← Chapters

#ဒုတိယဒန်တျန်#

Vol. 48 Ch. 678

#ဒုတိယဒန်တျန်#

Vol. 48 Ch. 678

ထိုအချိန်တွင် အမွေအနှစ်နန်းတော်၌ ယဲ့ချိုးပိုင် ဖြည်းဖြည်းချင်းနိုးလာခဲ့သည်။

ထို့နောက်သူ့နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။

"ကောင်လေး၊ နိုးနေပြီဆိုရင် ထတော့"

ဒါကိုကြားသောအခါ ယဲ့ချိုးပိုင် ရုတ်တရက်ထရပ်ရင်း အသံအရင်းအမြစ်ရှိရာသို့ ကြည့်လိုက်သည်။

အဖိုးအို၏ဝိဉာဉ်ကိုယ်ထည် ပုံရိပ်ယောင်က လက်နှစ်ဖက်ကို ကျောတွင်ထားပြီး သူ့ကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေသည်။

ယဲ့ချိုးပိုင်အလျင်အမြန်ပင် လက်နှစ်ဖက်ဆုပ်သည်။

"စီနီယာရှေ့မှာ ကျွန်တော်ကိုယ့်ကိုကိုယ် ရှက်စေမိပါတယ်"

အဖိုးအိုက လက်ဝှေ့ယမ်းသည်။

"မင်းရဲ့လယ်ရှိနယ်ပယ်နဲ့ ဒီအဆင့်အထိ တိုးတက်နိုင်တာက မဆိုးပါဘူး"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

အဖိုးအို၏စကားလုံးများကို ကြားသောအခါ သူ့နယ်ပယ်ကို မသိစိတ်က အာရုံခိစဉ် ရုတ်တရက် ယဲ့ချိုးပိုင် ကြက်သေသေသွားရသည်။

ဒါက.... သွေးပြောင်းလဲခြင်းနယ်ပယ် အထွတ်အထိပ်အဆင့်လား!

"စီနီယာ"

အဖိုးအိုကပြောသည်။

"မင်းအခြေခံအုတ်မြစ်က အရမ်းတည်ငြိမ်တယ်၊ ငါမင်းကိုကူညီပေးခဲ့တာပါ"

ထိုနေရာ၌ အဖိုးအိုက ထပ်မံသတိပေးသည်။

"ကောင်လေး၊ မင်းကျင့်ကြံခြင်းနည်းလမ်းက အခုအရမ်းမှန်နေပြီ၊ အနာဂတ်မှာ အဆင့်ချိုးဖျက်တာက အရမ်းနှေးလွန်းတယ်လို့ မင်းခံစားရရင်တောင် ဒါကို ထိန်းသိမ်းထားရမယ်"

"ဒါ့အပြင် မင်းနယ်ပယ်က ပိုပြီးတည်ငြိမ်လေလေ၊ အနာဂတ်မှာ မင်းအကျိုးအမြတ်ရမှုက ပိုထင်ရှားလေလေပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"စီနီယာပြောနေတာကို ကျွန်တော်နားလည်ပါတယ်"

"စီနီယာ၊ ကျွန်တော်အခုအမွေဆက်ခံလို့ရပြီလား"

သူ မြန်မြန်လုပ်ပြီး ရှောင်ဟိုင်၊ မုဖူရှန်းနှင့် ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက ကျန်သောသူများကို ရှာဖွေရပေမည်။

သူတို့ကလည်း အပိုင်စီးခံထားရသလားဆိုတာ သူမြင်ချင်ပါသည်။

သို့စေကာမူ မုဖူရှန်းနှင့် ရှောင်ဟိုင်ကိုတော့ စိုးရိမ်နေစရာမလိုပါ။

ယဲ့ချိုးပိုင်၏ မေးခွန်းကိုကြားသောအခါ အဖိုးအိုက ရုတ်တရက်ရှက်သွားသည်။

ယဲ့ချိုးပိုင် လက်ရှိပုံရိပ်ယောင်ဝိဉာဉ်ကို ခံစားနိုင်စွမ်းမရှိ၍သာ တော်တော့သည်။

"အဟွတ်၊ အဟွတ်" အဖိုးအိုပါးစပ်ပိတ်ရင်း အသာအယာ ချောင်းဆိုးလိုက်သည်။

"ငါမင်းကို အ‌မွေပေးပြီးပြီ"

ပေးပြီးပြီလား!

