← Chapters

#အပြည့်အ၀ခံယူခြင်း#

Vol. 48 Ch. 683

#အပြည့်အ၀ခံယူခြင်း#

Vol. 48 Ch. 683

အလောင်းများတွင်လည်း သတင်းစကားများပို့ရန် နည်းလမ်းတစ််ခုရှိလောက်သည်။

အားကောင်းသောသူများ၏ မျက်လုံးထဲတွင် အလောင်းကိုတစ်ချက်ကြည့်သည်နှင့် ဒီလူ တိုက်ပွဲတွင် ဘယ်လိုသေရသည် ဘယ်နေရာနှင့် ဘယ်လိုမျိုး အသတ်ခံရတာလဲဆိုတာကို ပြောနိုင်သည်။

ဒီနည်းနှင့် သူတို့ရာဇ၀တ်သား၏ အကွာအဝေးကို ချုံ့နိုင်သည်။

အကယ်၍ လူတစ်ယောက်က ရာဇ၀တ်သားကို တစ်ခါမှမမြင်ဖူး၊ သို့မဟုတ် ဒီလိုနည်းလမ်းမျိုးကို တစ်ခါမှ မတွေ့ဖူးဆိုပါက ဒါက မတူညီသည့်ကိစ္စတခုပင်။

သို့စေကာမူ ဖြစ်နိုင်ချေကရှိနေဆဲပါ။ သူ့ကိုမှတ်စေရန်အတွက် ဖြစ်နိုင်ချေအနည်းငယ် ရှိလျှင်ပင် လုချန်ရှန်း၏စရိုက်အရ သူတို့ကို မည်သို့မည်ပုံ အလွတ်ပေးနိုင်မည်နည်း။

ဖြစ်နိုင်ချေက ဘယ်လောက်ပဲသေးသေး တည်ရှိနေသရွေ့ လုချန်ရှန်းဒါကို အစမှာပင် ပိတ်ပစ်ရမည်။

လုချန်ရှန်းမလှုပ်ရှားသေးခင်မှာပင် သတင်းအချက်အလက်အားလုံးနှင့် အသိအားလုံးကို ပိတ်ဆို့ရန်အတွက် အခင်းအကျင်းအစီအရင်တစ်ခု ဖန်တီးထားပြီးဖြစ်သည်။

ဒီနည်းလမ်းဖြင့် တဘက်လူက မသေခင် သေကြောင်းသတင်းပို့လျှင်ပင် အပြင်ကို ပို့ရန်ဟူသည် မဖြစ်နိုင်တော့။

ထိုအချိန်တွင် တဘက်လူ၌ ဝိဉာဉ်တုံကင်ကဲ့သို့ သတင်းအချက်အလက်များ ရှိလျှင်ပင် သေပြီးနောက် တုံကင်ကြေမွသွားသော်လည်း ကြေမွသွားသည့်ဝိဉာဉ်တုံကင်၌ ဘာခြေရာမှ ကျန်မည်မဟုတ်။

ထို့နောက် သူခြေရာအားလုံးကို ဖျက်ဆီးရန်အတွက် အလောင်းကို မီးရှို့ပစ်မည်။

ဒီထဲတွင် ရူပဗေဒနှင့်ဓာတုဗေဒနည်းစနစ် အကုန်ပါ၀င်သည်။

ထို့နောက်တွင်သာ သူစိတ်သက်သာရာရစွာ သက်ပြင်းချသည်။

"ရပြီ"

လုချန်ရှန်းအမှုဖြစ်ရာမြင်ကွင်းကို ကြည့်ရင်း ကျေနပ်စွာခေါင်းညိတ်သည်။

"မဆိုးဘူး၊ အနာဂတ်မှာ အရမ်းဂုဏ်မယူရအောင် ငါ့ကိုယ်ငါ ၉၇မှတ်ပေးမယ်"

