အင်မော်တယ်လမ်းသစ်
Vol. 10 Ch. 124
ယွမ်ရှောင်သည် ဓားပျံကို ဝေ့ဝိုက်ကာ ကျောက်ရန်ရန်၏ခြံဝန်းအတွင်း ကျက်သရေရှိစွာ ဆင်းသက်ခဲ့ပြီး ပန်းပင်ကြီးအောက်တွင် လရောင်အောက်၌ လှပသော ပုံရိပ်တစ်ခု စောင့်ကြိုနေသည်။ ကျောက်စားပွဲပေါ်တွင် အဖြူရောင် ဝတ်ရုံအသစ်တစ်ထည်နှင့် သေရည်အိုးများရှိနေကာ သူမသည် ကြာပန်းတစ်ပွင့်ပမာ ထရပ်လိုက်ပြီး စွန်းထင်းနေသော ဝတ်ရုံကို လဲလှယ်စေသည်။
"အဝတ်လဲလိုက်ဦး။ ဒီဝတ်ရုံက သွေးရောင်တွေ စွန်းထင်းနေပြီ"
"အမြဲတမ်း တိုက်ခိုက်နေရမှာဆိုတော့ အနက်ရောင် ပြောင်းဝတ်ရမလား"
"မရဘူး။ နင်က အဖြူရောင်နဲ့ လိုက်ဖက်တယ်"
ဤစုံတွဲက အကြည့်ချင်းဆုံသွားကာ ယွမ်ရှောင် မည်မျှရက်စက်ပါစေ၊ ကျောက်ရန်ရန်၏ အမြင်တွင် ရဲရင့်သော လူငယ်တစ်ယောက် ဖြစ်၏။
"အခန်းထဲ ဝင်လိုက်"
"ဒီနေရာမှာ အဝတ်လဲလို့ မရဘူးလား"
"မရဘူး"
မျက်စောင်းတစ်ချက် ကျရောက်လာသောကြောင့် ယွမ်ရှောင်သည် ရယ်မောကာ အခန်းအတွင်း ဝင်ရောက်၍ ဝတ်ရုံအသစ်ကို လဲလှယ်ဝတ်ဆင်လိုက်၏။ ခြံဝန်းအတွင်း ဖြာကျနေသော လရောင်နှင့်အတူ သူမ၏မျက်ဝန်းလေးများ တောက်ပနေကာ သူ၏ချောမောမှုက ပန်းချီတစ်ချပ်အတွင်းမှ ထွက်လာသယောင် ထင်မှတ်ရသည်။
"သေရည် သောက်ကြမလား"
"အရာအားလုံးကို မေ့တဲ့အထိ သောက်ကြမယ်"
သူမသည် ကျောက်ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေပြီး မီးအိမ်အလင်းရောင်အောက်တွင် အိပ်မက်ပမာ လှပနေသည်။ ယွမ်ရှောင်က ကျောက်ရန်ရန်အနားတွင် နေရာယူလိုက်ပြီး အသူရာတောင်တန်းကို နောက်ခံထားကာ ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုအလားပင်။ လေညှင်းတသုန်သုန် တိုက်ခတ်နေပြီး သူမသည် သေရည်အိုးတစ်လုံး ကမ်းပေးလာကာ ဂုဏ်ပြုလိုက်သည်။
"နင် လုပ်ခဲ့တဲ့ အရာတိုင်းအတွက် ဂုဏ်ပြုပါရစေ"
ထို့နောက် သူမကိုယ်တိုင်လည်း သေရည်အိုးတစ်လုံး ဆွဲယူကာ မြှောက်လိုက်သည်။
"နင်က နတ်ဆိုးတွေနဲ့ လူယုတ်မာတွေကို အနိုင်ယူခဲ့ပြီး နာမည်ပျက်ကို ရှင်းလင်းနိုင်ခဲ့တယ်"
သူမက နှစ်လိုဖွယ်ပြုံးလိုက်သောအခါ အလွန်ချစ်စရာကောင်းနေပြီး ရယ်သံလွင်လွင်လေးက ရေခဲပင် အရည်ပျော်ကျသွားလောက်၏။
"ဒါဆိုရင် ကမ်းပေ့"
ယွမ်ရှောင်က သေရည်အိုးချင်းတိုက်လိုက်ပြီး တစ်ချက်တည်း မော့သောက်လိုက်သောအခါ လည်ချောင်းတလျှောက် ပူဆင်းသွား၏။