ယဲ့ချိုးပိုင်ကြက်သေသေသွားပြီး အလျင်အမြန် အထဲသို့ ကြည့်လိုက်၏။

သူကသိုလှောင်လက်စွပ်ကိုပင် စစ်ဆေးကြည့်နေပြီး အပိုတစ်ခုခုများရှိသလားဆိုတာ မြင်ချင်နေသည်။

"ကောင်းပြီ၊ ကြည့်နေတာရပ်တော့" အဖိုးအိုက အော်ဟစ်ရင်း ဒေါသထွက်လာသည်။

မင်းမှာ ကြောက်မက်ဖွယ်ရာ အခွင့်အရေးမျိုးတွေ ဘယ်လောက်ထိ ရခဲ့သလဲ‌‌ဆိုတာ ငါတကယ်သိချင်မိတယ်!

"ငါ့အမွေက မူလက ကျင့်ကြံခြင်းကျင့်စဉ်တခုပဲ၊ ဒါပေမယ့်မင်းကျင့်ကြံတဲ့ ကျင့်ကြံခြင်းကျင့်စဉ်က လုံး၀ပြောင်းစရာမလိုပါဘူး"

"ငါကျင့်ကြံနေတဲ့ ကျင့်ကြံခြင်းကျင့်စဉ်ကိုသာ ပြောင်းပေးလိုက်မယ်ဆိုရင် ဒါက မြင်းထက်လှည်းကို ဦးစားပေးတာနဲ့ ပိုတူသွားလိမ့်မယ်"

"မင်းကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီးလည်း ပြဿာနာမရှိဘူး"

"ဒါကြောင့် မင်းရဲ့ဒုတိယဒန်‌တျန်ပေါ်မှာပဲ ငါ့ရဲ့လက်ကျန်ခွန်အားကို သုံးနိုင်ခဲ့တယ်"

အဖိုးအို၏ရှက်စိတ်ကို ယဲ့ချိုးပိုင်ခံစားမိသဖြင့် အားတင်းပြုံးကာ နှစ်သိမ့်ပေးသည်။

"ဒါကအဆင်ပြေပါတယ် စီနီယာ၊ စီနီယာရဲ့ အမွေအနှစ်က ကျွန်တော့်အတွက် အကူအညီဖြစ်နေတုန်းပဲလေ"

အဖိုးအို "....."

ငါဘာလို့ အရှက်ခွဲခံနေရသလို ခံစားနေရတာလဲ!

"မေ့လိုက်တော့၊ မေ့လိုက်တော့"

အဖိုးအိုအကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။

"ဒါကအခုမင်းတို့လို လူငယ်မျိုးဆက်တွေရဲ့ ကမ္ဘာကြီးပဲလေ"

"ဒါပေမယ့် မင်းဒုတိယဒန်တျန်ရဲ့ ကျင့်ကြံခြင်းကို လျစ်လျူရှုထားပုံပဲ"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

ဒုတိယဒန်‌တျန်အတွက် ကျင့်ကြံခြင်းနည်းလမ်းကို ရပြီးနောက် ယဲ့ချိုးပိုင် အချိန်တစ်ခုကြာ ကျင့်ကြံခဲ့သော်လည်း ကျင့်ကြံခြင်း အမြန်မှုန်းကို မဆိုထားနဲ့၊ သက်ရောက်မှုကပင် မပြောပလောက်ပါ။ တခြားကျင့်ကြံခြင်းကျင့်စဉ်များနှင့် ဓားပညာရပ်များနှင့် ယှဉ်ပါက ဒါကအရမ်းအသုံးမ၀င်ပုံရသည်။

