#ကံကြမ္မာက လုချန်ရှန်းကံတရားနဲ့ အနီးကပ်ဆက်စပ်နေတယ်#
Vol. 48 Ch. 679
ဒီမတိုင်ခင်က အမှောင်နယ်မြေက လူများက လျိုကျိယုကို ဆက်သွယ်ပြီး လုချန်ရှန်းကို သူနှင့်ဆွေးနွေးရန် လိုအပ်သည့် ကိစ္စကြီးတစ်ခုရှိသည်ဟု ပြောရန်အတွက် ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အမှောင်နယ်မြေ၏ သတင်းအချက်အလက်များ စုစည်းနိုင်သည့် စွမ်းရည်နှင့်ပင် သူတို့ ထာ၀ရသက်တမ်းကမ္ဘာ၏ တည်ရှိမှုကို မရှာဖွေနိုင်သောကြောင့်ဖြစ်သည်။
ထိုအချိန်က ရှာဖွေရန်အတွက် လူရိုင်းနယ်မြေသို့ သူတို့လူလွှတ်ခဲ့ကြသော်လည်း လုချန်ရှန်းကို မရှာဖွေနိုင်သဖြင့် လျိုကျိယုကိုသာ ဆက်သွယ်နိုင်တော့သည်။
မည်သည့်အတွက်ကြောင့် အမှောင်နယ်မြေက လုချန်ရှန်းနှင့်စကားပြောရန် ပဏာမခြေလှမ်းလှမ်းလာရလေသနည်း။
ဒါ့အပြင် အသံကအလွန်လေးနက်ပြီး အတော်လေး အရေးတကြီးဖြစ်ပုံရသည်။
ထို့ကြောင့် သူလုချန်ရှန်းကို ဒီအကြောင်းကိုပြောပြီး အမှောင်နယ်မြေနှင့် တွေ့ချင်သလား၊ မတွေ့ချင်ဘူးလားဆိုတာ မေးမြန်းခဲ့သည်။
လုချန်ရှန်းစိတ်ထဲ၀င်လာသည့် ပထမဆုံးအရာက လျိုကျိယု၏ သူ့အပေါ် သစ္စာရှိမှုပင်။
မည်သို့ပင်ဆိုစေကာမူ လျိုကျိယုက အမှောင်နယ်မြေ၌ ကြယ်ငါးပွင့်သင်းအုပ်ဆရာဖြစ်သည်။
သူ့ကိုလူများစွာထက်က လူတစ်ယောက်ဟုဆို၍ရသည်။
သို့စေကာမူ အမှောင်နယ်မြေ၏ မေးမြန်းမှုအောက်တွင် လျိုကျိယု အမှောင်နယ်မြေကို ထာ၀ရသက်တမ်းကမ္ဘာ ဘယ်မှာတည်ရှိသလဲဆိုတာ မပြောပြဘဲ ယင်းအစား သူ့ကို အရင်မေးလာသည်။
လုချန်ရှန်းခေါင်းညိတ်ရင်းပြုံးသည်။
"ငါမင်းကိုအနာဂတ်မှာ ကောင်းကောင်း ဆက်ဆံပါမယ်၊ ပြီးတော့ ထပ်ပြီး သင်ကြားပေးပါမယ်"
လျိုကျိယု၏မျက်နှာက ဖြူရော်သွား၏။
ဟမ်!
ငါထပ်ပြီးအမှားလုပ်မိပြန်တာလား!
ဘာလို့ငါ့ကို အပြစ်ပေးနေရတာလဲ!