"အစ်မကျောက်ကို ကောင်းကင်နယ်မြေဆီ ခေါ်သွားချင်တယ်။ ကျုပ် အမနဲ့ မခွဲနိုင်ဘူး"
"မဖြစ်နိုင်ဘူး"
"ဘာကြောင့်လဲ"
"အများကြီး မတွေးနဲ့။ မင်းက ပါရမီရှင်တစ်ယောက်ဆိုတော့ အင်မော်တယ်လမ်းကြောင်းမှာ အဖော်အသစ်တွေ ရလာမှာပါ။ အထီးကျန်မှာ မဟုတ်ဘူး"
"ဒါပေမယ့် ဘာကြောင့် မလိုက်ချင်ရတာလဲ"
ယွမ်ရှောင်၏စိတ်ထဲတွင် အနာဂတ်ထက်စာလျှင် ပစ္စုပ္ပန်က ပို၍အရေးကြီးပေသည်။
"မင်းက ကောင်းကင်နယ်မြေကို ရောက်သွားပြီး ကံကြမ္မာက အောက်နယ်မြေနဲ့ မသက်ဆိုင်တော့ဘူး။ ငါက ကျယ်ဝန်းလှတဲ့ လောကကြီးထဲမှာ ပိုးကောင်သာသာပဲ။ မင်းအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူး"
ကျောက်ရန်ရန်သည် ယွမ်ရှောင်၏သဘောထားကြောင့် တွန့်ဆုတ်သွားသော်လည်း သူ၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ရင်း နွေးထွေးစွာ ရှင်းပြလိုက်သည်။ ထိုအချိန်တွင် ယွမ်ရှောင်၏စိတ်ထဲတွင် ဝေခွဲမရသော အတွေးများ ဖြစ်ပေါ်လာကာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။
"ယွမ်ရှောင် ကျင့်ကြံသူတစ်ယောက်က ကောင်းကင်ကို တက်လှမ်းဖို့ စိတ်ခံစားချက်တွေ ရှင်းလင်းထားရမယ်။ ကံမကုန်ရင်တော့ ပြန်ဆုံကြမှာပါ။ မင်းက ကောင်းကင်ကို တက်ရောက်နိုင်တဲ့ လူတစ်ယောက်ဆိုတော့ ဘာမှ နောက်ဆံတင်းနေစရာ မလိုဘူး"
ယွမ်ရှောင်သည် ကျောက်ရန်ရန်ကို စိုက်ကြည့်နေရင်း ဖန်ဆင်းရှင်အင်မော်တယ်၌ ခံစားချက်မရှိကြောင်း အမှတ်ရလိုက်သည်။
"သွားပါ။ ချန်ရီက မင်းကို အရုဏ်တက် နတ်အိမ်တော်မှာ စောင့်နေတယ်"
သူမက ယွမ်ရှောင်၏ အဝတ်အစားကို ပုံကျစေရန် ပြင်ဆင်ပေးကာ တိုက်တွန်းလိုက်သည်။
"ကျုပ် အရုဏ်တက်တဲ့အထိ မသွားချင်ဘူး"
ယွမ်ရှောင်၏စကားကြောင့် သူမက ခေါင်းယမ်းလိုက်သော်လည်း မျက်နှာရှေ့သို့ သေရည်ခွက်တစ်ခွက် ရောက်ရှိလာ၏။
"ယွမ်ရှောင် ငါတို့ အမှန်တရားကို မျက်ကွယ်ပြုလို့ မဖြစ်နိုင်ဘူး။ မင်းရဲ့အရည်အချင်းက ငါ လက်လှမ်းမမီနိုင်ဘူးလေ။ ငါ့စကားကို တစ်ခါလောက် နားထောင်ပါ။ ငါတို့အတူရှိခဲ့ရတဲ့ အချိန်တွေက အရမ်းလှပပေမယ့် ဒီခံစားချက်က မင်းကို နောက်ပြန်ဆွဲနေလိမ့်မယ်။ မင်းရဲ့ရည်မှန်းချက်ကို ငါ့ကြောင့် မပျက်စီးစေချင်ဘူး။ သေမျိုးအနှောင်အဖွဲ့ကနေ မရုန်းထွက်နိုင်ရင် ဘယ်လိုလုပ် အင်မော်တယ် ဖြစ်လာမှာလဲ"
