← Chapters

ကောင်းကင်လှေ

Vol. 10 Ch. 125

ကောင်းကင်လှေ

Vol. 10 Ch. 125

ဓားပင်လယ်၏ အရုဏ်တက် နတ်အိမ်တော်ထက်သို့ နေရောင်ဖြာကျလာပြီး မြူခိုးများ ရစ်သိုင်းနေကာ ကျောက်စိမ်းအိပ်ရာတစ်ခုထက်တွင် ချန်ရီသည် ပန်းပွင့်များအလယ်မှ ဝတ်ဆံတစ်ခုပမာ လှပနေသည်။

"မင်း စိတ်ပျက်သွားတာမလား"

ကျားဖြူလေးသည် သူမ၏ရင်ဘတ်ပေါ်တွင် ရှိနေကာ မေးခွန်းထုတ်လိုက်သောအခါ ခေါင်းယမ်းပြခဲ့သည်။ သို့သော် သူမက မျက်မှောင်ကြုတ်နေပြီး အသူရာလမ်းတစ်ခုလုံး တုန်ခါသွားကာ ရတနာလမ်းမှလွဲ၍ ကျန်အဆောက်အအုံအားလုံး ပြိုကျသွားခဲ့သည်။ ကျင့်ကြံသူများစွာက ဖုန်မှုန့်များအော​က်မှ ထွက်ပေါ်လာပြီး မည်သူလုပ်မှန်းမသိသော်လည်း အလွန်အစွမ်းထက်ကြောင်း နားလည်သဖြင့် အချိန်ကြာမြင့်စွာ အံ့သြတုန်လှုပ်နေကြသည်။ သူမက မတ်တပ်ရပ်လိုက်သောအခါ ကျားဖြူလေးသည် မျက်နှာဖုံးအဖြစ် ပြောင်းလဲသွား၏။

"ဒီကောင်က အပြစ်ပေးခံရဖို့ ထိုက်တန်တယ်။ ဘာကိုလွတ်သွားတယ်ဆိုတာ သူ မသိဘူး။ ဒါပေမယ့် ကောင်းကင်နယ်မြေမှာ အခွင့်အရေး ရလာနိုင်တယ်။ အလျင်လိုစရာ မလိုဘူး"

ကျားဖြူမျက်နှာဖုံးက သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်၏။

"ထားလိုက်ပါ။ သူက မထိုက်တန်ဘူး"

ချန်ရီ၏ စကားသံက အေးစက်တင်းမာနေ၏။

"မရဘူး။ ဒီအခွင့်အရေးကြီးကို လက်လွှတ်လို့ မဖြစ်ဘူး။ သူ့ကို တာအိုလက်တွဲဖော်အဖြစ် ရွေးချယ်လိုက်ရင် ဘယ်လိုလဲ။ မင်းမှာ ချန်မျိုးနွယ်နောက်ခံ ရှိထားတာဆိုတော့ အချိန်ကျလာရင် သူ့ကို ကူညီပေးနိုင်တယ်။ ဒါဆိုရင် ဖိအားပေးတာမျိုး မဟုတ်တော့ဘူး"

ကျားဖြူလေးက အကြံပေးလိုက်ပြန်သည်။

"တာအိုလက်တွဲဖော်ဖြစ်ဖို့ သူက သဘောတူမှာလား"

"ကောင်းကင်နယ်မြေမှာ သူက အားနည်းပြီး နောက်ခံမရှိဘူး။ ချန်မျိုးနွယ်က အစွမ်းထက်အင်အားတစ်ခုပဲ။ သူ့ကို အခွင့်အရေးပေးလိုက်ရင် ခုန်ဝင်လာလိမ့်မယ်"

