← Chapters

လင်ပေါင်ထျန်းကျွင်း၏ချင်းဖိန်ဓား

Vol. 96 Ch. 1337

လင်ပေါင်ထျန်းကျွင်း၏ချင်းဖိန်ဓား

Vol. 96 Ch. 1337

အခန်း (၁၃၃၇) လင်ပေါင်ထျန်းကျွင်း၏ချင်းဖိန်ဓား

နွယ်ပင်ဧကရီထွက်ခွာသွားပြီးနောက် ရွှမ်ဟွမ်ဧကရီ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။

တစ်လောကလုံးတွင် နွယ်ပင်ဧကရီ၏ အဆက်အနွယ်များ၏ အောင်မြင်မှုများကို ဒဏ္ဍာရီတစ်ပုဒ်သဖွယ် သတ်မှတ်နိုင်သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက်ပိုင်း သူမကိုခြိမ်းခြောက်နိုင်သူ လုံးဝမရှိသလောက်ဖြစ်ခဲ့ပြီး မဟာကပ်ဘေးကြီးမတိုင်ခင် သိုင်းကျင့်ကြံခြင်း ဖွံ့ဖြိုးတိုးတက်ခဲ့သော အချိန်ကာလကပင် သူမကို ခြိမ်းခြောက်နိုင်သူ နည်းပါးလှသည်။

ထိုသို့သော ကြီးကျယ်ခမ်းနားသည့် အောင်မြင်မှုမျိုးသည် လူတို့ကို အံ့အားသင့်စေရုံသာမက ချီးကျူးဖွယ်ရာလည်း ဖြစ်စေသည်။

ယခု နွယ်ပင်ဧကရီ၏တပည့် (၆)ယောက်တွင် (၂)ယောက်သာလျှင် ကျန်ရှိတော့သည်။

ထိုတပည့် (၂)ယောက်အနက် တစ်ယောက်က စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ ဖြစ်ပြီး ၊ သူက  အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှထွက်ခွာသွားကာ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံးနှင့် လုံးဝ ကင်းကွာသွားခဲ့သည်။

ကျန်ရှိသည့်တပည့်ကတော့ ရွှမ်ဟွမ်ဧကရီဖြစ်ပြီး သူမက ဘက်ပေါင်းစုံတွင် ထူးချွန်သူတစ်ယောက် ဖြစ်သည်။

သို့သော် ပြဿနာမှာ သူမက ‘ကျောက်စိမ်းကျောက်ဆောင်’ မှ အဆက်အနွယ်များနှင့်ပတ်သက်လာလျှင် ဆရာဖြစ်သူနှင့် ဆန့်ကျင်ဘက်တွင် အမြဲတမ်း ရပ်တည်ခြင်း ဖြစ်၏။

နွယ်ပင်ဧကရီ နေရာတွင် ရန်ကျောက်ကဲဆိုလျှင်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး ကျေလည်မှုရှိမည် မဟုတ်ပေ။

ထို့ပြင် နွယ်ပင်ဧကရီနှင့် အထက်ဘုံကမ္ဘာမှ တိဟွမ်မြေကမ္ဘာဧကရဇာ်’ကျန်းရှန်’ တို့မှာ မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိခဲ့သူဖြစ်ပြီး အသက်အရွယ်အားဖြင့်လည်း တူညီကြသည်။

သူတို့အနေဖြင့် မူလသမ္မာတရားကပ်ဘေးကို မကျော်လွန်နိုင်ဘဲ ၊ အမတချီစွမ်းအား(၅)မျိုးပေါင်းစည်းပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့ တက်ရောက်နိုင်ခြင်းမရှိပါက သူတို့နှစ်ယောက်လုံးကို အလွန်တရာ အိုမင်းနေပြီဟု ပြောဆိုနိုင်သည်။

နွယ်ပင်ဧကရီက ဒဏ်ရာဟောင်းများရှိနေပြီး ထိုဒဏ်ရာများက သူမ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ထိခိုက်စေခဲ့သည်ဖြစ်ရာ သူမ၏သက်တမ်းကို တစ်နည်းနည်းဖြင့် ထိခိုက်စေနိုင်သည်။

