#ငှက်ကလေး၊ အန္တရာယ်#
Vol. 48 Ch. 680
လုချန်ရှန်း နီဗာနမီးတောက်ဖြင့် လောင်ကျွမ်းနေသည့် ငှက်မွှေးလေးကို ကြည့်နေသည်။ ထို့ထဲတွင် ရင်းနှီးနေသည့် အော်ရာတစ်ခုရှိသည်။
ငှက်ကလေးရဲ့ ငှက်မွှေးလား!
ဒါကိုမြင်သောအခါ လုချန်ရှန်းတွင် ရုတ်တရက် မကောင်းသည့်ခံစားချက်တစ်ခု ရှိလာသည်။
မဖြစ်နိုင်ပါဘူး.....!
သို့စေကာမူ သူ့ကိုယ်သူပြင်ဆင်ပြီး ရှေ့သို့လျှောက်ကာ ငှက်မွှေးကို ကောက်ယူလိုက်၏။
ယဲ့ချိုးပိုင်၏လက်ချောင်းက ငှက်မွှေးကို ထိလိုက်သည့် အခိုက်အတန့်၌ သူ့ဆီ စာတစ်ခု၀င်လာသည်။ ဒါကရိုးရှင်းသော ဖော်ပြချက်တစ်ခုသာ။
အကူအညီလိုတယ်!
လုချန်ရှန်း၏မျက်လုံးများက တုန်ယင်သွားရသည်။
ငါဒါကိုသိနေတယ်!
ထိုစဉ် မိုးမခပင်ကပြောသည်။
"ငှက်ကလေးက အရမ်းဂုဏ်ယူတတ်တယ်၊ အန္တရာယ်ရှိရင်တောင် သူက အလွယ်တကူ အကူအညီတောင်းခံမှာမဟုတ်ဘူး၊ အခု သတင်းစကားတခု ပါလာတယ်ဆိုတော့ ငှက်ကလေးရဲ့ လက်ရှိခွန်အားနဲ့ မဖြေရှင်းနိုင်တဲ့ အရာတစ်ခုပေါ်လာတယ်ထင်တယ်"
ဒါကိုကြားသောအခါ လုချန်ရှန်း အကူအညီမဲ့စွာပြောသည်။
"ငါထပ်ပြီးသွားရဦးမလား၊ လက်ဖက်ရည်ပူပူလေး တငုံတောင် မသောက်ရသေးဘူးလေ၊ ထုတ်လုပ်ရေးအဖွဲ့က မြည်းတွေတောင် ဒီလောက်မကြိုးစားကြဘူး"
"အင်း၊ နင်ကူညီဦးမှာလား" ဒီအသံထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်တစ်ခု ပါ၀င်သည်။ လုချန်ရှန်း၏ ရွေးချယ်မှုကို သိသော်လည်း တမင်တကာမေးနေဆဲပင်။
လုချန်ရှန်း မျက်လုံးလိမ့်ကာ ကျိန်ဆဲလိုက်မိသည်။
"ဒီကောင်တွေထဲကတစ်ယောက်မှ ကိုင်တွယ်ဖို့ မလွယ်ဘူး"
လုချန်ရှန်း စကားပြောပြီးသည်နှင့် ငှက်မွှေးကိုကိုင်ပြီး ထာ၀ရသက်တမ်းကမ္ဘာကနေ အလင်းတန်းတစ်ခုအဖြစ် ထွက်ခွာသွားသည်။
မိုးမခကိုင်းများက လေမတိုက်ဘဲ ညင်သာစွာ လှုပ်ယမ်းနေသည်။
"အတိတ်က အရာရာတိုင်းက နင်နဲ့ဘာမှ မသက်ဆိုင်ခဲ့ဘူး၊ နင်ကဘာကိုမှဂရုမစိုက်ဘဲ ကိုယ်ပိုင်ကမ္ဘာကြီးထဲ အမြဲနေနိုင်သလိုမျိုးပေါ့"
"ဒါပေမယ့် အခုတော့ တပည့်တွေလက်ခံပြီးတဲ့နောက်မှာ နင့်မှာစိုးရိမ်စရာတွေ ရှိလာပြီး ကိုယ်ပိုင်ကမ္ဘာထဲကနေ ခုန်ထွက်လာရတော့မယ်"
"ကြည့်ရတာ ငါ့မှာ နင့်ရဲ့ပင်ကိုယ်စရိုက်ကို ပြောင်းလဲဖို့အတွက် ပူပန်စရာတခုရှိသေးပုံပဲ"
ငှက်ကလေးက လုချန်ရှန်းဆီက ထွက်လာပြီးနောက် ဖီးနစ်ကလန်ကျဆုံးခဲ့သည့် နေရာသို့ ရောက်လာခဲ့သည်။
ထို့နောက် နတ်နဂါးနှင့် ဖီးနစ်အလောင်းများကို တွေ့ရှိခဲ့သဖြင့် ထိုနေရာတွင်ပင် စတင်ကျင့်ကြံခဲ့သည်။