ထိုအချိန်တွင် ငှက်ကလေးက ရုတ်တရက် အတောင်ပံများကို ရွေ့ကာ လုချန်ရှန်း၏ ရင်ဘတ်ကို ညင်သာစွာပွတ်သပ်သည်။

၎င်းက မျက်လုံးများကို အားနည်းစွာဖွင့်ပြီး လုချန်ရှန်းကို မကျေနပ်စွာကြည့်သည်။

သူမက အချိန်အတော်ကြာ လျစ်လျူရှုခံထားရသဖြင့် မခံချိမခံသာဖြစ်နေသည့် အမျိုးသမီးတစ်ဦးအလားပင်။

အစ်ကိုရေ၊ အလောင်းတွေကို ရှင်းပစ်တဲ့အခါ သတိထားပါက အဆင်ပြေပါတယ်၊ ရှင့်ရဲ့စရိုက်ကို ကျွန်မက မသိတာကျနေတာပဲ၊ ဒါပေမယ့် ကိုယ့်အလုပ်ကိုယ် ဒီလိုတန်ဖိုးထားနေရတဲ့ အကြောင်းရင်းက ဘာများလဲ!

ရှင့်လက်မောင်းထဲမှာ အပြင်းအထန်ဒဏ်ရာရနေတဲ့ ငှက်တစ်ကောင်ရှိနေတာကို မေ့သွားတာလား!

လုချန်ရှန်းငှက်ကလေး၏ ခေါင်းကို ပွတ်သပ်ရင်း ပြုံးသည်။

"ငါ့နည်းစနစ်ကို မင်းအရမ်းကျေနပ်နေတာ ငါသိပါတယ်၊ အချိန်ကျလာတဲ့ အခါကျရင် ငါမင်းကို သင်ပေးပါမယ်"

ငှက်ကလေး "....."

ကျေးဇူးပါ၊ ရှင့်ရှိနေတာက ကျွန်မအတွက် ကောင်းချီပေးထားတာပါပဲ!

ငှက်ကလေးက နောက်ထပ်မချုပ်တည်းနိုင်တော့သဖြင့် အဆုတ်ကွဲမတတ် အော်ဟစ်သည်။

"ကျွန်မ.....တန်ပြန်သက်ရောက်မှုကြောင့် ခံစားနေရတယ်၊ ဘာလို့ ကျွန်မကို အရင်ဆုံး မကူညီရတာလဲ"

၎င်း၏အသံက ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး ပြောသည့်စကားလုံးတိုင်းက သေတော့မည့်ပုံပေါက်နေသည်။

ဒါက နဂါးဖီးနစ်သွေးကြောကို စုပ်ယူသည့် အရေးပါသော အချိန်ကာလဖြစ်သည်။

နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်သော်လည်း ယခုလိုအရေးကြီးသည့်အချိန်တွင် ကျွမ်းကျင်သူလေးဦး၏ အားအပြည့် တိုက်ခိုက်မှုကို ခံခဲ့ရသည်။

မသေစေရန်အတွက် သေချာနေခြင်းကပင် အံ့ဖွယ်ဖြစ်နေလေပြီ။

ဒါက ငှက်ကလေး၏ နတ်ဖီးနစ်သွေးကြော ကျေးဇူးကြောင့်ပင်။

နတ်ဖီးနစ်နီဗာနမီးတောက်က အသက်သွင်းပေးသည့် အသက်ဓာတ်က တမူထူးခြားသည်။

လုချန်ရှန်းခေါင်းကုတ်ရင်း အတင်းပြုံးသည်။

"အိုး၊ မှန်ပါတယ်၊ မှန်ပါတယ်၊ မင်းသာ မပြောတော့ရင် ငါမေ့တော့မလို"

"ဒါပေမယ့် ဘယ်လိုလဲ"