လုချန်ရှန်း သူ့ကိုသင်ကြားပေးမည်ဟု ပြောဆိုလာသောအခါ ဒါက လုချန်ရှန်း သူ့ကို လူသားလက်ဝှေ့အိတ်တစ်ခုအဖြစ် ဆက်ဆံမည်ဟု ဆိုလိုနေခြင်းပင်။
ထို့နောက်တွင် သူ့ခွန်အားကလည်း အကြီးအမား တိုးတက်လာတတ်သည်။
၎င်းနောက် ဒီမြင်ကွင်းဖြစ်ပျက်လာခြင်းပင်။
လုချန်ရှန်းကလည်း ဘာကြောင့် အမှောင်နယ်မြေက သူနှင့် အရေးတကြီး စကားပြောချင်နေရသလဲဆိုတာ သိချင်သည်။
တစ်ချိန်တည်းမှာပင် ထာ၀ရသက်တမ်းကမ္ဘာ၏ တည်နေရာကို သူမထုတ်ဖော်ချင်ပေ။
ထို့ကြောင့် အရင်စံအိမ်တော်တည်ရှိခဲ့သည့် တောင်ပိုင်းဒေသ လျှို့ဝှက်တာအိုကျောင်းတော်ကို ဆွေးနွေးမှုတည်နေရာတခုအဖြစ် သတ်မှတ်ခဲ့သည်။
"ခင်ဗျားလား၊ ဘာကိစ္စများလဲ"
လုချန်ရှန်း အဖိုးအိုကိုကြည့်လိုက်သည်။
ဒီလူက အမှောင်နယ်မြေတွင် ကောက်နှုတ်မှုများကို လုပ်ဆောင်သော အဖိုးအိုဖြစ်သည်။
အဖိုးအို၏နာမည်က ဒုံရီဖြစ်သည်။ သူ လုချန်ရှန်းအား ကြည့်ရင်းမေးသည်။
"မင်းအင်မော်တယ်နယ်မြေကို ရောက်ပြီးသွားပြီလား"
လုချန်ရှန်း မျက်ခုံးပင့်လိုက်မိသည်။
သူအင်မော်တယ်နယ်မြေကို သွားခဲ့တာကို လျိုကျိယုအပါအ၀င် လူအများကြီးမသိပါ။
သို့စေကာမူ ဒုံရီခေါင်းခါယမ်းသည်။
"တာအိုမိတ်ဆွေလေး၊ လျိုကျိယုကို သံသယမ၀င်ပါနဲ့၊ သူငါ့ကိုမပြောခဲ့ဘူး"
"အဲဒီအချိန်က အင်မော်တယ်နယ်မြေ၀င်ပေါက်ကို တစ်ယောက်ယောက် ဖြတ်သွားစဉ်က ငါအာရုံခံမိခဲ့တယ်"
ဒါကိုမြင်သောအခါ လုချန်ရှန်းမေးသည်။
"ဒီတော့ ခင်ဗျားက အင်မော်တယ်နယ်မြေကပေါ့"
ဒုံရီခေါင်းညိတ်သည်။
"မစိုးရိမ်ပါနဲ့၊ တခြားဘယ်သူမှ ဒီအကြောင်းကို မသိပါဘူး"
လုချန်ရှန်းတည်ငြိမ်စွာပြောသည်။
"ဒီတော့ ဘာကိစ္စများလဲ"
ဒုံရီ လုချန်ရှန်းအား လေးနက်စွာကြည့်ရင်စ ရှင်းပြသည်။
"မင်းစည်းတံဆိပ်အကြောင်းကိုသိမှာပါ"
"ငါ့ကိုအင်မော်တယ်နယ်မြေကနေ သေမျိုးနယ်မြေကို ဒီကမ္ဘာကြီးရဲ့ အချက်အလက်တွေကို စုစည်းဖို့နဲ့ သေမျိုးနယ်မြေရဲ့ ကံတရားကို ကောက်နှုတ်ဖို့အတွက် စေလွှတ်ခဲ့တာပါ"
သေမျိုးနယ်မြေရဲ့ ကံတရားကို ကောက်နှုတ်တယ်!
