← Chapters

#သွေးကြောများပေါင်းစပ်ခြင်း#

Vol. 48 Ch. 685

#သွေးကြောများပေါင်းစပ်ခြင်း#

Vol. 48 Ch. 685

နှစ်ကောင်စလုံး ငြင်းခုံရင်း စတင်တိုက်ခိုက်ရန် ပြင်လုနီးပါးဖြစ်နေသည်ကို လုချန်ရှန်းကြည့်နေသည်။

လုချန်ရှန်းစိတ်ထဲတွင် နဖူးကိုလက်နှင့် သပ်ကာ အကူအညီမဲ့စွာပင်ပြောသည်။

"ဒီမှာမတိုက်ခိုက်ကြနဲ့၊ ခင်ဗျားတို့ ကျုပ်တည်ဆောက်ထားတဲ့ အသိစိတ်ပင်လယ်ရဲ့ အကာအကွယ်ကို မတော်တဆချိုးဖျက်မိရင် ဘယ်လိုလုပ်မလဲ၊ ဒါကချိုးဖျက်လို့ မရဘူးဆိုရင်တောင် အနည်းငယ်တော့ ထိခိုက်စေနိုင်တယ်လေ"

လုချန်ရှန်း၏မျက်လုံးထဲတွင် ဒီအနည်းငယ်ခြားနားချက်ကပင် သူ့အသက်ကို တစ်ခါတစ်ရံ ကယ်တင်ပေးနိုင်သလို ယူနိုင်ပါသည်။

သူတို့လုချန်ရှန်း၏ စကားလုံးများကို ကြားသောအခါ သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့က ချက်ချင်းတိုက်ခိုက်နေတာကို ရပ်လိုက်ကြပြီး လုချန်ရှန်းရှေ့တွင် နာခံစွာ ရပ်နေကြသည်။

မောက်မာသည့်နဂါးနှင့်ဖီးနစ်ဖြစ်သည့်အပြင် နဂါးမျိုးနွယ်စု၏သခင် သည်းခြေငါးချောင်းရွှေနဂါးနှင့် ဖီးနစ်ကလန်ခေါင်းဆောင် ဖီးနစ်တို့က လုချန်ရှန်းရှေ့တွင် စကားပြန်မပြောရဲသည့် ကလေးကြီးနှစ်ဦးအလား ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

သူတုန်ယင်နေတာရပ်သွားသည့် လက်မောင်းထဲက ငှက်ကလေးကို ခံစားမိသည်။

သို့စေကာမူ ၎င်း၏အော်ရာက အားနည်းနေဆဲပင်။

လုချန်ရှန်းချထားသည့် အခင်းအကျင်းအစီအရင်၏ ကာကွယ်မှုဖြင့်သာ ၎င်း၏ အသက်ကို မဆုံးရှုံးစေရန်အတွက် သေချာရုံမျှ သေချာနိုင်ခဲ့သည်။

ဒါကိုမြင်သောအခါ လုချန်ရှန်းနှစ်ဘက်စလုံးကို ကြည့်ပြီးပြောသည်။

"ကျုပ်စကားပြောမယ်၊ ခင်ဗျားတို့ ကျုပ်ပြောတာကို နားထောင်ချင်လား"

သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့က တစ်ဦးကိုတစ်ဦးကြည့်ရင်း ခေါင်းညိတ်လိုက်ကြ၏။

"စီနီယာ၊ ကျေးဇူးပြုပြီးပြောပါ"

သူတို့ကတတ်နိုင်သမျှနှိမ့်ချနေကြ၏။

သူ၀တ္ထုများတွင် ဖတ်ဖူးသည့် နဂါးနှင့် ဖီးနစ်များဆိုတာ အတုအယောင်ဟုပင် လုချန်ရှန်းသံသယဖြစ်လာမိသည်။

"ခင်ဗျားတို့နှစ်ယောက်စလုံးက သေသွားကြပြီးပြီ၊ ဒါပေမယ့် ခင်ဗျားတို့ရဲ့ မျိုးနွယ်စုအသီးသီး ဒီကမ္ဘာပေါ်က လုံး၀ပျောက်ကွယ်သွားမှာကို ခင်ဗျားတို့လည်း မလိုချင်ဘူးလို့ ကျုပ်ယုံကြည်တယ်"

သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့က တုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်ကြသည်။

