← Chapters

#နတ်ဖီးနစ်ပြောင်းလဲခြင်း၊ ငှက်ကလေး၏ နောက်ဆုံးတိုက်ခိုက်မှု#

Vol. 48 Ch. 681

#နတ်ဖီးနစ်ပြောင်းလဲခြင်း၊ ငှက်ကလေး၏ နောက်ဆုံးတိုက်ခိုက်မှု#

Vol. 48 Ch. 681

နဂါးဖီးနစ်လျှို့ဝှက်မြေ၏ တည်နေရာက အတော်လေးလျှို့ဝှက်သည်။

သွေးကြော၏ လမ်းညွှန်မှုမရှိပါက ဒီနေရာကို ရှာဖွေရန်ဟူသည် အလွန်အမင်း ခက်ခဲသည်။

သို့စေကာမူ ဂိုဏ်းချုပ်ဟုနှင့် ကျန်သုံးယောက်က နဂါးဖီးနစ်လျှို့ဝှက်မြေထဲသို့ မတော်တဆ ၀င်လာခဲ့ကြသည်။

သူတို့နဂါးဘုရင်အလောင်းနှင့် နတ်ဖီးနစ်အလောင်းတို့ကို မြင်သောအခါ အတော်လေး ပျော်သွားကြသည်။

နဂါးမျိုးနွယ်နှင့် ဖီးနစ်မျိုးနွယ်၏ ဆရာသခင်များက သူတို့နယ်ပယ်တွင် အနန္တတန်ခိုးရှင်များဖြစ်ကြသည်။

ထို့ကြောင့် အလောင်းအကြွင်းအကျန်များကလည်း အဖိုးဖြတ်မရနိုင်သည့် ရတနာများဖြစ်သည်။

ဒါ့အပြင် ဒီထဲတွင် သွေးကြောစွမ်းအားက ရှိနေသေးသည်။

သို့စေကာမူ ဧရာမအလောင်းများအကြားတွင် ငှက်ကလေးက နဂါးနှင့်ဖီးနစ်သွေးကြောကို ပြုပြင်မွမ်းမံနေတာကို သူတို့ရှာတွေ့သွားသောအခါ ချက်ချင်းပင် တည်တည်ငြိမ်ငြိမ်ထားပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားခဲ့ကြသည်။ ထို့နောက် သူတို့အစွမ်းကုန်တိုက်ခိုက်ကြပြီး အရေးကြီးအခိုက်အတန့်ကို ၀င်ရောက်နေသည့် ငှက်ကလေးအား နှောင့်ယှက်ခဲ့ကြခြင်းပင်။ ဒါက နောက်ဆက်တွဲနှင့်အတူ ငှက်ကလေးကို အပြင်းအထန် ဒဏ်ရာရသွားစေသည်။

၎င်းကလွတ်မြောက်ရန်အတွက် အကောင်းဆုံးကြိုးစားပြီး ပူပန်နေသည့်လက္ခဏာများကို ထုတ်လွှတ်ခဲ့သော်လည်း အပြင်းအထန် ဒဏ်ရာရနေသည့် ငှက်တစ်ကောင်က ဘယ်လောက်များများ ပြေးနိုင်မည်နည်း။

ထို့ကြောင့် ယခုလိုအနေအထားအထိ ဖြစ်ပျက်လာခဲ့ခြင်းပင်။

"ဒီလိုဆိုရင် ရိုင်းပျမိတဲ့အတွက် ငါတို့ကို အပြစ်မတင်ပါနဲ့"

နတ်အလင်းဂိုဏ်းခေါင်းဆောင်၊ ဂိုဏ်းချုပ်ဟုက နှာခေါင်းရှုံ့သည်။

"ငါတို့မင်းကို အသက်ရှင်လျက် မဖမ်းနိုင်တာ ၀မ်းနည်းစရာကောင်းတယ်ဆိုပေမယ့် မင်းသေမယ်ဆိုရင်တောင် ငါတို့အတွက် ကြီးမားတဲ့ အကူအညီဖြစ်မှာပါ"