ကျားဖြူလေးက ဆက်တိုက်နားချနေသော်လည်း တစ်ညလုံး စောင့်ဆိုင်းနေခဲ့သည့် သူမအတွက် ဒေါသမပြေနိုင်ခဲ့ပေ။ ထိုအချိန်၌ ယွမ်ရှောင်သည် တောင်စောင်းတစ်ခုပေါ်တွင် ရှိနေပြီး ကောင်းကင်တာအိုဆေးလုံးများ အသုံးပြုကာ ကျင့်ကြံနေခဲ့သည်။ သူ၏ဒန်တန်အသစ်အတွင်း မူလအမြုတေသည် အစိတ်အပိုင်းကိုးခု ပေါက်ကွဲသွားကာ အဖြူရောင် ဟင်းလင်းပြင်နဂါးကိုးကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့က နားကွဲမတတ် ကျယ်လောင်သော အသံဖြင့် ဟိန်းဟောက်နေရာ ပဲ့တင်ထပ်နေခဲ့၏။ နဂါးဘုရင်အဆင့် စွမ်းအား၊ ဓားအော်ရာအရေအတွက် တစ်ရာနှင့် ဓားစက်ကွင်းလေးခုကြောင့် သူ၏ခွန်အားက ထပ်မံတိုးတက်လာခဲ့သည်။ သူက လဝက်အတွင်း ဓားပင်လယ်ကို အုပ်စိုးနိုင်ခဲ့ပြီး လက်ထဲတွင် ရတနာများစွာ ပိုင်ဆိုင်လာကာ ကောင်းကင်နယ်မြေသို့ သွားရန် အဆင်သင့်ဖြစ်နေသည်။ ခြံဝန်းအတွင်း ပန်းပင်ကြီးအောက်တွင် ကျောက်ရန်ရန်သည် အနက်ရောင်ဝတ်ရုံဖြင့် မတ်တပ်ရပ်နေခဲ့၏။

"အစ်မကျောက် ကျုပ် မကြာခင် ပြန်လာမယ်"

"ရတယ်။ နင် မြန်မြန်သွား။ ငါ အနားယူရဦးမယ်"

"ငါ့ကို စောင့်နေမှာလား"

"နင်ပြန်မလာဘူးဆိုရင်တောင် တစ်သက်လုံး စောင့်နေမှာ"

သူမက သိမ်မွေ့သော အသံဖြင့် လေးနက်စွာ ကတိ​ပေးခဲ့သည်။ ဓားပင်လယ်၏ အစွန်အဖျားပိုင်းတွင် အဖြူရောင်ဝတ်ထားသော ချန်ရီ ရောက်ရှိနေကာ နေရောင်အောက်တွင် တောက်ပစွာ လှပနေ၏။ ထိုအချိန်တွင် အပြာရောင်အလင်းတစ်ချက် ဆင်းသက်လာကာ ယွမ်ရှောင် ဖြစ်သည်။

"မင်း စောင့်နေရတာ ကြာပြီလား"

သူက ချန်ရီ၏အနားတွင် ရပ်လိုက်ပြီး ချဥ်းကပ်မရနိုင်သော အရှိန်အဝါမျိုး ခံစားလိုက်ရ၏။

"မနေ့ညက နင် ဘယ်ရောက်နေတာလဲ"

"ငါ အစားမှားသွားလို့။ တစ်ညလုံး ဝမ်းလျှောနေတယ်။ ကျုပ်နဲ့ အရေးကြီးကိစ္စ ပြောစရာ ရှိလို့လား"

ယွမ်ရှောင်၏ အကြောင်းပြချက်က သိသာလွန်းနေသဖြင့် သားရဲလေးထံမှ ရယ်သံ ထွက်ပေါ်လာခဲ့၏။

"မရှိဘူး။ ကောင်းကင်နယ်မြေရဲ့ ကောင်းကင်လှေက မကြာခင် ရောက်လာတော့မယ်။ ဒါက အင်မော်တယ်တိုက်ပွဲအတွက် အင်မော်တယ်အင်ပါယာရဲ့ နေရာတိုင်းက ပါရမီရှင်တွေကို ခေါ်ဆောင်လာလိမ့်မယ်"

