← Chapters

#လူသေတွေက မုသားမပြောဘူး#

Vol. 48 Ch. 682

#လူသေတွေက မုသားမပြောဘူး#

Vol. 48 Ch. 682

လုချန်ရှန်းငုံ့ပြီး ငှက်ကလေးကို လက်မောင်းကြား ပွေ့ဖက်ထားသည်။

ညင်သာသည့်အစိမ်းရောင်အလင်းတစ်ခုက လုချန်ရှန်းလက်မောင်းကနေ ထွက်လာပြီး ငှက်ကလေးတစ်ကိုယ်လုံးထဲ ပျံ့သွားကာ ဒဏ်ရာများကို ပြန်ကောင်းအောင် လုပ်ပေးနေသည်။

နွေးထွေးသည့်အော်ရာကို ခံစားမိပြီးနောက် သတိမေ့လုမျောပါးဖြစ်နေသည့် ငှက်ကလေးက မျက်လုံးများကို အတင်းဖွင့်ကာ ရှေ့က ရင်းနှီးနေသည့်ပုံရိပ်ကို စိုက်ကြည့်လိုက်၏။

၎င်းက စိတ်သက်သာရသွားသည်။ သူဒီမှာရှိနေပြီဖြစ်လေရာ ပြဿာနာရှိမည်မဟုတ်တော့။ ထို့ကြောင့် မျက်လုံးများကို ပြန်မှိတ်လိုက်၏။

လုချန်ရှန်း၏ ရှင်ခြင်းနိယာမနှင့်အတူ ၎င်းက ကိုယ့်ဘာသာစတင်ကုသနေသည်။

လုချန်ရှန်း ငှက်ကလေးကိုငုံ့ကြည့်ရင်း အကူအညီမဲ့စွာ ခေါင်းခါယမ်းသည်။

"မင်းတို့တစ်ယောက်ချင်းစီက ငါ့ကို အမြဲစိုးရိမ်ပူပန်ရအောင် လုပ်ကြတယ်"

ထိုအချိန်တွင် ကောင်းကင်ပေါ်၌ ဂိုဏ်းချုပ်ဟုနှင့် ကျန်သုံးယောက်က လုချန်ရှန်းကို လေးနက်စွာ ကြည့်နေကြသည်။

ဒီ၀တ်စုံဖြူလူက သူတို့နှာခေါင်းအောက်တွင် ဖီးနစ်ဘေး၌ ရုတ်တရက် ပေါ်ပေါက်လာခဲ့ခြင်းပင်။

ဒါ့အပြင် ထိုကာလအတောအတွင်း သူတို့ထဲက တစ်ယောက်မှ ဘာအော်ရာကိုမှ မခံစားခဲ့ရပါ။

အကယ်၍ ၀တ်စုံဖြူလူကိုသာ သူတို့မျက်လုံးနှင့် မမြင်ပါက သူ့ကိုဘယ်တော့မှ ရှာတွေ့နိုင်မည်မဟုတ်ပေ။

"တာအိုမိတ်ဆွေလေး၊ မင်းဘယ်ကလာတာလဲ"

ဂိုဏ်းချုပ်ဟု ရှေ့တစ်လှမ်းတိုးပြီး လက်နှစ်ဖက်ဆုပ်ကာ လုချန်ရှန်းအား လေးနက်စွာ ကြည့်နေသည်။

လုချန်ရှန်းပြုံးရင်းပြန်ဖြေသည်။

"မင်းမသိတဲ့နေရာတခုပေါ့"

ငါတို့မသိတဲ့နေရာတစ်နေရာလား!

လေးယောက်လုံးက တခဏကြာ ကြက်သေသေသွားပြီးနောက် နှာခေါင်းရှုံ့လိုက်ကြသည်။

"တာအိုမိတ်ဆွေလေး၊ မင်းငါတို့ကို အထင်သေးနေတာလား၊ ငါက နတ်အလင်းဂိုဏ်းချုပ်ပဲ၊ ဒီအဆင့်မြင့်ကြယ်နယ်မြေမှာ ငါမသိတဲ့နေရာဆိုတာ မရှိဘူး၊ ဒါပေမယ့် မင်းကိုယ်ကျင့်တရားကို ဂရုမစိုက်ဘူးလို့တော့ ငါတို့ကိုမပြောနဲ့နော်၊ ဒီဖီးနစ်ကို ငါတို့အရင်ရှာတွေ့ခဲ့သလို ဒီလိုအခြေအနေ ရောက်စေဖို့ အတော်လေးကြိုးစားအားထုတ်ခဲ့ရတယ်၊ တာအိုမိတ်ဆွေလေး၊ မင်းလုပ်ရပ်က လူတိုင်းကို ဒေါသထွက်အောင် လုပ်စေနိုင်တယ်"