ဟုတ်ပေ၏။

သူမက အမတချီစွမ်းအား(၄)မျိုးကို ပေါင်းစည်းနိုင်စွမ်းရှိသော နက်ရှိုင်းနတ်ဘုရားတစ်ပါး ဆိုပါက သူမအနေဖြင့် ဘဝသက်တမ်း နှစ်ပေါင်းတစ်သောင်းကျော် ရှင်သန်နိုင်မည် ဖြစ်သည်။

ထို့ကြောင့် နွယ်ပင်ဧကရီအနေဖြင့် သက်တမ်းကုန်ဆုံးရန် နီးကပ်နေမည်ဆိုဦးတော့ သူမ၏သေဆုံးမှုက လာမည့်နှစ်ပေါင်းရာဂဏန်းအတွင်း ဖြစ်လာဦးမည် မဟုတ်သေးပေ။

သို့ပေသိ အမှန်တကယ် အရေးကြီးသောအရာမှာ နွယ်ပင်ဧကရီမှာ သူမရရှိထားသည့်ဒဏ်ရာများကြောင့် မူလသမ္မာတရားကပ်ဘေးကို အောင်မြင်စွာဖြတ်ကျော်နိုင်မည့် မျှော်လင့်ချက် မရှိခြင်းပင် ဖြစ်သည်။

ရန်ကျောက်ကဲက ရွှမ်ဟွမ်ဧကရီ’ကောင်းချင်းရွှမ်’ ကို လှမ်းကြည့်လိုက်သည်။

သူမ ငြိမ်သက်နေကြေင်းတွေ့လိုက်ရတော့ သူသည်လည်း တိတ်ဆိတ်စွာသက်ပြင်းချလိုက်မည့် မည်သည့်စကားမှ မဆိုတော့ပေ။

နွယ်ပင်ဧကရီ၏ အခြေအနေကထူးခြားပြီး သူမ၏ဒဏ်ရာများက ကုသရန် ခက်ခဲသည်။

သို့သော် ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်နိုင်မှု ပိုမိုကျွမ်းကျင်လာသလို ခန်းမကို သန့်စင်နိုင်မှုကလည်း ပိုမိုနက်ရှိုင်းလာသည်ဖြစ်ရာ သူမ၏ဒဏ်ရာများကိုကုသရန် နည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်၏။

သို့ရာတွင် နွယ်ပင်ဧကရီ၏အပြုအမူကိုကြည့်ခြင်းအားဖြင့် သူမက သူ၏အကူအညီကို လက်ခံမည်မဟုတ်ကြောင်း သိသာထင်ရှားသည်။

ရွှမ်ဟွမ်ဧကရီက...

“ငါ နောက်မှ ဆရာနဲ့ စကားပြောလိုက်မယ်”

ရွှမ်ဟွမ်ဧကရီက သာမန်လူတစ်ယောက် မဟုတ်ပေ။

ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး ပြောင်းရွှေ့ရန် အာရုံစိုက်လိုက်သည်။

“ကျောက်ကဲ ပြင်ဆင်မှုတွေ ဘယ်လိုရှိပြီလဲ”

ဤကိစ္စက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး၏ အနာဂတ်ကိုဆုံးဖြတ်မည့် အရေးကြီးကိစ္စတစ်ခုဖြစ်ကြောင်း နွယ်ပင်ဧကရီသည်ပင် ဝန်ခံရမည်ဖြစ်သည်။

ရန်ကျောက်ကဲက...

