#နဂါးနဲ့ဖီးနစ်ကလန်တို့ကြားက အမုန်းတရား၏အကြောင်းရင်း#
Vol. 48 Ch. 684
လုချန်ရှန်း သွေးလက်ချောင်းကို ငှက်ကလေးဆီသို့ ညွှန်ပြသည်။
သွေးကြောထည့်သွင်းခြင်း!
လုချန်ရှန်း၏သွေးကြောကို ထည့်သွင်းစဉ် ဒါက နဂါးနှင့်နတ်ဖီးနစ်သွေးကြောတို့ကို ချက်ချင်းဆွဲဆောင်သွားခဲ့သည်။
အချိန်တိုအတွင်းမှာပင် သွေးကြောနှစ်ခုက တိုက်ခိုက်နေတာကို ရပ်လိုက်ကြသည်။
ငှက်ကလေးကလည်း တခဏမျှ တုန်ယင်မှုရပ်သွားပြီး မျက်ခုံးမွှေးများကလည်း ပြေလျော့သွားခဲ့သည်။
ဒါကိုမြင်ရသောအခါ လုချန်ရှန်း အတော်လေးပျော်သွားသည်။
ဒီအခြေအနေက သူ့အတွေးများက အတိုင်းအတာတစ်ခုအထိ မှန်နေတာကို သက်သေပြနိုင်သည်။
သို့စေကာမူ နောက်အခိုက်အတန့်၌ နဂါးအင်ပါယာသွေးကြောစွမ်းအားနှင့် နတ်ဖီးနစ်သွေးကြောစွမ်းအားတို့က လုချန်ရှန်း၏ သွေးကြောစွမ်းအားကို လျစ်လျုရှုကာ ဆက်လက်တိုက်ခိုက်ကြပြန်သည်။
ငှက်ကလေး၏ကိုယ်က ထပ်မံစတင်တုန်ယင်လာပြီး ပြေလျော့သွားသည့် မျက်ခုံးမွှေးများကလည်း တင်းကျပ်စွာ ကျုံ့နေပြန်သည်။
ငါ့ကိုလျစ်လျူရှုထားတာလား!
လုချန်ရှန်းမျက်ခုံးပင့်လိုက်မိသည်။
သူဒီသွေးကြောစွမ်းအားအမျှင်စလေးကို ထိန်းချုပ်ရင်း စစ်မြေပြင်အလယ်သို့ ဦးတည်လိုက်၏။
ထို့နောက်ချက်ချင်းဆိုသလို သူ့သွေးကြောစွမ်းအားက နှစ်ပိုင်းကွဲသွားပြီး နဂါးအင်ပါယာသွေးကြောစွမ်းအားနှင့် နတ်ဖီးနစ်သွေးကြောစွမ်းအားတို့ကို အသီးသီး တိုက်ခိုက်လာသည်။
ဘန်း......!
ဒီတိုက်ခိုက်မှုနှင့်အတူ ပေါက်ကွဲသံများက ငှက်ကလေးကိုယ်ထဲ၌ ချက်ချင်းမြည်ဟီးလာသည်။
တစ်ချိန်တည်းမှာပင် ငှက်ကလေးက ရုတ်တရက် ပါးစပ်အပြည့်သွေးတစ်လုပ် အန်လိုက်စဉ် လုချန်ရှန်း၏ ၀တ်စုံဖြူပေါ်သို့ ပက်ဖြန်းသွားခဲ့သည်။
သို့စေကာမူ လုချန်ရှန်းမပေါ့ဆရဲပေ။
လေးနက်သည့်အမူအရာနှင့်အတူ သူချက်ချင်းလက်ကို ဝှေ့ယမ်းကာ အခင်းအကျင်းအစီအရင်အားကို အားဖြည့်ပေးလိုက်သည်။ ရှင်ခြင်းနိယာမက အခင်းအကျင်းဗဟိုချက်သို့ အဆက်မပြတ် တိုး၀င်သွားသည်။
ပတ်ပတ်လည်က မြက်ပင်များကလည်း အရူးအမူးကြီးထွားလာကြကြီး မကြာမီ မြက်က လုချန်ရှန်းထက်ပင် ရှည်လျားသွားခဲ့သည်။
အပင်ငယ်ကလည်း ရှေးဟောင်းသစ်ပင်အဖြစ်ကိုပြောင်းပြီး ကောင်းကင်ထိ ထိုးတက်သွားကာ အကိုင်းနှင့်အရွက်များကလည်း အတော်လေးထူထဲသလို ကောင်းကင်က မိုးကြိုးတိမ်များကို ဖုံးထားသည်။
လုချန်ရှန်းအော်ဟစ်သည်။
"အဲမှာရပ်ကြစမ်း"