မှန်ပေသည်။ မည်သူကများ သူတို့မျိုးနွယ်စုကို ပျက်စီးချင်ကြမည်နည်း။

သူတို့က အတိတ်ကတည်ရှိခဲ့ကြပြီး ခြေရာအနည်းငယ် ကျန်သေးသည်ဟု ရှေးဟောင်းစာအုပ်များတွင် မှတ်တမ်းတင်ထားသော်လည်း သူတို့တည်ရှိမှုခြေရာများက အချိန်ကုန်ဆုံးသွားလာသည်နှင့်အမျှ ဆေးကြောခံလိုက်ရလေပြီ။

"စီနီယာ၊ ရှင့်မှာနည်းလမ်းတစ်ခုခုများရှိလား"

နတ်ဖီးနစ်၏နီရဲနေသော မျက်လုံးများက မျှော်လင့်ချက်ဖြင့် ပြည့်နှက်နေသည်။

စီနီယာကဲ့သို့ခွန်အားရှိသည့် လူတစ်ယောက်ဆိုပါက ဒါကဖြစ်နိုင်ချေရှိပါသည်။

ဒါက အမှန်တကယ်ပင်ဖြစ်နိုင်သည်။

လုချန်ရှန်းပြုံးသည်။

"ဒါကအရမ်းရိုးရှင်းပါတယ်၊ ခင်ဗျားတို့သွေးကြောတွေက နောက်ထပ်သက်ရှိတစ်ခုရဲ့ ကိုယ်ထဲမှာ ရှိနေသရွေ့ ဒီလိုမတူညီတဲ့ နည်းလမ်းနဲ့ ဒီကမ္ဘာကြီးထဲမှာ ရှင်သန်နိုင်မယ်မလား"

သည်းခြေငါးချောင်းရွှေနဂါးက တိတ်ဆိတ်နေသည်။

နတ်ဖီးနစ်က အတွေးနက်နေသည်။

လုချန်ရှန်း၏စကားလုံးများက အရမ်းရိုးရှင်းသည်။

ဘုရင်နှစ်ပါးက ဒါကိုနားလည်ပါသည်။

ဆိုလိုရင်းက ရိုးစင်းရှင်းလင်းသည်။ သူက သူတို့သွေးကြောကို ဖီးနစ်ကလန်က ဒီဂျူနီယာလေး၏ကိုယ်ထဲတွင် ပေါင်းစပ်လိုခြင်းပင်။

နတ်ဖီးနစ်ကတော့ ဆန္ဒရှိပါသည်။ တခြားအကြောင်းရင်းမရှိပေ။ ငှက်ကလေးက သူတို့ဖီးနစ်ကလန်၀င်တစ်ဦး ဖြစ်နေသည် မဟုတ်ပေလော။

ဒါ့အပြင် ၎င်းက နတ်ဖီးနစ်သွေးကြောကို လှုံ့ဆော်နိုင်ခဲ့သည်။

ဒီနဂါးအို၏တိုက်ခိုက်မှုသာ မရှိပါက နတ်ဖီးနစ်က ငှက်ကလေး၏သွေးကြောအဖြစ် ပေါင်းစပ်ရန်အတွက် ပဏာမခြေလှမ်းလှမ်းပြီးနေလေပြီ။

သို့စေကာမူ သည်းခြေငါးချောင်းရွှေနဂါးကရော!

၎င်းက နဂါးမျိုးနွယ်၏သခင်ဖြစ်သော်လည်း ယခုဒီစီနီယာက သူ့ကို ဖီးနစ်ကလန်က မိန်းမငယ်လေး၏ကိုယ်ထဲတွင် ပေါင်းစပ်စေချင်သည်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

ဒါကိုတွေးမိသောအခါ သည်းခြေငါးချောင်းရွှေနဂါးက ‌ခံရခက်နေသည့် အမူအရာဖြင့်ပြောသည်။

"စီနီယာ....စီနီယာ၊ ငါဆန္ဒမရှိတာမဟုတ်ပါဘူး၊ ဒီရောစပ်ထားတဲ့ငှက်ရဲ့သွေးကြောအဖြစ် ပေါင်းစပ်ဖို့နဲ့ နောက်ထပ်သွေးကြောအဖြစ် ပေါင်းစပ်ဖို့ဆိုတာက ငါ့အတွက် အရမ်းကိုခက်ခဲတယ်"

"ဒါက ပေါင်းစပ်ပြီးတဲ့အခါကျရင် ဖီးနစ်ကလန်အတွက် အာဟာရတခုဖြစ်လာလိမ့်မယ်၊ ဒါပေမယ့် ငါ့ရဲ့ကဲ့နဂါးကလန်က လုံး၀ပျောက်ကွယ်သွားမှာလေ"

လုချန်ရှန်းပြုံးသည်။

"မစိုးရိမ်ပါနဲ့၊ ကျုပ်ခင်ဗျားကို ကူညီပေးပါမယ်"

