← Chapters

#အောင်မြင်စွာပေါင်းစပ်ခြင်း#

Vol. 48 Ch. 686

#အောင်မြင်စွာပေါင်းစပ်ခြင်း#

Vol. 48 Ch. 686

ဒါကအရမ်းခက်ပုံမပေါ်ပါဘူး!

ပေါင်းစပ်ခြင်းဖြစ်စဉ်က အတော်လေးခက်ခဲပုံပေါ်သော်လည်း အမွေးတိုင်တစ်တိုင်စာမျှအချိန်သာ ကုန်ဆုံးခဲ့သည်။

လုချန်ရှန်း သူ့ရှေ့က သွေးစက်ကို ကြည့်လိုက်၏။

သွေးပတ်ပတ်လည်၌ နတ်ဖီးနစ်နီဗာနမီးတောက်က လောင်ကျွမ်းနေသည်။

အကွာအဝေးက အတော်လေး သေးငယ်သော်လည်း သူကြည့်လိုက်သောအခါ မိုးထိလုနီးပါး မီးပင်လယ်တစ်ခုကို တွေ့လိုက်ရသည့်အသွင်။

ဒါကထာ၀ရလောင်ကျွမ်းနိုင်သည်။

သို့စေကာမူ နတ်ဖီးနစ်နီဗာနမီးတောင်၏ အရောင်က အရင်ကနှင့်ယှဉ်ပါက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

ဒါကအနီရောင်ကနေ ရွှေရောင်ပြောင်းသွားခဲ့သည်။

မီးတောက်က ရွှေရောင်လျှပ်စီးဖြင့် ပြည့်နှက်နေပြီး နှစ်ခုလုံးက တစ်ခုကိုတစ်ခု ဖြည့်စွက်နေကြ၏။

အရင်ကနှင့်ယှဉ်ပါက အော်ရာက ပို၍ထူထဲသိပ်သည်းကာ ကြောက်စရာကောင်းလာသည်။

ဒီနေရာတွင် ဒါကို အောင်မြင်မှုတစ်၀က်ဟု မှတ်ယူ၍ရသည်။

ထို့နောက် သူက ဒီသွေးစက်ကို ငှက်ကလေး၏ သွေးကြောထဲ အပြည့်အ၀ ပေါင်းစပ်ရမည်။

သုံးခုလုံး၏ သေဎးကြောစွမ်းအားကို ပေါင်းစပ်ပြီးမှသာလျှင် သူအမှန်တကယ် အောင်မြင်ပေလိမ့်မည်။

ငှက်ကလေး၏ အသက်ဓာတ်က ပျောက်ကွယ်မသွား‌သေးသော်လည်း ဒါက အကန့်အသတ်ကို ရောက်နေလေပြီ။

လုချန်ရှန်းတွင် အချိန်အများကြီးမရှိပါ။

လုချန်ရှန်းမျက်လုံးများကို ဖွင့်လိုက်စဉ် ရွှေနီရောင်သွေးစက်က သူ့မျက်ခုံးကြားကနေ စိမ့်ထွက်လာသည်။

သူလက်မောင်းထဲက ငှက်ကလေးကို ငုံ့ကြည့်ရင်း လေးနက်စွာပြောသည်။

"မင်းထပ်ပြီးချုပ်တည်းထားရမယ်၊ မင်းချုပ်တည်းထားနိုင်သရွေ့ အရာအားလုံး အဆင်ပြေနေမှာ၊ မင်းခွန်အားကလည်း သေချာပေါက် အကြီးအမား တိုးတက်လာလိမ့်မယ်"

အသံကမကျယ်သော်လည်း လုချန်ရှန်း ငှက်ကလေး၏ အသိစိတ်ထဲကို ပို့ရန်အတွက် ကျင့်ကြံခြင်းကို အသုံးပြုခဲ့သည်။

ဒါက ငှက်ကလေးကိုသတိလစ်ပြီး မကြားတော့သည့်အခြေအနေကနေ ကာကွယ်ရန်ဖြစ်သည်။

ငှက်ကလေးက ညင်သာစွာ ခေါင်းညိတ်သည်။

ဒါကိုမြင်သောအခါ လုချန်ရှန်း ကမ္ဘာကြီးကိုပင် ချေမွပစ်နိုင်ပုံရသည့် ကြောက်စရာကောင်းသော အဆီအနှစ်သွေးစက်ကို ကိုင်ပြီး ငှက်ကလေးနှလုံးဆီသို့ ညွှန်လိုက်သည်။