လုချန်ရှန်းမေးသည်။

"အိုး၊ လူထုရဲ့ဒေါသလား၊ ဒီသတင်းကို တခြားအင်အားစုတွေကို ငါဖြန့်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ"

"သူတို့ကလည်း ဖီးနစ်ကလန်ရဲ့သွေးကြောကို စိတ်၀င်စားကြမှာပဲ"

ငှက်ကလေးက အားဖြည့်နေသော်လည်း သူတို့စကားဝိုင်းကို ကြားနိုင်ပါသေးသည်။

လုချန်ရှန်းပြောတာကို ကြားသောအခါ ယခုမရွေ့နိုင်သည့်အချက်သာ မရှိနေပါက ၎င်းက ပါးစပ်ဖွင့်ပြီး သူ့ကိုသေသည်အထိ ထိုးပေါက်ပစ်မိမည်သာ။

"မင်းခုနက ပြောခဲ့သလိုသာဆိုရင် မင်းစွမ်းအားက အားအကောင်းဆုံးဖြစ်သင့်တာမလား"

"ဒီတော့ ငါဒီသတင်းကို နတ်ဘုရားသခင်အဆင့်ဂိုဏ်းတွေဆီကို ဖြန့်လိုက်မယ်လေ၊ မင်းခွန်အားနဲ့ဆို ဒီဖီးနစ်ကို ဆက်ထိန်းထားနိုင်ဦးမလား"

ဂိုဏ်းချုပ်ဟုနှင့် ကျန်သုံးယောက်က ဒါကိုကြားသောအခါ သူတို့၏ အမူအရာများက မည်းမှောင်သွားကြ၏။

တကယ်တမ်းတွင် နတ်ဘုရားသခင်အဆင့်ဂိုဏ်းက တစ်စုံတစ်ယောက်ကသာ ဒီအကြောင်းကို သိသွားမည်ဆိုပါက သူတို့ဒါကို ထိန်းသိမ်းထားနိုင်မည်မဟုတ်တော့။

ဖီးနစ်ဆိုတာက နတ်ဘုရားသခင်အဆင့်ဂိုဏ်းများပင်လျှင် တောင့်တရသည့် အရာတစ်ခုဖြစ်သည်။

သွေးကြောဖြစ်စေ၊ ငှက်မွှေးများ သို့မဟုတ် အရိုးများဖြစ်စေ အားလုံးက ကြောက်မက်ဖွယ်ရာကောင်းသော ရတနာများပင်။

ဒီအရာများက ဂိုဏ်းတစ်ဂိုဏ်း၏ ကံကြမ္မာကိုပင် ပြောင်းလဲပစ်နိုင်သည်။

"ဒီတော့ မင်းပြောချင်တာက မင်းငါတို့ကို ခြိမ်းခြောက်ပြီး ငါတို့အမြတ်တွေထဲက တစ်ပိုင်းကို အတင်းယူချင်တယ်လို့ ဆိုချင်တာပေါ့"

လုချန်ရှန်းပြုံးရင်း ခေါင်းခါယမ်းသည်။

သူနောက်ထပ်ပြောသည့်စကားက ဂိုဏ်းချုပ်ဟုနှင့် ကျန်သောသူများကို ဒေါသထွက်သွားစေသည်။

"ဒီလိုမဟုတ်ပါဘူး၊ ငါဆိုလိုတာက ငါဒီဖီးနစ်ကို ခေါ်သွားမယ်၊ ပြီးတော့ ဒီနေရာကို ၀င်လာတဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့ မင်းတို့ကိုကူညီပေးမယ်"

"ကြည့်၊ ဒါကအပေးအယူကောင်းမလား"

"မင်း....." ဂိုဏ်းချုပ်ဟု၏မျက်နှာက မည်းမှောင်သွားပြီး အသံနိမ့်ကာပြောသည်။

"မင်းငါတို့နဲ့ လာကစားနေတာလား"

"မဟုတ်ပါဘူး၊ ငါကအမှန်တရားကို ပြောပြတာပါ"

