← Chapters

#ဝိဉာဉ်ကိုထုတ်ယူခြင်းနဲ့ ငရဲဂိုဏ်းဘိုးဘေးကို နိုးထစေခြင်း#

Vol. 48 Ch. 677

#ဝိဉာဉ်ကိုထုတ်ယူခြင်းနဲ့ ငရဲဂိုဏ်းဘိုးဘေးကို နိုးထစေခြင်း#

Vol. 48 Ch. 677

တောင်ကြောတစ်ဝိုက်၌ ထူထဲသည့် သစ်တောများရှိပြီး ရှေးဟောင်းသစ်ပင်များက ဒီတောင်ကြောကို ၀န်းရံထားကြလေရာ ထိုးဖောက်၍ မရနိုင်အောင် ဖြစ်နေသည်။

ကြယ်ရောက်အစက်အပျောက်များကသာ အရွက်များကို ဖြတ်ကာ မြေပေါ်သို့ ကျလာပြီး အလင်းစက်များဖန်တီးနေသည်။

ဒါကအကောင်းပုန်းကွယ်ရာနေရာတစ်ခုဟုဆို၍ရသည်။

ဒီတောင်ကြောထဲတွင် အနက်ရောင်၀တ်ရုံခြုံထားကြသည့် လူလေး‌ယောက်ရှိသည်။

သူတို့၏ထုတ်ပြထားသည့် လက်ဖဝါးများက အလောင်းကောင်းအလား ကြောက်စရာကောင်းစွာ ဖြူနေကြသည်။

လူလေးယောက်က ထိုနေရာ၌ တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလား တိတ်ဆိတ်စွာ ထိုင်နေကြ၏။

ထိုအချိန်တွင် အနက်၀တ်လူလေးယောက်က တချိန်တည်းတွင် မျက်လုံးဖွင့်ကာ ရှေ့သို့ ကြည့်လိုက်ကြသည်။

လေဟာနယ်ကစတင်ပုံပျက်လာသည်။ ထို့နောက်ချက်ချင်းဆိုသလို အားငယ်နေသည့်အော်ရာနှင့် လူတစ်ယောက်က စိတ်မကောင်းဖွယ်ရာ အခြေအနေဖြင့် လေဟာနယ်ကနေ ပေါ်ပေါက်လာသည်။

သူမြေပေါ်၌ ဒူး‌ထောက်ရင်း အသက်ပြင်းပြင်းရှုနေသည်။

ချွေးစက်များက သူ့နဖူးကို ဖုံးလွှမ်းနေသော်လည်း ချွေးထဲတွင် အနီရောင်အစက်အပျောက်လေးတစ်ခုရှိနေသည်။

ရှောင်ဟိုင်ဆီ‌ကနေ လွတ်မြောက်ရန်အတွက် လေဟာနယ်လွတ်မြောက်အဆောင်ကို အသုံးပြုပြီးနောက် ပန်ရှီကိုယ်က ပြင်းထန်သည့် ‌အာကာသဖိအားအောက်တွင် ကျခဲ့သည်မှာ သိသာထင်ရှားနေသည်။

"မင်းဘာလို့ ဒီလိုစိတ်မချမ်းမြေ့ဖွယ် အခြေအ‌နေမှာ ရှိနေရတာလဲ" အနက်၀တ်လူတစ်ယောက်က မျက်လုံး၌ အထင်အမြင်သေးမှုများဖြင့် ရပ်ကာ ပန်ရှီအား ငုံ့ကြည့်ရင်း နှာခေါင်းရှုံ့သည်။

"ငါမင်းကိုပေးခဲ့တဲ့ နေရာပို့ဆောင်ခြင်းအဆောင်ကို သုံးရတဲ့အထိ ဘယ်သူကများ မင်းကို ဒီလောက်ထိ ဆိုးဆိုးရွားရွား ရိုက်နှက်လိုက်ရတာလဲ"