သူတို့က မြင့်မားသည့်နေရာတွင် ရှိသူများဖြစ်သဖြင့် အတွေ့အကြုံကြွယ်၀သည်။

ရှေးဟောင်းစာအုပ်များတွင် နဂါးကလန်နှင့် ဖီးနစ်ကလန်တို့က မောက်မာသည့်မျိုးနွယ်စုများဖြစ်ကြသည်။

သူတို့က တဘက်လူကိုလေးစားမှု မပြသသရွေ့ အသက်ရှင်လျက် ဖမ်းနိုင်ရန်ဟူသည် မဖြစ်နိုင်။

သူတို့က အတော်လေးမောက်မာကြသည်။

ထို့ကြောင့် ဂိုဏ်းချုပ်ဟုနှင့် ကျန်သုံးယောက်က ဖီးနစ်ကို အသက်ရှင်လျက်ဖမ်းရန် ကြီးမားသည့် စွန့်စားမှုတစ်ခု လုပ်မည်မဟုတ်ပေ။

တဘက်ကအော်ရာက အားနည်းနေပြီဖြစ်ကာ အပြင်းအထန် ဒဏ်ရာရထားသ်ောလည်း ရှေးဟောင်းမျိုးနွယ်စုတစ်စု၏ အဖွဲ့၀င်ဖြစ်နေသည် မဟုတ်ပေလော။

နတ်ဘုရားသခင်အဆင့်ဂိုဏ်းများပင်လျှင် သူတို့ကို ရှောင်ရှားရသည်။

ကြံရာမရသည့် ပြန်လည်တိုက်ခိုက်မှုတစ်ခုနှင့် မတော်တဆတစ်ခုခု ဖြစ်မလာနိုင်မလားဆိုတာ မည်သူသိမည်နည်း။

ထို့ကြောင့်လည်း ဂိုဏ်းချုပ်ဟုနှင့် ကျန်သောသူများက ငှက်ကလေးကို ပြန်တိုက်ခိုက်ရန် မည်သည့်အခွင့်အရေးမှ မပေးဘဲ အစွမ်းကုန်တိုက်ခိုက်ရန် ရွေးချယ်ခဲ့ကြခြင်းပင်။

နဂါးဖီးနစ်လျှို့ဝှက်နယ်မြေတွင် အလွန်အမင်းကြီးမားသည့် ဝိဉာဉ်ချီက ဝိဉာဉ်ချီမုန်တိုင်းတစ်စင်းအဖြစ် ပြောင်းသွားပြီး ဂိုဏ်းချုပ်ဟုနှင့် ကျန်သုံးယောက်ကို ဗဟိုပြုရင်း ကျိုးပဲ့နေသည့်မြေကြီးအား ဖြတ်သန်းတိုက်ခတ်လာ၏။

လေဟာနယ်က တုန်ခါနေသည်။

ပျက်စီးနေသည့်မြေပြင်က မြေကြီးဗဟိုချက်ထဲကို စတင်နစ်မြှုပ်လာခဲ့သည်။

ကျိုးကွဲနေသည့်ကောင်းကင်ကလည်း ထိုအခိုက်အတန့်၌ ပြိုလဲကျလုနီးပါးပင်။

ဂိုဏ်းချုပ်လေးဦး သူတို့၏ အားအပြည့်တိုက်ချက်များကို ထုတ်လွှတ်သောအခါ ကမ္ဘာကြီးက အရောင်ပြောင်းသွားရသည်။

ဒီမြင်ကွင်းကိုမြင်ပြီးနောက် ငှက်ကလေး၏ မျက်လုံးများ၌ စိတ်ဓာတ်ပြတ်သားမှုတို့က လင်း၀င်းသွား၏။

ဒီလူသားလေးယောက်ကို အညံ့ခံရမှာလား!

ရယ်စရာကောင်းလိုက်တာ!

ငါက ဖီးနစ်ကလန်၀င်တစ်ယောက်ဖြစ်သလို နတ်ဖီးနစ်သွေးကြောပိုင်ရှင်ပဲ!