သူစကားပြောပြီးသည်နှင့် တပြိုင်နက် ဂိုဏ်းချုပ်ဟု ဘာတစ်ခုမှ ပြောမနေတော့ဘဲ ထိုနေရာ၌ ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွား၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဂိုဏ်းချုပ်ဟု လုချန်ရှန်းရှေ့တွင် ပေါ်လာကာ လုချန်ရှန်းခေါင်းအား ရိုက်ချလိုက်သည်။

ဒီထဲတွင် လေနှင့်မိုးကြိုးစွမ်းအားပါဝင်နေသည်။

"မင်းကအရမ်းလောဘကြီးမှတော့ ဒီနေရာမှာ ထာ၀ရနေပေတော့"

ဂိုဏ်းချုပ်ဟုနှင့် ကျန်သုံးယောက်မြင်ခဲ့သည့် မြင်ကွင်းကခြားနားသည်။ လုချန်ရှန်း ဂိုဏ်းချုပ်ဟု၏ တိုက်ခိုက်မှုကြောင့် သေလည်းမသေသလို အပြင်းအထန်လည်း ဒဏ်ရာမရခဲ့ပေ။

ယင်းအစား ဂိုဏ်းချုပ်ဂု၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် လုချန်ရှန်း လက်ချောင်းနှစ်ချောင်းကို ဆန့်တန့်လိုက်၏။

ထို့နောက် လက်ကိုမြောက်ကာ ခေါင်းထိ မြင့်တင်ရင်း ဂိုဏ်းချုပ်ဟု၏ အားအပြည့်လက်ဖဝါးချက်ကို ခုခံခဲ့သည်။

"ဒါ....ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

လုချန်ရှန်းတခြားဘာတစ်ခုမှမပြောပါ။

ဂိုဏ်းချုပ်ဟု၏ လက်ဖဝါးချက်ကို ပိတ်ဆို့ပြီးနောက် သူ့ဓားလက်ချောင်းက ရုတ်တရက် ခွန်အားသုံးလာခဲ့သည်။

ဓားဆန္ဒတခုက ဂိုဏ်းချုပ်ဟု၏ လက်ဖဝါးထဲသို့ မိုးကြိုးစင်းတစ်ပမာ ထိုးဖောက်သွား၏။

ဒါကအရမ်းမြန်ဆန်လွန်းသဖြင့် ဂိုဏ်းချုပ်ဟုပင်လျှင် အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။

နောက်စက္ကန့်ပိုင်းတွင် ဂိုဏ်းချုပ်ဟု လက်ဖဝါးပေါ်က သွေးစွန်းနေသည့် အပေါက်ကိုဖုံးကာ အလျင်အမြန် ဆုတ်သွားသည်။

သူ့မျက်လုံးများက ယဲ့ချိုးပိုင်၏ ဂရုမစိုက်သည့်အသွင်ကို မယုံနိုင်စွာကြည့်နေသည်။

"မင်းက နတ်ဘုရားသခင်အဆင့်ဂိုဏ်းတစ်ဂိုဏ်းက ကျွမ်းကျင်သူတစ်ယောက်များလား"

သူ့စိတ်ထဲတွင် နတ်ဘုရားသခင်အဆင့်ဂိုဏ်းမှ အဆင့်မြင့်လူများသာ သူ့တိုက်ခိုက်မှုကို အလွယ်တကူတားဆီးနိုင်သည်။

ဒါ့အပြင် သူကသူ့ကို အလွယ်တကူ ဒဏ်ရာရစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်ဟုခေါင်းငုံ့ကာ လက်ဖဝါးပေါ်က သွေးစွန်းနေသည့် အပေါက်ကို ကြည့်လိုက်သည်။

၎င်းကိုဖုံးလွှမ်းနေသည့်ဓားဆန္ဒက သူအစွမ်းကုန်ခုခံလျှင်ပင် လျော့ကျမသွားဘဲ အရိုးများထဲက ပိုးကောင်ပမာ သူ့လက်မောင်းကို အဆက်မပြတ် တိုက်စားနေသည်။

မဟုတ်ဘူး၊ ဒါကဓားဆန္ဒမဟုတ်ဘူး၊ ဒါက ဓားတာအိုနိယာမပဲ!