ချန်ရီ၏ စကားအဆုံးမှာပင် ကောင်းကင်ထက်မှ အဖြူရောင်လှေကြီး ဆင်းသက်လာကာ ကိုယ်ထည်ထက်၌ ဆန်းကျယ်သော ရုန်းများနှင့် အလင်းတောင်ပံ၁၆ခု ပါဝင်သည်။ ၎င်းတို့ တစ်ချက်ခတ်လိုက်လျှင် တိမ်များ လွင့်စင်သွားကာ ဓားပင်လယ်တစ်ခုလုံးကို တုန်ခါစေသည်။

"ဓားနယ်မြေရဲ့ စစ်သည်တော်တွေ တက်ကြပါ"

ဖိတ်ခေါ်သံ ထွက်ပေါ်လာသောအခါ နှစ်ယောက်လုံးသည် တုံ့ဆိုင်းခြင်းမရှိ တက်ရောက်လိုက်ပြီး လှေပေါ်တွင် နဂါးဘုရင်နှင့်အထက် အဆင့်များသာရှိနေကာ အားနည်းသူ လုံးဝမရှိချေ။ အနက်ရောင်နှင့် အဖြူရောင် ရောယှက်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်ဆယ်ယောက်ရှိနေပြီး ရိုးစင်းစွာ ဝတ်ဆင်ထားသော်လည်း ရုန်းများ တလက်လက်တောက်ပနေရာ အဆောင်သခင်များဖြစ်ကြောင်း သိနိုင်သည်။ ယွမ်ရှောင်၏ ဝတ်ရုံအဖြူက ရိုးစင်းကာ ထိုဝတ်ရုံများနှင့်ယှဥ်လျှင် ကွာခြားလွန်းနေသည်။ ထိုဆယ်ယောက်အပြင် အဝတ်အစားမျိုးစုံ ဝတ်ဆင်ထားသော ကျင့်ကြံသူများရှိနေကာ အသစ်ရောက်လာသူနှစ်ဦးကို စူးစမ်းနေကြ၏။ အားလုံးက ပြိုင်ဘက်များ ဖြစ်သောကြောင့် ဤသို့စူးစမ်းလေ့လာခြင်းမှာ မထူးဆန်းချေ။

"နာမည် ပြောပါ"

အဆောင်သခင်များ၏ ခေါင်းဆောင်ဖြစ်ပုံရသော မျက်ခုံးဖြူ ပိုင်ဆိုင်ထားသည့် လူငယ်တစ်ယောက်က မေးလိုက်ခြင်း ဖြစ်သည်။

"ရှေးဟောင်းမျှော်စင်က ချန်ရီ"

"ဓားကောင်းကင်က ယွမ်ရှောင်"

"မဟုတ်သေးဘူး။ စာရင်းထဲမှာ ရေးထားတာက လင်းချန် မဟုတ်ဘူးလား"

မျက်ခုံးဖြူလူငယ်က လက်ထဲမှ စာရင်းကို စစ်ဆေးကာ မျက်မှောင်ကြုတ်လိုက်သည်။

"ငါက လင်းချန်ကိုသတ်ပြီး သူ့နေရာကို ယူလိုက်တယ်။ ပြဿနာ ရှိလို့လား"

"ကောင်းပြီ။ မင်းကို လက်ခံပေးလိုက်မယ်။ လူသတ်ပြီး နေရာလုယူတာမျိုးကို အင်မော်တယ်တိုက်ပွဲက ခွင့်ပြုထားတယ်"

လူငယ်ဆယ်ယောက်ကျော်၏ မျက်နှာထက်တွင် အပြုံးကိုယ်စီ ဖြစ်ပေါ်လာကာ ခေါင်းညိတ်လိုက်ကြ၏။