ငါအသက်ရှင်ကျန်နေသရွေ့ ဖီးနစ်ကလန်ရဲ့ အမြင့်ဆုံးနယ်ပယ်၊ နတ်ဖီးနစ်နယ်ပယ်ကို တက်လှမ်းနိုင်မှာ!

ဘယ်လိုလုပ် ဒီလူဆိုးလေးယောက်ကို ငါအညံ့ခံနိုင်မဘလဲ!

ရုတ်တရက်ဆိုသလို အဖြူရောင်၀တ်စုံနှင့် လူတစ်ယောက်၏ပုံရိပ်က ငှက်ကလေး၏ စိတ်ထဲတွင် လင်း၀င်းသွားသည်။

သူပဲအရည်မချင်းရှိတယ်!

ကံဆိုးလိုက်တာ......!

ထို့နောက် ငှက်ကလေး၏ကိုယ်ထဲက မူလစိတ်ဓာတ်ကျနေသည့် အော်ရာက စတင်ပေါက်ကွဲလာခဲ့သည်။

ငှက်ကလေး၏ကိုယ်ခန္ဓာက နီဗာနမီးတောက်ကို ဗဟိုပြုရင်း မီးတောင်ဝဲဂယက်တစ်ခုက အပြင်သို့ အဆက်မပြတ် ပျံ့နှံ့နေသည်။

"နောက်ဆုံးတိုက်ခိုက်မှုလား"

ဂိုဏ်းချုပ်ဟုနှာခေါင်းရှုံ့သည်။

"ဒီလိုအခြေအနေမှာ ခွန်အားဘယ်လောက် များများ မင်းထုတ်လွှတ်နိုင်မလဲ"

သို့စေကာမူ ထိုစကားပြောပြီးနောက် လေးယောက်လုံး၏အမူအရာက သတိမမူမိဘဲ လေးနက်သွားရသည်။

၀င်လာသည့်မီးမုန်တိုင်ထဲတွင် အတောင်ပံများကို ဖြန့်ထားသည့် အနက်ရောင်အရိပ်တစ်ခုက ကောင်းကင်အား ဖုံးလွှမ်းပစ်သည်။

အနက်ရောင်အရိပ်က ပို၍ပို၍ကြီးလာခဲ့သည်။

သူတို့လေးယောက်အပေါ် အတော်လေး ဂုဏ်ကျက်သရေရှိသည့် သွေးကြောစွမ်းအားက ဖိနှိပ်လာသည်။

ထိုအချိန်တွင် သူတို့၏သွေးများက စီးဆင်းနေရာကနေ ရပ်သွားပုံရသည်။

ဒီတော့ ဒါက ဖီးနစ်ကလန်ရဲ့ သွေးကြောစွမ်းအားပေါ့!

ဒီမြင်ကွင်းက သူတို့လေးယောက်ကို မကြောက်ရွှံ့စေဘဲ ယင်းအစား လောဘက မျက်လုံးထဲတွင် ပြည့်လာခဲ့သည်။

သူတို့သာ ဒီသွေးကြောကိုရနိုင်ပါက သူတို့ဂိုဏ်းလေးဂိုဏ်းတွင် နတ်ဘုရားသခင်အဆင့်အဖြစ်သို့ တက်လှမ်းရန် အခွင့်အလမ်း ရှိလာပေလိမ့်မည်။

သို့စေကာမူ ဒီသွေးကြောစွမ်းအားက ဖီးနစ်သွေးကြော သို့မဟုတ် ဗာမီလီယမ်မီးငှက်သွေးကြော သက်သက်မဟုတ်တာကို သူတို့ ဘယ်လိုလုပ်သိနိုင်မည်နည်း။

ယင်းအစား ဒါက ဖီးနစ်ကလန်၏ ထိပ်ဆုံးတွင် ရပ်တည်နေသည့် နတ်ဖီးနစ်၏ နတ်ဖီးနစ်သွေးကြောပေတည်း။

ပြန်လည်မွေးဖွားခြင်း!