ထိုအချိန်မှစပြီး အချိန်အများကြီး ကုန်ဆုံးသွားခဲ့သည်။
ဘာလို့သူမပြန်လာသေးသလဲဆိုတာ လုချန်ရှန်း အမြဲလိုလိုတွေးနေခဲ့သည်။
ထို့ကြောင့် ဖြစ်နိုင်ချေတစ်ခုတည်းသာ ရှိသည်။ တစ်ခုခုဖြစ်ခဲ့ခြင်းဖြစ်ရမည်။
မျှော်လင့်ထားသည့်အတိုင်းပင် အရေးပေါ်အချက်ပြမှုကို ပို့လာလေပြီ။
ငှက်မွှေးနှင့်ကပ်ထားသည့်အော်ရာက ၎င်းဆင်းသက်လာခဲ့သည့်နေရာမှဖြစ်သည်။
ငှက်ကလေးမရွေ့သွားခဲ့ပေ။
လုချန်ရှန်း၏ အမြန်နှုန်းနှင့်ဆိုပါက ထိုနေရာသို့ရောက်ရန် အရမ်းကြာမည်မဟုတ်။
ရက်တစ်၀က်ခန့်ကုန်လွန်ပြီးနောက် ရင်းနှီးနေသည့် မြင်ကွင်းတစ်ခုက လုချန်ရှန်းမျက်စိထဲ ၀င်ရောက်လာသည်။
ဧရာမနဂါးကြီး၏ အလောင်းနှင့် နတ်ဖီးနစ်အလောင်းတို့က မျက်နှာချင်းဆိုင်ရပ်နေကြသည်။
ကောင်းကင်နှင့်မြေကြီးက ပျက်စီးနေသည်။
နေရာတိုင်းတွင် ဆွေးမြေ့နေသည့် မြင်ကွင်းများရှိနေသည်။
မြေပေါ်၌ မရမတွက်နိုင်လောက်သည့် တွင်းများနှင့် အက်ကြောင်းများရှိနေခဲ့သည်။
ထိုထဲတွင် ဘယ်တော့မှ မပျောက်သွားသည့်အလား လောင်ကျွမ်းကာ ဆူပွက်နေသည့် အဆုံးမဲ့နတ်ဖီးနစ်နီဗာနမီးတောက်တစ်ခုရှိသည်။
ကောင်းကင်၌ ဟာကွက်တစ်ခုပေါ်လာပုံရသည်။
တိမ်မည်းများက ကောင်းကင်ကို ဖုံးလွှမ်းထားပြီး အဖျက်မိုးကြိုးက ပျက်စီးပြီးသားမြေကို ရိုက်ခတ်နေသည်။
နတ်ဖီးနစ်နှင့် အဖျက်မိုးကြိုးတို့က အဆက်မပြတ် တိုက်မိနေကြ၏။
ဒါက သူတို့က အတူတကွသေခဲ့ကြပြီး နှစ်သောင်းကျော်ကြာသွားသည့်တိုင် သူတို့အင်အားအစွမ်းကုန်ဖြင့် ခုခံနေသေးပြီး ဘယ်တော့မှ မရပ်တန့်တော့ဟု ဆိုလိုနေသည့်အသွင်။
လုချန်ရှန်းကောင်းကင်ထဲတွင် ပေါ်လာသည်။
မိုးကြိုးနှင့် နတ်ဖီးနစ်မီးတောက်များကို ရှောင်တိမ်းရင်း သူငှက်ကလေး၏အနံ့ကို ရှာဖွေနေသည်။
လုချန်ရှန်း ငှက်မွေးကို ထုတ်ယူပြီးနောက် ထပ်မံအာရုံခံကာ အရှေ့ဘက်သို့ ပျံသန်းသွားသည်။
အော်ရာက ပို၍ပို၍အားကောင်းလာသည်။
ဒါက သူငှက်ကလေးနှင့် နီးသထက်ပို၍ နီးကပ်လာသည်ဟု ဆိုလိုနေခြင်းပင်။
ရုတ်တရက် လုချန်ရှန်းရပ်လိုက်၏။
သူ့ရှေ့တွင် အဆက်မပြတ်သွားလိုက်၊ ရပ်လိုက်လုပ်နေကြသည့် အလွန်အမင်း အစွမ်းထက်သည့်အော်ရာများနှင့် လူလေးယောက်ရှိသည်။
သူတို့က တစ်ခုခုကို ရှာတွေ့နေသည့်အလားပင်။
ထို့နောက် သူတို့ ငှက်ကလေးပုန်းခိုရာနေရာသို့ ဦးတည်နေကြသည်။
ငှက်ကလေးရဲ့ အကူအညီတောင်းတဲ့ အော်ဟစ်သံက ဒီလူလေးယောက်နှင့် တစ်ခုခုဆက်စပ်နေတာများလား! ဒါကိုတွေးမိသောအခါ လုချန်ရှန်း အော်ရာကို ဖုံးကွယ်ပြီး သူတို့နောက်က တိတ်တဆိတ် လိုက်သွားသည်။