“ကျွန်တော်တို့ အရင်ကဆွေးနွေးခဲ့သလိုပဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ပြင်ဆင်မှုတချို့ လုပ်ဆောင်ခွင့်ပေးစေချင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီကိုယ်ပွားက ကျွန်တော့်ရဲ့ကိုယ်ပွားဆိုပေမယ့် ကျွန်တော် ပြင်ဆင်ထားတဲ့အရာတွေနဲ့ အလုပ်တာဝန်တွေကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ လုံလောက်ပါတယ် ၊ ဒါပေမဲ့ ရွှမ်ဟွမ်ဧကရီနဲ့ စန့်ချင်အဆက်အနွယ်က အကြီးအကဲအားလုံးရဲ့ အကူအညီကိုတော့ လိုအပ်ပါတယ် ၊ ဒါဆိုရင် ကျွန်တော့်အနေနဲ့ အချိန်တိုအတွင်း ကိစ္စရပ်အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်”

“အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှာ ပြင်ဆင်မှုတွေအားလုံး ပြီးဆုံးသွားပြီဆိုတာနဲ့ နက္ခတ်ဧကရာဇ်တို့အုပ်စုက ရန်သူကိုအာရုံလွှဲဖို့ ဆူပူမှုတစ်ခု လုပ်ကြပါလိမ့်မယ်”

ထိုစကားကိုကြားတော့ စန့်ချင်အဆက်အနွယ်မှ တန်ခိုးစွမ်းအားရှင်များအားလုံး ခေါင်းညိတ်သဘောတူလိုက်ကြသည်။

အဂ္ဂိရတ်ခန်းမကို ရှာဖွေရန်ကြိုးစားနေသူများက အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အာရုံစိုက်နေပြီး ရန်ကျောက်ကဲတို့အုပ်စုအား ခြေရာကောက်ရှာဖွေရန် မျှော်လင့်နေကြသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတစ်ခုလုံး၏ ပြောင်းရွှေ့မှုက သေချာပေါက် ကြီးမားသည့်ဆူပူမှုတစ်ခုဖြစ်လာမည်မှာ သေချာသည်။

ဤသည်ကို အခြားသူများထံမှ ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲက ပတ်ဝန်းကျင်တွင် စောင့်ကြည့်နေသူများကို အာရုံလွှဲရန် နည်းလမ်းတစ်ခု စဉ်းစားထားရသည်။

ပြီးလျှင် ထိုအခွင့်အရေးကိုအသုံးချပြီး သူ့အတွက် အောင်မြင်မှုရရှိရန် လုပ်ဆောင်ရပေမည်။

“လူတိုင်းကို အာရုံလွှဲနိုင်မှာမဟုတ်ပေမယ့် တချို့တဝက်ကို အာရုံလွှဲနိုင်ရင်တောင် အောင်မြင်ဖို့အခွင့်အလမ်း ပိုများလာမှာပါ”

ရန်ကျောက်ကဲက ရှင်းပြသည်။

“အချိန်ကျပြီဆိုတာနဲ့ ကျွန်တော်က အဂ္ဂိရတ်ခန်းမကို တာအိုစကြာဝဠာဆီကို ပြန်ယူလာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို အတွင်းမှာပေါင်းစည်းလိုက်မယ် ၊ ပြီးရင် ချက်ချင်းပြန်ထွက်ခွာပြီး အဆုံးမရှိတဲ့ ပြင်ပဗလာနယ်ထဲမှာ ပြန်ပုန်းကွယ်နေပါမယ်”

ရွှမ်ဟွမ်ဧကရီက...

“မင်း စိတ်ကူးထားတဲ့အတိုင်းသာလုပ်ပါ ၊ မင်းရဲ့အစီအစဉ်အောင်မြင်ဖို့ ငါတို့တွေ ပူးပေါင်းလုပ်ဆောင်ပေးမယ် ၊ အစီအစဉ် မအောင်မြင်ခင်မှာတော့ ဆူပူမှုတွေအများကြီး မလုပ်စေချင်ဘူး ၊ မင်းရဲ့လှုပ်ရှားမှုတွေ မပေါက်ကြားအောင် ဂရုစိုက်ပါ"

ရန်ကျောက်ကဲက...