"ကျုပ်ခင်ဗျားရဲ့ သွေးကြောစွမ်းအား အမျှင်စတစ်ခုကို ချန်ထားပြီး သည်းခြေငါးချောင်းရွှေနဂါးတစ်ကောင်ကို ပျိုးထောင်မယ်၊ အဲဒီအချိန်ကျရင် ခင်ဗျားရဲ့ နဂါးသွေးကြောက ဆက်လက်တည်ရှိ‌နေမှာပဲမလား"

လုချန်ရှန်းတွင် ဘယ်လိုလုပ်ရန်အတွက် အကြံမရှိသော်လည်း ငှက်ကလေး၏ အသက်က ပို၍အရေးပါသည်။

ဒီသည်းခြေငါးချောင်းရွှေနဂါးကိုအရင် သူလှည့်စားရပေမည်။

"ဒါ့အပြင် ခင်ဗျားမှာ အခုနောက်ထပ်ရွေးချယ်စရာကောင်း မရှိဘူးလေ၊ ခင်ဗျားရဲ့ အကောင်းဆုံးရွေးချယ်မှုက ကျုပ်ပြောခဲ့သလို ခင်ဗျားရဲ့နဂါးသွေးကြောကို ဒီကမ္ဘာထဲမှာ ဆက်ရှင်သန်အောင် ကူညီပေးမယ့်ပုံစံပဲ"

"မဟုတ်ဘူးဆိုရင် ဒါက အချိန်ကြာလာတာနဲ့အမျှ လုံး၀ပျောက်ကွယ်သွားလိမ့်မယ်"

"ခင်ဗျားဘယ်ဟာကိုရွေးမလဲ"

ရွေးချယ်မှုက သည်းခြေငါးချောင်းရွှေနဂါးထံတွင်ရှိသည်။

ဒါကိုကြားသောအခါ သည်းခြေငါးချောင်းရွှေနဂါးက တိတ်ဆိတ်သွားသည်။

လုချန်ရှန်းကလည်း သူ့အား ဆုံးဖြတ်ချက် အမြန်မချစေခဲ့ပေ။

အကယ်၍သူသာယခု ပူပန်နေပါက အရင်က အားထုတ်မှုအားလုံးက အချည်နှီးဖြစ်သွားရပေလိမ့်မည်။

အမွေးတိုင်တစ်တိုင်ခန့်ကြာပြီးနောက် သည်းခြေငါးချောင်းရွှေနဂါးက စိတ်သက်သာရာရစွာ သက်ပြင်းချရင်း လုချန်ရှန်းအား ကြည့်လိုက်၏။

"နားလည်ပါပြီ၊ ငါမင်းကိုယုံတယ်"

"မင်းနည်းလမ်းအတိုင်းလုပ်ကြတာပေါ့"

လုချန်ရှန်းပြုံးသည်။

"ဒါက အမြော်အမြင်ရှိတဲ့ရွေးချယ်မှုပဲ၊ စလိုက်ကြရအောင်"

သူနဂါးနှင့် နတ်ဖီးနစ်ဘုရင်တို့၏ သွေးကြောစွမ်းအားများကို ပေါင်းစပ်ခဲ့သည်။

ဒါက ကောင်းကင်ဘုံကို တက်သည့်ပမာ အလွန်အမင်း ခက်ခဲသည့်နည်းလမ်းတစ်ခုဆိုတာ သံသယမရှိသေချာသည်။ ‌ဒါက မဖြစ်နိုင်လုနီးပါးပင်။

သို့စေကာမူ လက်ရှိအခြေအနေက သူ့ကို တခြားဖြေရှင်းနည်းများ တွေးရန်အတွက် ခွင့်မပြုခဲ့ပေ။

ပန်းတိုင်၏ပထမအဆင့်ကို သူအောင်မြင်သွားလေပြီ။

ထို့နောက် သည်းခြေငါးချောင်းရွှေနဂါး၏ သွေးကြောနှင့် နတ်ဖီးနစ်သွေးကြောတို့ကို သူ့၏ ရှေးဦးမူလသွေးကြောနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်ရပေမည်။

ဒီလိုသွေးကြောစွမ်းအားရှိသည့် လူတစ်ယောက်က ဒီနည်းလမ်းကို အကြံပြုလာလေကာ သူ့တွင်လည်း သူ့နည်းသူ့ဟန် ရှိရပေမည်။

လုချန်ရှန်း သူတို့အားကြည့်ရင်း လက်အစုံကိုဖြန့်လိုက်သည်။

ချက်ချင်းဆိုသလို မမြင်ရသည့်အော်ရာတစ်ခုက ပျံ့နှံ့လာခဲ့သည်။

သို့စေကာမူ ဒီအော်ရာထဲတွင် ဘာဂုဏ်သတ္တိမှမပါသလို မည်သည့် တိုက်ခိုက်ရေးစွမ်းအားမှလည်း မရှိပါ။

သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့က တစ်ဦးကိုတစ်ဦး စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

သူတို့က အတော်လေးရှေးကျသော်လည်း ယခုလို ဂုဏ်သတ္တိမရှိ၊ ရန်လိုမှုဟူ၍မရှိဘဲ သည်းခံမှုဖြင့်သာ ပြည့်နှက်နေသည့် အော်ရာမျိုးကို တခါမှမမြင်ဖူးကြပါ။

ဒါက ရာချီသည့်မြစ်များနှင့် အလိုက်သင့်ရှိနေပြီး အရာအားလုံးနှင့် ပေါင်းစပ်နိုင်သည့်အလားပင်။

ထိုအချိန်တွင် လုချန်ရှန်းအော်ဟစ်သည်။

"စတော့"

သူစကားပြောပြီးသည်နှင့် တပြိုင်နက် သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့၏ ကိုယ်ခန္ဓာများက စတင်ဖြည်းဖြည်းချင်း ပျောက်ကွယ်လာပြီး အလွန်အမင်း ထူထဲသိပ်သည်းသည့် သွေးစက်အဖြစ် ပြောင်းလဲသွားသည်။

သည်းခြေငါးချောင်းရွှေနဂါး၏သွေးက ရွှေရောင်ရှိပြီး ရွှေလျှပ်စီးက သွေးကို ၀န်းရံနေကာ ကမ္ဘာပျက်ကိန်းအစွမ်းကို ထုတ်လွှတ်နေသည်။

နတ်ဖီးနစ်သွေးစက်ကမူ နတ်ဖီးနစ်၏ နီဗာနမီးတောက်နှင့်အတူ ကြေးသွေးနီရောင်ရှိပြီး ပတ်၀န်းကျင်က အရာရာတိုင်းကို လောင်ကျွမ်း‌စေသည်။

ဒါက လုချန်ရှန်း၏နှလုံးသားကိုပင် သောကရောက်သွားစေသည်။

သူ့အသိစိတ်ပင်လယ်ကို ကာကွယ်ရန်အတွက် သူစွမ်းအင်ဘယ်လောက်ထိ သုံးစွဲရဦးမည်နည်း။

ထိုအချိန်တွင် သူပြန်သွားသောအခါ ဒါကို ပြန်လည်ကောင်းမွန်အောင်လုပ်ရင်း အားဖြည့်ပေးရပေမည်။

ဒီအတွေးသူ့စိတ်ထဲ လင်း၀င်းလာပြီးနောက် လုချန်ရှန်းဒီအတွက်ကြောင့် မရပ်ခဲ့ပေ။ ယင်းအစား သူတို့သွေးကို ၀န်းရံရန်အတွက် ရှေးဦးမူလအော်ရာကို ချက်ချင်းထိန်းချုပ်သည်။

ရှေးဦးမူလအော်ရာနှင့်အတူ သွေးစက်နှစ်စက်က အတူတကွစုစည်းလာကြပြီး နောက်ဆုံးတွင် ပေါင်းစပ်မှုက စတင်လာသည်။ ‌

ပေါင်းစပ်မှုဖြစ်စဉ်အတွင်း စွမ်းအင်တွန်းကန်မှု၏ ပေါက်ကွဲမှုက ရှောင်လွှဲ၍မရပေ။

သည်းခြေငါးချောင်းရွှေနဂါးနှင့် နတ်ဖီးနစ်တို့က ယာယီပြန်လည်သင့်မြတ်ရေးဆီကို ရောက်နေကြသော်လည်း အဆုံးသတ်တွင် ၎င်းတို့က ကွဲပြားသည့်သွေးကြောစွမ်းအားများ ဖြစ်နေသည် မဟုတ်ပေလော။

ဒါ့အပြင် ဒီသွေးကြောစွမ်းအားနှစ်ခုဟ အဆင့်များက အတော်လေးမြင့်မားသည်။

ထို့ကြောင့် ဒါတွေကို ပေါင်းစပ်ရန်ဟူသည် ပို၍ပင်ခက်ခဲသည်။

၎င်းနောက် ရှေးဦးမူလ၏ အကူအညီနှင့်အတူ ‌အမွေးတိုင်တစ်တိုင် လောင်ကျွမ်းသွားသည့် အချိန်တွင် ၎င်းတို့က ပေါင်းစပ်သွားခဲ့သည်။

အပိုင်း(686) coming။

All Chapters