ပန်ရှီ၏အမူအရာက ကြည့်ရဆိုးသွားပြီး အံကြိတ်လိုက်သည်။

"ကွေ့ကောရင်၊ မင်းဒီမွန်းစတားကို ပြန်တိုက်ခိုက်ဖို့အတွက် စွမ်းရည်ဆုံးရှုံးခဲ့ရတာပဲမလား"

အနက်၀တ်လူလေးယောက်က ကောင်းကင်ပြာမြစ်ဝါ နန်းတော်ကဖြစ်သည်။

ကွေ့ကောရင်၏အမူအရာက အေးခဲသွား၏။

ကြည့်ရသည်မှာ ပန်ရှီက ရှောင်ဟိုင်နှင့် ကြို၍တွေ့နှင့်သွားပုံရသည်။

"အဲဒီလူရဲ့ခွန်အားက ထပ်ပြီးတိုးတက်လာခဲ့တယ်...၊ အခုသူက နောက်ထပ်အမွေအနှစ် တစ်ခုကိုလည်း ရခဲ့တယ်" ပန်ရှီ ‌လေးနက်သော အမူအရာဖြင့် ပြောသည်။

"ဒီလူကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ငါတို့စီစဉ်ဖို့လိုတယ်"

ကွေ့ကောရှင်းခေါင်းခါယမ်းသည်။

"သူ့အကြောင်းကို အရင်မပြောကြရအောင်၊ မင်းတို့ငရဲဂိုဏ်းက လုံလောက်တဲ့ဝိဉာဉ်တွေကို စုပြီးသွားပြီလား"

"အဲဒါတွေက မင်းတို့ငရဲဂိုဏ်းဘိုးဘေးကို နိုးထစေဖို့ လုံလောက်လား"

ဒါကိုကြားသောအခါ ပန်ရှီဒေါသတကြီးပြောသည်။

"တကယ်လို့ငါတို့သာ စုမုယောင်နဲ့ ကျန်တဲ့သူတွေရဲ့ ဝိဉာဉ်တွေကို စုပ်ယူနိုင်မယ်ဆိုရင် ဒါကလုံလောက်သွားမှာ"

မဟာပြိုင်ပွဲကနေစ၍ ငရဲဂိုဏ်းက အပေါ်ယံ၌ မရေမတွက်နိုင်လောက်သော ကျင့်ကြံသူများ၏ ဝိဉာဉ်များကို တိတ်တဆိတ် ဆွဲထုတ်နေခဲ့သည်။

ထိုအချိန်က ဒါက ကောင်းကင်ပြာမြစ်ဝါနန်းတော်ကို လွှဲပြောင်းပေးရန်အတွက်ပင်။

သေမင်းဝိဉာဉ်မြို့နတ်ဝိဉာဉ်၏ အမြင့်ဆုံး အကန့်အသတ်ကို ပြင်ဆင်ရန်အတွက် လျှို့ဝှက်နည်းစနစ်ကို အသုံးပြုရန် သူကောင်းကင်ပြာမြစ်ဝါနန်းတော်က လူများကို ခွင့်ပြုခဲ့သည်။

ဒါက ကျင့်ကြံသူများကို သေမင်းဝိဉာဉ်မြို့ထဲ ပို၍၀င်စေနိုင်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဒါက ငရဲဂိုဏ်းအတွက် ဝိဉာဉ်များကို ပို၍ယူဆောင်ရန်အတွက် အဆင်ပြေပါသည်။

ကွေ့ကောရင်ခေါင်းညိတ်သည်။

"ကိစ္စမရှိဘူး၊ ဝိဉာဉ်တွေကို ထုတ်ယူဖို့ အခွင့်အလမ်းများစွာရှိပါတယ်၊ အချိန်ကျလာတဲ့အခါကျရင် ငါတို့ပြင်ပမြို့တွေကို သွားပြီး ကျောက်တိုင်တွေက ဖိနှိပ်ထားတဲ့ ဝိဉာဉ်တွေကို စုပ်ယူကြတာပေါ့"

"ဒါကမင်းရဲ့ငရဲဂိုဏ်းဘိုးဘေးကို နှိုးထ‌လာအောင် လုပ်ပေးဖို့ပဲ"