သူစကားပြောပြီးသည်နှင့် လုချန်ရှန်း သွေးကြောနှစ်ခု တိုက်ခိုက်ခြင်းကို မရပ်ဘဲ ယင်းအစား သူ့တိုက်ခိုက်မှုများကို ပို၍ ပြင်းထန်အောင် လုပ်နေသည်။
သူနဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့ကို တူညီသည့်ရန်သူအား တိုက်ခိုက်ရာ၌ ပေါင်းစည်းစေချင်သည်။
ထို့နောက် သူကနှစ်ဘက်စလုံးက အမုန်းတရားများကို လုံး၀ဆွဲဆောင်နိုင်ပေလိမ့်မည်။
နဂါးအင်ပါယာသွေးကြောဖြစ်စေ၊ နတ်ဖီးနစ်သွေးကြောဖြစ်စေ နှစ်ခုစလုံးက အတော်လေးမောက်မာသည့် တည်ရှိမှုများဖြစ်သည်။
ဒါကသွေးကြောအားလုံးကို သေချာပေါက် ပေါင်းစပ်ခြင်းကနေ ပိတ်ဆို့မည်သာ။
ထို့ကြောင့် လုချန်ရှန်းပြောသည့်တိုက်ခိုက်မှုက သူ့ကိုယ်ပိုင်သွေးကြောကို အသက်သွင်းပြီး နဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့နှင့်အတူ ပေါင်းစပ်ခြင်းပင်။
ဒီအဆိုကမှန်နေသည်မှာ သိသာထင်ရှားနေသည်။
လုချန်ရှန်း၏ သွေးကြောကို ဒီအတွေးကို ဖော်ပြသောအခါ နဂါးဧကရာဇ်သွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့က ချက်ချင်း ရူးမတတ်ဖြစ်သွားကြသည်။
၎င်းတို့က ဒီလိုပြောနေသည့်အသွင်။
"သေမျိုးလေးတစ်ယောက်က ငါတို့သွေးကြောကို ပေါင်းစပ်ရဲတာလား"
ရုတ်ချည်းဆိုသလို သွေးကြောနှစ်ခုက အဆုံးမဲ့အဖျက်စွမ်းအားဖြင့် ပေါက်ကွဲသွား၏။
ငှက်ကလေး၏ကိုယ်ထဲတွင် မိုးကြိုးက ထိုးတက်လာပြီး နီဗာနမီးက ဆူပွက်နေသည်။
ဒါကငှက်ကလေး၏ဒဏ်ရာများကို အဆက်မပြတ် တိုးလာစေသည်။
လုချန်ရှန်း၏ အစီအရင်ကြောင့်သာ မဟုတ်ပါက ၎င်းကသေသွားသည်မှာ ကြာမြင့်နေပါပြီ။
နဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့က လုချန်ရှန်းကို တစ်ချိန်တည်းတွင် တိုက်ခိုက်လာစဉ် လုချန်ရှန်းကလည်း သူ့တိုက်ခိုက်မှုကို မြှင့်တင်သည်။
သုံးဘက်စလုံးက တစ်ချိန်တည်းတွင် ထိပ်တိုက်တွေ့ဆုံကာ တိုက်မိကြသည်။
သို့စေကာမူ လုချန်ရှန်းဆွံအသွားရသည်။
နဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့က လုချန်ရှန်း၏သွေးကြောနှင့် တိုက်မိသောအခါ မူလဒေါသထွက်နေသည့် နှစ်ဘက်လုံးက အင်ပါယာသွေးကြောများက လန့်သွားကြသည့်အလား တိုက်ခိုက်နေတာကို ရပ်လိုက်ကြ၏။
ဒါကိုမြင်ရသောအခါ လုချန်ရှန်းလည်း ကြက်သေသေသွားခဲ့သည်။
ဘာကိုဆိုလိုတာလဲ၊ ထပ်မတိုက်ခိုက်တော့ဘူးလား!
သူတို့လျှို့ဝှက်အကြံအစည်တစ်ခုကို အစပြုနေတာလား ဒါမှမဟုတ် ဒီအရူးအိုကြီးနှစ်ယောက်က ကြီးမားသည့်လှုပ်ရှားမှုတစ်ချို့ကို တားဆီးနိုင်တာလား!