ထို့ကြောင့် နယ်ပယ်ပိုမြင့်လာလေလေ ဒုတိယဒန်တျန်၏ကျင့်ကြံခြင်းကို ယဲ့ချိုးပိုင်ပို၍ လျစ်လျူရှုလေလေပင်။

‌အဆုံးသတ်တွင် သူလက်လျှော့လိုက်သည်။

အဖိုးအို သူ့ကိုချီးမွမ်းသည်။

"ဒုတိယဒန်တျန်ကို သိပ်သည်းအောင် လုပ်ဖို့ ဓားတာအိုကိုအသုံးပြုတယ်၊ ဘယ်လို တန်ခိုးရှင်မျိုးကများ ဒီလိုကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးခဲ့သလဲဆိုတာ ငါသိချင်မိတယ်၊ ဒါက ကြမ်းတမ်းခက်ခဲတယ်ဆိုပေမယ့် မတူညီတဲ့လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးထားတယ်"

ယဲ့ချိုးပိုင်မေးသည်။

"စီနီယာဘာလို့ဒီလိုပြောရတာလဲ"

"ဒီဒုတိယဒန်တျန်က အခုမင်းအတွက် သိပ်အသုံးမ၀င်လောက်ဘူး"

အဖိုးအို ဒီနေရာ၌ ယုံကြည်မှုရလာသည့်အလား အပြုံးဖြင့်ရှင်းပြသည်။

"ဒီဒုတိယဒန်တျန်က မင်းရဲ့ဓားနိယာမကနေ အနှစ်ချုပ်ထားတာပဲ၊ မင်းဓားနိယာမ အင်မော်တယ်ဓားနယ်ပယ်ကို ၀င်သွားတဲ့အခါကျရင် ဒါက ဒုတိယအင်မော်တယ်ဆေးလုံး ဖြစ်လာလိမ့်မယ်"

"ဝိဉာဉ်ချီသိုလှောင်ခြင်းဖြစ်ဖြစ် ဝိဉာဉ်ချီပြောင်းလဲခြင်းဖြစ်ဖြစ် နယ်ပယ်တူက လူတွေထက် အများကြီးပိုမြင့်လိမ့်မယ်"

ဝိဉာဉ်ချီပြောင်းလဲခြင်းလား!

ယဲ့ချိုးပိုင်အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း အဖိုးအိုကို မနှောင့်ယှက်ပေ။

အဖိုးအိုဆက်ပြောသည်။

"အရေးအကြီးဆုံးကတော့ ဒါက ကောင်းကင်ကို စိန်ခေါ်မှုအများဆုံးလို့လည်း ပြောလို့ရတယ်"

"ကောင်းကင်အင်မော်တယ်နယ်ပယ်ကို ရောက်ရင် လူတွေရဲ့ဝိဉာဉ်က အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုကို ကြုံကြိုက်ရလိမ့်မယ်"

"ဒါကလည်း ကောင်းကင်အင်မော်တယ်နယ်ပယ်ကျွမ်းကျင်သူတွေက မြေအင်မော်တယ်ကျွမ်းကျင်သူတွေနဲ့ အရမ်းကွာခြားရတဲ့ အကြောင်းရင်းတခုပဲ"

"စိတ်ဝိဉာဉ်ရဲ့ အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုကို အစစ်အမှန်ခံစားမှုကနေ ရနိုင်တယ်၊ စိတ်ဝိဉာဉ်က မဖျက်ဆီးခံရသရွေ့ အဆုံးမဲ့ပြန်လည်မွေးဖွားလာနိုင်တယ်"

အဆုံးမဲ့ပြန်လည်မွေးဖွားတာလား!