သူအရင်က ယခုလိုအခြေအနေမျိုးကို တခါမှ မကြုံဖူးပါ။

ထိုအချိန်တွင် ငှက်ကလေးက မျက်လုံးများကို မှိတ်ထားပြီးဖြစ်သည်။

၎င်းတွင် ရှင်ခြင်းနိယာမရှိသော်လည်း ဒါက ကိုယ်ခန္ဓာကို ပြုပြင်ပေးရန်သာ။

၎င်း၏ကိုယ်ထဲ၌ နဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့က အဆက်မပြတ်တိုက်မိကာ အချင်းချင်း ငြင်းဆန်နေကြ၏။

နဂါးဖီးနစ်ကပ်ဘေးက ပြန်ပေါ်ပေါက်လာသည့်အလားပင်။

နတ်နဂါးနှင့် နတ်ဖီးနစ်တို့က အစွမ်းကုန်တိုက်ခိုက်နေကြပြီး ငှက်ကလေး၏ ကိုယ်အတွင်းပိုင်းက စစ်မြေပြင်ဖြစ်သည်။

တိုက်ပွဲ၏နောက်ဆက်တွဲက စစ်မြေပြသ်ကို အဆက်မပြတ် ပြိုကျစေသည်။

ရှင်ခြင်းနိယာမက ဒါကို အဆက်မပြတ် ပြုပြင်ပေးနေသည်။

သို့စေကာမူ ထိုသို့ဆိုလျှင်ပင် ဒါက ငှက်ကလေး၏ နတ်ဝိဉာဉ်နှင့် အတွင်းအူတိုင်ကို အကြီးအမားထိခိုက်စေသည်။

ငှက်ကလေးခမျာ ပြန်ပြောရန်ပင် အစွမ်းမဲ့နေတာကို မြင်ရသောအခါ လုချန်ရှန်း မျက်မှောင်ကြုတ်လိုက်၏။

သူထပ်၍ အချိန်ဆွဲမရတော့တာကို နားလည်လိုက်သဖြင့် မျက်နှာပေါ်က ရွှတ်နောက်နောက်အပြုံးကို ဖယ်ရှားကာ လက်ကို ငှက်ကလေး၏ကိုယ်ပေါ် တင်လိုက်သည်။

ငှက်ကလေး၏ကိုယ်ထဲမှ သွေးကြောစွမ်းအားများက အလွန်အမင်း အကြမ်းဖက်နေတာကို သူတွေ့လိုက်ရသည်။

ထိုနှစ်ခု၏ အဆက်မပြတ်တွန်းကန်မှုက မရေမတွက်နိုင်လောက်သည့် အဖျက်အော်ရာများကို မွေးဖွားလာစေသည်။

ဒီကိစ္စတွင် ငှက်ကလေး၏ ဒဏ်ရာများကို ကုသရန်အတွက် ထိုသွေးကြောစွမ်းအားနှစ်ခုအကြားက ပဋိပက္ခကို ချေဖျက်ရန် လိုအပ်သည်။

တစ်ချိန်တည်းမှာပင် ဒီသွေးကြောစွမ်းအားနှစ်ခုကို ငှက်ကလေး၏သွေးကြောအဖြစ် အပြည့်အ၀ ပေါင်းစပ်ရန်လည်း လိုအပ်သည်။

သူမသိတာက ငှက်ကလေး ဒဏ်ရာမရခဲ့လျှင်ပင်၊ ခြုံခိုမတိုက်ခိုက်ခံခဲ့ရလျှင်ပင် ငှက်ကလေးသုံးခဲ့သည့် လျှို့ဝှက်နည်းစနစ်က သွေးကြောစွမ်းအားနှစ်ခုကို တစ်ခုအဖြစ် ပေါင်းစပ်ရင်း သူ့ကိုယ်ပိုင်ခန္ဓာအဖြစ် ပြောင်းပစ်နိုင်မည်မဟုတ်။