သို့စေကာမူ လုချန်ရှန်းတွေဝေနေစဉ် နဂါးအင်ပါယာသွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့က လုချန်ရှန်းသွေးကြောကို တိုက်ခိုက်ခြင်းအား ရှောင်ရှားရန်အတွက် တစ်ချိန်တည်းတွင် နောက်ဆုတ်လိုက်ကြ၏။
သူတို့က ကြောက်စရာကောင်းသည့် အရာတစ်ခုခုကို မြင်လိုက်ရသည့်အလားပင်။
လုချန်ရှန်းစိတ်ရှုပ်နေစဉ်မှာပင် စွမ်းအင်စီးကြောင်းနှစ်ခုက လုချန်ရှန်းစိတ်ထဲသို့ သွေးကြောများကနေတဆင့် ၀င်သွားခဲ့သည်။
ဒါက တကယ်တော့ ကမ္ဘာကြီးကဲ့သို့ပင် ကျယ်ပြောရှည်လျားသည့် ဧရာမနဂါးတစ်ကောင်ဖြစ်ခဲ့သည်။
နဂါးကိုယ်ထည်က အလွန်အမင်းကြီးမားကာ ရွှေရောင်အကြေးခွံများဖြင့် ဖုံးထားသည်။
ဒီရွှေရောင်နဂါးတွင် ရိုးရာနဂါးများနှင့် မတူညီစွာပင် ခြေသည်းငါးချောင်းရှိသည်။
ခြေသည်းငါးချောင်းပါရွှေနဂါးကြီး!
နဂါးမျိုးနွယ်စု၏ ဘုရင်!
တခြားတဘက်တွင် ဧရာမနတ်ဖီးနစ်ဖြစ်သည်။
နတ်ဖီးနစ်၏အတောင်ပံများက နီဗာနမီးဖြင့် လောင်ကျွမ်းနေပြီး ကောင်းကင်အား ဖုံးထားသည်။
သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့က သူ့အသိစိတ်ပင်လယ်ထဲ ပေါ်လာခဲ့သော်လည်း အစွန်းဖျားတွင်သာ နေနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း၏စရိုက်အရ သူ့အသိစိတ်ပင်လယ်ထဲတွင် အကာအကွယ်လွှာများ မည်သို့မည်ပုံ မချထားဘဲနေမည်နည်း။
ဒါက သူအာရုံမစိုက်မိစဉ် တခြားသူများ၏ သူ့ဝိဉာဉ်ကို ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခြင်းကနေ တားဆီးရန်ဖြစ်သည်။
ကျင့်ကြံခြင်းကမ္ဘာတွင် ဆိုရိုးတစ်ခုရှိသည်။
ကျွမ်းကျင်သူတစ်ယောက်၏ ရုပ်ခန္ဓာဖျက်ဆီးခံရပါက ကိစ္စမရှိပါ။ သူတို့ပြန်လည်မွေးဖွားနိုင်သည်။
ဝိဉာဉ်ဖျက်ဆီးခံလိုက်ရသည်ဆိုပါက အခြေအနေကို ပြောင်းပြန်လှန်ရန် နည်းလမ်းမရှိသလို ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲကိုလည်း ၀င်နိုင်မည်မဟုတ်တော့။
ဒါကအရင်က လုချန်ရှန်း၏အတွေးဖြစ်သည်။
အကယ်၍သူအသတ်ခံရလျှင်ပင် အနည်းဆုံးတော့ သူ့ဝိဉာဉ်ကို ဖျက်ဆီးခံရမည့်အရေးကနေ ကာကွယ်ရပေမည်။
ထို့နောက် ပြန်လည်မွေးဖွားပြီးနောက်တွင် သူလူကောင်းတစ်ယောက်ဖြစ်လာပေလိမ့်မည်။
၎င်းနောက် သူပြန်လည်မွေးဖွားကာ လေယာဉ်မှူးသားတစ်ယောက် ဖြစ်လာနိုင်သည်။
ဒါကဇာတ်ညွှန်းသစ်တစ်ပုဒ် ပြန်ဖွင့်တာနှင့် တူသည်။
ဒီလိုဆိုပါက ဒီကအရမ်းကြီးမားပေလိမ့်မည်။
လုချန်ရှန်း၏ပုံရိပ်ကလည်း သူ့စိတ်ထဲတွင် ပေါ်လာသည်။
ဧရာမပုံရိပ်နှစ်ခုကို ကြည့်ရင်း လုချန်ရှန်း အနည်းငယ်စိတ်ရှုပ်ထွေးနေပြီးမေးသည်။
"အမ်.....ခင်ဗျားတို့နှစ်ယောက်က တိုက်ခိုက်နေတာမလား၊ ဘာလို့ဒီမှာ ရှိနေရတာလဲ၊ ဘာကိစ္စလဲ"
သည်းခြေငါးချောင်းနဂါးရော နတ်ဖီးနစ်ပါ လုချန်ရှန်းကို လေးစားရိုသေမှုဖြင့် ကြည့်လိုက်ကြ၏။
ဒီမျိုးနွယ်စုနှစ်ခုက အတော်လေးမောက်မာပြီး ဘယ်သူမှသူတို့ကို မယှဉ်နိုင်သည့်အလား အရာအားလုံးကို ငုံ့ကြည့်ခဲ့ကြသည်။
သူတို့အတွက် ယခုလိုခံစားချက်မျိုး ရှိလာရန်ဟူသည် ကောင်းကင်ဘုံသို့ တက်လှမ်းခြင်းထက်ပင် ပို၍ခက်ခဲသည်။
လုချန်ရှန်း ဒီမေးခွန်းကို မေးပြီးနောက် သည်းခြေငါးချောင်းနဂါးရော နတ်ဖီးနစ်တို့က တစ်ချိန်တည်းတွင် ခေါင်းငုံ့ကာ ပြောလိုက်ကြသည်။
"စီနီယာကို နှုတ်ဆက်ပါတယ်"
စီနီယာ!