လုချန်ရှန်း အားကိုးရာမဲ့စွာပြောသည်။
"သေမျိုးနယ်မြေက မကြာခင် သေဆုံးတော့မယ်လို့ ခင်ဗျားကျုပ်ကို ပြောမှာတော့ မဟုတ်ပါဘူးနော်"
ဒီစကားကိုကြားသောအခါ ဒုံရီ တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ပြီး နက်ရှိုင်းသည့်အသံဖြင့်ပြောသည်။
"မှန်တယ်၊ စည်းတံဆိပ်က ကျိုးပျက်တော့မယ်၊ စည်းတံဆိပ်ကျိုးပျက်သွားတဲ့အခါကျရင် သေမျိုးနယ်မြေက တဘက်လူရဲ့ အဓိကပစ်မှတ်ဖြစ်လာလိမ့်မယ်"
"သေမျိုးနယ်မြေရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ခုခံဖို့အတွက် လုံး၀နေရာမရှိဘူး"
"ဆယ်ရက်အတွင်းမှာ သေမျိုးနယ်မြေတခုလုံးက ဆင်းရဲဒုက္ခနဲ့ ဝေဒနာခံစားမှုထဲ ကျရောက်သွားရလိမ့်မယ်"
ဆယ်ရက်!
ထိုအချိန်က သေမျိုးနယ်မြေက ကျက်တီးကုန်းမြေဖြစ်သည်ဟု လုချန်ရှန်းကြားခဲ့သည်။ ဒါက ဂုဏ်ထည်ဝါသည့်ခေတ်ကနေ ကန္တာရခေတ်သို့ ပြောင်းသွားခဲ့သည်။
နတ်ဆိုးနယ်မြေကိုမူ အင်မော်တယ်နယ်မြေကပင် အတော်လေးကြောက်ရသည်။
လက်ရှိ သေမျိုးနယ်ပယ်တွင် ဆယ်ရက်ဆိုတာက ချဲ့ကားထားခြင်းမဟုတ်ပါ။
"ဘာလို့အင်မော်တယ်နယ်မြေက ခင်ဗျားကို သေမျိုးနယ်မြေရဲ့ ကံတရားကို ကောက်နှုတ်ဖို့ စေလွှတ်လိုက်ရတာလဲ"
ဒုံရီခါးသီးစွာပြုံးသည်။
"ဘာလို့လဲဆိုတော့ ဒီနယ်မြေနှစ်ခုကို ချိပ်ပိတ်ခဲ့တဲ့အချိန်က သေမျိုးနယ်မြေက အများဆုံးပံ့ပိုးပေးခဲ့ပြီး အကြီးမားဆုံး ဆုံးရှုံးမှုတွေကို ခံစားခဲ့ရလို့ပဲ"
"တစ်ချိန်တည်းမှာပဲ နယ်မြေနှစ်ခုရဲ့ အမုန်းတရားအတွက် အဓိကပစ်မှတ်က သေမျိုးနယ်မြေဖြစ်လာခဲ့တယ်"
ဒီနေရာတွင် နောက်ဆုံးတော့ လုချန်ရှန်း နားလည်သွားခဲ့လေပြီ။