သူတို့ကြားက အကွာအဝေးက အရမ်းမနီးစပ်ပေ။ လုချန်ရှန်း တဘက်လူ ရှာမတွေ့သွားစေရန်အတွက် သတိထားထားသည်။
တစ်ချိန်တည်းမှာပင် သူ့ပြိုင်ဘက်ကို ချက်ချင်းတိုက်ခိုက်နိုင်သည့် အနေအထားတစ်ခုကို ထိန်းသိမ်းထားသည်။
ဒါက တဘက်လူက ငှက်ကလေးပုန်းခိုရာနေရာကို ရှာတွေ့သွားပြီး တိုက်ခိုက်လာမည့် အခိုက်အတန့်အတွက် ဖြစ်သည်။
ထိုစဉ် တစ်ယောက်က မျက်မှောင်ကြုတ်သည်။
"မတွေ့သေးဘူးလား"
တစ်ယောက်က ခေါင်းခါယမ်းသည်။
"အော်ရာကအနီးမှာရှိပါတယ်၊ စိတ်မပူပါနဲ့"
"ဂိုဏ်းချုပ်ဟုပြောတာမှန်တယ်၊ အရမ်းစိတ်ပူနေစရာမလိုဘူး၊ အဲဒီဖီးနစ်က ငါတို့လေးယောက်ဆီက အားအပြည့်တိုက်ခိုက်မှုကို ခံထားရတယ်၊ သူက အခုသေလုမျောပါး အခြေအနေမှာရှိနေတာမို့ အဝေးကြီးကို လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"
"ဒါပေမယ့် ဖီးနစ်ကလန်က ဒီကမ္ဘာကြီးထဲ ရှိဦးမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး၊ ဖီးနစ်ကလန်နဲ့ နငါးကလန်က အရင်က ကမ္ဘာကိုတောင် ဖျက်ဆီးနိုင်နဲ့ စစ်ပွဲတစ်ခု ဖြစ်ပျက်ခဲ့တယ်လို့ ငါရှေးဟောင်းစာအုပ်တွေထဲမှာ ဖတ်ဖူးတယ်"
"အဲဒီတုန်းက တိုက်ပွဲမှာ နှစ်ဘက်လုံးက ပျက်သုဉ်းသွားခဲ့ရတယ်၊ ဒါပေမယ့် ငါတို့ နဂါးဖီးနစ်လျှို့ဝှက်နယ်မြေကို စုံစမ်းနေတုန်းမှာ နဂါးဖီးနစ်သွေးကြောကို စုပ်ယူနေတဲ့ ဒီလိုဖီးနစ်တစ်ကောင်ကို ရှာတွေ့မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဘူး၊ ဟားဟားဟား၊ ငါတို့သာဒါကိုရနိုင်ရင် ငါတို့ဂိုဏ်းတွေက အဆင့်မြင့်ကြယ်နယ်မြေမှာ နတ်ဘုရားသခင်အဆင့်ဂိုဏ်းတွေအဖြစ် သေချာပေါက် ခုန်တက်သွားလောက်တယ်"
"ကောင်းပြီ၊ သတိမပေါ့နဲ့၊ တဘက်က သေလုမျောပါးဆိုရင်တောင် သူမမှာဖီးနစ်ကလန်ရဲ့ သွေးကြောရှိနေသေးတယ်၊ သူမရဲ့ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုကို ငါတို့ဂရုစိုက်ဖို့လိုသေးတယ်၊ ဒါ့အပြင် သူမကို အရှင်ဖမ်းနိုင်ဖို့အတွက် ငါတို့အတတ်နိုင်ဆုံး ကြိုးစားရမယ်" ကျန်သုံးယောက်က ခေါင်းညိတ်ကြသည်။
လုချန်ရှန်း ထိုလေးယောက်ကြားက စကားဝိုင်းကိုကြားပါသည်။
တကယ်တမ်းတွင် ငှက်ကလေး၏ အကူအညီတောင်းသည့် အော်ဟစ်သံက ဒီလူလေးယောက်နှင့် ဆက်စပ်နေသည်။
ဒါက အတော်လေးရိုးအီနေသည့် ဇာတ်ကွက်တစ်ခုဖြစ်ရပေမည်။
ကျင့်ကြံခြင်းတိုးတက်မှုကာလအတွင်း သူတို့ရှာတွေ့ခဲ့ကြခြင်းဖြစ်ရမည်။