"ကျုပ် သိပြီ။ ကျေးဇူးတင်ပါတယ်"

အပြင်လူများ၏ အမြင်တွင် ဤလူငယ်များမှာ ဖော်ရွေလွန်းနေသည်။

"ဒါပေမယ့် စာရင်းကိုတော့ ပြောင်းလဲလို့ မရဘူး။ မင်းက လင်းချန်ဆိုတဲ့ အမည်နဲ့ ယှဥ်ပြိုင်ရမယ်"

"မရဘူး။ သူက ကောင်းကင်နယ်မြေရဲ့ တိုက်ပွဲမှာ လူသေတစ်ယောက်ရဲ့ အမည်နဲ့ တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူး"

မျက်ခုံးဖြူလူငယ်၏ စကားအဆုံးတွင် ယွမ်ရှောင် စကားမပြောခင်မှာပင် ချန်ရီက ဖြတ်ပြောလိုက်သောအခါ လူငယ်များ၏ အကြည့်ကို အေးစက်သွားစေသည်။

"မင်းရဲ့အဖော်က အမြဲတမ်း ဒီလိုမောက်မာတတ်တာလား။ တစ်ခါတလေမှလား"

မျက်ခုံးဖြူလူငယ်က သူမကို စိုက်ကြည့်ရင်း ယွမ်ရှောင်ထံ မေးခွန်းထုတ်လိုက်သည်။

"သူတို့ရဲ့နှလုံးကို ဆွဲထုတ်ပြီး ခွေးစာ ကျွေးပစ်လိုက်စမ်း"

စိတ်ရှည်တတ်ပုံမရသော ထိုလူငယ်က နောက်လိုက်များကို အမိန့်ပေးလိုက်ပြီး နာမည်ပြောင်းရန် ကိစ္စတစ်ခုတည်းဖြင့် လူသတ်ရန် ကြံစည်နေသည်။ မူလတွင် ယွမ်ရှောင်က သူတို့၏ဖော်ရွေမှုကို မြင်တွေ့ခဲ့ရပြီး အပြောင်းအလဲမြန်လွန်းသော စရိုက်ကြောင့် သိုးရေခြုံထားသည့် ဝံပုလွေများ ဖြစ်ကြောင်း နားလည်လိုက်သည်။

"မဟာကျောင်းဆောင်ရဲ့ တပည့်တွေ ကိုယ်တိုင်လာခေါ်တာကို သူတို့က စော်ကားရဲတယ် ။နာမည်ပြောင်းလိုက်ရင် ဘာဖြစ်လို့လဲ။ မလိုအပ်ဘဲ ပြဿနာရှာနေတယ်"

လှေပေါ်ရှိ အခြားကျင့်ကြံသူများက ယွမ်ရှောင်နှင့် ချန်ရီကို သနားစရာသတ္တဝါများသဖွယ် ကြည့်နေကြသည်။ ထိုအချိန်တွင် လူငယ်နှစ်ယောက်က တိုက်ခိုက်ရန် ပြေးဝင်လာကြပြီး ချန်ရီကိုပင် အလွတ်မပေးသောကြောင့် ယွမ်ရှောင်အား အံ့သြစေသည်။ သူမထံမှ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ရပ် ပြန့်ထွက်လာကာ အသက်ရှူထုတ်လိုက်ရုံဖြင့် စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ လေထုက ဆတ်ခနဲ တုန်ခါသွားကာ တိုက်ခိုက်လာသူနှစ်ဦးသည် နေရာ၌ ရပ်တန့်သွား၍ ခန္ဓာကိုယ်များ အညစ်အကြေးပုံကြီးအလား ပျော့ခွေသွားပြီး အဆုံးသတ်ခဲ့ရသည်။

"မင်းတို့က ကျားကိုမှ ရန်သွားစတာကိုး။ ကျားတောင်မှ ရိုးရိုးကျား မဟုတ်ဘူး။ ကြမ်းကြုတ်ရက်စက်တဲ့ ကျားမ"