နှလုံးက သွေးလည်ပတ်မှုအတွက် အဓိကမောင်းနှင်အားဖြစ်သည်။

ထို့ကြောင့် သွေးကြောနှင့် ပေါင်းစပ်ပြီးနောက် နှလုံးကနေ စတင်ရပေမည်။

နှလုံး၏ တဘ်နေရာက တည်ငြိမ်သွားသရွေ့ ကျန်သောသွေးကြောများက သွေးလည်ပတ်မှုနှင့် လုံး၀ပေါင်းစပ်သွားပေလိမ့်မည်။

သွေးအဆီအနှစ်က ငှက်ကလေး၏နှလုံးနှင့် ပေါင်းစပ်သောအခါ ငှက်ကလေး၏ ကိုယ်က ရုတ်တရက် ကွေးညွတ်သွားပြီး မျက်လုံးများကို ရုတ်တရက်ဖွင့်ကာ ကျယ်လောင်စွာ ဟစ်ကြွေးသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ လုချန်ရှန်း၏မျက်နှာက လေးနက်သွား၏။ သူက အခင်းအကျင်းအစီအရင်၏ ‌ရှင်ခြင်းနိယာမကို အားကိုးခဲ့သည်သာမက ရှင်ခြင်းနိယာမကို ငှက်ကလေးကိုယ်ထဲသို့ အဆက်မပြတ် လွှဲပြောင်းပေးခဲ့သည်။

လုချန်ရှန်း အကျိုးဆက်တွေကို မတွေးခဲ့ပေ။

သူ့၏ကုန်ဆုံးသွားသောပမာဏနှင့် နောက်ဆက်တွဲရှိ၊ မရှိကို သူမစဉ်းစားခဲ့ပေ။

ရှင်ခြင်းနိယာမနှင့် ရှေးဦးမူလအော်ရာက ငှက်ကလေး၏ကိုယ်ထဲသို့ အလကားရသည့်အလား စီးဝင်နေသည်။

ဒါက ငှက်ကလေး၏ အသက်ဓာတ်ကို ထိန်းသိမ်းပေးပြီး အတွင်းအင်္ဂါများကို ကာကွယ်ပေးသည်။

ထို့နောက် သွေးကြောများ၏ ပေါင်းစပ်မှုကို လမ်းညွှန်ရန်အတွက် ရှေးဦးမူလအော်ရာကို အသုံးပြုခဲ့သည်။

အကယ်၍ သွေးကြောစွမ်းအားနှစ်ခု ပေါင်းစပ်ခြင်းက ကောင်းကင်ဘုံကို တက်လှမ်းသည့်ပမာ ခက်ခဲသည်ဟုဆိုပါက သွေးကြောစွမ်းအားသုံးခု ပေါင်းစပ်ခြင်းက ကောင်းကင်ဘုံသို့ တက်ရောက်သည်ထက်ပင် ပို၍ခက်ခဲသည်။

လက်ရှိအခြေအနေတွင် တွန်းကန်အားဟူ၍ မရှိတော့သည့် ရွှေနီရောင်သွေးက ငှက်ကလေး၏ သွေးကြောစွမ်းအားကို တွေ့ပြီးနောက်တွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတခုကို စတင်ထုတ်လွှတ်သည်။

သုံးခုလုံးက အဆက်မပြတ်ခုခံနေကြ၏။

ဒါက အတွင်းအသိစိတ်ကြောင့်မဟုတ်ဘဲ သွေးကြောထဲက မသိစိတ်ကြောင့်ဖြစ်သည်။

လူတိုင်း၏သွေးကြောက သူတို့ကိုယ်များထဲသို့ တခြားသွေးကြောများနှင့် ပေါင်းစပ်ခြင်းကနေ မသိစိတ်က ငြင်းပယ်ရန်အတွက် အကောင်းဆုံးကြိုးစားမည်သာ။

လူသားကိုယ်ခန္ဓာကဲ့သို့ပင် အကယ်၍ သွေးအမျိုးအစားက မတူပါက သွေးသွင်းမှုကို လုပ်၍မရပေ။

မဟုတ်ပါက အကျိုးဆက်များက မတွေးရဲစရာပင်။

သွေးကြောသုံးခုက ငှက်ကလေး၏ ကိုယ်ထဲတွင် အဖျက်စွမ်းအားနှင့်အတူ အဆက်မပြတ် ပေါက်ကွဲနေသည်။

ဒီအခြေအနေက အရင်က ငှက်ကလေး၏ ကိုယ်ကို စစ်မြေပြင်အဖြစ် အသုံးပြုခဲ့စဉ်ကဖက် အဆတစ်ရာခန့်ပိုဆိုးရွားသည်။

အကယ်၍ ဒီလိုအခြေအနေသာ နောက်ထပ် အမွေးတိုင်တစ်တိုင်လောင်သည့်အကြိမ်မျှ ကြာမြင့်သွားမည်ဆိုပါက ရှင်ခြင်းနိယာမ၏ အကာအကွယ်နှင့်ပင် ငှက်ကလေးက ဒီလိုပြင်းထန်သည့် တုံ့ပြန်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်။

ငါဘာလုပ်သင့်လဲ၊ ငါဘာလုပ်နိုင်လဲ!