သွေးကြော သို့မဟုတ် တခြားအဖိုးတန်တာ တစ်ခုခုကို ခိုးယူရန်အတွက် သူတို့က ငှက်ကလေး၏ ကျင့်ကြံခြင်း၌ အရေးပါသည့်အခိုက်အတန့်တွင် တိုက်ခိုက်ကာ အပြင်းအထန်ဒဏ်ရာရစေခဲ့ခြင်းပင်။
လုချန်ရှန်းအကူအညီမဲ့စွာ ခေါင်းခါယမ်းရင်း ထိုလေးယောက်နောက်မှ လိုက်သွားသည်။
ငှက်ကလေးက ပုန်းလျှိုးရာ၌ အတော်လေးအောင်မြင်နေခဲ့သည်မှာ သိသာထင်ရှားနေသည်။
တစ်ရက်အပြည့်ကုန်ဆုံးသွားပြီးနောက် သူတို့လေးယောက်က ငှက်ကလေး၏ တည်နေရာကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။
ချောက်ကမ်းပါးရှိဂူတစ်ဂူထဲတွင် နီဗာနမီးတောက်များဖြင့် ပြည့်နှက်နေသည်။
အမှောင်ထုထဲတွင် သေခါနီးငှက်ကလေးက သွေးများဖြင့် ဖုံးလွှမ်းနေပြီး ဂူထဲတွင် ပုန်းနေတာကို လုချန်ရှန်းမြင်နေရသည်။
၎င်းက မျက်လုံးကိုပင် အပြည့်အ၀ မဖွင့်နိုင်ပေ။
ထို့နောက် အပေါ်က လူလေးယောက်အား စိတ်ပျက်အားငယ်စွာ ကြည့်နေခဲ့သည်။
ဒါကအလုပ်မဖြစ်သေး။
လုချန်ရှန်းအချိန်မီ မရောက်လာခင်မှာပင် သူက ဒီနေရာ၌ အဆုံးသတ်တွင် သေရပေတော့မည်။
လေးယောက်လုံးက ငှက်ကလေးကို ကြည့်လိုက်စဉ် လောဘများက သူတို့မျက်လုံးများ၌ ခြွင်းချက်မရှိ ပေါ်လာသည်။
နတ်ဘုရားသခင်ဂိုဏ်းများပင်လျှင် ရှေးဟောင်းနတ်သားရဲဖြစ်သည့် နတ်ဖီးနစ်ကလန်၏ သွေးကြောစွမ်းအားဆိုပါက ခေါင်းငုံ့ကာ လာရောက်တိုက်ခိုက်ကြပေလိမ့်မည်။
ထိုအချိန်တွင် သွေးများက မြစ်တစ်စင်းပမာ စီးတွေကာ ဧရာမပရမ်းပတာ တိုက်ပွဲတစ်ခုကိုပင် ဖြစ်လာစေလိမ့်မည်။
သူတို့လေးယောက်ကမူ အသက်ရှင်နေသည့် ဖီးနစ်တစ်ကောင်ကို အမှန်တကယ် တွေ့သွားခဲ့သည်။
"ကောင်းကင်ဘုံက ငါတို့ကို အမှန်တကယ် ကောင်းချီးပေးနေတာပဲ"
"မခုခံနဲ့၊ ငါတို့နဲ့အတူလိုက်ခဲ့ပါ၊ မစိုးရိမ်ပါနဲ့၊ မင်းမခုခံသရွေ့ ငါတို့မင်းအသက်ကို ယူမှာ မဟုတ်ပါဘူး"
သူ့စကားလုံးများ၏ နောက်ကွယ်က ဆိုလိုရင်းက သူသာခုခံပါက သူတို့က သူ့အသက်ကို ယူပစ်မည်ဟု ဆိုလိုနေခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ ဖီးနစ်သွေးကြောတစ်ခုတည်းကပင် အလွန်အမင်း အစွမ်းထက်နေလေပြီ။
ငှက်ကလေး၏ မျက်လုံးများက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေသည်။
သို့စေကာမူ ဖီးနစ်ကလန်၀င်တစ်ဦးအဖြစ် ၎င်းက မတိုက်ခိုက်ဘဲ မည်သို့မည်ပုံ အညံ့ခံနိုင်မည်နည်း။
လေးယောက်လုံးက ငှက်ကလေး၏ မျက်လုံးများမှ အကြည့်ကို မြင်သောအခါ နှာခေါင်းရှုံ့လိုက်ကြ၏။
"ဒီလိုဆိုမှတော့ ငါတို့ကို ရိုင်းပျမိတဲ့အတွက် အပြစ်မတင်ပါနဲ့"
အပိုင်း(681) coming။