လိုအပ်ချက်က အမွေအနှစ်ကိုရဖို့ပဲ၊ ဒီလိုဆိုမှ ငါတို့သေမင်းဝိဉာဉ်မြို့အလယ်ဗဟိုကို ၀င်နိုင်မှာလေ"

ပန်ရှီ၏အမူအရာက ကြည့်ရဆိုးသွားသည်။

ကွေ့ကောရင်သူ့ကို လှောင်ပြောင်နေတာကိုသူသိပါသည်။

"ဒါကအမွေအနှစ်တစ်ခုပဲမလား....၊ ‌နောက်တစ်ခုကိုပဲ ရှာလိုက်ပါ"

"ဒါပေမယ့် ငါဘိုးဘေးခန္ဓာအတွက် ကိုယ်စားလှယ်လောင်းတစ်ယောက်ကိုလည်း တွေ့ခဲ့တယ်"

ကွေ့ကောရင် နှာခေါင်းရှုံ့သည်။

"ရှောင်ဟိုင်၊ ဟုတ်တယ်မလား"

ပန်ရှီခေါင်းညိတ်သည်။

"ဒီလူရဲ့ခန္ဓာက အရမ်းအစွမ်းထက်ပြီး သူ့မှာ အတော်လေးအစွမ်းထက်တဲ့ သွေးကြောစွမ်းအားတစ်ခုရှိပုံပဲ၊ ဘိုးဘေး ဒီခန္ဓာကို ကျေနပ်လိမ့်မယ်ဆိုတာ ငါယုံကြည်တယ်"

"ဒါဆိုမင်းသူ့ကို အနိုင်ယူနိုင်လား"

ပန်ရှီ၏မျက်နှာပေါ်၌ ဆိုးယုတ်သည့် အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။

"အချိန်ကျလာတဲ့အခါကျရင် သူ့ကို ထောင်ချောက်ဆင်လိုက်ရုံပဲလေ၊ ဒီသေမင်းဝိဉာဉ်မြို့မှာ သေခြင်းတရားရဲ့ နေရာများစွာရှိတယ်၊ သူကိုမြူဆွယ်ပြီး သတ်ပစ်ကြရအောင်"

"ဟမ့်၊ အရင်လုပ်ပါဦး" ကွေ့ကောရင်လက်ဝှေ့ယမ်းသည်။

"ကောင်းပြီ၊ အမွေအနှစ်ကို သွားယူတော့၊ ငါတို့မှာအချိန်အများကြီး မကျန်တော့ဘူး၊ လူအတော်များများ ရပြီးနေကြပြီ"

"မင်းငါ့ကိုသတိပေးနေစရာမလိုဘူး၊ မင်းအလုပ်ကိုပဲ မင်းလုပ်ပါ"

ပန်ရှီအေးစက်စွာ နှာခေါင်းရှုံ့ရင်း ဒဏ်ရာများကနေ ကုသရန်အတွက် တင်ပလ္လင်ခွေထိုင်လိုက်၏။

ကွေ့ကောရင် သူ့ကိုလျစ်လျူရှုကာ ကောင်းကင်ပေါ် မော့ကြည့်လိုက်သည်။

ဒါကငရဲဂိုဏ်းလေးသာဖြစ်သည်။

ငရဲဂိုဏ်းဘိုးဘေးတွင် စွမ်းရည်တစ်ချို့သာမရှိပါက မည်သည့်အတွက်ကြောင့် သူတို့ ကောင်းကင်ပြာမြစ်ဝါနန်းတော်က ငရဲဂိုဏ်းနှင့် ပူးပေါင်းဆောင်ရွက်ရမည်နည်း။

တစ်ခြားတစ်ဘက်တွင် အမွေအနှစ်ဂူထဲ၌ ‌ချူရှန်း ရှောင်ဟိုင်အားကြည့်ပြီး လေးစားစွာပြောသည်။

"နတ်ဆိုးအရှင်၊ ကျွန်တော်အရှင့်ကို အများကြီးမပေးနိုင်ပါဘူး၊ ဒီမြေနက်မီးတောက်ပဲရှိပါတယ်"