“ဒါကြောင့်ပဲ ကျွန်တော်နဲ့အတူ ပိုးသားဧကရာဇ်ကို ခေါ်ဆောင်လာတာပါ”

ထိုစကားကြားတော့ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ ၏မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

ဒီကိုမလာခင်ကတည်းက သူတို့ အစီအစဉ်များ ချမှတ်ပြီးသားဖြစ်ပြီး ဖုယွင်ချီ လိုက်ပါလာရသည့်အကြောင်းရင်းက ရန်ကျောက်ကဲကို ကာကွယ်ပေးရန် ဖြစ်၏။

“ရွှယ်ပေါ်... မင်းနဲ့ ရှောင်ယဲ့က ရန်ကျောက်ကဲနဲ့ ဖုယွင်ချီ အပြင်ဘက်မှာသွားလာနိုင်ဖို့ အလှည့်ကျလမ်းပြပေးပါ”

ရွှမ်ဟွမ်ဧကရီက သူ၏ အကြီးဆုံးသားကို မှာကြားလိုက်သည်။

ကောင်းရွှယ်ပေါ်က ခေါင်းညိတ်ရင်း...

“ဟုတ်ကဲ့... နားလည်ပါပြီ”

ရွှမ်ဟွမ်ဧကရီက ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး...

“နောက်ရက်ပိုင်းကျရင် ငါ ဆရာနဲ့ တိုင်ပင်ဆွေးနွေးပြီးရင် တံခါးပိတ်ကျင့်ကြံတော့မယ် ၊ ဘာမတော်တဆမှုမှမရှိဘူးဆိုရင် မင်းရဲ့အစီအစဉ်အတိုင်းသာ ဆက်လုပ်ပါ ၊ ငါ့ကို အရေးစိုက်စရာမလိုဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် လှုပ်ခတ်သွားပြီး...

“ရွှမ်ဟွမ်ဧကရီက မူလသမ္မာတရားကပ်ဘေးကိုရင်ဆိုင်ဖို့ ကြိုးစားတော့မလို့လား”

အဂ္ဂိရတ်ခန်းမအတွင်းမှ ဆေးလုံးချီများ၏အကူအညီဖြင့် ကျန့်ဟွမ်ဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ သည်လည်း ကျင့်ကြံခြင်းတွင် များစွာတိုးတက်မှု ရရှိခဲ့ပြီး စွမ်းအားရောင်ဝါ(၄)မျိုးကို အမတချီစွမ်းအားရောင်ဝါအဖြစ် သန့်စင်နိုင်ခဲ့သည်။

အမတချီစွမ်းအား(၄)မျိုးပေါင်းစည်းခြင်းဖြင့် ယခုအခါ ယွဲ့ကျန့်ပေမှာ စုန်းဟွမ်မြင့်မားဧကရာဇ်’ကျန်းပုရွှီး’ ၊ နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ နှင့် ယခင်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ တို့နှင့် အဆင့်အတန်း တူညီနေပြီ ဖြစ်သည်။

သူတို့အားလုံးက လက်ရှိတွင် နက်ရှိုင်းနတ်ဘုရားအဆင့် အထွတ်ထိပ်တွင် ရှိနေကြသည်။

အလားတူပင် နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ အတွက်လည်း သတင်းကောင်းများ ရှိခဲ့သည်။

ရေနတ်ဆိုး ပြဿနာမရှာနိုင်ရန် လုံလောက်သောအစီအစဉ်များ ပြုလုပ်ထားပါက နှစ်ပေါင်းတစ်ရာအတွင်း မူလသမ္မာတရားကပ်ဘေးကိုအောင်မြင်စွာဖြတ်ကျော်နိုင်ပြီး အမတချီစွမ်းအား(၅)ခု ပေါင်းစည်းသည့်နယ်ပယ်အတွင်း ဝင်ရောက်နိုင်မည်ဟု နက္ခတ်ဧကရာဇ်အနေဖြင့် ယုံကြည်မှုရှိနေသည်။

ယခု ရွှမ်ဟွမ်ဧကရီ ကောင်းချင်းရွှမ်သည်လည်း ထိုခြေလှမ်းကိုတက်လှမ်းရန် ယုံကြည်မှုရှိနေပြီး ချန်ရွှမ်ကျုန်းထက်ပင် ပိုမိုစောစီးစွာ အောင်မြင်နိုင်သည်ဟု ထင်မှတ်ရသည်။