ယွမ်ရှောင်က စိတ်ထဲမှ လှောင်ရယ်နေခဲ့သည်။

"မဟာကျောင်းဆောင်ရဲ့ တပည့်တွေကို သတ်ရဲတယ်ပေါ့"

မျက်ခုံးဖြူလူငယ်က ဒေါသတကြီးကြုံးဝါးရင်း အနီရောင်တောက်ပနေသည့် ကျောက်တုံးတစ်ခုကို ထုတ်ယူလိုက်သည်။ ကျန်လူငယ်ရှစ်ယောက်သည်လည်း ကြောက်လန့်ကြားဖြင့် ပူးပေါင်းကာ ချန်ရီအနား မကပ်ရဲကြတော့ပေ။

"ကောင်းကင်တောက်ပကျောက်တုံးက မင်းရဲ့ ဝှက်ဖဲလား"

သူမ၏ မျက်ဝန်းထဲတွင် အဆုံးမရှိသော မီးများတောက်လောင်နေပုံရကာ အထင်သေးစွာ ပြောလိုက်သည်။ ထို့နောက် သူမက လက်ချောင်းဖြင့် တောက်လိုက်သောအခါ အနီရင့်ရောင် မီးတောက်တစ်ခု ပြေးထွက်သွားကာ မျက်ခုံးဖြူလူငယ်၏ ရင်ဘတ်ကို ဖောက်ထွက်သွားခဲ့သည်။ ထို့နောက် မီးတောက်က ကျန်လူငယ်များထံ ကူးစက်သွားကာ နာကျင်စွာ အော်ဟစ်ရင်း အနက်ရောင်ပြာအဖြစ် လောင်ကျွမ်းခံလိုက်ရသည်။ လှေပေါ်ရှိ ပါရမီရှင်များမှာ ဤကြောက်မက်ဖွယ် မြင်ကွင်းကြောင့် မျက်လုံးများ ပြူးကျယ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။

"မင်းက ဒီကောင်တွေကို သတ်လိုက်တော့ လှေကို ဘယ်သူထိန်းချုပ်မှာလဲ"

ယွမ်ရှောင်က ပခုံးတစ်ချက်တွန့်ကာ မေးလိုက်သည်။ ချန်ရီက တစ်ဖက်လူကို သတ်ဖြတ်ခဲ့ခြင်းမှာ နာမည်ကိစ္စအတွက် မဖြစ်နိုင်ဘဲ သူ ရောက်မလာသည့်အတွက် ဒေါသထွက်နေခြင်းပင်။ သူမက အမှန်တကယ် အစွမ်းထက်လွန်းပြီး ထိုလူငယ်များကို သတ်ရန်အတွက် အစစ်အမှန်ခွန်အားပင် မလိုအပ်ချေ။

"ငါ ထိန်းချုပ်နိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့နောက်ကွယ်က အကြီးအကဲတွေနဲ့ မျိုးနွယ်တွေ ငါတို့ကို ပစ်မှတ်ထားလိမ့်မယ်။ လာရဲရင်လည်း အကုန်သတ်ပစ်မယ်။ ငါ လူသတ်ချင်စိတ် ဖြစ်နေတယ်"

ချန်ရီက ပေါ့ပေါ့ပါးပါး ပြောကာ ပြာများအပေါ်မှ တက်နင်း၍ လှေဝမ်းပိုင်းသို့ ဦးတည်ခဲ့သည်။

"ကောင်းပြီ။ မင်းက လူသတ် ငါက ဓားပြတိုက်မယ်"

ယွမ်ရှောင်သည် သေဆုံးနေသူများထံ ချဥ်းကပ်သွားကာ သိုလှောင်အိတ်များကို တစ်လုံးမကျန် သိမ်းယူနေခဲ့လေသည်။

All Chapters