ဒါက ပြင်းထန်သည့်ဒဏ်ရာများနှင့်အတူ သေချာပေါက် ဆုတ်လျော့သွားမည် ဖြစ်သော်လည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခံရပြီးနောက် အခြေအနေက ပို၍ပင် ဆိုးရွားသွားခဲ့သည်။

သူငှက်ကလေး၏ကိုယ်ထဲက အခြေအနေကို ခံစားမိသဖြင့် မျက်မှောင်ကြုတ်ကာ ကြိုးစားတွေးနေသည်။

ငှက်ကလေးကို ၎င်းကိုယ်ထဲတွင် သွေးကြောနှစ်ခုစလုံးကို ပေါင်းစပ်ရင်း ဒဏ်ရာများကနေ ကောင်းမွန်လာစေရန် သူဘယ်လိုလုပ်ရမည်နည်း။

တခဏအကြာတွင် သူကောက်ချက်ချလိုက်သည်။

ငှက်ကလေး၏ဒဏ်ရာအားလုံးကို ကုသရန်အတွက် ဖြစ်နိုင်ချေနှစ်ခုရှိသည်။

ပထမက ငှက်ကလေးကိုယ်ထဲမှ သွေးကြောစွမ်းအားနှစ်ခုနှင့် ပြင်ပအားကို လုံး၀ဖယ်ရှားပစ်ရန်ပင်။

သို့စေကာမူ ဒီလိုအခြေအနေမျိုးက ငှက်ကလေးမမြင်ချင်သည့် အရာတစ်ခုပင်။

ဒီလိုဆိုမှတော့ ဒုတိယဖြစ်နိုင်ချေကို လုချန်ရှန်းကြိုးစားရုံသာ တတ်နိုင်တော့သည်။ သူ ငှက်ကလေးကိုယ်ထဲတွင် သွေးကြောနှစ်ခုကို ပေါင်းစပ်ပြီး ကုသရန်အတွက် ‌ရှင်ခြင်းနိယာမကို သုံးနိုင်သည်။

ပထမအဆင့်က သွေးကြောနှစ်ခုကြားက တွန်းကန်မှုကိုဖြေရှင်းပြီး အံကိုက်ပေါင်းစပ်ရန်ပင်။

သို့စေကာမူ ပထမအဆင့်ကပင် ကောင်းကင်ကို တက်လှမ်းသည့်ပမာ ခက်ခဲသည်။

နဂါးကလန်နှင့်ဖီးနစ်ကလန်!

နှစ်ခုစလုံးက မောက်မာသောတည်ရှိမှုများဖြစ်ကြပြီး တစ်ခုကိုတစ်ခု မုန်းတီးကြသည်။

နဂါးအင်ပါယာနှင့် နတ်ဖီးနစ်တို့သေသွားသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ဒီသဘောတရားက သူတို့သွေးကြောထဲတွင် နက်ရှိုင်းစွာ စွဲထင်နေသည်။

ဒီသဘောတရားနှင့်အတူ နှစ်ဘက်စလုံးက တွန်းကန်အားက သူတို့မောက်မာမှုနှင့် တကွ သေချာပေါက် ပို၍ပင် အားကောင်းလာမည်သာ။

ဒါနှင့်ပတ်သက်ပြီး ငါဘာလုပ်သင့်လဲ!

လုချန်ရှန်း ရုတ်တရက် တစ်ခုခုကို တွေးမိသွားသည်။

ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်။

ဒီနေရာတွင် သူနောက်ထပ်သွေးကြောစွမ်းအားတစ်ခုကို ထုတ်လွှတ်နေသရွေ့ နဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောကို သူ့ကိုမုန်းတီးအောင် လုပ်နိုင်ပေလိမ့်မည်။ ဒါက တွန်းကန်အားကို လျှော့ချရန်အတွက် ဖြစ်နိုင်ပေသည်။

ထို့နောက် ယခုအချိန်တွင် သူသွေးကြောနှစ်ခုကို အတင်းပေါင်းစပ်ရန်အတွက် ရှေးဦးမူလကိုသာ အသုံးပြုပါကရော!