လုချန်ရှန်း အနည်းငယ်ပူပန်နေသည်။

သူ့ဦးနှောက်က အရူးအမူး အလုပ်လုပ်နေသည်။

ငါ့သွေးကြောကို ယာယီရုပ်သိမ်းလိုက်ရမလား!

မရပေ။ သွေးက ၎င်း၏အစိတ်အပိုင်းတစ်ခုအဖြစ် ပေါင်းစပ်နေပြီဖြစ်လေရာ အကယ်၍ အတင်းအဓမ္မထုတ်ယူပါက ငှက်ကလေးပေါ်၌ ပြန်ပြောင်းမရနိုင်သည့် သက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။

သူတခြားဘာကိုမှ ဂရုမစိုက်ဘဲ အတင်းပေါင်းလိုက်ပါကရော!

ဒါကပို၍ပင်မဖြစ်နိုင်ပေ။

ဒါကငှက်ကလေး၏ သေခြင်းတရားကို အရှိန်မြှင့်ပေးသည်နှင့် တူနေပေလိမ့်မည်။

လုချန်ရှန်၏မျက်လုံးများက တဖြည်းဖြည်းသွေးရောင်လွှမ်းလာသည်။

ငှက်ကလေး၏ ရုပ်ပိုင်းဆိုင်ရာအခြေအ‌နေကို သူခံစားမိပါသည်။

နောက်ဆုံးတွင် စိတ်ဝိဉာဉ်အလင်းတစ်ချက် လင်း၀င်းသွားခဲ့သည်။

အင်အားစုသုံးခုက အဓိကရုဏ်းများ ဆက်လက်လုပ်ဆောင်နေကြ၏။

ထို့ကြောင့် သူကသွေးကြောသုံးခုလုံးကို ဖိနှိပ်ရန်အတွက် ပိုအားကောင်းသည့် သွေးကြောစွမ်းအားတခုကို သုံးနိုင်သည်။

ဒါက ၎င်းတို့အတွက် မငြင်းဆန်နိုင်တော့ဘဲ ပေါင်းစပ်ရအောင် လုပ်နိုင်ပေလိမ့်မည်။

ဒါကဖြစ်နိုင်လား!

လုချန်ရှန်းဒါကိုတွေးနေစဉ် ငှက်ကလေးက နောက်ထပ်စူးရှသည့် ဟစ်ကြွေးသံတစ်သံကို ထုတ်လွှတ်သည်။

ဒဏ်ရာလုံး၀မရှိတော့တာ ‌ရှင်းလင်းနေချိန်တွင် ၎င်းတစ်ကိုယ်လုံးမှ သွေးများက စတင်စိမ့်ထွက်လာကြသည်။

သို့စေကာမူ ဆုံးရှုံးသွားသည့်သွေးပမာဏက ဒီထက်ပင်ပိုများနေလေပြီ။

လုချန်ရှန်းတွင် အကျိုးဆက်များကို တွေးတောရန်အတွက် အချိန်မရှိတော့ပါ။

သူလက်ချောင်းကို ထပ်ကိုက်လိုက်၏။

ထို့နောက်သွေးအဆီအနှစ်တစ်စက်ကို ညှစ်ထုတ်ကာ ငှက်ကလေး၏ကိုယ်ထဲသို့ ထည့်သွင်းလိုက်သည်။

လုချန်ရှန်း၏ သွေးအဆီအနှစ်က ရွှေနီရောင်သွေးနှင့် ငှက်ကလေး၏ သွေးကြောစွမ်းအားဘေးတွင် ပေါ်လာစဉ် တိုက်ပွဲက ရုတ်တရက် ရပ်သွားရသည်။

ရွှေနီသွေးဖြစ်စေ ငှက်ကလေး၏ သွေးကြောဖြစ်စေ ဒီမြင်ကွင်းကို သတိထားမိသည်နှင့် အားလုံးက တုန်ယင်သွားကြ၏။