ထို့နောက် ချူရှန်း အရိုးစုအဖြစ်ပြောင်းလဲသွားပြီ ဖြစ်သည့် လက်ကို ဆန့်တန်းလိုက်စဉ် မီးတောက်နက်တစ်ခုက သူ့လက်ဖဝါးပေါ်၌ ပေါ်လာခဲ့သည်။

မီးတောက်နက်ပေါ်လာသည့်အခိုက်အတန့်၌ ပတ်ပတ်လည်က လေဟာနယ်က အဆက်မပြတ်စုတ်ပြဲကာ တုန်ခါနေကြသည်။

တစ်ချိန်တည်းမှာပင် အပြင်ကဂူနံရံများပေါ်ရှိ အနီရောင်မီးတေုက်များကလည်း အပြင်းအထန် လောင်ကျွမ်းနေသည်။

မြေပေါ်ရှိ မြေနက်မီးတောက်က ဘယ်ညာလှုပ်ယမ်းရင်း စတင်အဓိကရုဏ်းဖြစ်လာသည်။

မြေအောက်ချော်ရည်က လှိုင်းကြီးများနှင့်အတူ လှုပ်ရှားလာပြီး လွှဲယမ်းကာ ချော်ရည်အတားအ‌ဆီးများအဖြစ် ပြောင်းသွားသည်။

ဒါကိုမြင်သောအခါ စုမုယောင်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

ဒီမီးတောက်စွမ်းအားကို တားဆီးရန်အတွက် သူမခွန်အားအကုန်လုံးကို သုံးခဲ့ရသည်။

သို့စေသည့်တိုင် သူမကိုယ်ထဲက လောင်ကျွမ်းနေသည့် ဝိဉာဉ်ချီကို ခံစားနေရဆဲပင်။

ချူရှန်း မြေနက်မီးတောက်ကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်၌ ကျောက်တိုင်များကလည်း ကြယ်ရောင်စီးကြောင်းများကို ထုတ်လွှတ်လာပြီး ဖိနှိပ်အားက အဆမတန် တိုးမြှင့်လာခဲ့သည်။

ချူရှန်း သူ့မီးတောက်ကို ထုတ်လိုက်သည့်အချိန်တွင် စုမု‌ယောင် ကြောက်စရာကောင်းသည့်မီးတောက်များအောက်တွင် အချိန်အတော်ကြာ လောင်ကျွမ်းနေပေလိမ့်မည်။

ဒီဂူက နောက်ထပ်မတည်ရှိတော့သည်အထိ မီးရှို့ခံရသည်။

ချူရှန်းရှင်းပြသည်။

"မြေနက်ဗဟိုချက်မီးတောက်က ကျွန်တော်တို့ မီးနက်နတ်ဆိုးခြင်္သေ့ကလန်ရဲ့ ရတနာပါ၊ အခု ကျွန်တော် နတ်ဆိုးအရှင်ကို ပေးလိုက်ပါမယ်၊ နတ်ဆိုးအရှင် ငရဲနတ်ဆိုးပိုင်နက်ကို ပြန်သိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီသူပုန်းတွေကိုသတ်ပြီး ကျွန်တော်တို့အတွက် လက်စားချေပေးပါ"

ရှောင်ဟိုင် လေးနက်စွာခေါင်းညိတ်ရင်း လှမ်းယူလိုက်သည်။

ဒီမီးတောက်က ရုတ်ချည်းဆိုသလို ရှောင်ဟိုင်တစ်ကိုယ်လုံးထံ ၀င်ရောက်သွား၏။

ရှောင်ဟိုင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

ချူရှန်းချက်ချင်းပြောသည်။

"နတ်ဆိုးအရှင်၊ မခုခံပါနဲ့"

ဒါကိုကြားသောအခါ ရှောင်ဟိုင်သတိလျှော့ချလိုက်ပြီး မီးတောက်နက်များကို သူ့ကိုယ်အတွင်း ၀င်လာခွင့်ပေးလိုက်သည်။