ကျောက်ရန်ရန်သည် ချစ်သူကို စိတ်ရှည်စွာ နားချနေပြီး အင်မော်တယ်တစ်ယောက် ဖြစ်လာလိုလျှင် ကျင့်ကြံခြင်းတစ်ခုတည်းသာ အာရုံစိုက်ထားရမည်ဟု နားလည်ထား၏။ ယွမ်ရှောင်၏စိတ်ထဲတွင် ခံစားချက်များ ရှုပ်ထွေးနေကာ သေရည်ကို မော့သောက်လိုက်သော်လည်း အေးစက်စက် အထိအတွေ့ကိုသာ ရလိုက်၏။ လောကကြီးက ရက်စက်ကြမ်းတမ်းလွန်းပြီး ကျောက်ရန်ရန်မှလွဲလျှင် သူ့အတွက် နွေးထွေးမှု မရှိသလောက်ပင်။ ထိုအချိန်၌ သူသည် တစ်ကိုယ်ကောင်းဆန်၍ ကိုယ်ကျင့်တရား ပျက်ပြားသော အင်မော်တယ်မျိုး ဖြစ်မလာနိုင်ကြောင်း သဘောပေါက်လိုက်၏။ သူက ဤသေမျိုးလောကတွင် မွေးဖွားခဲ့ပြီး ခံစားချက်တိုင်းသည် ကောင်းချီးဖြစ်ကာ အတင်းအကြပ် ဖြတ်တောက်လိုက်လျှင် ယွမ်ရှောင်၏ဖြစ်တည်မှု ပျောက်ကွယ်သွားပေလိမ့်မည်။ အကယ်၍ သူသာ အင်မော်တယ်လမ်းကြောင်းကို လိုက်လိုလျှင် သေမျိုးများ၏ ဘေးကင်းရေးအတွက် စိုးရိမ်ပေးမည် မဟုတ်သကဲ့သို့ နောက်ဆုံးတွင် ခံစားချက်ကင်းမဲ့ကာ ရက်စက်၍ ကြင်နာမှုမရှိသော ယန္တရားတစ်ခု ဖြစ်လာပေလိမ့်မည်။
"ကျုပ်ကို ပြောပါ။ ခံစားချက်တွေကို ဖြတ်တောက်လိုက်ရင် အင်မော်တယ်ဖြစ်လာမယ်လို့ သေချာလား။ ဘယ်သူက ဒါကို သတ်မှတ်ခဲ့တာလဲ။ အချစ်ဆိုတဲ့ အရာကို မျက်ကွယ်ပြုထားပြီး အင်မော်တယ် ဖြစ်လာရမယ်ဆိုရင် ကျုပ် မလိုချင်ဘူး"
ယွမ်ရှောင်၏ မျက်လုံးများ တောက်လောင်နေကာ သေရည်ကို တသွင်သွင် မော့သောက်နေရင်း ကျောက်ရန်ရန်ကို မြတ်နိုးစွာ စိုက်ကြည့်နေခဲ့သည်။
"တကယ်လို့ အင်မော်တယ်တစ်ယောက် ဖြစ်မလာဘူးဆိုရင် ဘယ်လိုလုပ် အစွမ်းထက်မှာလဲ"
သူမက သူကို တင်းကြပ်စွာ ဖက်ထားရင်း နှစ်သိမ့်ပေးလိုက်သည်။
"ဒီလမ်းကြောင်းတစ်ခုတည်းက သန်မာစေမယ်လို့ ကျုပ် မယုံဘူး။ ကျုပ်ရဲ့ဘဝကို ဘယ်သူမှ စွက်ဖက်လို့ မရဘူး။ ကျုပ်မှာ ခံစားချက်တွေရှိနေလို့ နိမ့်ကျတယ်လို့ ဘယ်သူပြောရဲသလဲ။ ကျုပ်က အပြစ်အနာဆာမကင်းတဲ့ သေမျိုးတစ်ယောက်ဆိုရင်တောင် ဒီလမ်းကြောင်းကို ဖျက်ဆီးပြီး ကိုယ်တိုင် လမ်းသစ်ဖောက်မယ်။ တားချင်တဲ့သူမှန်သမျှ သေရွာ ပို့ပေးလိုက်မယ်"
ယွမ်ရှောင်၏ ချောမောသော မျက်နှာထက်တွင် ပြတ်သားမှုတစ်ခု ထင်ဟပ်နေပြီး ယုံကြည်မှုများ ကူးစက်လာသည်။ သူ၏စကားများက အင်မော်တယ်များအတွက် လှောင်ရယ်စရာဖြစ်သော်လည်း ကျောက်ရန်ရန်က ယုံကြည်ပြီး ဤအကြည့်သည် ကောင်းကင်သို့ ထိုးဖောက်မည့် ဓားတစ်လက်ပမာ ထက်ရှနေ၏။ သူက အမုန်း၊ အချစ် စသော ခံစားချက်များကို ဖြတ်တောက်ကာ အင်မော်တယ်ဖြစ်လာလျှင် လူသားဆန်မှု ပျောက်ကွယ်သွားပေလိမ့်မည်။