ယဲ့ချိုးပိုင် ကြက်သေသေသွားသည်။

"ဒီလိုဆိုရင် သေမင်းဝိဉာဉ်မြို့အပြင်က ဝိဉာဉ်ကိုယ်ထည်တွေ အသက်ရှင်စဉ်က တကယ်ပဲ ကောင်းကင်အင်မော်တယ်နယ်ပယ် ဒါမှမဟုတ် ထထက်အဆင့်ကပေါ့"

"မှန်တယ်" အဖိုးအိုခေါင်းညိတ်သည်။

"ဝိဉာဉ်က ဖျက်ဆီးလို့မရနိုင်ဘူးဆိုပေမယ့် ပြန်လည်မွေးဖွားဖို့အတွက် နောက်ထပ်ခန္ဓာတခုကို ပိုင်ဆိုင်ရဖို့လိုတယ်"

"ဒါပေမယ့် မင်းမှာ ဒုတိယဒန်တျန်ရှိတယ်၊ မင်းအသတ်ခံရရင်တောင် စိတ်ဝိဉာဉ်ကျန်နေသေးသရွေ့ ဒါကမင်းကို ပြန်ဖြည့်စွက်ပြီး မင်းခန္ဓာကို သဘာ၀ရတနာတွေနဲ့ ပြုပြင်ပေးလိမ့်မယ်"

"ရုပ်ခန္ဓာနဲ့ပါရမီကတော့ အကောင်းပကတိအတိုင်း ကျန်ရှိနေမယ်"

ယဲ့ချိးပိုင်ခေါင်းညိတ်သည်။

အကယ်၍ အဖိုးအိုပြောတာသာမှန်ပါက ဒီဒုတိယဒန်တျန်က ဒုတိယအသက်နှင့် ညီမျှသည်။

ဒီကနေတစ်ဆင့် ဒီဒုတိယဒန်တျန်က ဘယ်လောက်ထိ ကောင်းကင်ဘုံကို ဆန့်ကျင်နေသလဲဆိုတာ မြင်နိုင်သည်။

"ဒါကြောင့် မင်းဒုတိယဒန်တျန်ရဲ့ ကျင့်ကြံခြင်းကို လျစ်လျူရှုထားလို့မရဘူး၊ နားလည်လား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

အဖိုးအိုစကားပြောပြီးနောက် သူ့ဝိဉာဉ်က လုံး၀ပျောက်ကွယ်သွားလေတော့သည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်အဖိုးအို၏ဝိဉာဉ် ပျောက်ကွယ်သွားသည့်နေရာဘက်သို့ နက်ရှိုင်းစွာ ဦးညွတ်လိုက်သည်။

သူအရင်ကကျင့်ကြံရန်အတွက် လျစ်လျုရှုထားခဲ့သည့် ဒုတိယဒန်တျန်က ထိုစီနီယာ၏ နောက်ဆုံးလက်ကျန်စွမ်းအားလေးဖြင့် ပြည့်နှက်နေလေပြီ။

အတိတ်က သူ့ဒုတိယဒန်တျန်က ဓားတစ်လက်၏ သန္ဓေသားပုံသဏ္ဍာန်ရှိသည်ဟုသာ ဆို၍ရသည်။

ယခုတွင်မူ ဒါကနောက်ဆုံးတော့ ကောင်းစွာ ထွင်းထုထားသည့် ဓားတစ်လက်ပမာ ပြောင်းသွားပြီး အတော်လေးထက်ရှနေပုံရသည်။

အချိန်အတန်ကြာပြီးနောက် ယဲ့ချိုးပိုင်ခေါင်းမော့ကာ မျက်လုံးထောင့်စွန်းကနေ စိုက်ကြည့်လိုက်၏။