မီးတောက်များ သူ့ကိုယ်ခန္ဓာကို လောင်ကျွမ်းနေသည့် နာကျင်မှုက ကိုယ်ထဲက အာရုံကြောအားလုံးသို့ ပျံ့သွားသည်။

ဒါ့အပြင် မြေမီးတောက်က သာမန်မီးတောက်တစ်ခု မဟုတ်သဖြင့် လောင်ကျွမ်းနေသည့် နာကျင်မှုက ပို၍ပင် စိတ်ကူးယဉ်၍မရနိုင်ပေ။

သို့စေကာမူ နီဗာနမီး၏ ပြုပြင်မွမ်းမံမှုကို တွေ့ကြုံခံစားခဲ့ရသည့် ရှောင်ဟိုင်က ဒါကို ဘယ်လိုလုပ် မကိုင်တွယ်နိုင်ဘဲ နေမည်နည်း။

ထိုအချိန်တွင် သူ့အရေပြားပေါ်၌ ပုံစံကွက်တစ်ခု တိတ်တဆိတ်ပေါ်လာခဲ့သည်။

ပုံစံကွက်အတွင်း အဆုံးမဲ့မီးတောက်များက စီးဆင်းနေသည်။

ထာ၀ရနတ်ဆိုးကိုယ်ထည်!

လိုင်းများပေါ်လာသည့် အခိုက်အတန့်၌ မြေနက်ဗဟိုချက်မီးတောက်၏ စွမ်းအားကို အဆက်မပြတ် စုပ်ယူနေပြီး ကြက်သွေးရောင်မီးတောက်များနှင့် ပေါင်းစပ်သွား၏။

ရှောင်ဟိုင်ဒါကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ပါသည်။

သူ့ကိုယ်ခွန်အားက အဆက်မပြတ်တိုးလာသလို သူ့ကြွက်သားများက ဖောင်းပွလာကြ၏။

အကယ်၍ သူသာ အခုအချိန်တွင် လက်သီးတစ်ချက် ထိုးမည်ဆိုပါက လေဟာနယ်တွင် ကွဲအက်သွားရပေလိမ့်မည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ချူရှန်းအနည်းငယ် အံ့ဩသင့်သွားရပြီး တစ်ချိန်တည်းမှာပင် သူအနည်းငယ်ပဟေဠိဖြစ်နေသည်။

ဒီခန္ဓာပြုပြုခြင်းနည်းစနစ်ကို နတ်ဆိုးအရှင် တစ်ခါမှ အသုံးမပြုခဲ့ပါ။

သူတို့မဟာဗိုလ်ချုပ်ရှစ်ဦးက နတ်ဆိုးသခင်နှင့်အတူ တိုက်ပွဲဘယ်နှစ်ခုများ တိုက်ခိုက်ပြီးကြလေသနည်း။

သူတို့က နတ်ဆိုးသခင်၏နည်းလမ်းများကိုသိကြပါသည်။

ဂူထဲတွင် အမည်မသိအချိန်တစ်ခုက ကုန်ဆုံးသွားခဲ့သည်။

အပြင်တွင် စုမုယောင်၏ မျက်နှာက ဖြူရော်နေသည်။

မြေနက်မီးတောက်၏ကျူးကျော်မှုကို အစွမ်းကုန်ခုခံရာ၌ သူမအကန့်အသတ်ကိုပင် ရောက်နေလေပြီ။

ထိုအချိန်တွင် မြေမီးတောက်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

ပတ်ပတ်လည်ကမီးတောက်များနှင့် ချော်ရည်များကလည်း ရပ်သွားရသည်။

စုမုယောင်အနည်းငယ် ကြက်သေသေသွားပြီး လှေကားထစ်များပေါ် မော့ကြည့်စဉ် အတားအဆီးက ပျောက်ကွယ်ကာ ရှောင်ဟိုင်၏ကိုယ်က ပေါ်လာခဲ့သည်။

အရိုးစုကလည်း အရင်ကကဲ့သို့ပင် ပလ္လင်ပေါ်၌ ထိုင်နေပြီး အသက်ရှိသည့် လက္ခဏာမရှိတော့ပါ။

အပိုင်း(678) coming။

All Chapters