လွန်ခဲ့သောနှစ်ပေါင်း(၂၀) စစ်ဖြစ်ပွားနေသည့်အချိန်အတွင်း ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် အဆက်အသွယ် ရှိခဲ့သည်။

ထိုစဉ်က သူ ရရှိခဲ့သောသတင်းမှာ ကောင်းချင်းရွှမ်က နှစ်အနည်းငယ်ကြာအောင် တံခါးပိတ်ကျင့်ကြံပြီးသည့်နောက် ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့တက်ရောက်ရန် အပြည့်အဝ ယုံကြည်ချက်မရှိသေးဆိုသော သတင်းဖြစ်၏။

ယခု နှစ်ပေါင်း(၂၀)ကြာပြီးနောက် သူမ၏ကျင့်ကြံခြင်းစွမ်းအားရင့်ကျက်လာခဲ့ပြီဖြစ်ရာ ရန်ကျောက်ကဲသည်လည်း သူမအတွက် အလွန်ပင် ဝမ်းမြောက်ခဲ့သည်။

ကောင်းဟန် ၊ ကျန်းရှန်နျင့် လင်ချင်းတို့က မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ကျင့်ကြံသူများ ဖြစ်ကြသဖြင့် သူတို့ကို ထည့်တွက်စရာမလိုပေ။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် စန်းချင်း(၃)ပါး လမ်းမှန်တာအိုကျင့်ကြံသူများတွင် ကောင်းချင်းရွှမ်က အမတချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်းကို အောင်မြင့်ပြီး ထိုက်ရွှီးမူလနတ်ဘုရားအဆင့်သို့တက်ရောက်နိုင်သည့် ဒုတိယလူ ဖြစ်လာနိုင်သည်။

ပထမလူကတော့ စောမင်ကျန့် ဖြစ်လေ၏။

အထူးသဖြင့် ဓားသိုင်းကျင့်ကြံသူများသည် အခြားသောသိုင်းကျင့်ကြံသူများထက် တိုးတက်မှုရရှိရန် ပိုမိုခက်ခဲပြီး ၊ အထူးသဖြင့် နတ်ဘုရားအဆင့်တက်ရောက်ခြင်းတွင် ခက်ခဲလေ့ရှိကြသည်။

ယခု ကောင်းချင်းရွှမ်က နယ်ပယ်သစ်တစ်ခုသို့တက်ရောက်ရန် ယုံကြည်မှုရှိနေပြီဖြစ်လေရာ ရန်ကျောက်ကဲ သူမအတွက် အမှန်တကယ်ပင် ပျော်ရွှင်နေတော့သည်။

‌ကောင်းချင်းရွှမ်က...

“မျှော်လင့်ထားတာထက်တော့ နည်းနည်းနောက်ကျသွားတယ်”

ကောင်းချင်းရွှမ်က ရန်ကျောက်ကဲ၏စကားကို ငြင်းပယ်ခြင်းမရှိသလို ထိုသို့ အဆင့်တက်နိုင်သည့်အတွက်လည်း ဂုဏ်ယူဝင့်ကြွားနေဟန် မရှိပေ။

သူမက အေးဆေးတည်ငြိမ်စွာဖြင့် ခေါင်းညိတ်လျှက်သာ ရန်ကျောက်ကဲ၏ မှန်းဆချက်ကို အတည်ပြုလိုက်ခြင်း ဖြစ်၏။

သူမ၏စကားကိုကြားတော့ လုန်ချွမ်ဧကရာဇ်မှလွဲပြီး လုန်ရွှယ်ကျီး ၊ ကောင်းရွှယ်ပေါ် ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် ပိုးသားဧကရာဇ်အပါအဝင် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။

သူတို့အားလုံး ကောင်းချင်းရွှမ်ကို ဂုဏ်ပြုလိုက်ကြသည်။

ရန်ကျောက်ကဲက လုန်ချွမ်ဧကရာဇ်’လုန်ရှင်းချွမ်’ နှင့် တိမ်လွှာခွင်းဧကရာဇ်တို့ကို လှမ်းကြည့်လိုက်ပြီး...

“ဒါဖြင့်... ဆရာဘိုးဘိုး’လုန်’...”