"တနည်းပြောရရင် စည်းတံဆိပ်သာ ကျိုးပျက်သွားရင် သေမျိုးနယ်မြေက ပထမဆုံး ကာကွယ်ရေးလမ်းကြောင်း ဖြစ်လာလိမ့်မယ်၊ ဒါကြောင့် ဒီနေရာကိုစောင့်ကြည့်ဖို့ သူတို့တစ်ယောက်ယောက်ကို စေလွှတ်ခဲ့တာပေါ့"
ဒုံရီ ခါးသီးစွာပြုံးရင်းခေါင်းညိတ်သည်။
"မှန်ပါတယ်"
လုချန်ရှန်း ကောင်းကင်အား မော့ကြည့်ရင်း သက်ပြင်းချသည်။
ပုံမှန်အားဖြင့် လုချန်ရှန်းဒါကို ဂရမစိုက်ပေ။
ထာ၀ရသက်တမ်းကမ္ဘာ၏ တည်နေရာကို အာကာသထဲတွင် ဖုံးကွယ်ထားငည်။
သူ့ကိုယ်သူ ဖော်ထုတ်ရန်အတွက် ပဏာမ ခြေလှမ်းမလှမ်းသရွေ့ သူ့ရှာဖွေခံရမည်မဟုတ်။
သို့စေကာမူ လုချန်ရှန်းက ယခုကံကြမ္မာနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်။
ပိုအရေးကြီးတာက သူ့တပည့်များက သေမျိုးနယ်မြေထဲတွင် လှည့်ပတ်နေကြ၏။
အကယ်၍ နတ်ဆိုးနယ်မြေကသာ သေမျိုးနယ်မြေကို ဖျက်ဆီးပါက ဒါက ကိုင်တွယ်ရန် ခက်ခဲသွားပေလိမ့်မည်။
"ဒီတော့ ခင်ဗျားကျုပ်ကို ဒီအကြောင်းပြောဖို့အတွက် ဒီကိုရောက်လာတာလား"
ဒုံရီခေါင်းခါယမ်းသည်။
"ဒါကအကြောင်းရင်းတွေထဲက တစ်ခုပါ"
"ငါမင်းကံကြမ္မာကို မှန်းဆဖို့ကြိုးစားပေမယ့် အကျိုးမဖြစ်ထွန်းခဲ့ဘူး"
"မင်းရှေ့မှာရှိနေနာက မြူခိုးတခုလိုပဲ၊ ဘာပဲဆိုဆို မင်းဒါကိုကျော်ပြီး တခြားတဘက်ကို မရောက်နိုင်ဘူး"
"ဒါပေမယ့် မိတ်ဆွေတစ်ယောက်ပေးခဲ့တဲ့ ကောင်းကင်ဘုံအခင်းအကျင်းကိုသုံးပြီး တန်ဖိုးကြီးတစ်ခုကို ပေးဆပ်ပြီးနောက်မှာ ငါသေမျိုးနယ်မြေက အစိတ်အပိုင်းတခုရဲ့ ကံကြမ္မာကို ကောက်ချက်ချနိုင်ခဲ့တယ်"
"တာအိုမိတ်ဆွေလေး၊ ကံကြမ္မာက မင်းနဲ့ နီးကပ်စွာဆက်နွှယ်နေတာကို ငါရှာတွေ့ခဲ့တယ်...."
လုချန်ရှန်းအားတင်းပြုံးလိုက်သည်။
ဟားဟား!
ဒါကိုငါသိတာပေါ့!
ဒီကံကြမ္မာကို ငါမလိုချင်ဘူးဆိုရင်တောင် ချေဖျက်ပစ်လို့မရဘူး!