ပလ္လင်ပေါ်၌ တုံကင်တစ်ခု သူတွေ့ရသည်။

တုံကင်ပေါ်၌ ဝိဉာဉ်ဟူသော စာလုံးကို ရေးထွင်းထားသည်။

ဒါက သေမင်းဝိဉာဉ်မြို့အလယ်ဗဟိုကို ၀င်နိုင်သည့် တုံကင်ဖြစ်နေတာ သိသာထင်ရှားနေသည်။

ဒါကိုကောက်ယူပြီးနောက် ယဲ့ချိုးပိုင် နန်းတော်ထဲကနေ ထွက်လာသည်။

ရက်အနည်းငယ်ကြာ ယဲ့ချိုးပိုင်အလယ်ဗဟိုသို့ သွားနေခဲ့သည်။

သို့စေကာမူ မျှော်လင့်မထားသည့် အရာတစ်ခုကို သူတွေ့ခဲ့ရသည်။

အပြင်က အမွေအနှစ်မြေတစ်လျှောက်တွင် မရေမတွက်နိုင်လောက်သော ကျင့်ကြံသူအလောင်းများကို သူတွေ့ခဲ့သည်။

ထို့ထဲတွင် ဝိဉာဉ်အင်မော်တယ်နန်းတော်၏ တပည့်တစ်ဦးလည်းပါ၀င်သည်။

ထိုအချိန်က သူလင်းကျိနန်နောက်လိုက်ခဲ့သည်။

ခြွင်းချက်မရှိ လင်းကျိနန်၏ ဝိဉာဉ်က ခြောက်သွေ့သွားသည်အထိ စုပ်ယူခံထားရသည်။

ဒီမြင်ကွင်းကို မြင်သောအခါ ယဲ့ချိုးပိုင် မျက်မှောင်ကြုတ်လိုက်၏။

အတိအကျဘာတွေဖြစ်ခဲ့တာလဲ!

ငရဲဂိုဏ်းကလူတွေက ထပ်ပြီး တိုက်ခိုက်လာတာလား!

ယဲ့ချိုးပိုင်၏ခန့်မှန်းချက်က မှန်ပေသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သေမင်းဝိဉာဉ်မြို့ အပြင်ဘက်မြို့များတွင် ငရဲဂိုဏ်းကလူတစ်ချို့က အထဲက ဝိဉာဉ်အားလုံးကို စုပ်ယူပစ်ခဲ့သည်။

အမွေအနှစ်ကိုရရန်နှင့် တုံကင်ကို ပိုင်ဆိုင်နိုင်ရန် သူတို့က ကျင့်ကြံသူတစ်ဦး၏ ဝိဉာဉ်ကိုပင် ဆွဲနှုတ်ခဲ့ကြသည်။

အနက်ရောင်ဒီရေလှိုင်းက မျက်နှာပြင်ပေါ်၌ ပေါ်ပေါက်လာခဲ့လေပြီ။

ဒါပေါက်ကွဲသွားသည့် အခိုက်အတန့်၌ အလင်းကို ဝါးမြိုပစ်ပေလိမ့်မည်။

ထိုအချိန်တွင် လူရိုင်းနယ်မြေ၊ အရင်စံအိမ်တော်၏ တည်နေရာဖြစ်သည့် တောင်ပိုင်း လျှို့ဝှက်တာအိုကျောင်းတော်၌ အဖိုးအိုတစ်ဦး ရောက်လာခဲ့သည်။

လုချန်ရှန်းကလည်း ထိုနေရာတွင်ရှိနေသည်။

ဒီအဖိုးအိုက အမှောင်နယ်မြေတွင် ကောက်ချက်ချခဲ့သည့် အဖိုးအိုပေတည်း။

"ဘာလို့ ကျုပ်ကိုရှာနေရတာလဲ"

လုချန်ရှန်းသူ့ကိုကြည့်ပြီး မေးလိုက်သည်။

အပိုင်း(679) coming။

All Chapters