လုန်ရှင်းချွမ်က ရယ်မောလိုက်ရင်း...

“တိမ်လွှာခွင်းဧကရာဇ်နဲ့ ငါက နှစ်ယောက်လုံး ဓားကျင့်ကြံခြင်းပြုလုပ်နေကြတယ် ၊ ဒီတော့ ငါတို့ကိုအရေးစိုက်စရာမလိုဘူး ၊ မင်းလုပ်စရာရှိတာသာလုပ်ပါ”

တိမ်လွှာခွင်းဧကရာဇ်ကလည်း အနည်းငယ် ရယ်မောလိုက်သည်။

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်စဉ် ၊ ရွှမ်ဟွမ်ဧကရာဇ်’ကောင်းချင်းရွှမ်’ က ထပ်မံပြောဆိုလိုက်သည်။

“ငါက ချင်းဖိန်ဓားရဲ့ ဓားသင်္ကေတကို ထိန်းချုပ်ထားလိုက်မယ် ၊ မင်းက လုပ်စရာရှိတာလုပ်ပါ ၊ အဲဒီအတွက် အရမ်းစိုးရိမ်စရာမလိုဘူး”

ရန်ကျောက်ကဲက...

“ဒီထက်ကောင်းတာ မရှိနိုင်တော့ပါဘူး”

ယခု သူသိလိုက်ရသည်မှာ အပြာရောင်ခရီးရှည်အရှင်သခင် (၇)ပါးက ဝူတန့်မယ်တော်၏ လျှို့ဝှက်ကူညီပေးမှုအောက်တွင် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို တည်ထောင်ခဲ့ကြသည်ဆိုသောအချက် ဖြစ်သည်။

ယွမ်စီထျန်းကျွင်း၏ ကျောက်စိမ်းကျိုင်းတံဖြင့် အထက်ဘုံကမ္ဘာကို တည်ထောင်ခဲ့သလိုမျိုး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကိတည်ထောင်ရန်အတွက် လင်ပေါင်ထျန်းကျွင်း ချန်ထားရစ်ခဲ့သော ရတနာပစ္စည်းတစ်ခုက ကူညီပေးခဲ့သည်။

ထိုပစ္စည်းက လင်ပေါင်ထျန်းကျွင်း၏ဓားဖြစ်သော ‘ချင်းဖိန်ဓား’ ပင် ဖြစ်၏။

လင်ပေါင်ထျန်းကျွင်း လောကကိုကျော်လွန်ပြီးသည့်နောက် ထိုဓားကို ယခုအချိန်ထိ ဝူတန့်မယ်တော်က ထိန်းသိမ်းထားခဲ့သည်။

ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က ချင်းဖိန်တောင်ထဲတွင် ဝိညာဉ်ချီစွမ်းအားတစ်ခု ထက်ရှစွာ လှုပ်ခတ်နေသည်ကို အာရုံခံခဲ့မိသည်။

ထိုဝိညာဉ်ချီကြောင့် အလွန်ပင် စိတ်မသက်မသာခံစားခဲ့ရသော်လည်း ထိုစဉ်ကပင် သူ့စိတ်ထဲ မှန်းဆချက်တစ်ခု ရှိခဲ့သည်။

ယခုတော့ သူ၏မှန်းဆချက် မှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပေပြီ။

ကောင်းချင်းရွှမ်က ရန်ကျောက်ကဲကို ပိုမိုနူးညံ့သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

“လောလောဆယ် အခြေအနေတွေက မရေမရာဖြစ်နေတယ် ၊ အရာအားလုံး ငြိမ်သက်သွားမှ မင်းတို့သားအဖနဲ့ ထပ်ပြီးစကားပြောပါဦးမယ်”

လုန်ချင်းရွှမ်တစ်ယောက်သာ မဟုတ်ပေ။

သူမသည်လည်း သူမ၏ဂိုဏ်းတူညီမလေး’တိချင်းလျန်’ ၏ သားဖြစ်သူနှင့် မြေးဖြစ်သူကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ချင်မိလေသည်။

All Chapters