နီဗာနမီးကနေ ဖန်တီးထားသည့် မီးမုန်တိုင်း ပျောက်ကွယ်သွားသည့်အချိန်တွင် ပြင်းထန်သော မီးတောက်များနှင့် လောင်ကျွမ်းနေသည့် ဧရာမအတောင်ပံတစ်စုံက ကောင်းကင်အား ပိတ်ကွယ်ပစ်သည်။

ကောင်းကင်တစ်ခုလုံးသာမက လျှပ်စီးနဂါးများနှင့် လင်၀င်းနေသည့် တိမ်မည်းများပင်လျှင် ဖုံးအုပ်ခံလိုက်ရပုံရသည်။

အတောင်ပံများ၏ ဆန့်ကျင်ဘက်၌ ကောင်းကင်တစ်ခုလုံးက နီရဲနေသည်။

ငှက်ကလေးက ခေါင်းမော့ရင်း နီဗာနမီးတောက်ထဲတွင် သန့်စင်နေခဲ့ပြီး ကောင်းကင်ထက်သို့ ကျယ်လောင်သည့် အသံတစ်ချက် ဟစ်ကြွေးလိုက်သည်။

ကျွီး........!

၎င်း၏ဟစ်ကြွေးသံက မာနနှင့်မဆုတ်မနစ်မှုများဖြင့် ပြည့်နှက်နေသည်။

ဒါကိုမြင်သောအခါ ဂိုဏ်းချုပ်ဟု အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။

ဒီဖီးနစ်က သူရှေးဟောင်းစာအုပ်များထဲတွင် မြင်ခဲ့သည့် ပုံစံများနှင့်တူပုံမရပေ။

ဒီတော့ဘာဖြစ်လဲ!

လေးယောက်စလုံးက တစ်ချိန်တည်းတွင် နှာခေါင်းရှုံ့လိုက်ကြ၏။

"မင်းလိုငှက်ကလေးတစ်ကောင်ကို ငါတို့ဘယ်လိုလုပ် တန်ပြန်သက်ရောက်မှုကို တွေ့ကြုံခံစားနေတုန်းမှာ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ခွင့်ပေးရမှာလဲ"

သူတို့စကားပြောပြီးသည်နှင့် ဂိုဏ်းချုပ်ဟုအပါအ၀င် လေးယောက်စလုံးက တချိန်တည်းတွင် ရိုက်ခတ်လိုက်ကြသည်။

ရုတ်ချည်းဆိုသလို လေဟာနယ်က တစ်လက်မချင်း ပြိုကွဲသွားသည်။

အလွန်အမင်းကျစ်လျစ်သည့် ဝိဉာဉ်ချီလက်ဖဝါးချင်တစ်ခုက ကမ္ဘာကြီးကို ပြောင်းပြန်လှန်ပစ်ပုံရပြီး ငှက်ကလေးထံသို့ ဖိနှိပ်လာသည်။

ငှက်ကလေး လက်ဖဝါးချက်ကို ငုံ့ကြည့်ရင်း အတောင်ပံများကိုယပ်ခတ်ကာ လက်ဖဝါးဆီသို့ ပစ်၀င်သွားသည်။

၎င်း၏ ခြေသည်းနှစ်ဖက်စလုံးက လက်ဖဝါးချက်ကို တစ်ချိန်တည်းတွင် တိုက်ခိုက်သည်။

နှစ်ခုလုံးထိမိသွားသည်။

ဂျုန်း......!

မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံက နဂါးဖီးနစ်လျှို့ဝှက်နယ်မြေတစ်ခုလုံးအတွင်း ပျံ့နှံ့သွားသည်။

ဒီအသံတစ်ခုတည်းကပင် နဂါးဖီးနစ်လျှို့ဝှက်မြေတခုလုံးကို တုန်ခါစေသည်။

အာကာသက မှန်တစ်ချက်ကဲ့သို့ ကွဲအက်ကာ ဖန်သားစုများက မြေကြီးပေါ်သို့ လွင့်စင်သွားကြ၏။

ကျွမ်းကျင်သူများကြားက တိုက်ပွဲတွင် အမြဲလိုလို အနိုင်အရှုံးကို တစ်ချက်တည်းနှင့် ဆုံးဖြတ်နိုင်သည်။

ငှက်ကလေး၏ခြေသည်းအောက်တွင် လက်ဖဝါးချက်က ပြိုကွဲသွားသည်။

ဂိုဏ်းချုပ်ဟုနှင့် ကျန်‌သုံးယောက်ကလည်း အတင်းနောက်ဆုတ်လိုက်ရသည်။ ဒါက သူတို့ကို အတော်လေး ထိတ်လန့်သွားစေသည်။

၎င်းက ယခုလိုပြင်းထန်သော ဒဏ်ရာများကို ရထားသည့်အပြင် အော်ရာကလည်း အားနည်းနေသည်။ သို့တိုင်အောင် သူတို့လေးယောက်၏ အားအပြည့်တိုက်ခိုက်မှုကို ချိုးဖျက်နိုင်ခဲ့သည်။

အကယ်၍ တဘက်ကသာ ဒဏ်ရာရမနေဘဲ အထွတ်အထိပ်အခြေအနေတွင် ရှိပါက သူတို့ဘယ်လိုတိုက်ခိုက်မည်နည်း။

သူတို့အမြီးကုပ်လျက် ထွက်ပြေးသွားရပေလိမ့်မည်။

တခြားတဘက်တွင် ငှက်ကလေးကရော!

၎င်းကအောင်ပွဲနောက်မလိုက်ဘဲ ယင်းအစား ထိုနေရာ၌သာရှိနေသည်။

ကောင်းကင်အားဖုံးနေသည့် အတောင်ပံများမှ လောင်ကျွမ်းနေသည့်နိဗာနမီးက ထိုအခိုက်အတန့်၌ မှေးမှိန်သွားခဲ့သည်။

ဒီတိုက်ခိုက်မှုက ၎င်း၏သွေးကြောနှင့် လက်ကျန်ဝိဉာဉ်ချီတို့ကိုသိပ်သည်းကာ ထုတ်လွှတ်ခဲ့သည့် နောက်ဆုံးတိုက်ချက်ပေတည်း။

ဒီတိုက်ချက်အပြီးတွင် ငှက်ကလေးအတွက် လက်ကျန်စွမ်းအားက ၎င်း၏နတ်ဖီးနစ်အခြေအနေကို ထိန်းသိမ်းထားရန် မလုံလောက်တော့ပါ။

မကြာမီ ငှက်ကလေး၏ကိုယ်က အနှီမျက်စိနှင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် ကျုံ့သွားပြီး အဆုံးသတ်တွင် ငှက်ကလေးအဖြစ် ပြန်ပြောင်းသွားခဲ့သည်။

ဘေးယောက်လုံးက ဒီမြင်ကွင်းကို မြင်သောအခါ စိတ်သက်သာရာရစွာ ကြောက်စိတ်အနည်းငယ်ဖြင့် သက်ပြင်းချမိကြသည်။

"ကံကောင်းချင်တော့ အရင်ကငါတို့သူ့ကို အပြင်းအထန်ဒဏ်ရာရအောင် လုပ်ပစ်ခဲ့တယ်"

"ဘာမှထပ်မပြောနဲ့တော့၊ မြန်မြန်သွားသတ်ပြီး သူ့အလောင်းကို ပြန်ယူလာကြအောင်"

"မှန်တယ်၊ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်တာမကောင်းဘူး"

သို့စေကာမူ သူတို့စကားပြောပြီးနောက် ငှက်ကလေးရှိရာသို့ ထပ်မံကြည့်နေစဉ် ငှက်ကလေးရှေ့၌ ၀တ်စုံဖြူနှင့်လူတစ်ယောက် ပေါ်လာခဲ့သည်။

အပိုင်း(682) coming။

All Chapters