"ဒါကဘာလို့ မင်းနဲ့ဆက်စပ်နေသလဲဆိုတာ ငါမသိပေမယ့် တာအိုမိတ်ဆွေလေး... ကျေးဇူးပြုပြီး ကူညီပေးပါ"
ဒုံရီ လက်သီးဆုပ်ကာ လုချန်ရှန်အား ဦးညွတ်လိုက်၏။
လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
"ဒါက ကျုပ်အတွက် ခြိမ်းခြောက်မှုတခု ဖြစ်လာရင် ကျုပ်ဆောင်ရွက်မှာပါ"
"တခြားဘာမှမရှိတော့ဘူးဆိုရင် ကျုပ်အရင်သွားတော့မယ်"
ထို့နောက် သူထိုနေရာ၌ပင် ပျောက်ကွယ်သွားသည်။
ဒါကိုမြင်သောအခါ ဒုံရီသက်ပြင်းချသည်။
သေမျိုးနယ်မြေ၌ ထိုလူသားဘိုးဘေးများ သေဆုံးပြီးနောက် ဆက်ခံသူမရှိတော့သဖြင့် မျှော်လင့်ထားသည့်အတိုင်းပင် ကျဆင်းလာခဲ့သည်။
လုချန်ရှန်း၏ကံကြမ္မာက ကောက်နှုတ်မှု၏ ရလဒ်များနှင့် နီးစပ်စွာဆက်နွှယ်နေသည်။
သူတို့ မျှော်လင့်ချက်များကို ဒီလူအပေါ် ထားရုံသာ တတ်နိုင်တော့သည်။
အကယ်၍ နယ်မြေနှစ်ခုကသာ စည်းတံဆိပ်ကို ချိုးဖျက်ပြီး သေမျိုးနယ်မြေကို ဖျက်ဆီးပစ်ပါက အင်မော်တယ်နယ်မြေနှင့် တခြားကမ္ဘာများအတွက် သတင်းဆိုးဖြစ်သည်။
ဒါကိုတွေးမိသောအခါ သူခေါင်းခါယမ်းရင်း လူရိုင်းနယ်မြေကနေ ထွက်သွားလေတော့သည်။
ထာ၀ရသက်တမ်းကမ္ဘာသို့ ပြန်လာပြီးနောက် လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်၏။
ချီးပဲ၊ များသောအားဖြင့် ငါကဒီလို ကံတရားတွေမှာ ၀င်မပါတတ်ဘူး၊ ငါ၀င်ပါရင်လည်း အရမ်းအရေးကြီးတဲ့ အရာတစ်ခု ဖြစ်လိုက်ရမှ!
အစမ်းသပ်ခံကာကွယ်ရေးကာလဆိုတာကို ခင်ဗျားမသိဘူးလား၊ ကူးစက်ခံရတဲ့အခါ အရာတွေက ယေဘုယျအားဖြင့် ပိုပိုပြီး အန္တရာယ်များလာတာမလား!
ငါ့အတွက် ဒီအမြင့်ဆုံးအခက်အခဲက ဘာများလဲ!
ငါဒါကိုဘယ်လိုဆော့ကစားရမလဲ!
မိုးမခပင်က လုချန်ရှန်း၏အတွေးများကို ဖတ်နိုင်သည့်အလား သိမ်မွေ့စွာ ပြောလာသည်။
"နင်အင်မော်တယ်နန်းတော်ကို ထပ်ပြီး စိုးရိမ်နေပြန်တာလား"
လုချန်ရှန်းခေါင်းညိတ်သည်။
"နင်အရမ်းကြီးစိုးရိမ်နေစရာမလိုပါဘူး၊ နင့်လမ်းကြောင်းက ဒီနေရာမှာရပ်သွားမှာ မဟုတ်ပါဘူး"
"သေချာတာပေါ့ အနာဂတ်မှာ အခုနင်ဖြစ်စေတဲ့ ကံကြမ္မာဆိုတာကို သေးသေးလေးတစ်ခုလို့ မှတ်ယူလို့ရပါတယ်"
ဒါကိုသေးတယ်လို့မှတ်ယူလို့ရတာလား!
လုချန်ရှန်းလေးနက်စွာ ခေါင်းညိတ်သည်။
"ကောင်းပါပြီ၊ အသိပေးတဲ့အတွက် ကျေးဇူးပါ၊ အနာဂတ်မှာ ငါပိုပြီးဂရုစိုက်ပါမယ်"
မိုးမခပင် "....."
တစ်ချိန်တည်းမှာပင် နီဗာနမီးတောက်ဖြင့် လောင်ကျွမ်းနေသည့် ငှက်မွှေးတစ်မွှေးက ထာ၀ရသက်တမ်းကမ္ဘာ၊ မိုးမခပင်နှင့် လုချန်ရှန်းတို့အကြား၌ ပေါ်လာခဲ့သည်။
အပိုင်း(680) coming။