"ကောင်းပြီ။ ဒါဆိုရင် တစ်ညလောက် နေလိုက်ပါ။ မနက်ကျရင်တော့ ချန်ရီကို သွားတွေ့ရလိမ့်မယ်"
"ချန်ရီက ဘယ်သူဖြစ်ဖြစ်၊ ကျုပ် ဂရုမစိုက်ဘူး"
"သူမက ကောင်းကင်နယ်မြေရဲ့ ထိပ်သီးတစ်ယောက်ဖြစ်ပြီး မင်းကို အင်မော်တယ်တိုက်ပွဲမှာ ကူညီပေးနိုင်တယ်မလား။ တကယ်လို့ သူမသာ မင်းကို နှစ်သက်ရင် အထောက်အပံ့ကောင်းကောင်း ရလိမ့်မယ်"
"ချန်ရီက ထိပ်သီးကျင့်ကြံသူဖြစ်နေရင်တောင် ကျုပ်က သေမျိုးမိန်းကလေးတစ်ယောက်ကိုသာ စိတ်ဝင်စားတယ်"
ထို့နောက် ယွမ်ရှောင်သည် ခံစားချက်များ ပြင်းထန်လာကာ သူမကို ကျောက်စားပွဲပေါ် လှဲချလိုက်သဖြင့် မင်သက်သွားစေသည်။
"အစ်ကိုကြီးက မဟုတ်တာတွေ လုပ်ပြန်ပြီ"
ထို့နောက် သူသည် ရင်ဘတ်အတွင်းမှ သားရဲလေးကို မမြင်ကွယ်ရာသို့ ပစ်ထုတ်လိုက်သောကြောင့် ကြယ်ပြာရော လနီပါ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"ဒါက နည်းနည်းတော့ ကြမ်းတယ်ဟ"
"သူက အခု ဒေါသထွက်နေတယ်။ ဒါကို မဖောက်ထုတ်လိုက်ရရင် ကျေနပ်မှာ မဟုတ်ဘူး။ ငါဗိုက်ဆာလာရင် ဖြစ်နေတဲ့အတိုင်းပဲ"
"လခွမ်း ဒီနှစ်ခုက မတူဘူးဟ"
"ဘယ်လိုမတူတာလဲ"
ကြယ်ပြာက ခေါင်းယမ်းပြလိုက်သောကြောင့် အရွယ်မရောက်သေးသည့် လနီမှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
"မင်း အရွယ်ရောက်လာရင် သိလိမ့်မယ်"
"ငါတို့က ခန္ဓာကိုယ်တစ်ခုတည်းဖြစ်ပြီး ငါက ဘာကြောင့် အရွယ်မရောက်သေးတာလဲ"
လနီက မကျေမနပ် ရေရွတ်လိုက်သည်။
"တကယ်စိတ်ဝင်စားစရာ ကောင်းလာပြီ"
ကြယ်ပြာသည် အသက်ပြင်းပြင်းရှူကာ အပြာရောင်မျက်ဝန်းများ တောက်ပနေခဲ့သည်။
"ဘာကြောင့်လဲ"
"ဖန်ဆင်းရှင်က လက်ရှိမှာ သေမျိုးတစ်ယောက်ရဲ့ ခံစားချက်တွေကို ပိုင်ဆိုင်ထားတယ်။ အရင်ဘဝကလို ရိုးသားဖြူစင်ပြီး လွယ်လွယ်နဲ့ အရူးလုပ်ခံရမှာ မဟုတ်တော့ဘူး။ ဒါပေမယ့် ဒီပုံစံမျိုးက အင်မော်တယ်လမ်းသစ်တစ်ခုကို အစပျိုးနိုင်လောက်တယ်"
ကြယ်ပြာက စိတ်ဓာတ်တက်ကြွစွာ ရှင်းပြလိုက်သည်။
"သူက နည်းနည်းတော့ ဟိုစိတ်ကြီးတယ်"
"ဒါပေါ့ကွ။ တိတိကျကျပြောရရင် အစ်ကိုကြီးက ငယ်ထိပ် နှာခေါင်းရောက်နေပြီ"
ကြယ်ပြာသည် ယွမ်ရှောင်နှင့် ကျောက်ရန်ရန်ရှိရာထံ တစ်ချက်လှမ်းကြည့်ပြီး ရယ်မောလိုက်လေသည်။