လုချန်ရှန်း အရမ်းပျော်သွားသည်။

ထို့နောက် သူရှေးဦးမူလကို လှည့်ပတ်ရင်း သွေးကြောသုံးခုကို သူ့သွေးအဆီအနှစ်ထဲတွင် စတင်ပေါင်းစပ်သည်။

လုချန်ရှန်း၏ သွေးအဆီအနှစ်ကိုမူ ကြား၀င်ညှိနှိုင်းသူအဖြစ် အသုံးပြုခဲ့သည်။

ငှက်ကလေး၏တုန်ယင်မှုက တဖြည်းဖြည်းရပ်သွားသည်။ ထိုအချိန်တွင် ၎င်း၏ ကိုင်းညွတ်နေသည့် ကိုယ်ကလည်း လုချန်ရှန်းလက်မောင်းထဲတွင် ပြေလျော့သွားသည်။

သွေးများက စီးဆင်းနေတာရပ်သွားသည်။ လုချန်ရှန်း၏ ၀တ်စုံဖြူက အနီရောင် ဆိုးထားသလို ဖြစ်နေသော်လည်း သူစိတ်ထဲမထားပေ။

အများဆုံးတော့ ဒါက ပျော်ပွဲစားအခါသမယတခုပမာသာ ဖြစ်သည်။

အချိန်က ဖြည်းဖြည်းချင်းကုန်သွားပြီး သွေးကြောက စတင်ပေါင်းစပ်လာသည်။

ဒီဖြစ်စဉ်အတွင်း လုချန်ရှန်း အစီအရင်ကို မဖယ်ရှားပစ်ခဲ့သလို ရှင်ခြင်းနိယာမနှင့် ရှေးဦးမူချီကို ငှက်ကလေးကိုယ်ထဲ သွန်ထည့်ပေးနေတာကိုလည်း မရပ်ခဲ့ပေ။

ဒါက မမျှော်လင့်သည့် အရာတစ်ခုခုဖြစ်ပျက်လာပါက သူအချိန်မီဖြေရှင်းနိုင်ရန်အတွက်ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ခုနှစ်ရက်ကုန်ဆုံးသွားခဲ့သည်။

ဒီခုနှစ်ရက်အတွင်း ငှက်ကလေး၏ သွေးကြောစွမ်းအား ပေါင်းစပ်ခြင်းဖြစ်စဉ်က အတော်လေးချောမွေ့နေခဲ့ပြီး အော်ရာကလည်း အဆက်မပြတ် ထိုးတက်နေသည်။

ဒီနယ်ပယ်ကို ဘယ်လိုခေါ်ရမလဲဆိုတာ လုချန်ရှန်းမသိသော်လည်း ဒါက အရင်ကထက် အများကြီးပို၍ သေချာပေါက် အထင်ကြီးစရာကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ငှက်ကလေးက ရုတ်တရက်မျက်လုံးများကို ဖွင့်လိုက်၏။

ထို့နောက် ၎င်း၏အတောင်ပံများကို ယပ်ခတ်ရင်း တိမ်များကြားသို့ ထိုးတက်သွားသည်။

ထိုအချိန်တွင် တိမ်မည်းများက ကောင်းကင်ကိုဖုံးထားသည့် သွေးနီရောင်တောင်ပံနှစ်ခုနှင့်အတူ ပြန့်ကြဲသွားသည်။

အလွန်အမင်းအစွမ်းထက်သည့် ဖိအားတစ်ခု ဆင်းသက်လာသည်။

လုချန်ရှန်း အပြုံးရေးရေးဖြင့် မော့ကြည့်သည်။

ဒါက သွေးနီရောင်နတ်ဖီးနစ် နီဗာနမီးတောက်ပေတည်း။

ထို့ထဲတွင် လုချန်ရှန်း၏ ကိုယ်ပိုင်အော်ရာလည်းရှိသည်။

သွေးကြောပေါင်းစပ်ခြင်းက အတော်လေးအောင်မြင်သွားခဲ့တာ သိသာထင်ရှားနေသည်။

ငှက်ကလေး၏နယ်ပယ်ကလည်း အကြိမ်ပေါင်းများစွာ ချိုးဖျက်သွားခဲ့သည်။

၎င်းက အဆီအနှစ်များစွာကို သုံးစွဲခဲ့သဖြင့် ပြန်သွားသောအခါ ကိုယ့်ကိုကိုယ် အားဖြည့်ရန်သာ လိုအပ်သည်။

အပိုင်း(687) coming။

All Chapters