ဒီမြင်ကွင်းကို လေးနက်သည့်အမူအရာဖြင့် ကြည့်နေသည်။
"အဲမှာဘာတွေဖြစ်ပျက်သွားတာလဲ"
"ပြီးတော့ ခင်ဗျားက ဘာလို့ သေမင်းဝိဉာဉ်မြို့မှာ ဖိနှိပ်ခံထားရတာလဲ"
ချူရှန်းခါးသီးစွာရယ်မောရင်း ခေါင်းခါယမ်းသည်။
"ကျွန်တော်လည်း လျှို့ဝှက်ချက်ကိုမသိဘူး၊ ဒါပေမယ့် နတ်ဆိုးအရှင် သေမင်းဝိဉာဉ်မြို့အကြောင်းကို သိချင်ရင် အလယ်ဗဟိုကိုသွားဖို့လိုတယ်"
"အလယ်ဗဟိုမှာ နတ်ဆိုးအရှင်ရဲ့ ဝိဉာဉ်အပိုင်းအစတခုရှိပါတယ်"
ရှောင်ဟိုင်၏မျက်လုံးများက လင်း၀င်းသွားသည်။ ဒါကြောင့်လည်း သူဒီမှာ ရှိနေရခြင်းပင်။
ချူရှန်းထရပ်ကာ ရှောင်ဟိုင်အားပြောသည်။
"နတ်ဆိုးအရှင်အသက်ရှင်နေသေးတယ်ဆိုတော့ အရာအားလုံးအဆင်ပြေပါတယ်"
"အနာဂတ်မှာ နတ်ဆိုးအရှင် ခွန်အားကို ပြန်ရလာခဲ့ရင် ကျွန်တော်တို့အတွက် လက်စားချေပေးမယ်လို့ မျှော်လင့်ပါတယ်"
အပိုင်း(677) coming။