ဒါ့အပြင် ဒါက အဆုံးစွန်ထိ ကျင့်ကြံထားသည့် ဓားတာအိုနိယာမပင်။

"မင်းကတကယ်ပဲဘယ်သူလဲ"

အဆင့်မြင့်ကြယ်နယ်မြေတွင်သာမက နတ်ဘုရားသခင်အဆင့်ဂိုဏ်းများတွင်ပင် ဓားတာအိုနိယာမကို အဆုံးစွန်ထိ ကျင့်ကြံထားသော သူကို သူတခါမှ မကြားဖူးပါ။

လုချန်ရှန်း၏မျက်နှာထဲတွင် ငြိမ်းချမ်းသည့် အပြုံးတစ်ပွင့်ရှိသည်။

သူခြေလှမ်းများကိုရပ်ကာ ဂိုဏ်းချုပ်ဟုရှေ့တွင်ပေါ်လာသည်။ ဓားက ဂိုဏ်းချုပ်ဟု၏ နဖူးကို ညွှန်ပြနေသည်။

"အမှန်ပြောရမယ်ဆိုရင် ငါတို့မှာ ဘာအခြေအနေမှ မရှိခဲ့ဘူးဆိုရင်တောင် ငါမင်းကို ဒီနေရာမှာ ထာ၀ရနေစေချင်တယ်"

"ငါ့အကြောင်းနဲ့ပတ်သက်ပြီး သတင်းတွေကို ငါပျံ့နှံ့ခွင့်မပေးနိုင်ဘူး...."

ဒါကိုကြားသောအခါ ဂိုဏ်းချုပ်ဟု တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ဓားတာအိုနိယာမက သူ့နဖူးကို ထိုးဖောက်သွားပြီဖြစ်ပြီး သူ့ဝိဉာဉ်က ပျောက်ကွယ်သွားရသည်။

ဒါကိုမြင်သောအခါ ကျန်သုံးယောက်က ကြောက်ရွှံ့သွားကြ၏။

နှစ်များစွာအဆင့်မြင့်နေရာများတွင် ရှိခဲ့ကြသည့်သူတို့အဖို့ နတ်ဘုရားသခင်အဆင့် ဂိုဏ်းများအောက်၌ လူအများစုက သူတို့ကို မခြိမ်းခြောက်နိုင်ပေ။

ထိုအချိန်တွင် သူတို့ကိုယ်ခန္ဓာများက စတင်တုန်ယင်လာကြသည်။

လုချန်ရှန်း သူတို့သုံးယောက်ကို စိုက်ကြည့်သည်။

လုချန်ရှန်း၏ တည်ငြိမ်နေသည့် မျက်လုံးများကိုကြည့်ရင်း သုံးယောက်လုံးက လုချန်ရှန်း သူတို့ကိုသွားခွင့်မပေးပါက မလွတ်မြောက်နိုင်တော့တာကို သိလိုက်ကြ၏။

ဒါကိုတွေးမိသောအခါ တစ်ယောက်ကပြောသည်။

"စီနီယာ၊ မစိုးရိမ်ပါနဲ့၊ ကျုပ်တို့သုံးယောက်က ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောပါဘူး"

"ဟုတ်ပါတယ်၊ ကျုပ်တို့ကောင်းကင်ဘုံဓားတာအိုကို ကျိန်ဆိုပါတယ်"

"စီနီယာကျုပ်တို့ကို သွားခွင့်ပေးသရွေ့ အနာဂတ်မှာ အမိန့်တခုခုပေးတာနဲ့ ကျုပ်တို့သေချာပေါက် ကူညီပေးပါမယ်"

လုချန်ရှန်းပြန်‌မဖြေပါ။

သူ့အမူအရာကတည်ငြိမ်နေပြီး သူ့ဓားလက်ချောင်းများက လေဟာနယ်အား ဆုတ်ဖြဲသွား၏။

ချက်ချင်းဆိုသလို သူတို့ရင်ဘတ်ပေါ်၌ နက်ရှိုင်းသည့်ဒဏ်ရာများပေါ်လာပြီး သူတို့အတွင်းအင်္ဂါများကိုပင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။

သူတို့အားလုံးက နှစ်ပိုင်းဖြတ်ခံရသည်။

ဒန်တျန်နှင့် ဝိဉာဉ်ပင်လျှင် ‌ခြွင်းချက်မဟုတ်ခဲ့ပါ။

"သေသူတွေကပဲ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်တယ်...."

"အမ်၊ ဒါမမှန်သေးဘူး"

လုချန်ရှန်းလက်ကို ဝှေ့ယမ်းလိုက်သည်။

ပြင်းထန်သည့်မီးတောက်တစ်ခုက လေးယောက်စလုံး၏ အလောင်းများကို ပြာများအဖြစ် လောင်ကျွမ်းသွားစေသည်။

"အင်း၊ ဒါက လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားဖို့အတွက် တစ်ခုတည်းသောနည်းလမ်းပဲ"

အပိုင်း(683) coming။

All Chapters