သူရှေးဦးမူလကျင့်ကြံခြင်းကျင့်စဉ်ကို ဖန်တီးစဉ်က သွေးကြောစွမ်းအားကိုလည်း တွေးတောခဲ့သည်။

အရာရာတိုင်းနှင့် အလိုက်သင့်ရှိနိုင်သည့် ရှေးဦးမူလ၏ စရိုက်လက္ခဏာရပ်များနှင့်အတူ သူသွေးကြောစွမ်းအားနှစ်ခုကို ပေါင်းစပ်ကာ ငှက်ကလေး၏ သွေးကြောထဲ စုပ်ယူအောင် လုပ်၍ရသည်။

ဒီနည်းလမ်းက နည်းနည်းရယ်စရာပုံပေါ်သည်။

သို့စေကာမူ လောလောဆယ်တွင် ဒီနည်းလမ်းကိုသာ သုံးနိုင်သည်။

ဒါ့အပြင် ငှက်ကလေး၏ ဒဏ်ရာများကို အခြေခံပါက လုချန်ရှန်းတွင် တွေးတောရန် အချိန်အများကြီးမရှိပေ။

သူအရဲစွန့်ရုံသာ တတ်နိုင်တော့သည်။

လုချန်ရှန်း အလွန်အမင်းလေးနက်နေပုံရသည်။

ဒါက လုချန်ရှန်း၏မျက်နှာ လေးနက်သွားသည့် အကြိမ်ရေအနည်းငယ်ထဲက တစ်ကြိမ်ပင်။

သူညာလက်ကို ဝှေ့ယမ်းလိုက်၏။

ကြွယ်၀သည့် သေခြင်းနိယာမဖြင့် ပြည့်နှက်နေသော အလွန်အမင်းရှုပ်ထွေးသည့် အခင်းအကျင်းအစီအရင်တစ်ခုက လူနှင့်သားရဲကို ဖုံးလွှမ်းပစ်သည်။

ဝိဉာဉ်အစီအရင်အထဲတွင် ပျက်စီးနေသည့်မြေကြီးရှိနေပြီး ၎င်းက အမှန်တကယ် စတင်ကောင်းမွန်လာကာ အစိမ်းရောင်အကွက်များက ပြန့်ကြဲသွားပြီး စိမ်းလန်းနေသည့် ပျိုးပင်များက မြေကြီးကနေ ပြေးထွက်လာကြသည်။

ဒီအခင်းအကျင်းအစီအရင်ကို ထားရသည့်အကြောင်းရင်းက လုချန်ရှန်းသွေး ငှက်ကလေးကိုယ်ထဲ ၀င်သွားသောအခါ သွေးကြောစွမ်းအားသုံးခု၏ သက်ရောက်မှုကို ခံနိုင်ရန်ဖြစ်သည်။

ဒီနည်းလမ်းကဘာလို့ အန္တရာယ်များရတာလဲ!

အကြောင်းရင်းတစ်ခုက မတူညီသည့်သွေးကြောစွမ်းအားသုံးခုက ငှက်ကလေးကို ဘယ်လောက်ထိ ထိခိုက်စေမလဲဆိုသည့်အချက်ပင်။ ဒါကသေချာပေါက် လက်ရှိအဆင့်ကို ကျော်သွားပေလိမ့်မည်။

လုချန်ရှန်း ငှက်ကလေးကိုကြည့်ရင်း လေးနက်စွာပြောသည်။

"မင်းချုပ်တည်းထားရမယ်နော်"

ငှက်ကလေးညင်သာစွာ ခေါင်းညိတ်သည်။

ထိုအချိန်တွင် လုချန်ရှန်း လက်ချောင်းကို ကိုက်ပြီး ငှက်ကလေးအား ညွှန်ပြလိုက်၏။

အပိုင်း(684) coming။

All Chapters