လုချန်ရှန်းလက်ချောင်းများနှင့် ရေတွက်ကြည့်သည်။
ငါဒီကမ္ဘာကို ရောက်လာတာ နှစ်သုံးဆယ်တောင် မပြည့်သေးပါဘူး၊ ငါကအရမ်း အသက်ကြီးပုံပေါ်နေတာလား!
လုချန်ရှန်းပြန်မပြောနိုင်ခင်မှာပင် သည်းခြေငါးချောင်းနဂါးက မေးသည်။
"စီနီယာ၊ ငါ့သွေးကြောကိုလိုချင်လား"
နတ်ဖီးနစ်ကလည်း လုချန်ရှန်းကိုကြည့်နေသည်။ ၎င်းကလည်း ဒီမေးခွန်းကို မေးချင်သည်မှာ သိသာထင်ရှားနေသည်။
အာ....!
နဂါးမျိုးနွယ်စုဘုရင်နှင့် ဖီးနစ်မျိုးနွယ်စုဘုရင်တို့ရဲ့ သွေးကြောစွမ်းအားက အရမ်းအစွမ်းထက်တယ်မလား၊ ငါဒါကို ဘယ်လိုလုပ် ယူနိုင်မှာလဲ!
သို့စေကာမူ နတ်ဖီးနစ်က ခါးသီးစွာပြုံးသည်။
"စီနီယာ၊ ရှင့်ခွန်အားနဲ့ သွေးကြောအရဆိုရင် ဘာလို့ငါတို့သွေးကြောကို လိုနေဦးမှာလဲ"
"ဆန့်ကျင်ဘက်အနေနဲ့ ငါတို့သွေးကြောနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဒါကရှင့်ကို ဆွဲချသလိုဖြစ်သွားမှာ"
လုချန်ရှန်း "????"
ဟမ်!
ငါ့သွေးကြောက အဲလောက်ထိမိုက်တာလား၊ ဒါကစနစ်ကပေးတဲ့ကိုယ်ခန္ဓာကြောင့်လား!
"ဘာလို့လူတိုင်းက သူတို့ရဲ့သွေးကြော ပေါင်းစည်းမှုကို ကြောက်ကြတာလဲ" သူမေးသည်။
သည်းခြေငါးချောင်းနဂါးကရှင်းပြသည်။
"အကြောင်းရင်းက အစွမ်းထက်သွေးကြောတစ်ခုက တခြားအဆင့်နိမ့်သွေးကြော တစ်ခုခုနဲ့ ပေါင်းစပ်လိုက်ရင် ဒါက အစွမ်းထက်သွေးကြောရဲ့စွမ်းအားကို လျော့ပါးသွားစေနိုင်လို့ပဲ"
နတ်ဖီးနစ်က ခေါင်းညိတ်သည်။
"ဒါကလည်း ငါနဂါးမျိုးနွယ်စုရဲ့သွေးကြောကို မကြိုက်ရတဲ့ အကြောင်းရင်းပဲ"
သည်းခြေငါးချောင်းနဂါးက ချက်ချင်းလှည့်ပြီး ဧရာမနှာခေါင်းပေါက်များကနေ ခရမ်းလျှပ်စီးများကို ထုတ်လွှတ်သည်။
"လိပ်အိုမကြီး၊ မင်းထပ်ပြီးတိုက်ခိုက်ချင်တာလား"
နတ်ဖီးနစ်က နှာခေါင်းရှုံ့ကာလှည့်လာသည်။
"နင်အမှန်တရားကို ငါ့ကိုမပြောပြဘူးလား"
ဒါကိုမြင်သောအခါ ဒီမျိုးနွယ်စုနှစ်စုက ဘာကြောင့် တစ်ခုကိုတစ်ခု အရမ်းမုန်းတီးနေရသလဲဆိုတာ လုချန်ရှန်း နောက်ဆုံးတော့ နားလည်သွားရသည်။
အရမ်းကလေးဆန်လွန်းတယ်!
အပိုင်း(685) coming။